NLD ပါတီ၏ မူဝါဒအတိုင်း ပြည်တွင်းတွင် ရပ်တည်နေသူများ ရှိသေးသည်ကို ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်ကြောင်း အမူအရာပြခဲ့သည်ဟု ဒေါ်စန္ဒာမင်း ထုတ်ဖော်ဖွင့်ဟ

 788

သုတကျော် (NP News) - ‌အောက်တိုဘာ ၂၁

NLD ပါတီ၏ မူဝါဒအတိုင်း ပြည်တွင်း၌ ရပ်တည်နေသူများ ရှိသေးသည်ဟု သတင်းစကားပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်ကြောင်း အမူအရာပြခဲ့သည်ဟု ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဉ်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် တိတ်ဆိတ်နေသောရပ်ဝန်း စကားဝိုင်း ဆွေးနွေးပွဲ၌ ဒေါ်စန္ဒာမင်းက ပြန်လည်ထုတ်ဖော် ပြောကြားခဲ့ သည်။
ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် နိုဝင်ဘာလအတွင်းက ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့ကာ ထိုသို့တွေ့ဆုံခဲ့ရစဉ်က အခြေအနေတစ်ခုကို ဒေါ်စန္ဒာမင်းက ယခုအခါ ပြန်ပြောင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပါတီအနေဖြင့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်းရေး နှင့် အထွေထွေသဟဇာတဖြစ်ရေးဆိုသောမူဝါဒများကို အခြေခံကာ NLD ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ကြောင်း သိရသည်။
“(၂၀၂၀) ရွေးကောက်ပွဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရဲ့ကြေညာစာတမ်းမှာတောင် သေသေ ချာချာရေးထားတာရှိတယ်။ (၂၀၂၀) ရွေးကောက်ပွဲကိုဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်အကုန်လုံးသည် ပါတီရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းကို ကြေညာထားရတယ်။ ပြည်သူကိုလည်း ချပြရမယ်။ ဒါဟာ ဘာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရေးထားတဲ့အချက်တစ်ခုရှိပါတယ်။ မည်သို့သောအခက်အခဲအကျပ်အတည်းကို ကြုံတွေ့ စေကာမူ ငြိမ်းချမ်းသောနည်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတဲ့အချက်က ပါထားပြီးသား။ ဒီအချက်ကိုပဲ ကျွန်မတို့က စွဲကိုင် တယ်။ ဒီအချက်ကိုယုံကြည်တယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

