BLACKPINK အဖွဲ့ဝင် ဂျင်းနီ Single song "Mantra" နဲ့ UK Official Singles Chart မှာ အမြင့်ဆုံးအဆင့်ရရှိ

 162

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ

BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီ United Kingdom Official Singles Chart မှာ Rank အမြင့်ဆုံး ရရှိတဲ့ အမျိုးသမီး K Pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်က UK Official Singld Charts မှာ ဂျင်းနီရဲ့ မကြာသေးခင်က ထွက်ရှိ တဲ့ single Song "Mantra” ဟာ နံပါတ် ၃၇ နေရာကို ရရှိ ထားပါတယ်။ ဒါဟာ အရင်နှစ်က Blackpink အဖွဲ့ဝင် ဂျီဆိုးရဲ့တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း “FLOWER” ရဲ့ စံချိန် Rank နံပါတ် ၃၈ ကို ကျော်လွန်ခဲ့ပြီး Official Singles Chart မှာ Rank အမြင့်ဆုံး အမျိုးသမီး K-pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ဒါအပြင် “Mantra” ဟာ ယခုသီတင်းပတ် အတွင်းမှာပဲ Official Singles Downloads Chart မှာ Rank နံပါတ် ၃ နေရာကို ရရှိခဲ့ပါတယ်။ Blackpink အဖွဲ့ဟာ YG Entertainment အောက်မှာ အဖွဲ့လိုက် သီချင်း အယ်လ်ဘမ် ထွက်ရှိတာမျိုး တွေ့လာရခြင်း မရှိသေးပေမယ့် Blackpink member တစ်ယောက်ချင်းစီရဲ့ Solo comeback တွေ ကတော့ ခပ်စိတ်စိတ် ထွက်လာနေတာတွေ့ရပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီ Single song "Mantra" နဲ႔ UK Official Singles Chart မွာ အျမင့္ဆုံးအဆင့္ရရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ

BLACKPINK ရဲ႕ အဖြဲ႕ဝင္ ဂ်င္းနီ United Kingdom Official Singles Chart မွာ Rank အျမင့္ဆုံး ရရွိတဲ့ အမ်ိဳးသမီး K Pop အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။

ေဒသစံေတာ္ခ်ိန္ ေအာက္တိုဘာလ ၁၈ ရက္က UK Official Singld Charts မွာ ဂ်င္းနီရဲ႕ မၾကာေသးခင္က ထြက္ရွိ တဲ့ single Song "Mantra” ဟာ နံပါတ္ ၃၇ ေနရာကို ရရွိ ထားပါတယ္။ ဒါဟာ အရင္ႏွစ္က Blackpink အဖြဲ႕ဝင္ ဂ်ီဆိုးရဲ႕တစ္ကိုယ္ေတာ္ ပြဲဦးထြက္သီခ်င္း “FLOWER” ရဲ႕ စံခ်ိန္ Rank နံပါတ္ ၃၈ ကို ေက်ာ္လြန္ခဲ့ၿပီး Official Singles Chart မွာ Rank အျမင့္ဆုံး အမ်ိဳးသမီး K-pop အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။

ဒါအျပင္ “Mantra” ဟာ ယခုသီတင္းပတ္ အတြင္းမွာပဲ Official Singles Downloads Chart မွာ Rank နံပါတ္ ၃ ေနရာကို ရရွိခဲ့ပါတယ္။ Blackpink အဖြဲ႕ဟာ YG Entertainment ေအာက္မွာ အဖြဲ႕လိုက္ သီခ်င္း အယ္လ္ဘမ္ ထြက္ရွိတာမ်ိဳး ေတြ႕လာရျခင္း မရွိေသးေပမယ့္ Blackpink member တစ္ေယာက္ခ်င္းစီရဲ႕ Solo comeback ေတြ ကေတာ့ ခပ္စိတ္စိတ္ ထြက္လာေနတာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.