မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်

 1983

စော (NP News) - အောက်တိုဘာ ၁၉

မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များအရ သိရသည်။

ရန်ကုန်မြို့ပတ်ရထားများအပါအဝင် အမှတ် (၆၃)အဆန် စာပို့ရထား၊ အမှတ် (၆၄)အစုန်စာပို့ရထား၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် လေအိတ်ရထားများနှင့် ရိုးရိုး (AAR)ရထားများ၏ လက်မှတ်ခများကို အောက်တိုဘာလ ၂၀ ရက်မှစတင်ကာ တိုးမြှင့်ကာပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“တက်ရတဲ့အကြောင်းအရင်းကတော့ လက်ရှိဒီဇယ်ပေါက်ဈေးနဲ့ ကိုက်ညီတဲ့၊ လိုက်လျော ညီထွေတဲ့ဈေးနှုန်းနဲ့ လက်မှတ်ခတွေကိုပြောင်းလဲပြီး သတ်မှတ်တာ။ အရင်တုန်းကတော့ အစိုးရဈေးနဲ့ဝယ်ရတာ အစိုးရကချပေးတာ အခုဟာက အစိုးရဈေးနှုန်းနဲ့ဝယ်လို့မရတော့ဘူး။ ပုဂ္ဂလိက ဈေးနဲ့ပဲဝယ်ရတယ်”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခများမှာ ယခင်က တစ်ဦးလျှင် ငွေကျပ် (၂၀၀)သတ်မှတ်ထားပြီး ယခုတိုးမြှင့်ကောက်ခံမည့် လက်မှတ်ခနှုန်းထားမှာ ငွေကျပ် (၄၀၀)ဖြစ်ပြီး တစ်လသုံးလက်မှတ်အတွက် တစ်ဦးလျှင် (၁၄၀၀၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တစ်လသုံးလက်မှတ်အတွက် ကျောင်းသားတစ်ဦးလျှင် (၀)မိုင်မှ (၁၅)မိုင်အထိ ငွေကျပ် (၉၀၀၀)သတ်မှတ်ထားပြီး မိုင် (၁၅)မိုင်မှ မိုင် (၃၀)အထိ မြို့တစ်ပတ်လုံးအနေဖြင့် ငွေကျပ် (၁၈၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ရန်ကုန်-မော်လမြိုင် လေအိတ်ရထားအထက်တန်းလက်မှတ်တစ်စောင်လျှင် ငွေကျပ် (၁၁၀၀၀)မှ (၁၃၀၀၀)သို့ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် ငွေကျပ်(၆၀၀၀)မှ (၈၀၀၀) သို့လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-မော်လမြိုင် ရိုးရိုး (AAR) တွဲဆိုင်းရထားများအနေဖြင့် အထက်တန်းလက်မှတ်တစ်စောင်လျှင် ငွေကျပ် (၁၂၀၀၀) သတ်မှတ်ထားကာ ရိုးရိုးတန်းအတွက် ငွေကျပ် (၇၀၀၀) သတ်မှတ်ထားကြောင်းလည်း သိရသည်။

ရန်ကုန်မြို့၌ ယခုကဲ့သို့တိုးမြှင့်ကောက်ခံမည့် ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခနှုန်းထားများသည် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ကားခများနှင့် တူညီသွားဖွယ်ရှိနေသည်။ ရန်ကုန်မြို့၌ YBS ခရီးသည်ယာဉ် (၃၅၀၀)ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် ၄၀၀ ကျပ် ကောက်ခံလျက်ရှိသည်။

zawgyi version
မီးရထားလက္မွတ္ခႏႈန္းထားမ်ားကို တိုးျမႇင့္ေကာက္ခံသြားမည္
ေစာ (NP News) - ေအာက္တိုဘာ ၁၉

မီးရထားလက္မွတ္ခႏႈန္းထားမ်ားကို တိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၏ အခ်က္အလက္မ်ားအရ သိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ားအပါအဝင္ အမွတ္ (၆၃)အဆန္ စာပို႔ရထား၊ အမွတ္ (၆၄)အစုန္စာပို႔ရထား၊ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ ေလအိတ္ရထားမ်ားႏွင့္ ႐ိုး႐ိုး (AAR)ရထားမ်ား၏ လက္မွတ္ခမ်ားကို ေအာက္တိုဘာလ ၂၀ ရက္မွစတင္ကာ တိုးျမႇင့္ကာေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

