ရန်ကုန် - ပုသိမ်လမ်းမကြီးတွင် “ကံထူးအောင်” ခရီးသည်တင်ယာဉ် လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွား

 2888

နာမူ (NP News) - အောက်တိုဘာ ၂၁

ရန်ကုန် - ပုသိမ် လမ်းမကြီးတွင် “ကံထူးအောင်”ခရီးသည်တင်ယာဉ် လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၁ ရက်) မနက် ၇ နာရီအချိန်ခန့်က ရန်ကုန် - ပုသိမ်လမ်းမကြီးပေါ် ရှိ ပန်တိုင်စစ်ဆေးရေးဂိတ် နှင့် မဲဇလီမြို့ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
“ကံထူးအောင် ယာဉ်လိုင်းခင်ဗျ ။ ပုသိမ်ကနေ ရန်ကုန်ကို ပြန်လာတဲ့ကားပါ။ ခရီးသည်က ကားပေါ်က လူတွေ ပြောကြားချက်အရတော့ ၅၀ ၊ ၆ဝ လောက်ပါတယ်။ ကားပေါ်က ပါတဲ့ ခရီးသည်တွေပြောတဲ့ ပုံစံအရတော့ ကားသမားအိပ်ငိုက်တဲ့ပုံစံမျိုးပေါ့၊ အဲဒီလိုမျိုးလေးဖြစ်သွားတာ၊ လမ်းလည်း နည်းနည်းလည်း ချော်နေတော့လေ" ဟု ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သွေးထွက်ဒဏ်ရာ အနည်းငယ်ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ကျန်ခရီးသည်များမှာ မှန်ကွဲထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။

“ရှင်းရှင်းပြောရရင် ပုံမှန်အားဖြင့် ရန်ကုန် မန္တလေး နေပြည်တော် သွားနေတဲ့ Express ကားတွေမှာဆိုရင် မှန်ခွဲတဲ့ဟာလေးတွေ ပါတယ်လေ ကားတိုင်းမှာ ဒီကားမှာ အဲဒါမပါဘူး။ ပြီးတော့ တချို့ Express တော်တော် များများအပေါ်မှာ အရေးပေါ် Emergency ပေါက်တွေပါတယ်။ ဒီကားမှာ မပါဘူး။ အဲဒီလိုမျိုးလေး တွေပေါ့။ အဓိကကတော့ မှန်တွေ ခွဲလို့မရတဲ့အခါမှာ နည်းနည်းလေးအခက်အခဲဖြစ်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
ရန္ကုန္ - ပုသိမ္လမ္းမႀကီးတြင္ “ကံထူးေအာင္” ခရီးသည္တင္ယာဥ္ လမ္းေခ်ာ္ကာ တိမ္းေမွာက္မႈျဖစ္ပြား
နာမူ (NP News) - ေအာက္တိုဘာ ၂၁

ရန္ကုန္ - ပုသိမ္ လမ္းမႀကီးတြင္ “ကံထူးေအာင္”ခရီးသည္တင္ယာဥ္ လမ္းေခ်ာ္ကာ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ ေၾကာင္း က႐ုဏာကမ္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၂၁ ရက္) မနက္ ၇ နာရီအခ်ိန္ခန႔္က ရန္ကုန္ - ပုသိမ္လမ္းမႀကီးေပၚ ရွိ ပန္တိုင္စစ္ေဆးေရးဂိတ္ ႏွင့္ မဲဇလီၿမိဳ႕ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။
“ကံထူးေအာင္ ယာဥ္လိုင္းခင္ဗ် ။ ပုသိမ္ကေန ရန္ကုန္ကို ျပန္လာတဲ့ကားပါ။ ခရီးသည္က ကားေပၚက လူေတြ ေျပာၾကားခ်က္အရေတာ့ ၅၀ ၊ ၆ဝ ေလာက္ပါတယ္။ ကားေပၚက ပါတဲ့ ခရီးသည္ေတြေျပာတဲ့ ပုံစံအရေတာ့ ကားသမားအိပ္ငိုက္တဲ့ပုံစံမ်ိဳးေပါ့၊ အဲဒီလိုမ်ိဳးေလးျဖစ္သြားတာ၊ လမ္းလည္း နည္းနည္းလည္း ေခ်ာ္ေနေတာ့ေလ" ဟု က႐ုဏာကမ္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင္ အသက္ႀကီးပိုင္းအမ်ိဳးသမီးတစ္ဦး ေသြးထြက္ဒဏ္ရာ အနည္းငယ္ရရွိသျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရၿပီး က်န္ခရီးသည္မ်ားမွာ မွန္ကြဲထိခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ ေၾကာင္း သိရသည္။

“ရွင္းရွင္းေျပာရရင္ ပုံမွန္အားျဖင့္ ရန္ကုန္ မႏၲေလး ေနျပည္ေတာ္ သြားေနတဲ့ Express ကားေတြမွာဆိုရင္ မွန္ခြဲတဲ့ဟာေလးေတြ ပါတယ္ေလ ကားတိုင္းမွာ ဒီကားမွာ အဲဒါမပါဘူး။ ၿပီးေတာ့ တခ်ိဳ႕ Express ေတာ္ေတာ္ မ်ားမ်ားအေပၚမွာ အေရးေပၚ Emergency ေပါက္ေတြပါတယ္။ ဒီကားမွာ မပါဘူး။ အဲဒီလိုမ်ိဳးေလး ေတြေပါ့။ အဓိကကေတာ့ မွန္ေတြ ခြဲလို႔မရတဲ့အခါမွာ နည္းနည္းေလးအခက္အခဲျဖစ္သြားတာ” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.