ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိပါက (၁)နှစ်အလုပ်လုပ်ခွင့်ပေးမည်ဟုဆို

 315

ယွန်း(NP News) - အောက်တိုဘာ ၂၄

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက (၁)နှစ်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အသိပေးထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့ ၏ စက်တင်ဘာ(၂၄)ရက်တွင် ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ(၂၃)ရက်တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုဆုံးဖြတ်ချက်တွင် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသူဖြစ်စေ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း၌ (၁)နှစ်နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် MOU လုပ်သား များကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်(သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသည့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသားအလုပ်သမားများကို ဆက်လက်၍ (၂)နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင် ခွင့် လျှောက်ထားနိုင်ပြီး စုစုပေါင်း(၄)နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ်ရှာဖွေနိုင်သည့် အချိန်ကာလကိုလည်း ယခင်က ရက်(၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း(၆၀) တိုးမြှင့်သတ်မှတ်ပေးခြင်းအပြင် အလုပ်ရှင်အသစ်ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန်နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ အချက် အလက်များကို မှတ်ပုံတင် အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် MOU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်တွင် သက်တမ်းအနည်းဆုံး (၂)နှစ်ခန့်ကျန်ရှိရေး၊ CI စာအုပ်ကိုင်ဆောင်ထားသူများအနေဖြင့်လည်း သက်တမ်း(၂)နှစ်ခန့် ကျန်ရှိစေရေးပြုလုပ်ထားရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဆိုထားသည်။ နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဘန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး သက်တမ်းကုန် / သက်တမ်းမပြည့်မီသော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ်လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားအေနျဖင့္ ယာယီေနထိုင္အလုပ္လုပ္ကိုင္ခြင့္ ခြင့္ျပဳခ်က္ရရွိပါက (၁)ႏွစ္အလုပ္လုပ္ခြင့္ေပးမည္ဟုဆို

ယြန္း(NP News) - ေအာက္တိုဘာ ၂၄

ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားအေနျဖင့္ ယာယီေနထိုင္အလုပ္လုပ္ကိုင္ခြင့္ ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္ရရွိပါက (၁)ႏွစ္ေနထိုင္အလုပ္လုပ္ကိုင္ခြင့္ေပးေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးက အသိေပးထားသည္။

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာလုပ္သားမ်ားအား ထိုင္းႏိုင္ငံအစိုးရအဖြဲ႕ ၏ စက္တင္ဘာ(၂၄)ရက္တြင္ ထုတ္ျပန္ခဲ့ေသာ အတည္ျပဳဆုံးျဖတ္ခ်က္ကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ေအာက္တိုဘာ(၂၃)ရက္တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ အတည္ျပဳဆုံးျဖတ္ခ်က္တြင္ ထိုင္းႏိုင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားအလုပ္သမားျဖစ္ေစ၊ တရားဝင္ယာယီေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ရရွိၿပီးမွ သက္တမ္းကုန္သြားသူမ်ားျဖစ္ေစ၊ တရားဝင္ ဝင္ေရာက္လာခဲ့ေသာ္လည္း ခြင့္ျပဳခ်က္မရဘဲ တရားမဝင္အလုပ္လုပ္ကိုင္ေနသူျဖစ္ေစ ထိုင္းႏိုင္ငံတြင္ ယာယီေနထိုင္အလုပ္လုပ္ကိုင္ခြင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္ရရွိၿပီးပါက ထိုင္းႏိုင္ငံအတြင္း၌ (၁)ႏွစ္ေနထိုင္အလုပ္လုပ္ကိုင္ႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ MOU လုပ္သား မ်ားကဲ့သို႔ ၂၀၂၅ ခုႏွစ္၊ ေဖ‌ေဖာ္ဝါရီ ၁၃ ရက္အထိ အလုပ္လုပ္ကိုင္ခြင့္ျပဳထားသည့္ ႏိုင္ငံကူးလက္မွတ္(သို႔မဟုတ္) မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ ကိုင္ေဆာင္ထားသည့္ အလုပ္လုပ္ကိုင္ခြင့္ပါမစ္ သက္တမ္းတိုးမည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားကို ဆက္လက္၍ (၂)ႏွစ္သက္တမ္းရွိေသာ ထိုင္းႏိုင္ငံတြင္း ယာယီေနထိုင္အလုပ္လုပ္ကိုင္ ခြင့္ ေလွ်ာက္ထားႏိုင္ၿပီး စုစုေပါင္း(၄)ႏွစ္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ထပ္မံျဖည့္စြက္ေသာ စီမံခ်က္အေနျဖင့္ အလုပ္ေဟာင္းမွထြက္ၿပီး အလုပ္ရွင္သစ္ရွာေဖြႏိုင္သည့္ အခ်ိန္ကာလကိုလည္း ယခင္က ရက္(၃၀) သတ္မွတ္ထားရာမွ ရက္ေပါင္း(၆၀) တိုးျမႇင့္သတ္မွတ္ေပးျခင္းအျပင္ အလုပ္ရွင္အသစ္ထပ္တိုးျခင္း သို႔မဟုတ္ အလုပ္ရွင္အသစ္ေျပာင္းျခင္းကိုသာ ျဖည့္စြက္ရန္ႏွင့္ အလုပ္ခန႔္ထားမႈဆိုင္ရာ အခ်က္ အလက္မ်ားကို မွတ္ပုံတင္ အရာရွိထံသို႔ တင္ျပျခင္းကိုလည္း ကင္းလြတ္ခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ MOU သက္တမ္းကုန္ေနေသာ ျမန္မာလုပ္သားမ်ားအေနျဖင့္ မိမိ၏ႏိုင္ငံကူးလက္မွတ္တြင္ သက္တမ္းအနည္းဆုံး (၂)ႏွစ္ခန႔္က်န္ရွိေရး၊ CI စာအုပ္ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္လည္း သက္တမ္း(၂)ႏွစ္ခန႔္ က်န္ရွိေစေရးျပဳလုပ္ထားရန္ လိုအပ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးက ဆိုထားသည္။ ႏိုင္ငံကူးလက္မွတ္အသစ္မ်ား လဲလွယ္ျခင္းကို ျမန္မာသံ႐ုံး (ဘန္ေကာက္) ႏွင့္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး (ခ်င္းမိုင္)တို႔၌ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး သက္တမ္းကုန္ / သက္တမ္းမျပည့္မီေသာ CI စာအုပ္အေဟာင္းမ်ားအား CI စာအုပ္အသစ္လဲလွယ္ႏိုင္ေရး စခန္းဖြင့္လွစ္ေဆာင္႐ြက္ႏိုင္ရန္ ႏွစ္ႏိုင္ငံညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေသာေၾကာင့္ လဲလွယ္ရမည့္ေနရာအား ထပ္မံအသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Zapper Travolta

24/10/2024 12:50

မြန်မာအခက် ထိုင်းအချက်ဖြစ်ပြီ၊ ထိုင်းက အလုပ်သမား ပေါပေါလောလော ရသွားတာပေါ့ မြန်မာပြည်မှာတော့ လုပ်သားရှားပါး

Related news

© 2021. All rights reserved.