“တက္ရတဲ့အေၾကာင္းအရင္းကေတာ့ လက္ရွိဒီဇယ္ေပါက္ေဈးနဲ႔ ကိုက္ညီတဲ့၊ လိုက္ေလ်ာ ညီေထြတဲ့ေဈးႏႈန္းနဲ႔ လက္မွတ္ခေတြကိုေျပာင္းလဲၿပီး သတ္မွတ္တာ။ အရင္တုန္းကေတာ့ အစိုးရေဈးနဲ႔ဝယ္ရတာ အစိုးရကခ်ေပးတာ အခုဟာက အစိုးရေဈးႏႈန္းနဲ႔ဝယ္လို႔မရေတာ့ဘူး။ ပုဂၢလိက ေဈးနဲ႔ပဲဝယ္ရတယ္”ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလက္မွတ္ခမ်ားမွာ ယခင္က တစ္ဦးလွ်င္ ေငြက်ပ္ (၂၀၀)သတ္မွတ္ထားၿပီး ယခုတိုးျမႇင့္ေကာက္ခံမည့္ လက္မွတ္ခႏႈန္းထားမွာ ေငြက်ပ္ (၄၀၀)ျဖစ္ၿပီး တစ္လသုံးလက္မွတ္အတြက္ တစ္ဦးလွ်င္ (၁၄၀၀၀)က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တစ္လသုံးလက္မွတ္အတြက္ ေက်ာင္းသားတစ္ဦးလွ်င္ (၀)မိုင္မွ (၁၅)မိုင္အထိ ေငြက်ပ္ (၉၀၀၀)သတ္မွတ္ထားၿပီး မိုင္ (၁၅)မိုင္မွ မိုင္ (၃၀)အထိ ၿမိဳ႕တစ္ပတ္လုံးအေနျဖင့္ ေငြက်ပ္ (၁၈၀၀၀) သတ္မွတ္ထားေၾကာင္း သိရသည္။

အလားတူ ရန္ကုန္-ေမာ္လၿမိဳင္ ေလအိတ္ရထားအထက္တန္းလက္မွတ္တစ္ေစာင္လွ်င္ ေငြက်ပ္ (၁၁၀၀၀)မွ (၁၃၀၀၀)သို႔ လည္းေကာင္း၊ ႐ိုး႐ိုးတန္းလက္မွတ္တစ္ေစာင္လွ်င္ ေငြက်ပ္(၆၀၀၀)မွ (၈၀၀၀) သို႔လည္းေကာင္း ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ရန္ကုန္-ေမာ္လၿမိဳင္ ႐ိုး႐ိုး (AAR) တြဲဆိုင္းရထားမ်ားအေနျဖင့္ အထက္တန္းလက္မွတ္တစ္ေစာင္လွ်င္ ေငြက်ပ္ (၁၂၀၀၀) သတ္မွတ္ထားကာ ႐ိုး႐ိုးတန္းအတြက္ ေငြက်ပ္ (၇၀၀၀) သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

ရန္ကုန္ၿမိဳ႕၌ ယခုကဲ့သို႔တိုးျမႇင့္ေကာက္ခံမည့္ ရန္ကုန္ၿမိဳ႕ပတ္ရထား လက္မွတ္ခႏႈန္းထားမ်ားသည္ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနသည့္ YBS ခရီးသည္တင္ယာဥ္ ကားခမ်ားႏွင့္ တူညီသြားဖြယ္ရွိေနသည္။ ရန္ကုန္ၿမိဳ႕၌ YBS ခရီးသည္ယာဥ္ (၃၅၀၀)ေက်ာ္ျဖင့္ ေျပးဆြဲေပးလ်က္ရွိၿပီး ယာဥ္စီးခအေနျဖင့္ တစ္ဦးလွ်င္ ၄၀၀ က်ပ္ ေကာက္ခံလ်က္ရွိသည္။

Related news

© 2021. All rights reserved.