ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာ K-pop Idol ဖြစ်ဖို့ training ဝင်ရောက်မယ့် သတင်းကို ငြင်းဆို

 329

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

ကမ္ဘောဒီးယားတော်ဝင်မင်းသမီးဂျန်နာဟာ လတ်တလောမှာ ဟစ်ဖြစ်နေတဲ့ သူမ K Pop Idol ဖြစ်ဖို့အတွက် Training ဝင်ရောက်တော့မယ်ဆိုတဲ့သတင်းကို ငြင်းဆိုလိုက်ပါတယ်။

အသက် ၁၂ နှစ်အရွယ် ကမ္ဘောဒီးယားမင်းသမီး ဂျန်နာနိုရိုဒန်ဟာ သူမရဲ့ရုပ်ရည်ချောမောမှု၊ ဘာသာစကားမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်တွေကြောင့် လူသိများတဲ့တော်ဝင်မင်းသမီးတစ်ဦးဖြစ်ပြီး TikTok မှာ Follower သုံးသန်းနီးပါးနဲ့ YouTube မှာ Follower တစ်သန်းအထိ ရရှိထားပါတယ်။ သူမရဲ့မွေးရပ်မြေနိုင်ငံ ကမ္ဘောဒီးယားမှာ လူကြိုက်များ ရေပန်းစားတဲ့အပြင် ၂၀၂၃ ခုနှစ်နှောင်းပိုင်းက နိုင်ငံပိုင်ရုပ်သံလိုင်း CCTV မှာ တရုတ်သီချင်းတွေကို ေ ကျွမ်းကျင်စွာဖျော်ဖြေတင်ဆက်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှာလည်း သူမဟာ ကျော်ကြားပါတယ်။ သူမရဲ့ Weibo အကောင့်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စဖွင့်လှစ်လိုက်တာဖြစ်ပေမယ့် ပရိသတ် ၂၀၀,၀၀၀ ကျော်ထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂျန်နာဟာ နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ K-pop Idol အတွက် Training ဝင်ရောက်မယ်ဆိုတဲ့ သတင်းကို အောက်တိုဘာ ၁၄ ရက်က ထိုင်ဝမ် SET News မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို တောင်ကိုရီးယား ဖျော်ဖြေရေးဝဘ်ဆိုဒ်တွေကလည်း ပြန်လည်ဖော်ပြခဲ့ကြပြီး အရှေ့တောင်အာရှမှ တော်ဝင်မင်းသမီး ဂျန်နာဟာ ထိုင်းနိုင်ငံက Blackpink အဖွဲ့ဝင် လီဆာလိုပဲ ထင်ပေါ်ကျော်ကြားလာမယ်လို့ တချို့က မှတ်ချက်ပေးကြပါတယ်။

ဒါပေမယ့် ဂျန်နာရဲ့ Management အဖွဲ့ကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။ ဂျန်နာဟာ ၂၀၂၃ ခုနှစ်က ကိုရီးယားဖျော်ဖြေရေးအေဂျင်စီတစ်ခုဆီမှ Training အတွက် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့ပေမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဂျန်နာဟာ သီချင်းဆိုခြင်းအပြင် စာလေ့လာမှုကိုလည်း အာရုံစိုက်လိုတာ ကြောင့် ကိုရီးယားမှာ K-pop Training ဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျန်နာဟာ ၂ဝ၁၂ ခုနှစ်က မွေးဖွားခဲ့ပြီး၊ တရုတ်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒန်စီဟန်နွိုက် ရဲ့မြေးတော်ဖြစ်ပါတယ်။ သူမရဲ့မိဘတွေကတော့ မင်းသမီး နိုရိုဒန် ဘိုဖီရီ နဲ့ ဖခင်ဖြစ်သူကတော့ ပြင်သစ် စီးပွားရေးသမားဖြစ်တယ်လို့ သိရပါတယ်။ ဂျန်နာဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ ဂီတအနုပညာကျောင်းမှာ အော်ပရာလေ့လာခဲ့ပြီး ပြင်သစ်၊ ခမာ၊ ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ ဒါအပြင် သရုပ်ဆောင် အနေနဲ့ ခမာရုပ်မြင်သံကြားဒရာမာ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Night Curse Of Reatrei (2024) ရုပ်ရှင်နဲ့ ကမ္ဘောဒီးယား-အာရှရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးလူသစ် သရုပ်ဆောင်ဆုကို ရရှိထားပါတယ်။

Zawgyi Version;
ကေမာၻဒီးယားေတာ္ဝင္မင္းသမီး ဂ်န္နာ K-pop Idol ျဖစ္ဖို႔ training ဝင္ေရာက္မယ့္ သတင္းကို ျငင္းဆို
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

ကေမာၻဒီးယားေတာ္ဝင္မင္းသမီးဂ်န္နာဟာ လတ္တေလာမွာ ဟစ္ျဖစ္ေနတဲ့ သူမ K Pop Idol ျဖစ္ဖို႔အတြက္ Training ဝင္ေရာက္ေတာ့မယ္ဆိုတဲ့သတင္းကို ျငင္းဆိုလိုက္ပါတယ္။

