တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း

 314

ယွန်း (NP News) - အောက်တိုဘာ ၂၄

ယခုနှစ်(၂၀၂၄ ခုနှစ်) တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့်နိုဝင်ဘာ(၉) ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဧည့်သည် လာရောက်မှုများပြားနိုင် ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

အဆိုပါမီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ(၉)ရက်မှ (၁၅)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်၌ ပြည်တွင်းခရီးသွားများ အပြင် နိုင်ငံခြားသားခရီးသွားဧည့်သည်များလည်း လာရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။

"ဒီနှစ်က တန်ဆောင်တိုင်လပြည့်နေ့က (၁၅)ရက်နေ့ဆိုတော့ ပွဲတော်ရက်ကလည်း စောသွားတာပေါ့။ ထူးထူးခြားခြားအစီအစဥ်တော့ မပါဘူး။ အရင်နှစ်လုပ်သလိုပါပဲ။ ခရီးသွား ဧည့်သည်တွေကတော့ နှစ်တိုင်းလာကြပါတယ်။ အခုက ‌ဖောင်တော်ဦးဘုရားကလည်း ရေပြန်ကျသွားပြီ။ အခုသီတင်းကျွတ်တောင် ဧည့်သည်တွေလာကြတာ တောင်ကြီးမြို့မှာဆို ကားလမ်းတွေတောင်ပိတ်တယ်။ အချို့ဆို တည်းခိုခန်းတွေတောင်မရကြဘူး။ ဒီနှစ်တန်ဆောင်တိုင်ပွဲတော် မှာလည်း နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ လာကြမှာပါ။ အစိုးရကလည်း ဦးစီးပြီးတော့ သေချာကြီးကြပ်ပြီးလုပ်ဆောင်နေတာဆိုတော့ ခရီးသွားဝင်ရောက်မှုများမယ်လို့တော့ ထင်ပါတယ်။ လုံခြုံရေးပိုင်းကလည်း အစိုးရဘက်ကတော့ သေချာလုပ်သွားမယ်ထင်ပါတယ်" ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ မီးပုံးပျံပွဲတော်၌နေ့ပိုင်းတွင် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းနှင့် အရုပ်အုပ်စုမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ မီးပုံးပျံပွဲတော်တွင် ပါဝင်မည့် စုစုပေါင်းမီးပုံးပျံအရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ (၃)နှစ်ကြာ ရပ်နားထားခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

zawgyi version
ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာ(၉)ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ျပည္ပခရီးသြားဝင္ေရာက္မႈမ်ားျပားမည္ဟု ခန႔္မွန္း

ယြန္း (NP News) - ေအာက္တိုဘာ ၂၄

ယခုႏွစ္(၂၀၂၄ ခုႏွစ္) ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို လာမည့္ႏိုဝင္ဘာ(၉) ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ျပည္ပခရီးသြားဧည့္သည္ လာေရာက္မႈမ်ားျပားႏိုင္ ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းထံမွ သိရသည္။

အဆိုပါမီးပုံးပ်ံပြဲေတာ္ကို လာမည့္ ႏိုဝင္ဘာလ(၉)ရက္မွ (၁၅)ရက္အထိ (၇)ရက္တိုင္တိုင္ အေဝရာမီးပုံးပ်ံကြင္းတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ က်င္းပခဲ့သည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္၌ ျပည္တြင္းခရီးသြားမ်ား အျပင္ ႏိုင္ငံျခားသားခရီးသြားဧည့္သည္မ်ားလည္း လာေရာက္ခဲ့ၿပီး ယခုႏွစ္တြင္လည္း ျပည္ပခရီးသြားဧည့္သည္ဝင္ေရာက္မႈမ်ားျပားႏိုင္ေၾကာင္း ခန႔္မွန္းထားျခင္းျဖစ္သည္။

"ဒီႏွစ္က တန္ေဆာင္တိုင္လျပည့္ေန႔က (၁၅)ရက္ေန႔ဆိုေတာ့ ပြဲေတာ္ရက္ကလည္း ေစာသြားတာေပါ့။ ထူးထူးျခားျခားအစီအစဥ္ေတာ့ မပါဘူး။ အရင္ႏွစ္လုပ္သလိုပါပဲ။ ခရီးသြား ဧည့္သည္ေတြကေတာ့ ႏွစ္တိုင္းလာၾကပါတယ္။ အခုက ‌ေဖာင္ေတာ္ဦးဘုရားကလည္း ေရျပန္က်သြားၿပီ။ အခုသီတင္းကြၽတ္ေတာင္ ဧည့္သည္ေတြလာၾကတာ ေတာင္ႀကီးၿမိဳ႕မွာဆို ကားလမ္းေတြေတာင္ပိတ္တယ္။ အခ်ိဳ႕ဆို တည္းခိုခန္းေတြေတာင္မရၾကဘူး။ ဒီႏွစ္တန္ေဆာင္တိုင္ပြဲေတာ္ မွာလည္း ႏိုင္ငံျခားခရီးသြားဧည့္သည္ေတြကေတာ့ လာၾကမွာပါ။ အစိုးရကလည္း ဦးစီးၿပီးေတာ့ ေသခ်ာႀကီးၾကပ္ၿပီးလုပ္ေဆာင္ေနတာဆိုေတာ့ ခရီးသြားဝင္ေရာက္မႈမ်ားမယ္လို႔ေတာ့ ထင္ပါတယ္။ လုံၿခဳံေရးပိုင္းကလည္း အစိုးရဘက္ကေတာ့ ေသခ်ာလုပ္သြားမယ္ထင္ပါတယ္" ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ မီးပုံးပ်ံပြဲေတာ္၌ေန႔ပိုင္းတြင္ ေျခ(၂)ေခ်ာင္း၊ ေျခ(၄)ေခ်ာင္းႏွင့္ အ႐ုပ္အုပ္စုမီးပုံးပ်ံမ်ားကို လႊတ္တင္သြားမည္ျဖစ္ၿပီး ညပိုင္းတြင္ ညမီးႀကီးမီးပုံးပ်ံႏွင့္ စိန္နားပန္မီးပုံပ်ံမ်ားကို လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ မီးပုံးပ်ံပြဲေတာ္တြင္ ပါဝင္မည့္ စုစုေပါင္းမီးပုံးပ်ံအေရအတြက္ကို စာရင္းျပဳစုေနဆဲျဖစ္ၿပီး ေအာက္တိုဘာလကုန္ပိုင္းတြင္ ထပ္မံထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္မွစ၍ (၃)ႏွစ္ၾကာ ရပ္နားထားခဲ့ရၿပီး ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.