အခြေအနေတစ်ခုရောက်လျှင် မူဝါဒပြောင်းလဲရမည်ဆိုသူများအတွင်း NLD ပါတီမှ လူကြီးများလည်း ပါဝင်ပြီး ပါတီ၏ မူဝါဒနှင့် ကွဲလွဲကာ လက်နက်ကိုင်လမ်းစဉ်ကို လိုက်သွားသူများလည်း ရှိနေရာ လက်နက်ကိုင်လမ်းစဉ်ကို လိုက်သည့်အတွက်မှားသည်ဟု မပြောလိုဘဲ ကိုယ်တိုင်ယုံကြည်ရာ၊ ယုံကြည်ချက်ဖြင့် သွားကြခြင်းဖြစ်ကြောင်း၊ ပြည်တွင်းတွင် ရပ်တည်နေရသူများမှာမူ ယုံကြည်ချက်အတိုင်း ရပ်တည်၍မရဘဲ ယုံကြည်ချက်အတိုင်းပြောဆို ပါက ခြိမ်းခြောက်မှုများ ရောက်လာကြောင်း ၎င်းက ဆိုသည်။
“ပြည်တွင်းမှာလည်း ပါတီရဲ့မူဝါဒအတိုင်းရပ်တည်နေတဲ့ သူတွေရှိပါတယ်ဆိုတာကို နစကသိအောင် ကျွန်မတို့တွေ ဆွေးနွေးတာရှိပါတယ်။ ဒီလိုဆွေးနွေးတဲ့အတွက် နစကဘက်ကလည်း NLD မှာ ပြည်တွင်းမှာလည်း ပါတီရဲ့ မူဝါဒအတိုင်း ရပ်တည်နေတဲ့သူတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတာဖြစ်တဲ့အတွက် ပါတီဝင် သန်းပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဒီသန်းပေါင်း မြောက်မြားစွာရဲ့အခြေအနေတွေကို ကျွန်မတို့ကယ်တင်နိုင်တဲ့ အခြေအနေရှိတယ်။ ဘာလို့လဲဆိုတော့ ဒီပါတီဝင်ပေါင်း မြောက်မြားစွာက တစ်ဖက်ကို ထွက်ပြေးဖို့ အခြေအနေမ ရှိဘူး။ တစ်ဖက်ကို ထွက်ပြေးတယ်ဆိုတာက လူအများစု မဟုတ်ဘူး။ ပါတီအဖွဲ့ဝင်ရဲ့ သုံးပုံတစ်ပုံ မရှိဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ပါတီအဖွဲ့ဝင်တွေက ပိုများတယ်” ဟု ဒေါ်စန္ဒာမင်းက ဆွေးနွေးပွဲ တွင် ပြောသည်။
ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကမ္ဘာလုံးက တွေ့လိုနေကြသော်လည်း အမှန်တကယ် တွေ့ခွင့်ရှိသူများမှာ ပါတီ၏တာဝန်ရှိသူများဖြစ်ကြောင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကသိပြီး ကိုယ်တိုင်က သဘော ပေါက်ကြောင်း ၎င်းကဆိုသည်။
“ဒီကိစ္စကို တော်တော်နဲ့ သဘောမပေါက်တာက ပါတီမှာရှိတဲ့ တချို့သော ခေါင်းဆောင်တွေက သဘောမပေါက် ဘူး။ အဲဒီလိုပဲ တစ်ဖက်ကို ထွက်ပြေး သွားတဲ့သူတွေက သဘောမပေါက်ဘူး။ အဲဒီအချိန်မှာ ကျွန်မတို့က ဒီအချိန်မှာ ပါတီမှတ်ပုံတင်တွေ မပျက်သေးဘူး။ ကျွန်မတို့ပါတီရဲ့ခေါင်းဆောင်အခြေအနေကို သိဖို့လိုတယ်။ ကျွန်မတို့ ပါတီရဲ့အခြေအနေကို သိဖို့လိုတယ်ဆိုတာဖြစ်တဲ့အတွက် ကျွန်မတို့ ပါတီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရစဉ်မှာ တွေ့ခွင့်ရမယ့် အခွင့်အရေးရှိရမယ်ဆိုပြီး နစကကို တင်ပြတောင်းဆိုတယ်။ အဲဒီ အတွက် လည်း ကျွန်မတို့တွေ့ဆုံခွင့်ရခဲ့တယ်။ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ ဒေါ်အောင်ဆန်းစု ကြည်ကို သွားတွေ့ခဲ့တယ်။ သွားတွေ့ တဲ့ အချိန်မှာလည်း ကျွန်မက ဒေါ်အောင်ဆန်းစုကြည်ကို သေသေချာချာ ပါတီရဲ့အခြေအနေကို ရှင်းပြနိုင်ခဲ့တယ်။ အဓိကကတော့ ဘာကို ရှင်းပြနိုင်ခဲ့တာလည်းဆိုတော့ အဓိကက ကျွန်မတို့တွေက ပါတီထဲမှာ ပြည်ပကို ထွက်ပြေးသွားတဲ့သူတွေ ရှိသလို ပြည်တွင်း မှာလည်း အန်တီထောက်ခံတဲ့ ပါတီမူဝါဒ အတိုင်း ကျွန်မတို့ ရပ်တည်နေတဲ့ အုပ်စုတွေ ရှိပါတယ်လို့ ပြောလိုက်တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် မျက်နှာက အရမ်းကျေ နပ်သွားတယ်။ ကျွန်မကို ခေါင်းလေး ညိတ်ပြတယ်။ ဒါကို ကျွန်မပီတိအဖြစ်ဆုံးပဲ” ဟု ဒေါ်စန္ဒာမင်းက ပြန်ပြောင်းပြောပြသည်။

Zawgyi Version;
NLD ပါတီ၏ မူဝါဒအတိုင္း ျပည္တြင္းတြင္ ရပ္တည္ေနသူမ်ား ရွိေသးသည္ကို ေဒၚေအာင္ဆန္းစုၾကည္က ေက်နပ္ေၾကာင္း အမူအရာျပခဲ့သည္ဟု ေဒၚစႏၵာမင္း ထုတ္ေဖာ္ဖြင့္ဟ
သုတေက်ာ္ (NP News) - ‌ေအာက္တိုဘာ ၂၁

