ဗိုလ်ချုပ်မှူးကြီးရဲ့NCA (၉)နှစ်ပြည့်မိန့်ခွန်းထဲကနေ ရှာကြည့်မိသောအရာ

 473

ကျော်နု (NP News) - အောက်တိုဘာ ၂၁

တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာကွဲသွားရင်တောင် လွတ်လပ်ရေးပြန်လည်ရယူတုန်းကလို တစ်ချိန်ချိန်မှာ ပြန်လည် စုစည်းလို့ရနိုင်ပေမယ့် နိုင်ငံသားအချင်းချင်းကြား၊ မိသားစုအချင်းချင်းကြား၊ ချစ်သူရည်းစားလင်မယား အချင်းချင်း ကြား၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတဲ့စိတ်ဝမ်းကွဲမှုဟာ ဘယ်လိုမှ ပြန်လည် ပေါင်းစပ်ဖို့မဖြစ်နိုင်တော့တာမျိုးပါပဲ။

NCA(၉)နှစ်ပြည့်အတွက် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင် ရုပ်သံကနေတစ်ဆင့် မိန့်ခွန်းပြောပါတယ်။ အကျဉ်းချုံးပြီးကျင်းပခဲ့တဲ့ (၉)နှစ်ပြည့်အခမ်းအနားရဲ့ မိန့်ခွန်းထဲမှာ တစ်စုံတစ်ရာများ တွေ့ရနိုင်မလားဆိုတဲ့အတွေးနဲ့ ရှာဖွေကြည့်ပါတယ်။ ဘာတွေတွေ့ရမယ်ထင်ပါ သလဲ။ သုံးသပ်ကြည့်ကြရအောင်ပါ။ ဗိုလ်ချုပ်မှူးကြီးရဲ့မိန့်ခွန်းထဲကနေ စိတ်ဝင်စားစရာပထမဆုံးစာစုအဖြစ် အခုလို တွေ့ရပါတယ်။
NCA စတင်ချုပ်ဆိုချိန်ကတည်းက ]]ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည် အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန်သန္နိဋ္ဌာန်ပြုကြသည် ဆိုတဲ့အချက်ကို စာချုပ်မှာပါဝင်လက်မှတ်ရေး ထိုးခဲ့ကြသူများက အလေးထား မှတ်မိနေကြဦးမယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်မိပါတယ်။ ဒီစကားစုက NCA စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အပေါင်းပါတွေကို ပြန်လည်လှုပ် နှိုးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် မင်းတို့ထိုးခဲ့တဲ့ လက်မှတ် ကို မမေ့နဲ့လေကွာလို့ ပြောလိုက်သလိုပါ။ စာချုပ်လက်မှတ်ထိုးစဉ်က ဘယ်သူကမှ သေနတ် နားထင်တေ့ပြီး ထိုးခိုင်းခဲ့တာမဟုတ်သလို စာချုပ်ပါ အသိသက်သေတွေကလည်း လမ်းဘေးကလူတွေ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်တွေ တက်ရောက် အသိသက်သေပြုထားကြတာပါ။ ဒါ့ပြင် စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုး အတွက် ရပ်တည်ခဲ့ကြတဲ့ EAO တွေကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင်ပေးသလို ကတိကဝတ် တွေကိုချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ EAO တွေပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရတယ်ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။
