အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား

 39

Pika (NP News) - အောက်တိုဘာ ၂၄

အစားအသောက်များကို အမြန်စားပြသည့် ကနေဒါနိုင်ငံမှအမျိုးသားတစ်ဦးသည် အချိန်(၃)မိနစ်အတွင်း အချဉ်ရည် (၂)ပေါင်(၇)အောင်စကို အောင်မြင်စွာစားပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။ အစားအသောက် များကို အမြန်စားပြခြင်းနှင့် သောက်ပြခြင်းတို့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းများစွာကိုရရှိထားသူ မိုက်ခ်ဂျက်သည် အချိန်(၃)မိနစ်အတွင်း အချဉ်ရည် အများဆုံးစားပြနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် ရရှိခဲ့ခြင်းဖြစ်သည်။

မိုက်ခ်ဂျက်သည် လန်ဒန်မြို့ရှိ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းရုံးချုပ်တွင် Capri Sun ဖျော်ရည် ကို အမြန်ဆုံးသောက်ပြနိုင်ခဲ့သည့်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန်တစ်ခုထပ် မံတင်နိုင်ခဲ့ခြင်းဖြစ်သည်။ မိုက်ခ်ဂျက်သည် Capri Sun ဖျော်ရည်ကိုအမြန်ဆုံးသောက်ပြနိုင်သည့် ဂင်း နစ်စံချိန်ကိုချိုးဖျက်ခဲ့သည့်နေ့တွင်ပင် အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြနိုင်ခဲ့သည့် ဂင်းနစ်စံချိန်ကိုသစ်ကို တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိုက်ခ်ဂျက်သည် အချဉ်ရည်(၂)ပေါင်(၇)အောင်စကို ပေးထားသည့်အချိန်အတွင်း ပြီးအောင်စားနိုင်ရန်အတွက် ဇွန်းကိုအသုံးပြုခဲ့ ကြောင်းလည်းသိရသည်။ မိုက်ခ်ဂျက်က"လူအတော် များများက ဒီစိန်ခေါ်မှုကိုလုပ်မယ်ဆိုရင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ပူလောင်နေလိမ့်မယ်လို့ပြောကြပါ တယ်။ ဒါပေမဲ့ ဒီလိုစိန်ခေါ်မှုမျိုးကို ကျွန်တော်အရင်က တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ဒါက မျိုးရိုးဗီဇပြောင်းလဲမှု တစ်ခုလိုပါပဲ။ ဒါက ကျွန်တော်ရဲ့စူပါပါဝါလို့ပဲထင်ပါ တယ်"ဟုပြောဆိုခဲ့သည်။

zawgyi version
အခ်ိန္(၃)မိနစ္အတြင္း အခ်ဥ္ရည္အမ်ားဆုံးစားျပၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တင္ခဲ့တဲ့ ကေနဒါအမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၂၄

အစားအေသာက္မ်ားကို အျမန္စားျပသည့္ ကေနဒါႏိုင္ငံမွအမ်ိဳးသားတစ္ဦးသည္ အခ်ိန္(၃)မိနစ္အတြင္း အခ်ဥ္ရည္ (၂)ေပါင္(၇)ေအာင္စကို ေအာင္ျမင္စြာစားျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ သစ္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အစားအေသာက္ မ်ားကို အျမန္စားျပျခင္းႏွင့္ ေသာက္ျပျခင္းတို႔အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းမ်ားစြာကိုရရွိထားသူ မိုက္ခ္ဂ်က္သည္ အခ်ိန္(၃)မိနစ္အတြင္း အခ်ဥ္ရည္ အမ်ားဆုံးစားျပႏိုင္ခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ရရွိခဲ့ျခင္းျဖစ္သည္။

မိုက္ခ္ဂ်က္သည္ လန္ဒန္ၿမိဳ႕ရွိ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္း႐ုံးခ်ဳပ္တြင္ Capri Sun ေဖ်ာ္ရည္ ကို အျမန္ဆုံးေသာက္ျပႏိုင္ခဲ့သည့္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီးေနာက္ ယခုလိုဂင္းနစ္စံခ်ိန္တစ္ခုထပ္ မံတင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ မိုက္ခ္ဂ်က္သည္ Capri Sun ေဖ်ာ္ရည္ကိုအျမန္ဆုံးေသာက္ျပႏိုင္သည့္ ဂင္း နစ္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့သည့္ေန႔တြင္ပင္ အခ်ိန္(၃)မိနစ္အတြင္း အခ်ဥ္ရည္အမ်ားဆုံးစားျပႏိုင္ခဲ့သည့္ ဂင္းနစ္စံခ်ိန္ကိုသစ္ကို တင္ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ မိုက္ခ္ဂ်က္သည္ အခ်ဥ္ရည္(၂)ေပါင္(၇)ေအာင္စကို ေပးထားသည့္အခ်ိန္အတြင္း ၿပီးေအာင္စားႏိုင္ရန္အတြက္ ဇြန္းကိုအသုံးျပဳခဲ့ ေၾကာင္းလည္းသိရသည္။ မိုက္ခ္ဂ်က္က"လူအေတာ္ မ်ားမ်ားက ဒီစိန္ေခၚမႈကိုလုပ္မယ္ဆိုရင္ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္က ပူေလာင္ေနလိမ့္မယ္လို႔ေျပာၾကပါ တယ္။ ဒါေပမဲ့ ဒီလိုစိန္ေခၚမႈမ်ိဳးကို ကြၽန္ေတာ္အရင္က တစ္ခါမွမလုပ္ခဲ့ဖူးပါဘူး။ ဒါက မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈ တစ္ခုလိုပါပဲ။ ဒါက ကြၽန္ေတာ္ရဲ႕စူပါပါဝါလို႔ပဲထင္ပါ တယ္"ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.