NLD ပါတီ၏ မူဝါဒအတိုင္း ျပည္တြင္း၌ ရပ္တည္ေနသူမ်ား ရွိေသးသည္ဟု သတင္းစကားေပးရာတြင္ ေဒၚေအာင္ဆန္းစုၾကည္က ေက်နပ္ေၾကာင္း အမူအရာျပခဲ့သည္ဟု ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ေဖာ္ေဆာင္ေရးအစီအစဥ္၊ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းႏွင့္ တိတ္ဆိတ္ေနေသာရပ္ဝန္း စကားဝိုင္း ေဆြးေႏြးပြဲ၌ ေဒၚစႏၵာမင္းက ျပန္လည္ထုတ္ေဖာ္ ေျပာၾကားခဲ့ သည္။
ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ေဒၚစႏၵာမင္းႏွင့္ ဦးတိုးလြင္တို႔က ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္ရခဲ့ကာ ထိုသို႔ေတြ႕ဆုံခဲ့ရစဥ္က အေျခအေနတစ္ခုကို ေဒၚစႏၵာမင္းက ယခုအခါ ျပန္ေျပာင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ပါတီအေနျဖင့္ ေတြ႕ဆုံေဆြးေႏြးေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး၊ ၿငိမ္းခ်မ္းစြာျဖင့္ အသြင္ကူးေျပာင္းေရး ႏွင့္ အေထြေထြသဟဇာတျဖစ္ေရးဆိုေသာမူဝါဒမ်ားကို အေျခခံကာ NLD ပါတီကို ဖြဲ႕စည္းတည္ေထာင္ခဲ့ျခင္း ေၾကာင္း သိရသည္။
“(၂၀၂၀) ေ႐ြးေကာက္ပြဲမွာဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္က ေ႐ြးေကာက္ပြဲရဲ႕ေၾကညာစာတမ္းမွာေတာင္ ေသေသ ခ်ာခ်ာေရးထားတာရွိတယ္။ (၂၀၂၀) ေ႐ြးေကာက္ပြဲကိုဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္အကုန္လုံးသည္ ပါတီရဲ႕ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္းကို ေၾကညာထားရတယ္။ ျပည္သူကိုလည္း ခ်ျပရမယ္။ ဒါဟာ ဘာလဲဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ ေရးထားတဲ့အခ်က္တစ္ခုရွိပါတယ္။ မည္သို႔ေသာအခက္အခဲအက်ပ္အတည္းကို ႀကဳံေတြ႕ ေစကာမူ ၿငိမ္းခ်မ္းေသာနည္းနဲ႔ပဲ ေျဖရွင္းရမယ္ဆိုတဲ့အခ်က္က ပါထားၿပီးသား။ ဒီအခ်က္ကိုပဲ ကြၽန္မတို႔က စြဲကိုင္ တယ္။ ဒီအခ်က္ကိုယုံၾကည္တယ္” ဟု ေဒၚစႏၵာမင္းက ဆိုသည္။