NCA မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KNU ၊ KNLA-PC နဲ့ DKBA တို့က ဒေသတစ်ခုတည်းကနေ အများဆုံးပါဝင်လက်မှတ်ရေးထိုးမှုအဖြစ် မှတ်တမ်းဝင်ထားပေမယ့် KNU ဟာ အခွင့်အခါသင့်ချိန် (၂၀၂၁) မှာပဲ ထိုးခဲ့တဲ့လက်မှတ်ကို မလေးမစားလုပ်လာပါတော့တယ်။ ကရင်တိုင်း ရင်းသားတွေရဲ့စာချုပ်စာတမ်းကတိက သေသည်အထိ တည်မြဲရမယ့်အစား မင်မခြောက်ခင်မှာပဲ ဇာတိ သွေးက ပြသလိုက်တာမျိုးပါ။ တခြားသော အဖွဲ့တွေဖြစ်တဲ့ ABSDF၊ ALP၊ CNF၊ PNLO၊ RCSS/SSA၊ LDU၊ NMSP တို့ထဲက CNF ဟာ လုံးဝပါဝင်ခြင်း မရှိတော့ သလို တခြားသော(၆)ဖွဲ့မှာလည်း အတွင်းရေးပြဿနာတွေ ကိုယ်စီနဲ့ပါ ပဲ။ အကုန်လုံးဟာ အခြေအနေအချိန်အခါ အပေါ်လိုက်ပြီး လိုရာယိမ်းနွဲ့နေကြသလို ကိုယ်ကျိုးလည်းရှာနေကြပါတယ်။ NLD နဲ့ပတ်သက်ရင်လည်း ဗိုလ်ချုပ်မှူးကြီးက ဒီလိုပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ဒီမိုကရေစီအစိုးရသက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကအတိုင်း တိုင်းတစ်ပါးသားတွေအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲတာတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေ ထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ အစိုးရ အာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှား စွာကျင့်သုံးခဲ့ကြပါတယ်။ ဒီအချက်ဟာ အတော်လေး စဉ်းစားစရာကောင်းပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို NLD အုပ်စုက အလွယ်တကူပေါက်ကြားစေခဲ့ တယ်ဆိုရင် ဒါဟာ တိုင်းပြည်သစ္စာဖောက်လောက် ကောင်လုပ်ရပ်ကို ကျူးလွန်တာပါပဲ။ ခိုင်မာတဲ့အချက်အလက် တွေနဲ့ ပြည်သူလူထုကို လမ်းကြောင်းတစ်ခုခုကနေ သိစေသင့်ပါတယ်။ သူတို့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ပေါက်ကြားသွားစေခဲ့ပြီး အဲဒီအချက်တွေကြောင့် တိုင်းပြည်ရဲ့ဘယ်ကဏ္ဍဟာ ထိခိုက်ဆုံးရှုံးမှု တွေဖြစ်ခဲ့တယ်ဆိုတဲ့ ရှင်းပြချက်တွေလို အပ်နေတာပါ။ ပြည်ပရန်နဲ့ပတ်သက်ရင် အရေးကြီးတဲ့သတိပေး ချက်တစ်ခုရှိနေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တပ်မတော်တစ်ခုတည်းမှာပဲ အပြည့်အဝ တာဝန်ရှိတယ်လို့မမှတ်ယူကြဘဲ ပြည်သူတွေရဲ့အားနဲ့ စစ်မှန်တဲ့ပူးပေါင်းပါဝင်မှုအားတို့လည်းလိုအပ်ကြောင်း၊ နိုင်ငံရဲ့ပထဝီအနေအထား၊ နိုင်ငံရေး အခြေအနေတွေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အထူးသတိကြီးစွာ ပြင်ဆင်ဆောင်ရွက်ဖို့လိုအပ် ကြောင်း၊ ပြီးတော့ ပြည်တွင်း တည်ငြိမ်အေးချမ်းဖို့၊ ပြည်တွင်း ငြိမ်းချမ်း ရေးရရှိဖို့ဆိုတာ တပ်မတော်တစ်ဖက် တည်းကနေပဲ လုံ့လစိုက်နေလို့မရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအား