ဖိလစ်ပိုင်သမ္မတ မိသားစုဝင်များ နှင့် သမ္မတဟောင်း မိသားစုဝင်များကြား အပြန်အလှန် ဝေဖန်တိုက် ခိုက်မှုမြင့်တက်နေ

 479

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံတွင် ဖာဒီနန်မာကို့စ်နှင့် ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးတို့ကြား ပြိုင်ဆိုင် မှုများပြင်းထန်လာနေပြီး ဝေဖန်ပြစ်တင်မှုများ မြင့်တက်လာနေကြောင်းသိရသည်။ ဖိလစ်ပိုင်သမ္မတ ဟောင်း ဒူတာတေး၏ သမီးဖြစ်သူ လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးက ဖိလစ်ပိုင် သမ္မတဖြစ်သူ ဖာဒီနန်မာကို့စ် ဂျူနီယာ၏ ဖခင်ဖြစ်သူ သမ္မတဟောင်း ဖာဒီနန်မာကို့စ်၏ ကျန်ရှိနေသော ရုပ်အလောင်းကိုတူးဖော်ပြီး ပင်လယ်ထဲသို့ ပစ်ချသွားမည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။
ဒူတာတေး နှင့် မာကိုစ့် မိသားစုများကြား သဘောထားကွဲလွဲမှုများ၊ အမြင်မတူညီမှုများသည် လက်ရှိ အချိန်တွင် လူသိရှင်ကြားဖြစ်လာနေပြီး လာမည့်နှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲမတိုင်ခင် မာကို့စ် မိသားစုနှင့် ဒူတာတေး မိသားစုကြား ပြိုင်ဆိုင်မှုပြင်းထန်လာနေကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံ၏အာဏာရှင်အဖြစ် သတ်မှတ်ခံထားရသော ဖာဒီနန်မာကို့စ်၏ ရုပ်အလောင်းကို (၂၀၁၆)ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၏ သူရဲကောင်းဗိမာန်တွင် မြှုပ်နှံထားကြောင်း သိရသည်။ ဆာရာဒူတာ တေး၏ ဖခင်ဖြစ်သူ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ဖာဒီနန်မာကို့စ်သည် နိုင်ငံကို နှစ်ပေါင်း များ စွာကြာ အုပ်ချုပ်ခဲ့သော အာဏာရှင်ဖြစ်ပြီး လူအခွင့်ရေးချိုးဖောက်မှုများနှင့်အတူ ငွေကြေးဘီလျံနှင့်ချီပြီး လိမ်လည်ရယူခဲ့သူဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးသည်။ သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာ၏ ညီမဖြစ်သူ လွှတ် တော် ကိုယ်စားလှယ်ဖြစ်သည့် အိုင်မီမာကို့စ်က ၎င်းတို့ မိသားစုအပေါ် ဝေဖန်တိုက်ခိုက်နေသည့် ဒူတာ တေး မိသားစုများ၏ပြောဆိုခြင်းများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ဆာရာ ဒူတာတေးက “ အာဏာရှင် ဖာဒီနန်မာကို့စ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ပြီး ဖိလစ်ပိုင် အနောက်ဘက် ပင်လယ်ထဲကိုပစ်သွားမယ်” ဟုပြောသည်။ ဖိလစ်ပိုင်သမ္မတရုံးပြောဆိုခွင့်ရှိသူတစ်ဦး ကတော့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာ မိသားစုဝင်များနှင့် သမ္မတဟောင်းဒူတာတေးတို့၏ မိသားစုဝင်များ အငြင်းပွားနေခြင်းအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ဒူတာတေးမိသားစုနှင့် ဖာဒီနန်မာကို့စ် မိသားစုနှစ်ခုကြား အငြင်းပွားမှုများတင်းမာမှုများ အရှိန် မြင့်တက်လာခဲ့ပြီးနောက် သမ္မတဟောင်း ဒူတာတေး၏သမီးဖြစ်သူ ဆာရာဒူတာတေးသည် ဇွန်လတွင် ပညာရေးဝန်ကြီးရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန်မာကိုစ့် ၏ ညီဖြစ်သူ မာတင်ရိုမူဒက် ဦးဆောင်သောအောက်လွှတ်တော်ကိုယ်စားလှယ်များ၏ စွပ်စွဲပြစ်တင်မှု များကိုလည်းရင်ဆိုင်နေရ ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက လက်ရှိဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူနေသည့် ဖာဒီနန်မာကို့စ်ဂျူနီယာသည် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်သည့်အတွက် ကာလအတန်ကြာကျန်းမာရေး မကောင်းသူဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။

Zawgyi Version;
ဖိလစ္ပိုင္သမၼတ မိသားစုဝင္မ်ား ႏွင့္ သမၼတေဟာင္း မိသားစုဝင္မ်ားၾကား အျပန္အလွန္ ေဝဖန္တိုက္ ခိုက္မႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂

