လွိုင်လင်နှင့် တောင်ကြီးတွင် ကျပ်သိန်း (၂၅၀၀) ကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

 325

နာမူ ( NP News ) - အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ် သိန်း (၂၅၀၀) ကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက်၊ ည ၁၀ နာရီ ၃ဝ မိနစ်အချိန်ခန့်က လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာအနီးတွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ် နော်ထွန်းမောင်းနှင်လာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ငွေကျပ် (၆) သိန်းကျော်ဖိုးတန်ဖိုးရှိ Happy Water (၆) ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ထို့ပြင် ည ၉ နာရီဝန်းကျင်ခန့်တွင် အထက်ပါနေရာ၌ စိုင်းပီး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား ယာဉ်ပေါ်မှ ငွေကျပ် သိန်း (၆၆၀) ဖိုးတန်ဖိုးရှိ Happy Water (၆၀၀) ဂရမ် နှင့် ငွေကျပ် (၁၀) သိန်းဖိုးတန်ဖိုးရှိ ကတ်တမင်း (၁၀၀) ဂရမ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
ကွင်းဆက်စစ်ဆေးချက်အရ အောက်တိုဘာလ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ထက်အောင်ဦး နှင့် မောင်မောင်ထွန်း (ခ) အားချိန် (ခ) အားမီတို့ကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၌ HONDA FIT အမျိုးအစား ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ထပ်မံစစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁၂) ရပ်ကွက်ရှိ ထက်အောင်ဦးတည်းခိုနေထိုင်သည့် နေအိမ်အတွင်းမှ ငွေကျပ် (၁၈၄၈) သိန်းတန်ဖိုးရှိ Happy Water ၁ ဒသမ ၆၈ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ထို့ကြောင့် နော်ထွန်း(၃၈)နှစ်၊ စိုင်းပီး(၂၅)နှစ်၊ ထက်အောင်ဦး(၂၅)နှစ် နှင့် မောင်မောင်ထွန်း(ခ)အားချိန် (ခ)အားမီ (၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ သက်ဆိုင်ရာမြို့မ ရဲစခန်းများတွင် အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကိုလည်းဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၈ ရက်ကလည်း ဟိုပုံးမြို့နယ်၊ ဟိုနမ့်ကျေးရွာတွင် တောင်ကြီးမြို့မှ နမ့်စန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ခရီးသည် ဇော်မိုးလွင် (ခ) ဇော်လင်း သယ်ဆောင်လာသည့် ရေခဲပုံးအတွင်းမှ ငွေကျပ် သိန်း (၁၁၅၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၀၀၀၀) ပြား၊ ငွေကျပ်သိန်း (၆၀) ဖိုးတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၀၀ ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းကို ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
လြိဳင္လင္ႏွင့္ ေတာင္ႀကီးတြင္ က်ပ္သိန္း (၂၅၀၀) ေက်ာ္တန္ဖိုးရွိ Happy Water မ်ား ဖမ္းဆီးရမိ
နာမူ ( NP News ) - ေအာက္တိုဘာ ၂၂

ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ ေငြက်ပ္ သိန္း (၂၅၀၀) ေက်ာ္တန္ဖိုးရွိ Happy Water မ်ား ဖမ္းဆီးရမိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ေအာက္တိုဘာလ ၁၈ ရက္၊ ည ၁၀ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က လြိဳင္လင္ၿမိဳ႕နယ္၊ ပင္လုံၿမိဳ႕၊ ေပါင္းလိုင္ေက်း႐ြာအနီးတြင္ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔က ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာေဖြမႈမ်ားျပဳလုပ္ေနစဥ္ ေနာ္ထြန္းေမာင္းႏွင္လာသည့္ HONDA FIT အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရာ ယာဥ္ေပၚမွ ေငြက်ပ္ (၆) သိန္းေက်ာ္ဖိုးတန္ဖိုးရွိ Happy Water (၆) ဂရမ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။

ထို႔ျပင္ ည ၉ နာရီဝန္းက်င္ခန႔္တြင္ အထက္ပါေနရာ၌ စိုင္းပီး ေမာင္းႏွင္လာသည့္ TOYOTA WISH အမ်ိဳးအစား ယာဥ္ေပၚမွ ေငြက်ပ္ သိန္း (၆၆၀) ဖိုးတန္ဖိုးရွိ Happy Water (၆၀၀) ဂရမ္ ႏွင့္ ေငြက်ပ္ (၁၀) သိန္းဖိုးတန္ဖိုးရွိ ကတ္တမင္း (၁၀၀) ဂရမ္တို႔အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။
ကြင္းဆက္စစ္ေဆးခ်က္အရ ေအာက္တိုဘာလ ၁၉ ရက္၊ မြန္းလြဲ ၂ နာရီခန႔္တြင္ ထက္ေအာင္ဦး ႏွင့္ ေမာင္ေမာင္ထြန္း (ခ) အားခ်ိန္ (ခ) အားမီတို႔ကို ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၌ HONDA FIT အမ်ိဳးအစား ယာဥ္တစ္စီး၊ လက္ကိုင္ဖုန္း ၂ လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ထပ္မံစစ္ေဆးေဖာ္ထုတ္ခဲ့ရာ ယင္းေန႔ ညေန ၃ နာရီခန႔္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၊ အမွတ္(၁၂) ရပ္ကြက္ရွိ ထက္ေအာင္ဦးတည္းခိုေနထိုင္သည့္ ေနအိမ္အတြင္းမွ ေငြက်ပ္ (၁၈၄၈) သိန္းတန္ဖိုးရွိ Happy Water ၁ ဒသမ ၆၈ ကီလိုအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။

ထို႔ေၾကာင့္ ေနာ္ထြန္း(၃၈)ႏွစ္၊ စိုင္းပီး(၂၅)ႏွစ္၊ ထက္ေအာင္ဦး(၂၅)ႏွစ္ ႏွင့္ ေမာင္ေမာင္ထြန္း(ခ)အားခ်ိန္ (ခ)အားမီ (၃၂)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ သက္ဆိုင္ရာၿမိဳ႕မ ရဲစခန္းမ်ားတြင္ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ားကိုလည္းဆက္လက္ စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ေအာက္တိုဘာလ ၁၈ ရက္ကလည္း ဟိုပုံးၿမိဳ႕နယ္၊ ဟိုနမ့္ေက်း႐ြာတြင္ ေတာင္ႀကီးၿမိဳ႕မွ နမ့္စန္ၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္တစ္စီးကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးရွာေဖြခဲ့ရာ ခရီးသည္ ေဇာ္မိုးလြင္ (ခ) ေဇာ္လင္း သယ္ေဆာင္လာသည့္ ေရခဲပုံးအတြင္းမွ ေငြက်ပ္ သိန္း (၁၁၅၀) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၃၀၀၀၀) ျပား၊ ေငြက်ပ္သိန္း (၆၀) ဖိုးတန္ဖိုးရွိ အိုက္စ္ (မက္သ္အဖက္တမင္း) ၄၀၀ ဂရမ္တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ကို ဟိုပုံးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.