မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

 585

နာမူ (NP News) - အောက်တိုဘာ ၁၈

မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် ယနေ့ (အောက်တိုဘာလ ၁၈ ရက်) နံနက် ၇ နာရီ ၅၀ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာ(၂)ရပ်ကွက်ရှိ မြသစ္စာလမ်း နှင့် ရှေ့သို့လမ်းထောင့်တွင် ရှိသည့် အဝတ်အထည်လက်လီလက်ကားရောင်းသည့် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မနက်က မီးလောင်တာက (၂)ထပ်အိမ်လောင်တာ။ တော်တော်လောင်သွားတယ်။ လူထိခိုက်တာတော့မရှိဘူး"ဟု မုံရွာမြို့ခံတစ်ဦးက NP News သို့ ဆက်သွယ်ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်သည် အဝတ်အထည်များချုပ်လုပ်ကာ လက်လီလက်ကားဖြန့်ချိရောင်းချသည့် အိမ်တစ်အိမ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်အပေါ်ထပ်ရှိ အထည်အလိပ်များ ၊ ဗီရိုများ၊ မျက်နှာကြက် နှင့် အဲကွန်းတို့ မီးလောင်ပျက်စီးသွားကြောင်း မုံရွာမြို့မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဘုရားခန်းမှာ သူတို့က အဲယားကွန်းကို safe guard မခံဘဲ တိုက်ရိုက်အသုံးပြုတာပေါ့။ အဲဒီအတိုင်းပဲ တိုက်ရိုက်အသုံးပြုတာကြာလာတော့ ခံနိုင်ရည်မရှိတော့ဘဲ ဒီကနေ shock ဖြစ်ပြီး‌တော့ မီးပွားထွက်တယ် ၊ အဲဒီမီးပွားကနေတစ်ဆင့် လိုက်ကာအောက်မှာရှိတဲ့ လိုက်ကာကို ကူးစက်တယ်၊ လိုက်ကာကနေတစ်ဆင့် အောက်မှာထားတဲ့ အဝတ်အထည်တွေကို ထပ်ပြီး ကူးစက်လောင်ကျွမ်းသွားတာပေါ့ဗျာ"ဟု ၎င်းက NP News ကို ပြောသည်။

မီးလောင်မှုကြောင့် ကာလတန်ဖိုးအားဖြင့် ငွေကျပ် သိန်း (၃၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။ ၎င်းမီးလောင်မှုအား မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ် မီးသတ်စခန်းနှင့် မီးလောင်မှုဖြစ်ပွားရာအနီးရှိ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသည်ယာဉ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
မုံ႐ြာၿမိဳ႕တြင္ aircon ေရွာခ့္ျဖစ္ရာမွ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြား
နာမူ (NP News) - ေအာက္တိုဘာ ၁၈

မုံ႐ြာၿမိဳ႕တြင္ aircon ေရွာခ့္ျဖစ္ရာမွ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္သည္ ယေန႔ (ေအာက္တိုဘာလ ၁၈ ရက္) နံနက္ ၇ နာရီ ၅၀ ခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ သလႅာ(၂)ရပ္ကြက္ရွိ ျမသစၥာလမ္း ႏွင့္ ေရွ႕သို႔လမ္းေထာင့္တြင္ ရွိသည့္ အဝတ္အထည္လက္လီလက္ကားေရာင္းသည့္ အိမ္တစ္အိမ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ မနက္က မီးေလာင္တာက (၂)ထပ္အိမ္ေလာင္တာ။ ေတာ္ေတာ္ေလာင္သြားတယ္။ လူထိခိုက္တာေတာ့မရွိဘူး"ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက NP News သို႔ ဆက္သြယ္ေျပာၾကားသည္။

မီးေလာင္မႈျဖစ္ပြားခဲ့သည့္ အိမ္သည္ အဝတ္အထည္မ်ားခ်ဳပ္လုပ္ကာ လက္လီလက္ကားျဖန႔္ခ်ိေရာင္းခ်သည့္ အိမ္တစ္အိမ္ျဖစ္ၿပီး မီးေလာင္မႈျဖစ္ပြားျခင္းေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေနအိမ္အေပၚထပ္ရွိ အထည္အလိပ္မ်ား ၊ ဗီ႐ိုမ်ား၊ မ်က္ႏွာၾကက္ ႏွင့္ အဲကြန္းတို႔ မီးေလာင္ပ်က္စီးသြားေၾကာင္း မုံ႐ြာၿမိဳ႕မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

“ဘုရားခန္းမွာ သူတို႔က အဲယားကြန္းကို safe guard မခံဘဲ တိုက္႐ိုက္အသုံးျပဳတာေပါ့။ အဲဒီအတိုင္းပဲ တိုက္႐ိုက္အသုံးျပဳတာၾကာလာေတာ့ ခံႏိုင္ရည္မရွိေတာ့ဘဲ ဒီကေန shock ျဖစ္ၿပီး‌ေတာ့ မီးပြားထြက္တယ္ ၊ အဲဒီမီးပြားကေနတစ္ဆင့္ လိုက္ကာေအာက္မွာရွိတဲ့ လိုက္ကာကို ကူးစက္တယ္၊ လိုက္ကာကေနတစ္ဆင့္ ေအာက္မွာထားတဲ့ အဝတ္အထည္ေတြကို ထပ္ၿပီး ကူးစက္ေလာင္ကြၽမ္းသြားတာေပါ့ဗ်ာ"ဟု ၎က NP News ကို ေျပာသည္။

မီးေလာင္မႈေၾကာင့္ ကာလတန္ဖိုးအားျဖင့္ ေငြက်ပ္ သိန္း (၃၀)ခန႔္ ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းလည္း သိရသည္။ ၎မီးေလာင္မႈအား မုံ႐ြာခ႐ိုင္မီးသတ္စခန္း၊ မုံ႐ြာၿမိဳ႕နယ္ မီးသတ္စခန္းႏွင့္ မီးေလာင္မႈျဖစ္ပြားရာအနီးရွိ အရန္မီးသတ္စခန္းမ်ားမွ မီးျငႇိမ္းသတ္ယာဥ္မ်ား၊ ေရသည္ယာဥ္မ်ားျဖင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္းမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.