အသက္ ၁၂ ႏွစ္အ႐ြယ္ ကေမာၻဒီးယားမင္းသမီး ဂ်န္နာႏို႐ိုဒန္ဟာ သူမရဲ႕႐ုပ္ရည္ေခ်ာေမာမႈ၊ ဘာသာစကားမ်ိဳးစုံနဲ႔ ေဖ်ာ္ေျဖတင္ဆက္မႈစြမ္းရည္ေတြေၾကာင့္ လူသိမ်ားတဲ့ေတာ္ဝင္မင္းသမီးတစ္ဦးျဖစ္ၿပီး TikTok မွာ Follower သုံးသန္းနီးပါးနဲ႔ YouTube မွာ Follower တစ္သန္းအထိ ရရွိထားပါတယ္။ သူမရဲ႕ေမြးရပ္ေျမႏိုင္ငံ ကေမာၻဒီးယားမွာ လူႀကိဳက္မ်ား ေရပန္းစားတဲ့အျပင္ ၂၀၂၃ ခုႏွစ္ေႏွာင္းပိုင္းက ႏိုင္ငံပိုင္႐ုပ္သံလိုင္း CCTV မွာ တ႐ုတ္သီခ်င္းေတြကို ေ ကြၽမ္းက်င္စြာေဖ်ာ္ေျဖတင္ဆက္ႏိုင္ခဲ့ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံမွာလည္း သူမဟာ ေက်ာ္ၾကားပါတယ္။ သူမရဲ႕ Weibo အေကာင့္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ စဖြင့္လွစ္လိုက္တာျဖစ္ေပမယ့္ ပရိသတ္ ၂၀၀,၀၀၀ ေက်ာ္ထိ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဂ်န္နာဟာ ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈအေနနဲ႔ K-pop Idol အတြက္ Training ဝင္ေရာက္မယ္ဆိုတဲ့ သတင္းကို ေအာက္တိုဘာ ၁၄ ရက္က ထိုင္ဝမ္ SET News မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အဲဒီသတင္းကို ေတာင္ကိုရီးယား ေဖ်ာ္ေျဖေရးဝဘ္ဆိုဒ္ေတြကလည္း ျပန္လည္ေဖာ္ျပခဲ့ၾကၿပီး အေရွ႕ေတာင္အာရွမွ ေတာ္ဝင္မင္းသမီး ဂ်န္နာဟာ ထိုင္းႏိုင္ငံက Blackpink အဖြဲ႕ဝင္ လီဆာလိုပဲ ထင္ေပၚေက်ာ္ၾကားလာမယ္လို႔ တခ်ိဳ႕က မွတ္ခ်က္ေပးၾကပါတယ္။

ဒါေပမယ့္ ဂ်န္နာရဲ႕ Management အဖြဲ႕ကေတာ့ ဒီသတင္းကို ျငင္းဆိုခဲ့ပါတယ္။ ဂ်န္နာဟာ ၂၀၂၃ ခုႏွစ္က ကိုရီးယားေဖ်ာ္ေျဖေရးေအဂ်င္စီတစ္ခုဆီမွ Training အတြက္ ဖိတ္ေခၚမႈကို လက္ခံရရွိခဲ့ေပမယ့္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ဂ်န္နာဟာ သီခ်င္းဆိုျခင္းအျပင္ စာေလ့လာမႈကိုလည္း အာ႐ုံစိုက္လိုတာ ေၾကာင့္ ကိုရီးယားမွာ K-pop Training ဝင္ေရာက္ဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်န္နာဟာ ၂ဝ၁၂ ခုႏွစ္က ေမြးဖြားခဲ့ၿပီး၊ တ႐ုတ္ႏိုင္ငံမွာ ေနထိုင္ခဲ့တဲ့ ကေမာၻဒီးယားဘုရင္ေဟာင္း ႏို႐ိုဒန္စီဟန္ႏြိဳက္ ရဲ႕ေျမးေတာ္ျဖစ္ပါတယ္။ သူမရဲ႕မိဘေတြကေတာ့ မင္းသမီး ႏို႐ိုဒန္ ဘိုဖီရီ နဲ႔ ဖခင္ျဖစ္သူကေတာ့ ျပင္သစ္ စီးပြားေရးသမားျဖစ္တယ္လို႔ သိရပါတယ္။ ဂ်န္နာဟာ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ရွိ ဂီတအႏုပညာေက်ာင္းမွာ ေအာ္ပရာေလ့လာခဲ့ၿပီး ျပင္သစ္၊ ခမာ၊ ထိုင္း၊ တ႐ုတ္နဲ႔ အဂၤလိပ္စကားကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ပါတယ္။ ဒါအျပင္ သ႐ုပ္ေဆာင္ အေနနဲ႔ ခမာ႐ုပ္ျမင္သံၾကားဒရာမာ ဇာတ္လမ္းတြဲမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး The Night Curse Of Reatrei (2024) ႐ုပ္ရွင္နဲ႔ ကေမာၻဒီးယား-အာရွ႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆုံးလူသစ္ သ႐ုပ္ေဆာင္ဆုကို ရရွိထားပါတယ္။

Related news

© 2021. All rights reserved.