အေျခအေနတစ္ခုေရာက္လွ်င္ မူဝါဒေျပာင္းလဲရမည္ဆိုသူမ်ားအတြင္း NLD ပါတီမွ လူႀကီးမ်ားလည္း ပါဝင္ၿပီး ပါတီ၏ မူဝါဒႏွင့္ ကြဲလြဲကာ လက္နက္ကိုင္လမ္းစဥ္ကို လိုက္သြားသူမ်ားလည္း ရွိေနရာ လက္နက္ကိုင္လမ္းစဥ္ကို လိုက္သည့္အတြက္မွားသည္ဟု မေျပာလိုဘဲ ကိုယ္တိုင္ယုံၾကည္ရာ၊ ယုံၾကည္ခ်က္ျဖင့္ သြားၾကျခင္းျဖစ္ေၾကာင္း၊ ျပည္တြင္းတြင္ ရပ္တည္ေနရသူမ်ားမွာမူ ယုံၾကည္ခ်က္အတိုင္း ရပ္တည္၍မရဘဲ ယုံၾကည္ခ်က္အတိုင္းေျပာဆို ပါက ၿခိမ္းေျခာက္မႈမ်ား ေရာက္လာေၾကာင္း ၎က ဆိုသည္။
“ျပည္တြင္းမွာလည္း ပါတီရဲ႕မူဝါဒအတိုင္းရပ္တည္ေနတဲ့ သူေတြရွိပါတယ္ဆိုတာကို နစကသိေအာင္ ကြၽန္မတို႔ေတြ ေဆြးေႏြးတာရွိပါတယ္။ ဒီလိုေဆြးေႏြးတဲ့အတြက္ နစကဘက္ကလည္း NLD မွာ ျပည္တြင္းမွာလည္း ပါတီရဲ႕ မူဝါဒအတိုင္း ရပ္တည္ေနတဲ့သူေတြ ရွိတယ္ဆိုတာကို အသိအမွတ္ျပဳတာျဖစ္တဲ့အတြက္ ပါတီဝင္ သန္းေပါင္း ေျမာက္ျမားစြာ ရွိပါတယ္။ ဒီသန္းေပါင္း ေျမာက္ျမားစြာရဲ႕အေျခအေနေတြကို ကြၽန္မတို႔ကယ္တင္ႏိုင္တဲ့ အေျခအေနရွိတယ္။ ဘာလို႔လဲဆိုေတာ့ ဒီပါတီဝင္ေပါင္း ေျမာက္ျမားစြာက တစ္ဖက္ကို ထြက္ေျပးဖို႔ အေျခအေနမ ရွိဘူး။ တစ္ဖက္ကို ထြက္ေျပးတယ္ဆိုတာက လူအမ်ားစု မဟုတ္ဘူး။ ပါတီအဖြဲ႕ဝင္ရဲ႕ သုံးပုံတစ္ပုံ မရွိဘူး။ ဒါေပမဲ့ ျပည္တြင္းမွာ က်န္ခဲ့တဲ့ ပါတီအဖြဲ႕ဝင္ေတြက ပိုမ်ားတယ္” ဟု ေဒၚစႏၵာမင္းက ေဆြးေႏြးပြဲ တြင္ ေျပာသည္။
ပါတီေခါင္းေဆာင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကို တစ္ကမာၻလုံးက ေတြ႕လိုေနၾကေသာ္လည္း အမွန္တကယ္ ေတြ႕ခြင့္ရွိသူမ်ားမွာ ပါတီ၏တာဝန္ရွိသူမ်ားျဖစ္ေၾကာင္းကို ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကသိၿပီး ကိုယ္တိုင္က သေဘာ ေပါက္ေၾကာင္း ၎ကဆိုသည္။
“ဒီကိစၥကို ေတာ္ေတာ္နဲ႔ သေဘာမေပါက္တာက ပါတီမွာရွိတဲ့ တခ်ိဳ႕ေသာ ေခါင္းေဆာင္ေတြက သေဘာမေပါက္ ဘူး။ အဲဒီလိုပဲ တစ္ဖက္ကို ထြက္ေျပး သြားတဲ့သူေတြက သေဘာမေပါက္ဘူး။ အဲဒီအခ်ိန္မွာ ကြၽန္မတို႔က ဒီအခ်ိန္မွာ ပါတီမွတ္ပုံတင္ေတြ မပ်က္ေသးဘူး။ ကြၽန္မတို႔ပါတီရဲ႕ေခါင္းေဆာင္အေျခအေနကို သိဖို႔လိုတယ္။ ကြၽန္မတို႔ ပါတီရဲ႕အေျခအေနကို သိဖို႔လိုတယ္ဆိုတာျဖစ္တဲ့အတြက္ ကြၽန္မတို႔ ပါတီဝင္ေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ထိန္းသိမ္းခံေနရစဥ္မွာ ေတြ႕ခြင့္ရမယ့္ အခြင့္အေရးရွိရမယ္ဆိုၿပီး နစကကို တင္ျပေတာင္းဆိုတယ္။ အဲဒီ အတြက္ လည္း ကြၽန္မတို႔ေတြ႕ဆုံခြင့္ရခဲ့တယ္။ ေတြ႕ဆုံဖို႔ အခြင့္အေရး ရခဲ့တယ္။ ဒါေၾကာင့္ ကြၽန္မတို႔ ေဒၚေအာင္ဆန္းစု ၾကည္ကို သြားေတြ႕ခဲ့တယ္။ သြားေတြ႕ တဲ့ အခ်ိန္မွာလည္း ကြၽန္မက ေဒၚေအာင္ဆန္းစုၾကည္ကို ေသေသခ်ာခ်ာ ပါတီရဲ႕အေျခအေနကို ရွင္းျပႏိုင္ခဲ့တယ္။ အဓိကကေတာ့ ဘာကို ရွင္းျပႏိုင္ခဲ့တာလည္းဆိုေတာ့ အဓိကက ကြၽန္မတို႔ေတြက ပါတီထဲမွာ ျပည္ပကို ထြက္ေျပးသြားတဲ့သူေတြ ရွိသလို ျပည္တြင္း မွာလည္း အန္တီေထာက္ခံတဲ့ ပါတီမူဝါဒ အတိုင္း ကြၽန္မတို႔ ရပ္တည္ေနတဲ့ အုပ္စုေတြ ရွိပါတယ္လို႔ ေျပာလိုက္တဲ့အခ်ိန္ ေဒၚေအာင္ဆန္းစုၾကည္ မ်က္ႏွာက အရမ္းေက် နပ္သြားတယ္။ ကြၽန္မကို ေခါင္းေလး ညိတ္ျပတယ္။ ဒါကို ကြၽန္မပီတိအျဖစ္ဆုံးပဲ” ဟု ေဒၚစႏၵာမင္းက ျပန္ေျပာင္းေျပာျပသည္။

Related news

© 2021. All rights reserved.