ဝါးခယ်မ မြို့မဈေးမီးလောင်မှုဖြစ်ပွားရာ ဆုံးရှုံးမှု များပြားနိုင်ကြောင်း ကနဦး ခန့်မှန်း

 1165

ချယ်ရီ (NP News) - အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၏ မြို့မဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှု များပြားနိုင်ကြောင်း အဆိုပါမြို့ခံတစ်ဦးက NP News သတင်းဌာနသို့ ခန့်မှန်းပြောကြားသည်။

အဆိုပါ မီးသည် ယနေ့ (အောက်တိုဘာလ ၂၁ ရက်) ညနေပိုင်း ၃ နာရီ ၁၅ မိနစ် အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ရာ ညနေပိုင်း ၅ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“ဝါးခယ်မ မြို့မ စျေးရဲ့ကမ်းနားဘက်ခြမ်းမှာ လောင်တာလို့ ပြောလို့ရပါတယ်။ အရုပ်ဆိုင်ကနေ စလောင်တာလို့ ကနဦး သိရပါတယ်။ ဝါယာ ရှော့ဖြစ်လားတော့ မသိဘူး။ ဘေးမှာလည်း ဆီဆိုင်ကလည်း ရှိတယ်။ ပျက်စီးတာတော့ များနိုင်တယ်။ ဘယ်လောက်ပမာဏလဲတော့ မခန့်မှန်းတတ်ဘူး” ဟု အထက်ပါမြို့ခံက ဆိုသည်။

မီးညွန့်ကြီးသည့် အတွက် မီးသတ်သမားများ ခဲခဲယဉ်းယဉ်း ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ရာတွင် ပါဝင်သွားသည့် ဆိုင်နှင့် အိမ်အလုံးရေ ပမာဏကို ပြောရခက်နေသေးကြောင်းလည်း ၎င်းက ဆိုသည်။
“လက်ရှိ မီးလောင်တာက စျေးရဲ့ကမ်းနားဘက်ခြမ်းမှာ တခြမ်းပါသွားတယ်လို့ ပြောရမှာပေါ့။ ဘယ်လောက် ပျက်စီးတယ်ဆိုတာတော့ ပြောရခက်ပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version;
ဝါးခယ္မ ၿမိဳ႕မေဈးမီးေလာင္မႈျဖစ္ပြားရာ ဆုံးရႈံးမႈ မ်ားျပားႏိုင္ေၾကာင္း ကနဦး ခန႔္မွန္း
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၁

ဧရာဝတီတိုင္းေဒသႀကီး၊ ဝါးခယ္မၿမိဳ႕၏ ၿမိဳ႕မေဈးမီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆုံးရႈံးမႈ မ်ားျပားႏိုင္ေၾကာင္း အဆိုပါၿမိဳ႕ခံတစ္ဦးက NP News သတင္းဌာနသို႔ ခန႔္မွန္းေျပာၾကားသည္။

အဆိုပါ မီးသည္ ယေန႔ (ေအာက္တိုဘာလ ၂၁ ရက္) ညေနပိုင္း ၃ နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္က စတင္ေလာင္ကြၽမ္းခဲ့ရာ ညေနပိုင္း ၅ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။
“ဝါးခယ္မ ၿမိဳ႕မ ေစ်းရဲ႕ကမ္းနားဘက္ျခမ္းမွာ ေလာင္တာလို႔ ေျပာလို႔ရပါတယ္။ အ႐ုပ္ဆိုင္ကေန စေလာင္တာလို႔ ကနဦး သိရပါတယ္။ ဝါယာ ေရွာ့ျဖစ္လားေတာ့ မသိဘူး။ ေဘးမွာလည္း ဆီဆိုင္ကလည္း ရွိတယ္။ ပ်က္စီးတာေတာ့ မ်ားႏိုင္တယ္။ ဘယ္ေလာက္ပမာဏလဲေတာ့ မခန႔္မွန္းတတ္ဘူး” ဟု အထက္ပါၿမိဳ႕ခံက ဆိုသည္။

မီးၫြန႔္ႀကီးသည့္ အတြက္ မီးသတ္သမားမ်ား ခဲခဲယဥ္းယဥ္း ျငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္ရာတြင္ ပါဝင္သြားသည့္ ဆိုင္ႏွင့္ အိမ္အလုံးေရ ပမာဏကို ေျပာရခက္ေနေသးေၾကာင္းလည္း ၎က ဆိုသည္။
“လက္ရွိ မီးေလာင္တာက ေစ်းရဲ႕ကမ္းနားဘက္ျခမ္းမွာ တျခမ္းပါသြားတယ္လို႔ ေျပာရမွာေပါ့။ ဘယ္ေလာက္ ပ်က္စီးတယ္ဆိုတာေတာ့ ေျပာရခက္ပါတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.