လုံးဟာ NCA ရဲ့ အနှစ်သာရတွေကိုသိရှိနားလည်ပြီး နိုင်ငံ တော်အတွက်ဆိုတဲ့အသိတရားနဲ့ ထားရှိပြီးသား ကတိကဝတ်တွေကို အလေးထားလိုက်နာပူးပေါင်းဆောင်ရွက်ကြမှသာ အားလုံးသွားချင်တဲ့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိမှာဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်လာစေဖို့အတွက် အင်အားကြီးနိုင်ငံတွေက နိုင်ငံ့သစ္စာဖောက်တွေကို မွေးမြူ ပျိုးထောင်ပြီး ခေတ်သစ်နယ်ချဲ့ ကိုလိုနီဝါဒကို အသက်သွင်းနေကြတယ်လို့လည်း ပြောပါတယ်။ နိုင်ငံရဲ့ပထဝီ အနေအထားအရလည်း အင် အားကြီးနိုင်ငံတွေရဲ့ အားစမ်းကစားရာကွင်းတစ်ခု ဖြစ်နေတယ်လို့ ဆိုလိုချင်တာပါ။ လက်နက်ကိုင်ပုန်ကန်နေကြသူတွေဟာလည်း နိုင်ငံတော်တည်ဆောက် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေအတွက်မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အစုအဖွဲ့ဆန်ဆန် စစ်ဘုရင်ဝါဒကို အသက်သွင်းနေ ကြတာမျိုးဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက သွယ်ဝိုက် ပြီးပြောပါတယ်။ အမှန်တကယ်လည်း စစ်ဘုရင်ဝါဒတွေက ကျေးလက်ဒေသအသီးသီးမှာ ကြီးထွားလာ နေပါတယ်။ ဒီအတွက်လည်း NCA မှာ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြဖူးသူတွေကိုယ်တိုင်က မြှောက်ထိုး ပင့်ကော်လုပ်ခြင်း၊ ကိုယ်တိုင်ပါဝင်ဖျက်ဆီးခြင်း၊ စစ်ဘုရင် ဝါဒနဲ့ အရပ်သားပြည်သူတွေ၊ ရဟန်းသံဃာတွေနဲ့ အစိုးရဝန်ထမ်းတွေကို သတ်ဖြတ်မှုတွေလုပ်ခဲ့ကြပါတယ်။ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံပြီး နိုင်ငံသားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမြှောက်ပင့်မှုတွေအပေါ် ယုံစားနေကြဦးမယ်ဆိုရင် ကျွန်တော်တို့သွားလိုတဲ့အနာဂတ်နိုင်ငံတော် ခရီးဟာ အလှမ်းဝေးနေ ဦးမှာပဲဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးက သတိပေးပါတယ်။ “ကျွန်တော်တို့အချင်း ချင်းသွေးကွဲပြီး ရန်စောင်နေကြမယ်ဆိုရင် နိုင်ငံတော် ရဲ့စွမ်းအားတွေ လျော့နည်းပြီး သူတစ်ပါး အလိုကျလိုက်ပါဆောင်ရွက်ကြရတဲ့လူမျိုးတွေအဖြစ် သမိုင်းမှတ်တမ်း ကျန်ရစ်နိုင်ပါ တယ်” ဆိုတဲ့ ဒီစကားကတော့ နိုင်ငံသူနိုင်ငံသားတွေအတွက် သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ။ တိုင်းပြည် ဟာ အစိတ်စိတ်အမြွှာမြွှာမကွဲသေးပေမယ့် စိုးရိမ်စရာ အခြေအနေတစ်ရပ်ကို တဖြည်းဖြည်းချင်း ဦးတည်နေတာ လည်းအမှန်ပါပဲ။ နယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာကွဲနေခြင်းမရှိပေမယ့် နိုင်ငံသားချင်းကြားက စိတ်ဝမ်းကွဲမှု ကတော့ ပြန်ဆက်ဖို့ခက်ခဲလှတဲ့အထိ ဖြစ်နေပါပြီ။ မောင်နှမသားအမိ၊ သားအဖ သူငယ်ချင်း၊ ချစ်သူရည်းစား လင်မယားချင်းကြားမှာတောင် အရောင်ဝါဒ ပုဂ္ဂိုလ်အစွဲတွေကြောင့် အတွင်းကြိတ်ကွဲနေတာမျိုးပါ။ နိုင်ငံတော် ထက် ကိုယ့်အတ္တက ပိုကြီးသွားကြတဲ့သဘောမျိုးဖြစ်နေပါတယ်။ တိုင်းပြည်အ စိတ်စိတ်အမြွှာမြွှာကွဲသွားရင် တောင် လွတ်လပ်ရေး ပြန်လည်ရယူတုန်းကလို တစ်ချိန်ချိန်မှာ ပြန်လည်စုစည်းလို့ ရနိုင်ပေမယ့် နိုင်ငံသား အချင်းချင်းကြား၊ မိသားစုအချင်းချင်းကြား၊ ချစ်သူရည်းစားလင်မယား အချင်းချင်းကြား၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်းကြား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတဲ့စိတ်ဝမ်းကွဲမှုဟာ ဘယ်လိုမှပြန်လည်ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့ တာမျိုးပါပဲ။ ဒါကို ဗိုလ်ချုပ်မှူးကြီးက သတိပေးချင်ပုံရပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးပြဿနာတွေကို လက်နက် စွဲကိုင်ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြတာမျိုးကို ဖိတ်ခေါ်ခဲ့ တာပါ။ လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးက သတိပေးပါတယ်။ (၉)နှစ်ပြည့် NCA ရဲ့ အနှစ်ချုပ်တွေ ကတော့ ဖော်ပြပါအတိုင်းပါပဲ။ ပြောသင့်ပြောထိုက်တဲ့စကားမှန်သမျှကို ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားသွား တာကိုမြင် ရပါတယ်။ ဒါပေမဲ့ တစ်ခုခုတော့လိုနေပါတယ်။ အဲဒါကတော့ ရာဇမာန်ပါ။ နိုင်ငံကိုအုပ်ချုပ်တဲ့ အကြီးအကဲတစ် ယောက်ဟာ ဘယ်လိုအချိန်မှာ ဘယ်စကားပဲပြောပြော ရာဇမာန်ဆိုတာ ပြည့်ဝဖို့လိုပါတယ်။ အဲဒီအပိုင်းကတော့ ပါမလာဘူးလို့ ပွင့်လင်းရိုး သားစွာ သုံးသပ်ချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်လုံးထဲမှာ၊ မျက်နှာပြင်မှာ၊ အမူအရာတွေမှာ အုပ်ချုပ်သူ မင်းတစ်ပါး ရဲ့ရာဇ မာန်နဲ့ ထိထိရောက်ရောက်ပြောတာမျိုး အားနည်းနေတာလို့ဆိုချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း ဆိုလိုချင်တာကို နားလည် မယ်လို့ ယုံကြည်ကြောင်းနဲ့ နားလည်ခဲ့ပြီဆိုရင်လည်း နောက်နောင်များမှာ ရာဇမာန်အပြည့်နဲ့မိန့်ခွန်းတွေကို မြင်ခွင့်ရမယ်လို့ မျှော် လင့်မိကြောင်းပါ။

Zawgyi Version;
ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕NCA (၉)ႏွစ္ျပည့္မိန႔္ခြန္းထဲကေန ရွာၾကည့္မိေသာအရာ
ေက်ာ္ႏု (NP News) - ေအာက္တိုဘာ ၂၁

