အကယ်ဒမီရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရန် ဘက်လိုက်မှုကင်းတဲ့အတတ်ပညာရှင်များကို ရုပ်ရှင်အစည်းအရုံး ဖိတ်ခေါ်နေ

 184

စော (NP News) - အောက်တိုဘာ ၂၁

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရန်အတွက် အကဲဖြတ်ပညာပြည့်ဝပြီး ဘက်လိုက်ခြင်းကင်းသော ဆုံးဖြတ်မှု ရရှိနိုင်ရန် အတတ်ပညာရှင်များကို ယနေ့ (အောက်တိုဘာ ၂၁ ရက်) တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စာထုတ်ဖိတ်ခေါ်ထားကြောင်း တွေ့မြင်ရသည်။
၁၉၅၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၁၉၅၃ ခုနှစ်တွင် ကျင်းပပြုလုပ်လာခဲ့ရာ ၂၀၁၂ ခုနှစ်၌ ရုပ်ရှင် လောကသား ရုပ်ရှင်အနုပညာရှင်၊ ရုပ်ရှင်အတတ်ပညာရှင်ကြီးများကသာ ရုပ်ရှင်ထူးချွန်ဆုကို အကဲဖြတ်ပေး လျက်ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရန်အတွက် အကဲဖြတ်ပညာပြည့်ဝ၍ ဘက်လိုက်ခြင်း ကင်းသော ဆုံးဖြတ်မှုရရှိနိုင်ရန် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များကို ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်လုပ်ငန်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ထိုသို့ဖိတ်ခေါ်ထားရာတွင် အကဲဖြတ်အဖွဲ့ဝင်ဖြစ်သင့်သူများအတွက် အချက် (၆)ချက်ပါဝင်ပြီး အဆိုပါအချက် (၆)ချက်တွင် ရုပ်ရှင်ထူးချွန်ဆုရရှိသူများ၊ ထူးချွန်ဆု မရရှိသေးသော်လည်း ရုပ်ရှင်ပညာသည်အဖြစ် ရုပ်ရှင်သက် (၁၀)နှစ်ထက်မနည်း အတွေ့အကြုံရှိသူများ၊ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ အဂတိတရားလေးပါး နှင့် လွတ်ကင်း သူများဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ဘက်လိုက်မှုကင်းသူများ၊ အုပ်စုဖွဲ့၍ မိမိဆန္ဒရှိသူကို ထူးချွန်ဆုပေးခြင်းမှ လွတ်ကင်းသူများ နှင့် ရုပ်ရှင်ကား များ ကြည့်ရှုရန်အချိန်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ဆိုထားသည်။

Zawgyi Version;
အကယ္ဒမီ႐ုပ္ရွင္ထူးခြၽန္ဆု ေ႐ြးခ်ယ္ရန္ ဘက္လိုက္မႈကင္းတဲ့အတတ္ပညာရွင္မ်ားကို ႐ုပ္ရွင္အစည္းအ႐ုံး ဖိတ္ေခၚေန
ေစာ (NP News) - ေအာက္တိုဘာ ၂၁

ယခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုမ်ား ေ႐ြးခ်ယ္ရန္အတြက္ အကဲျဖတ္ပညာျပည့္ဝၿပီး ဘက္လိုက္ျခင္းကင္းေသာ ဆုံးျဖတ္မႈ ရရွိႏိုင္ရန္ အတတ္ပညာရွင္မ်ားကို ယေန႔ (ေအာက္တိုဘာ ၂၁ ရက္) တြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက စာထုတ္ဖိတ္ေခၚထားေၾကာင္း ေတြ႕ျမင္ရသည္။
၁၉၅၂ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို ၁၉၅၃ ခုႏွစ္တြင္ က်င္းပျပဳလုပ္လာခဲ့ရာ ၂၀၁၂ ခုႏွစ္၌ ႐ုပ္ရွင္ ေလာကသား ႐ုပ္ရွင္အႏုပညာရွင္၊ ႐ုပ္ရွင္အတတ္ပညာရွင္ႀကီးမ်ားကသာ ႐ုပ္ရွင္ထူးခြၽန္ဆုကို အကဲျဖတ္ေပး လ်က္ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယခုႏွစ္႐ုပ္ရွင္ထူးခြၽန္ဆုမ်ား ေ႐ြးခ်ယ္ရန္အတြက္ အကဲျဖတ္ပညာျပည့္ဝ၍ ဘက္လိုက္ျခင္း ကင္းေသာ ဆုံးျဖတ္မႈရရွိႏိုင္ရန္ ႐ုပ္ရွင္အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားကို ႐ုပ္ရွင္ထူးခြၽန္ဆုအကဲျဖတ္လုပ္ငန္းအတြက္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ဖိတ္ေခၚေနျခင္းျဖစ္သည္။
ထိုသို႔ဖိတ္ေခၚထားရာတြင္ အကဲျဖတ္အဖြဲ႕ဝင္ျဖစ္သင့္သူမ်ားအတြက္ အခ်က္ (၆)ခ်က္ပါဝင္ၿပီး အဆိုပါအခ်က္ (၆)ခ်က္တြင္ ႐ုပ္ရွင္ထူးခြၽန္ဆုရရွိသူမ်ား၊ ထူးခြၽန္ဆု မရရွိေသးေသာ္လည္း ႐ုပ္ရွင္ပညာသည္အျဖစ္ ႐ုပ္ရွင္သက္ (၁၀)ႏွစ္ထက္မနည္း အေတြ႕အႀကဳံရွိသူမ်ား၊ ဆႏၵ၊ ေဒါသ၊ ဘယ၊ ေမာဟ အဂတိတရားေလးပါး ႏွင့္ လြတ္ကင္း သူမ်ားျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဘက္လိုက္မႈကင္းသူမ်ား၊ အုပ္စုဖြဲ႕၍ မိမိဆႏၵရွိသူကို ထူးခြၽန္ဆုေပးျခင္းမွ လြတ္ကင္းသူမ်ား ႏွင့္ ႐ုပ္ရွင္ကား မ်ား ၾကည့္ရႈရန္အခ်ိန္ေပးႏိုင္ၿပီး က်န္းမာေရးေကာင္းမြန္သူမ်ားျဖစ္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံးက ဆိုထားသည္။

Related news

© 2021. All rights reserved.