မန္တလေးတွင် ကျပ်သိန်း (၁၂၀) ဖိုး Happy Water များ ဖမ်းဆီးရမိရာမှ ကွင်းဆက်အဖြစ် သိန်း (၈၅၀) နီးပါး ထပ်မံ ဖမ်းဆီးရမိ

 1647

နာမူ (NP News) - အောက်တိုဘာ ၂၁

မန္တလေးမြို့တွင် ကျပ်သိန်း (၁၂၀) ဖိုး Happy Water များ ဖမ်းဆီးရမိရာမှ ကွင်းဆက်အဖြစ် သိန်း (၈၅၀) နီးပါး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည် ။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ချမ်းမြေ့သာစည်မြို့ နယ် ၊ မြရည်နန္ဒာရပ်ကွက်ရှိ မအားဖိန် ( ခ ) လီဟိုဖိန်၏ နေအိမ်အား အောက်တိုဘာလ (၁၈) ရက် ညနေ ၄ နာရီခန့် က ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ထိုကဲ့သို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်း၏ နေအိမ်အတွင်းမှ ငွေကျပ် သိန်း (၁၂၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၁၀၀) ဂရမ် နှင့်အတူ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် မအားဖိန်၏ နေအိမ်တွင် ၎င်းနှင့်အတူ တွေ့ရသော မအားတုံ (ခ) မစန်းသီရိအောင်အား ထပ်မံစစ်ဆေး ခဲ့ရာမှ ည ၉ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သော ဟိုတယ်ခန်းအတွင်းမှ ငွေကျပ် သိန်း (၈၄၀) ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၇၀၀) ဂရမ်ခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
ထို့ကြောင့် မအားဖိန် (ခ) လီဟိုဖိန် (၃၆)နှစ် နှင့် မအားတုံ (ခ) စန်းသီရိအောင် (၂၉)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများမှ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ပတ်သက် ဆက်နွယ်နေသည့် ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးတြင္ က်ပ္သိန္း (၁၂၀) ဖိုး Happy Water မ်ား ဖမ္းဆီးရမိရာမွ ကြင္းဆက္အျဖစ္ သိန္း (၈၅၀) နီးပါး ထပ္မံ ဖမ္းဆီးရမိ
နာမူ (NP News) - ေအာက္တိုဘာ ၂၁

မႏၲေလးၿမိဳ႕တြင္ က်ပ္သိန္း (၁၂၀) ဖိုး Happy Water မ်ား ဖမ္းဆီးရမိရာမွ ကြင္းဆက္အျဖစ္ သိန္း (၈၅၀) နီးပါး ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္ ။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ခ်မ္းေျမ့သာစည္ၿမိဳ႕ နယ္ ၊ ျမရည္နႏၵာရပ္ကြက္ရွိ မအားဖိန္ ( ခ ) လီဟိုဖိန္၏ ေနအိမ္အား ေအာက္တိုဘာလ (၁၈) ရက္ ညေန ၄ နာရီခန႔္ က ဝင္ေရာက္ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။
ထိုကဲ့သို႔ ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ၎၏ ေနအိမ္အတြင္းမွ ေငြက်ပ္ သိန္း (၁၂၀) တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Happy Water အေလးခ်ိန္ (၁၀၀) ဂရမ္ ႏွင့္အတူ လက္ကိုင္ဖုန္း ၂ လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မအားဖိန္၏ ေနအိမ္တြင္ ၎ႏွင့္အတူ ေတြ႕ရေသာ မအားတုံ (ခ) မစန္းသီရိေအာင္အား ထပ္မံစစ္ေဆး ခဲ့ရာမွ ည ၉ နာရီခန႔္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္နန္းရိပ္သာအေရွ႕ရပ္ကြက္ရွိ ၎ငွားရမ္းေနထိုင္ေသာ ဟိုတယ္ခန္းအတြင္းမွ ေငြက်ပ္ သိန္း (၈၄၀) ေက်ာ္ တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Happy Water အေလးခ်ိန္ (၇၀၀) ဂရမ္ခန႔္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။
ထို႔ေၾကာင့္ မအားဖိန္ (ခ) လီဟိုဖိန္ (၃၆)ႏွစ္ ႏွင့္ မအားတုံ (ခ) စန္းသီရိေအာင္ (၂၉)ႏွစ္တို႔အား သက္ဆိုင္ရာ ရဲစခန္းမ်ားမွ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ပတ္သက္ ဆက္ႏြယ္ေနသည့္ ကြင္းဆက္မ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.