ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်တစ်ဦး ထပ်မံရွေးချယ်ခန့်အပ်

 614

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂

ဗီယက်နမ်လွှတ်တော်အမတ်များသည် Luong Cuong ကို ပြီးခဲ့သောရက်ပိုင်းကကျင်းပခဲ့သော လွှတ်တော်အစည်း အဝေးအတွင်း နိုင်ငံသမ္မတအဖြစ် မဲပေးရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေးတက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၄၀ ဦးက Luong Cuong ကို သမ္မတအဖြစ် ကန့်ကွက်သူမရှိဘဲ မဲပေးထောက်ခံခဲ့ကြောင်း သိရသည်။ Luong Cuong သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ အဆင့်မြင့်ဆုံးအဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရို အဖွဲ့၏အဖွဲ့ဝင်အဖြစ်တာဝန်ယူနေသူလည်း ဖြစ်သည်။ အသက် ၆၇ နှစ်အရွယ်ရှိ Luong Cuong သည် ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ၂၀၂၆ ခုနှစ်အထိ တာဝန်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်သမ္မတအသစ်က "ကျွန်တော်ဟာ နိုင်ငံ၊ ပြည်သူနဲ့ ပါတီခေါင်းဆောင်အဖြစ် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ခွင့်ရလို့ ဂုဏ်ယူပါတယ်။ သမ္မတတာဝန်များကို အပြည့်အဝအကောင်းဆုံး လုပ်ဆောင်သွားမယ်" ဟု ပြောသည်။

ဗီယက်နမ်သမ္မတအသစ်သည် ဗီယက်နမ်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဗီယက်နမ်စစ်တပ်၏ နိုင်ငံရေးရာဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ဖူးကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် နိုင်ငံရေးပြဿနာများ၊ အငြင်းပွားမှုများကို ဆွေးနွေးဖြေရှင်းခဲ့ပြီးနောက် သမ္မတအသစ် တစ်ဦးကို ထပ်မံရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။ Luong Cuong သည် ဗီယက်နမ်စစ်တပ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဗီယက္နမ္လႊတ္ေတာ္က သမၼတအသစ္တစ္ဦး ထပ္မံေ႐ြးခ်ယ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂

ဗီယက္နမ္လႊတ္ေတာ္အမတ္မ်ားသည္ Luong Cuong ကို ၿပီးခဲ့ေသာရက္ပိုင္းကက်င္းပခဲ့ေသာ လႊတ္ေတာ္အစည္း အေဝးအတြင္း ႏိုင္ငံသမၼတအျဖစ္ မဲေပးေ႐ြးခ်ယ္ခန႔္အပ္လိုက္ေၾကာင္း သိရသည္။
လႊတ္ေတာ္အစည္းအေဝးတက္ေရာက္လာေသာ လႊတ္ေတာ္ ကိုယ္စားလွယ္ေပါင္း ၄၄၀ ဦးက Luong Cuong ကို သမၼတအျဖစ္ ကန႔္ကြက္သူမရွိဘဲ မဲေပးေထာက္ခံခဲ့ေၾကာင္း သိရသည္။ Luong Cuong သည္ ဗီယက္နမ္ ကြန္ျမဴနစ္ပါတီ၏ အဆင့္ျမင့္ဆုံးအဖြဲ႕ျဖစ္သည့္ ေပၚလစ္ဗ်ဴ႐ို အဖြဲ႕၏အဖြဲ႕ဝင္အျဖစ္တာဝန္ယူေနသူလည္း ျဖစ္သည္။ အသက္ ၆၇ ႏွစ္အ႐ြယ္ရွိ Luong Cuong သည္ ဗီယက္နမ္ႏိုင္ငံ သမၼတအျဖစ္ ၂၀၂၆ ခုႏွစ္အထိ တာဝန္ယူခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဗီယက္နမ္သမၼတအသစ္က "ကြၽန္ေတာ္ဟာ ႏိုင္ငံ၊ ျပည္သူနဲ႔ ပါတီေခါင္းေဆာင္အျဖစ္ ႀကီးမားတဲ့တာဝန္ေတြကို ထမ္းေဆာင္ခြင့္ရလို႔ ဂုဏ္ယူပါတယ္။ သမၼတတာဝန္မ်ားကို အျပည့္အဝအေကာင္းဆုံး လုပ္ေဆာင္သြားမယ္" ဟု ေျပာသည္။

ဗီယက္နမ္သမၼတအသစ္သည္ ဗီယက္နမ္စစ္တပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ဗီယက္နမ္စစ္တပ္၏ ႏိုင္ငံေရးရာဌာန၏ ဒါ႐ိုက္တာတစ္ဦးျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။
ဗီယက္နမ္ႏိုင္ငံတြင္ ႏိုင္ငံေရးျပႆနာမ်ား၊ အျငင္းပြားမႈမ်ားကို ေဆြးေႏြးေျဖရွင္းခဲ့ၿပီးေနာက္ သမၼတအသစ္ တစ္ဦးကို ထပ္မံေ႐ြးခ်ယ္ခဲ့ျခင္းလည္းျဖစ္သည္။ Luong Cuong သည္ ဗီယက္နမ္စစ္တပ္တြင္ ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ တာဝန္ယူေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.