တိုင္းျပည္အစိတ္စိတ္အႁမႊာႁမႊာကြဲသြားရင္ေတာင္ လြတ္လပ္ေရးျပန္လည္ရယူတုန္းကလို တစ္ခ်ိန္ခ်ိန္မွာ ျပန္လည္ စုစည္းလို႔ရႏိုင္ေပမယ့္ ႏိုင္ငံသားအခ်င္းခ်င္းၾကား၊ မိသားစုအခ်င္းခ်င္းၾကား၊ ခ်စ္သူရည္းစားလင္မယား အခ်င္းခ်င္း ၾကား၊ မိတ္ေဆြသူငယ္ခ်င္းအခ်င္းခ်င္းၾကား အစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားတဲ့စိတ္ဝမ္းကြဲမႈဟာ ဘယ္လိုမွ ျပန္လည္ ေပါင္းစပ္ဖို႔မျဖစ္ႏိုင္ေတာ့တာမ်ိဳးပါပဲ။

NCA(၉)ႏွစ္ျပည့္အတြက္ နစကဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံပိုင္ ႐ုပ္သံကေနတစ္ဆင့္ မိန႔္ခြန္းေျပာပါတယ္။ အက်ဥ္းခ်ဳံးၿပီးက်င္းပခဲ့တဲ့ (၉)ႏွစ္ျပည့္အခမ္းအနားရဲ႕ မိန႔္ခြန္းထဲမွာ တစ္စုံတစ္ရာမ်ား ေတြ႕ရႏိုင္မလားဆိုတဲ့အေတြးနဲ႔ ရွာေဖြၾကည့္ပါတယ္။ ဘာေတြေတြ႕ရမယ္ထင္ပါ သလဲ။ သုံးသပ္ၾကည့္ၾကရေအာင္ပါ။ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕မိန႔္ခြန္းထဲကေန စိတ္ဝင္စားစရာပထမဆုံးစာစုအျဖစ္ အခုလို ေတြ႕ရပါတယ္။
NCA စတင္ခ်ဳပ္ဆိုခ်ိန္ကတည္းက ]]ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈႏွင့္ ပြင့္လင္းျမင္သာမႈတို႔ကို အေျခခံ၍ ဤသေဘာတူစာခ်ဳပ္ပါအခ်က္မ်ားကို ၿပီးစီးေအာင္ျမင္သည္ အထိ မပ်က္မကြက္ အတူတကြ ပူးတြဲအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ အျပန္အလွန္သႏၷိ႒ာန္ျပဳၾကသည္ ဆိုတဲ့အခ်က္ကို စာခ်ဳပ္မွာပါဝင္လက္မွတ္ေရး ထိုးခဲ့ၾကသူမ်ားက အေလးထား မွတ္မိေနၾကဦးမယ္လို႔ ကြၽန္ေတာ့္ အေနနဲ႔ ယုံၾကည္မိပါတယ္။ ဒီစကားစုက NCA စာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့ၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ေတြနဲ႔ အေပါင္းပါေတြကို ျပန္လည္လႈပ္ ႏႈိးလိုက္တာပါပဲ။ တစ္နည္းအားျဖင့္ မင္းတို႔ထိုးခဲ့တဲ့ လက္မွတ္ ကို မေမ့နဲ႔ေလကြာလို႔ ေျပာလိုက္သလိုပါ။ စာခ်ဳပ္လက္မွတ္ထိုးစဥ္က ဘယ္သူကမွ ေသနတ္ နားထင္ေတ့ၿပီး ထိုးခိုင္းခဲ့တာမဟုတ္သလို စာခ်ဳပ္ပါ အသိသက္ေသေတြကလည္း လမ္းေဘးကလူေတြ မဟုတ္ပါဘူး။ ကမာၻ႔ကုလသမဂၢ၊ ဥေရာပသမဂၢ၊ တ႐ုတ္၊ အိႏၵိယ၊ ထိုင္းနဲ႔ ဂ်ပန္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္ေတြ တက္ေရာက္ အသိသက္ေသျပဳထားၾကတာပါ။ ဒါ့ျပင္ စာခ်ဳပ္ပါကတိကဝတ္ေတြကို ေလးစားၿပီး တိုင္းျပည္နဲ႔လူမ်ိဳးအက်ိဳး အတြက္ ရပ္တည္ခဲ့ၾကတဲ့ EAO ေတြကို ေတြ႕ရွိခဲ့ရသလို အခြင့္အခါကိုေစာင့္ၿပီး အေျခအေနေပးရင္ေပးသလို ကတိကဝတ္ ေတြကိုခ်ိဳးေဖာက္ၿပီး ကိုယ္က်ိဳးရွာ ႏိုင္ငံေရး အျမတ္ထုတ္ေနတဲ့ EAO ေတြေပၚေပါက္ခဲ့တာကိုလည္း ေတြ႕ရွိရတယ္ဆိုတဲ့အခ်က္ကလည္း စိတ္ဝင္စားစရာပါ။
