မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး

 5223

စော (NP News) - အောက်တိုဘာ ၂၄

အနောက်တိုင်းဆေးများကို ရောနှောထားသည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် သိဒ္ဓိထွန်းအပါအဝင် တိုင်းရင်းဆေးဝါး (၃)မျိုးကို သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ယနေ့ (အောက်တိုဘာလ ၂၄ ရက်)ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်းတွေ့ရှိရသော သိဒ္ဓိထွန်းအမှတ်တံဆိပ် အမျိုးသားအားဆေး၊ ဂုဏ်မာန်တစ်ထောင်အမှတ်တံဆိပ် သက်စောင့်အားတိုးဆေးနှင့် ဆောင်တော်ကူးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေးတို့သည် အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် နံပါတ်ကို ထည့်သွင်းအသုံးပြုထားကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ သိဒ္ဓိထွန်းအမှတ်တံဆိပ် အမျိုးသားအားဆေးတွင် အနောက်တိုင်းဆေး Tadalafil၊ ဂုဏ်မာန်တစ်ထောင်အမှတ်တံဆိပ် သက်စောင့်အားတိုးဆေးနှင့် ဆောင်တော်ကူးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေးတို့တွင် အနောက်တိုင်းဆေး Sildenafil တို့ကို ရောနှောထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့် နှင့် ဆာဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ သတ်မှတ်ချက် (၁၀) ချက် ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့် အနောက်တိုင်းဆေး Sildenafil ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါး‌ရောင်းချသည့် ဆေးဆိုင်များအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်းသွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင်းဝတ်အရ လုံးဝမပြုလုပ်ရန် တိုက်တွန်းထားသည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်လည်း ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူ သုံးစွဲနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မွတ္ပုံတင္ထားျခင္းမရွိသည့္ တိုင္းရင္းေဆး(၃)မ်ိဳးကို သုံးစြဲရန္မသင့္ဟု က်န္းမာေရးဝန္ႀကီးဌာန အသိေပး
ေစာ (NP News) - ေအာက္တိုဘာ ၂၄

အေနာက္တိုင္းေဆးမ်ားကို ေရာေႏွာထားသည့္အျပင္ မွတ္ပုံတင္ထားျခင္းမရွိသည့္ သိဒၶိထြန္းအပါအဝင္ တိုင္းရင္းေဆးဝါး (၃)မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာန၏ ယေန႔ (ေအာက္တိုဘာလ ၂၄ ရက္)ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနက ေဈးကြက္အတြင္းေတြ႕ရွိရေသာ သိဒၶိထြန္းအမွတ္တံဆိပ္ အမ်ိဳးသားအားေဆး၊ ဂုဏ္မာန္တစ္ေထာင္အမွတ္တံဆိပ္ သက္ေစာင့္အားတိုးေဆးႏွင့္ ေဆာင္ေတာ္ကူးအမွတ္တံဆိပ္ အမ်ိဳးသားအေၾကာအားတိုးေဆးတို႔သည္ အျခားေဆး၏ တိုင္းရင္းေဆးဝါးမွတ္ပုံတင္အမွတ္ နံပါတ္ကို ထည့္သြင္းအသုံးျပဳထားေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ ႏွင့္ တိုင္းရင္းေဆးဝါး ထုတ္လုပ္ခြင့္လိုင္စင္ခြင့္ျပဳထားမႈမရွိျခင္း၊ ဓာတ္ခြဲစစ္ေဆးစမ္းသပ္ခ်က္အရ အေနာက္တိုင္းေဆးမ်ား ပါဝင္ေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ စစ္မွန္အစြမ္းထက္မႈကို အာမခံခ်က္မေပးႏိုင္ေသာေၾကာင့္ အမ်ားျပည္သူသုံးစြဲရန္ မသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါ သိဒၶိထြန္းအမွတ္တံဆိပ္ အမ်ိဳးသားအားေဆးတြင္ အေနာက္တိုင္းေဆး Tadalafil၊ ဂုဏ္မာန္တစ္ေထာင္အမွတ္တံဆိပ္ သက္ေစာင့္အားတိုးေဆးႏွင့္ ေဆာင္ေတာ္ကူးအမွတ္တံဆိပ္ အမ်ိဳးသားအေၾကာအားတိုးေဆးတို႔တြင္ အေနာက္တိုင္းေဆး Sildenafil တို႔ကို ေရာေႏွာထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ ဘီလူးငါးေကာင္အမွတ္တံဆိပ္ အမ်ိဳးသားအေၾကာသန္အားတိုးေဆးမႈန႔္ ႏွင့္ ဆာဒူးႀကီးအမွတ္တံဆိပ္အမ်ိဳးသားအေၾကာသန္ အားတိုးေဆးမႈန႔္တို႔သည္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ႏွင့္ တိုင္းရင္းေဆးဝါးထုတ္လုပ္ခြင့္လိုင္စင္ ရရွိထားေသာ္လည္း ေဈးကြက္တြင္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္စဥ္က ေဖာ္ျပထားေသာ ေဆးဖုံ၊ ေဖာ္စပ္နည္းႏွင့္အညီမဟုတ္ဘဲ ေဖာ္စပ္ထားေသာ တိုင္းရင္းေဆးဝါး (စံမညီတိုင္းရင္းေဆးဝါး) ျဖစ္ျခင္း၊ သတ္မွတ္ခ်က္ (၁၀) ခ်က္ ျပည့္စုံမွန္ကန္မႈမရွိျခင္းႏွင့္ အေနာက္တိုင္းေဆး Sildenafil ပါဝင္ေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ သုံးစြဲရန္ မသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ ၂၃ ရက္တြင္ ထုတ္ျပန္ထားသည္။

တိုင္းရင္းေဆးဝါးထုတ္လုပ္ျဖန႔္ျဖဴးသည့္ လုပ္ငန္းမ်ားႏွင့္ ေဆးဝါး‌ေရာင္းခ်သည့္ ေဆးဆိုင္မ်ားအေနျဖင့္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား၊ စံမညီတိုင္းရင္းေဆးဝါးမ်ား၊ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ တိုင္းရင္းေဆးဝါးမ်ား တင္းသြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို က်င္းဝတ္အရ လုံးဝမျပဳလုပ္ရန္ တိုက္တြန္းထားသည္။ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တိုင္းရင္းေဆးဝါးဥပေဒပုဒ္မ (၃၁)၊ (၃၂)အရ တရားစြဲဆိုအေရးယူမည္ျဖစ္လည္း ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး ေဘးဥပဒ္အႏၲရာယ္ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို အမ်ားျပည္သူ သုံးစြဲႏိုင္ရန္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.