ဖိလစ္ပိုင္ႏိုင္ငံတြင္ ဖာဒီနန္မာကို႔စ္ႏွင့္ ဒုတိယသမၼတျဖစ္သူ ဆာရာဒူတာေတးတို႔ၾကား ၿပိဳင္ဆိုင္ မႈမ်ားျပင္းထန္လာေနၿပီး ေဝဖန္ျပစ္တင္မႈမ်ား ျမင့္တက္လာေနေၾကာင္းသိရသည္။ ဖိလစ္ပိုင္သမၼတ ေဟာင္း ဒူတာေတး၏ သမီးျဖစ္သူ လက္ရွိ ဖိလစ္ပိုင္ ဒုတိယသမၼတ ဆာရာဒူတာေတးက ဖိလစ္ပိုင္ သမၼတျဖစ္သူ ဖာဒီနန္မာကို႔စ္ ဂ်ဴနီယာ၏ ဖခင္ျဖစ္သူ သမၼတေဟာင္း ဖာဒီနန္မာကို႔စ္၏ က်န္ရွိေနေသာ ႐ုပ္အေလာင္းကိုတူးေဖာ္ၿပီး ပင္လယ္ထဲသို႔ ပစ္ခ်သြားမည္ျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုလိုက္သည္။
ဒူတာေတး ႏွင့္ မာကိုစ့္ မိသားစုမ်ားၾကား သေဘာထားကြဲလြဲမႈမ်ား၊ အျမင္မတူညီမႈမ်ားသည္ လက္ရွိ အခ်ိန္တြင္ လူသိရွင္ၾကားျဖစ္လာေနၿပီး လာမည့္ႏွစ္တြင္ က်င္းပမည့္ ၾကားျဖတ္ေ႐ြးေကာက္ ပြဲမတိုင္ခင္ မာကို႔စ္ မိသားစုႏွင့္ ဒူတာေတး မိသားစုၾကား ၿပိဳင္ဆိုင္မႈျပင္းထန္လာေနေၾကာင္း သိရသည္။

ဖိလစ္ပိုင္ ႏိုင္ငံ၏အာဏာရွင္အျဖစ္ သတ္မွတ္ခံထားရေသာ ဖာဒီနန္မာကို႔စ္၏ ႐ုပ္အေလာင္းကို (၂၀၁၆)ခုႏွစ္က ဖိလစ္ပိုင္ႏိုင္ငံ၏ သူရဲေကာင္းဗိမာန္တြင္ ျမႇဳပ္ႏွံထားေၾကာင္း သိရသည္။ ဆာရာဒူတာ ေတး၏ ဖခင္ျဖစ္သူ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက ဖာဒီနန္မာကို႔စ္သည္ ႏိုင္ငံကို ႏွစ္ေပါင္း မ်ား စြာၾကာ အုပ္ခ်ဳပ္ခဲ့ေသာ အာဏာရွင္ျဖစ္ၿပီး လူအခြင့္ေရးခ်ိဳးေဖာက္မႈမ်ားႏွင့္အတူ ေငြေၾကးဘီလ်ံႏွင့္ခ်ီၿပီး လိမ္လည္ရယူခဲ့သူျဖစ္ေၾကာင္း ေဝဖန္ခဲ့ဖူးသည္။ သမၼတ ဖာဒီနန္မာကို႔စ္ဂ်ဴနီယာ၏ ညီမျဖစ္သူ လႊတ္ ေတာ္ ကိုယ္စားလွယ္ျဖစ္သည့္ အိုင္မီမာကို႔စ္က ၎တို႔ မိသားစုအေပၚ ေဝဖန္တိုက္ခိုက္ေနသည့္ ဒူတာ ေတး မိသားစုမ်ား၏ေျပာဆိုျခင္းမ်ားကို ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း သတိေပးေျပာဆိုခဲ့သည္။

ဆာရာ ဒူတာေတးက “ အာဏာရွင္ ဖာဒီနန္မာကို႔စ္ရဲ႕ ႐ုပ္အေလာင္းကို ျပန္လည္တူးေဖာ္ၿပီး ဖိလစ္ပိုင္ အေနာက္ဘက္ ပင္လယ္ထဲကိုပစ္သြားမယ္” ဟုေျပာသည္။ ဖိလစ္ပိုင္သမၼတ႐ုံးေျပာဆိုခြင့္ရွိသူတစ္ဦး ကေတာ့ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္ ဂ်ဴနီယာ မိသားစုဝင္မ်ားႏွင့္ သမၼတေဟာင္းဒူတာေတးတို႔၏ မိသားစုဝင္မ်ား အျငင္းပြားေနျခင္းအေပၚ တစ္စုံတစ္ရာ မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
ဒူတာေတးမိသားစုႏွင့္ ဖာဒီနန္မာကို႔စ္ မိသားစုႏွစ္ခုၾကား အျငင္းပြားမႈမ်ားတင္းမာမႈမ်ား အရွိန္ ျမင့္တက္လာခဲ့ၿပီးေနာက္ သမၼတေဟာင္း ဒူတာေတး၏သမီးျဖစ္သူ ဆာရာဒူတာေတးသည္ ဇြန္လတြင္ ပညာေရးဝန္ႀကီးရာထူးမွႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။ ဆာရာဒူတာေတးသည္ သမၼတ ဖာဒီနန္မာကိုစ့္ ၏ ညီျဖစ္သူ မာတင္႐ိုမူဒက္ ဦးေဆာင္ေသာေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ စြပ္စြဲျပစ္တင္မႈ မ်ားကိုလည္းရင္ဆိုင္ေနရ ေၾကာင္း သိရသည္။
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက လက္ရွိဖိလစ္ပိုင္သမၼတအျဖစ္ တာဝန္ယူေနသည့္ ဖာဒီနန္မာကို႔စ္ဂ်ဴနီယာသည္ မူးယစ္ေဆးဝါးသုံးစြဲသူျဖစ္သည့္အတြက္ ကာလအတန္ၾကာက်န္းမာေရး မေကာင္းသူျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.