NCA မွာ ကရင္လက္နက္ကိုင္အဖြဲ႕ေတြ ျဖစ္တဲ့ KNU ၊ KNLA-PC နဲ႔ DKBA တို႔က ေဒသတစ္ခုတည္းကေန အမ်ားဆုံးပါဝင္လက္မွတ္ေရးထိုးမႈအျဖစ္ မွတ္တမ္းဝင္ထားေပမယ့္ KNU ဟာ အခြင့္အခါသင့္ခ်ိန္ (၂၀၂၁) မွာပဲ ထိုးခဲ့တဲ့လက္မွတ္ကို မေလးမစားလုပ္လာပါေတာ့တယ္။ ကရင္တိုင္း ရင္းသားေတြရဲ႕စာခ်ဳပ္စာတမ္းကတိက ေသသည္အထိ တည္ၿမဲရမယ့္အစား မင္မေျခာက္ခင္မွာပဲ ဇာတိ ေသြးက ျပသလိုက္တာမ်ိဳးပါ။ တျခားေသာ အဖြဲ႕ေတြျဖစ္တဲ့ ABSDF၊ ALP၊ CNF၊ PNLO၊ RCSS/SSA၊ LDU၊ NMSP တို႔ထဲက CNF ဟာ လုံးဝပါဝင္ျခင္း မရွိေတာ့ သလို တျခားေသာ(၆)ဖြဲ႕မွာလည္း အတြင္းေရးျပႆနာေတြ ကိုယ္စီနဲ႔ပါ ပဲ။ အကုန္လုံးဟာ အေျခအေနအခ်ိန္အခါ အေပၚလိုက္ၿပီး လိုရာယိမ္းႏြဲ႕ေနၾကသလို ကိုယ္က်ိဳးလည္းရွာေနၾကပါတယ္။ NLD နဲ႔ပတ္သက္ရင္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ဒီလိုေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဒုတိယေျမာက္ ဒီမိုကေရစီအစိုးရသက္တမ္းကာလမွာ တစ္ခါတုန္းက ျမန္မာ့သမိုင္းထဲကအတိုင္း တိုင္းတစ္ပါးသားေတြအေပၚ ယုံၾကည္ကိုးစားမႈ လြန္ကဲတာေတြေၾကာင့္ တိုင္းျပည္ဘ႑ာေတြဆုံးရႈံးခဲ့ရသလို မျဖစ္မေန ထိန္းသိမ္းရမယ့္ ျပည္တြင္းေရးလွ်ိဳ႕ဝွက္ခ်က္ေတြကိုလည္း အလြယ္တကူ ေပါက္ၾကားေစခဲ့ ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ တာဝန္အရပ္ရပ္ကို ထမ္းေဆာင္ခြင့္ရခဲ့ၾကတဲ့ အစိုးရ အာဏာပိုင္ေတြကအစ ဒီမိုကေရစီက်င့္စဥ္ကို လြဲမွား စြာက်င့္သုံးခဲ့ၾကပါတယ္။ ဒီအခ်က္ဟာ အေတာ္ေလး စဥ္းစားစရာေကာင္းပါတယ္။ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေတြကို NLD အုပ္စုက အလြယ္တကူေပါက္ၾကားေစခဲ့ တယ္ဆိုရင္ ဒါဟာ တိုင္းျပည္သစၥာေဖာက္ေလာက္ ေကာင္လုပ္ရပ္ကို က်ဴးလြန္တာပါပဲ။ ခိုင္မာတဲ့အခ်က္အလက္ ေတြနဲ႔ ျပည္သူလူထုကို လမ္းေၾကာင္းတစ္ခုခုကေန သိေစသင့္ပါတယ္။ သူတို႔ ဘယ္လိုလွ်ိဳ႕ဝွက္ခ်က္ေတြကို ေပါက္ၾကားသြားေစခဲ့ၿပီး အဲဒီအခ်က္ေတြေၾကာင့္ တိုင္းျပည္ရဲ႕ဘယ္က႑ဟာ ထိခိုက္ဆုံးရႈံးမႈ ေတြျဖစ္ခဲ့တယ္ဆိုတဲ့ ရွင္းျပခ်က္ေတြလို အပ္ေနတာပါ။ ျပည္ပရန္နဲ႔ပတ္သက္ရင္ အေရးႀကီးတဲ့သတိေပး ခ်က္တစ္ခုရွိေနပါတယ္။ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို တပ္မေတာ္တစ္ခုတည္းမွာပဲ အျပည့္အဝ တာဝန္ရွိတယ္လို႔မမွတ္ယူၾကဘဲ ျပည္သူေတြရဲ႕အားနဲ႔ စစ္မွန္တဲ့ပူးေပါင္းပါဝင္မႈအားတို႔လည္းလိုအပ္ေၾကာင္း၊ ႏိုင္ငံရဲ႕ပထဝီအေနအထား၊ ႏိုင္ငံေရး အေျခအေနေတြအရ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ေတြကို အထူးသတိႀကီးစြာ ျပင္ဆင္ေဆာင္႐ြက္ဖို႔လိုအပ္ ေၾကာင္း၊ ၿပီးေတာ့ ျပည္တြင္း တည္ၿငိမ္ေအးခ်မ္းဖို႔၊ ျပည္တြင္း ၿငိမ္းခ်မ္း ေရးရရွိဖို႔ဆိုတာ တပ္မေတာ္တစ္ဖက္ တည္းကေနပဲ လုံ႔လစိုက္ေနလို႔မရေၾကာင္း၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းအား လုံးဟာ NCA ရဲ႕ အႏွစ္သာရေတြကိုသိရွိနားလည္ၿပီး ႏိုင္ငံ ေတာ္အတြက္ဆိုတဲ့အသိတရားနဲ႔ ထားရွိၿပီးသား ကတိကဝတ္ေတြကို အေလးထားလိုက္နာပူးေပါင္းေဆာင္႐ြက္ၾကမွသာ အားလုံးသြားခ်င္တဲ့ပန္းတိုင္ကို လ်င္ျမန္စြာ ေရာက္ရွိမွာျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာပါတယ္။
ျပည္တြင္းမွာ မၿငိမ္မသက္ျဖစ္လာေစဖို႔အတြက္ အင္အားႀကီးႏိုင္ငံေတြက ႏိုင္ငံ့သစၥာေဖာက္ေတြကို ေမြးျမဴ ပ်ိဳးေထာင္ၿပီး ေခတ္သစ္နယ္ခ်ဲ႕ ကိုလိုနီဝါဒကို အသက္သြင္းေနၾကတယ္လို႔လည္း ေျပာပါတယ္။ ႏိုင္ငံရဲ႕ပထဝီ အေနအထားအရလည္း အင္ အားႀကီးႏိုင္ငံေတြရဲ႕ အားစမ္းကစားရာကြင္းတစ္ခု ျဖစ္ေနတယ္လို႔ ဆိုလိုခ်င္တာပါ။ လက္နက္ကိုင္ပုန္ကန္ေနၾကသူေတြဟာလည္း ႏိုင္ငံေတာ္တည္ေဆာက္ ေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးေတြအတြက္မဟုတ္ဘဲ သီးျခားလြတ္လပ္တဲ့ အစုအဖြဲ႕ဆန္ဆန္ စစ္ဘုရင္ဝါဒကို အသက္သြင္းေန ၾကတာမ်ိဳးျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးက သြယ္ဝိုက္ ၿပီးေျပာပါတယ္။ အမွန္တကယ္လည္း စစ္ဘုရင္ဝါဒေတြက ေက်းလက္ေဒသအသီးသီးမွာ ႀကီးထြားလာ ေနပါတယ္။ ဒီအတြက္လည္း NCA မွာ ပါဝင္လက္ မွတ္ေရးထိုးခဲ့ၾကဖူးသူေတြကိုယ္တိုင္က ေျမႇာက္ထိုး ပင့္ေကာ္လုပ္ျခင္း၊ ကိုယ္တိုင္ပါဝင္ဖ်က္ဆီးျခင္း၊ စစ္ဘုရင္ ဝါဒနဲ႔ အရပ္သားျပည္သူေတြ၊ ရဟန္းသံဃာေတြနဲ႔ အစိုးရဝန္ထမ္းေတြကို သတ္ျဖတ္မႈေတြလုပ္ခဲ့ၾကပါတယ္။ လက္နက္ကိုင္အၾကမ္းဖက္လုပ္ရပ္ေတြကို အားေပးေထာက္ခံၿပီး ႏိုင္ငံသားခ်င္း ေသြးေျမက်ေအာင္ ႀကံစည္ေဆာင္႐ြက္ေနတဲ့ ျပည္ပႏိုင္ငံေတြရဲ႕ ေသြးထိုးေျမႇာက္ပင့္မႈေတြအေပၚ ယုံစားေနၾကဦးမယ္ဆိုရင္ ကြၽန္ေတာ္တို႔သြားလိုတဲ့အနာဂတ္ႏိုင္ငံေတာ္ ခရီးဟာ အလွမ္းေဝးေန ဦးမွာပဲျဖစ္ပါတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးက သတိေပးပါတယ္။ “ကြၽန္ေတာ္တို႔အခ်င္း ခ်င္းေသြးကြဲၿပီး ရန္ေစာင္ေနၾကမယ္ဆိုရင္ ႏိုင္ငံေတာ္ ရဲ႕စြမ္းအားေတြ ေလ်ာ့နည္းၿပီး သူတစ္ပါး အလိုက်လိုက္ပါေဆာင္႐ြက္ၾကရတဲ့လူမ်ိဳးေတြအျဖစ္ သမိုင္းမွတ္တမ္း က်န္ရစ္ႏိုင္ပါ တယ္” ဆိုတဲ့ ဒီစကားကေတာ့ ႏိုင္ငံသူႏိုင္ငံသားေတြအတြက္ သတိေပးေခါင္းေလာင္း ထိုးလိုက္တာပါပဲ။ တိုင္းျပည္ ဟာ အစိတ္စိတ္အႁမႊာႁမႊာမကြဲေသးေပမယ့္ စိုးရိမ္စရာ အေျခအေနတစ္ရပ္ကို တျဖည္းျဖည္းခ်င္း ဦးတည္ေနတာ လည္းအမွန္ပါပဲ။ နယ္ေျမေတြ အစိတ္စိတ္အႁမႊာႁမႊာကြဲေနျခင္းမရွိေပမယ့္ ႏိုင္ငံသားခ်င္းၾကားက စိတ္ဝမ္းကြဲမႈ ကေတာ့ ျပန္ဆက္ဖို႔ခက္ခဲလွတဲ့အထိ ျဖစ္ေနပါၿပီ။ ေမာင္ႏွမသားအမိ၊ သားအဖ သူငယ္ခ်င္း၊ ခ်စ္သူရည္းစား လင္မယားခ်င္းၾကားမွာေတာင္ အေရာင္ဝါဒ ပုဂၢိဳလ္အစြဲေတြေၾကာင့္ အတြင္းႀကိတ္ကြဲေနတာမ်ိဳးပါ။ ႏိုင္ငံေတာ္ ထက္ ကိုယ့္အတၱက ပိုႀကီးသြားၾကတဲ့သေဘာမ်ိဳးျဖစ္ေနပါတယ္။ တိုင္းျပည္အ စိတ္စိတ္အႁမႊာႁမႊာကြဲသြားရင္ ေတာင္ လြတ္လပ္ေရး ျပန္လည္ရယူတုန္းကလို တစ္ခ်ိန္ခ်ိန္မွာ ျပန္လည္စုစည္းလို႔ ရႏိုင္ေပမယ့္ ႏိုင္ငံသား အခ်င္းခ်င္းၾကား၊ မိသားစုအခ်င္းခ်င္းၾကား၊ ခ်စ္သူရည္းစားလင္မယား အခ်င္းခ်င္းၾကား၊ မိတ္ေဆြ သူငယ္ခ်င္း အခ်င္းခ်င္းၾကား အစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားတဲ့စိတ္ဝမ္းကြဲမႈဟာ ဘယ္လိုမွျပန္လည္ေပါင္းစပ္ဖို႔ မျဖစ္ႏိုင္ေတာ့ တာမ်ိဳးပါပဲ။ ဒါကို ဗိုလ္ခ်ဳပ္မႉးႀကီးက သတိေပးခ်င္ပုံရပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံေရးျပႆနာေတြကို လက္နက္ စြဲကိုင္ေျဖရွင္းျခင္းထက္ ႏိုင္ငံေရးနည္းလမ္းအရ ေဆြးေႏြးတိုင္ပင္ဆုံးျဖတ္ၾကတာမ်ိဳးကို ဖိတ္ေခၚခဲ့ တာပါ။ လက္နက္ကိုင္အၾကမ္းဖက္နည္းနဲ႔ မိမိတို႔လိုလားခ်က္ကို ေတာင္းဆိုလို႔မရဘဲ ႏိုင္ငံေရးစားပြဲဝိုင္းကို ေရာက္လာၿပီး ၿငိမ္းခ်မ္းစြာ ေျဖရွင္းျခင္းနည္းနဲ႔သာ ပဋိပကၡေတြကို ေျပလည္ေစမွာျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ လက္နက္ကိုင္အၾကမ္းဖက္ေတာင္းဆိုမႈေတြအေပၚ လိုက္ေလ်ာေျဖရွင္းေပးသြားမွာမဟုတ္ဘူးဆိုတာ ေျပာၾကားလိုပါတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးက သတိေပးပါတယ္။ (၉)ႏွစ္ျပည့္ NCA ရဲ႕ အႏွစ္ခ်ဳပ္ေတြ ကေတာ့ ေဖာ္ျပပါအတိုင္းပါပဲ။ ေျပာသင့္ေျပာထိုက္တဲ့စကားမွန္သမွ်ကို ဗိုလ္ခ်ဳပ္မႉးႀကီးက ထည့္သြင္းေျပာၾကားသြား တာကိုျမင္ ရပါတယ္။ ဒါေပမဲ့ တစ္ခုခုေတာ့လိုေနပါတယ္။ အဲဒါကေတာ့ ရာဇမာန္ပါ။ ႏိုင္ငံကိုအုပ္ခ်ဳပ္တဲ့ အႀကီးအကဲတစ္ ေယာက္ဟာ ဘယ္လိုအခ်ိန္မွာ ဘယ္စကားပဲေျပာေျပာ ရာဇမာန္ဆိုတာ ျပည့္ဝဖို႔လိုပါတယ္။ အဲဒီအပိုင္းကေတာ့ ပါမလာဘူးလို႔ ပြင့္လင္း႐ိုး သားစြာ သုံးသပ္ခ်င္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ မ်က္လုံးထဲမွာ၊ မ်က္ႏွာျပင္မွာ၊ အမူအရာေတြမွာ အုပ္ခ်ဳပ္သူ မင္းတစ္ပါး ရဲ႕ရာဇ မာန္နဲ႔ ထိထိေရာက္ေရာက္ေျပာတာမ်ိဳး အားနည္းေနတာလို႔ဆိုခ်င္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးလည္း ဆိုလိုခ်င္တာကို နားလည္ မယ္လို႔ ယုံၾကည္ေၾကာင္းနဲ႔ နားလည္ခဲ့ၿပီဆိုရင္လည္း ေနာက္ေနာင္မ်ားမွာ ရာဇမာန္အျပည့္နဲ႔မိန႔္ခြန္းေတြကို ျမင္ခြင့္ရမယ္လို႔ ေမွ်ာ္ လင့္မိေၾကာင္းပါ။

Related news

© 2021. All rights reserved.