ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ

 1348

အေဝိုင်အီး (NP News) - အောက်တိုဘာ ၂၅

ပုဂံယဉ်ကျေးမှုဒေသတစ်ခုလုံးအား အပေါ်စီးမှ မြင်နိုင်သော နန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်လက်ထဲသို့ ထည့် နိုင်ရန်အတွက် ဈေးကွက်အရောင်းစာရင်းတင်ထားပြီဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

နာမည်ကျော်သူဌေးကြီးတစ်ဦးဖြစ်သူ ဦးတေဇ၏ ထူးလုပ်ငန်းစု စီမံခန့်ခွဲအောက်၌ရှိသော အဆိုပါ နန်းမြင့်မျှော် စင်ကြီးနှင့် ဆက်စပ် Aureum Palace Hotel & Resort ကိုပါ ထည့်သွင်းရောင်းချမည့်အနေအထားမျိုးဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်း ရှင်အသိုင်းအဝိုင်းကြားတွင် သတင်းများ ထွက်လာသည်။ ‘‘ ပုဂံ နန်းမြင့်မျှော်စင်ကို ရောင်းမယ် ဆိုပြီး ကိုတေဇက အပ်ထားတယ်။ အရောင်းစာရင်း တင်တာပေါ့။ အခုထိတော့ ဝယ်လက်မတွေ့သေးဘူး လို့ ကြားပါတယ် ’’ ဟု အိမ်ခြံမြေလောကမှ ဝါရင့် လုပ်ငန်းရှင်တစ်ဦးက NP News ကို အောက်တိုဘာ(၁၆)ရက်တွင် ပြောသည်။ ဒေါ်လာ သန်း(၂၀)ထက်မနည်း တန်ကြေးရှိမည်ဟု ခန့်မှန်းထားသော အဆိုပါနန်းမြင့်မျှော်စင်အတွက် တရားဝင် သတ်မှတ်ထားသော ရောင်းဈေးကိုမူ အမှန်တကယ် ဝယ်ယူမည့်သူမှလွဲ၍ စုံစမ်းသိရှိရန် ခက်ခဲသည်ဟု သတင်းရင်းမြစ်က ဆိုသည်။ အထူးသဖြင့် နန်းမြင့် မျှော်စင်နှင့်အတူ ကပ်လျှက်ရှိသော Aureum Palace Hotel & Resort ကိုပါ ထည့်သွင်း ရောင်းချခြင်း ရှိမရှိအပေါ်လည်း တိတိကျကျသိရှိရန် ခက်ခဲနေသေးသည်ဟု ပြောသည်။ ‘‘သိုသိုသိပ်သိပ်နဲ့ အရောင်း အဝယ် လုပ်နေတဲ့သဘောပဲ။ ဦးတေဇမှာ ဘဏ်ကြွေးနဲ့ လောင်းကစားပြဿနာရှိပုံရတယ်’’ ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

ညောင်ဦးမြို့နယ် ၊ မင်းနန်သူကျေးရွာတွင် တည်ရှိသော အဆိုပါ ပုဂံနန်းမြင့်မျှော်စင်သည် အမြင့်(၆၆) မီတာရှိပြီး ပုဂံနယ်မြေတစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်သောမြင်ကွင်းများကြည့်ရှုခွင့်ရရေးအတွက် ခရီးသွားများက သွားရောက်လည်ပတ်လေ့ရှိသည်။ ထူးလုပ်ငန်းစု ဦးဆောင်သူ ဦးတေဇက လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု ကျော်ကတည်းက ပုဂံကဲ့သို့သော ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ၌ အဆိုပါအဆောက် အအုံကို တည်ဆောက်ခွင့်ရခဲ့ပြီး ဘုရားစေတီများ ထက် အထပ်ပိုမြင့်နေသဖြင့် ဝေဖန်မှုများလည်း ခံရသည့် အဆောက်အအုံဖြစ်ခဲ့သည်။

သို့သော်လည်း အဆိုပါ နန်းမြင့်မျှော်စင်သို့ နိုင်ငံတကာအစည်းအဝေးများအတွက်ဖြစ်စေ၊ သီးသန့်လည်ပတ်မှုဖြင့်ဖြစ်စေ ရောက်ရှိခဲ့ဖူး သော ပြည်တွင်းပြည်ပခရီးသွားများအားလုံးက အပေါ်စီးမှ မြင်ခွင့်ရသည့်မြင်ကွင်းအတွက် ကျေနပ်နှစ်သက်ကြသည်သာ များခဲ့ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

zawgyi version
ပုဂံနန္းျမင့္ေမွ်ာ္စင္ကို ပိုင္ရွင္အသစ္ေပၚေပါက္ေရးအတြက္ အေရာင္းစာရင္းတင္ထားၿပီဟုသိရ

ေအဝိုင္အီး (NP News) - ေအာက္တိုဘာ ၂၅

ပုဂံယဥ္ေက်းမႈေဒသတစ္ခုလုံးအား အေပၚစီးမွ ျမင္ႏိုင္ေသာ နန္းျမင့္ေမွ်ာ္စင္ကို ပိုင္ရွင္အသစ္လက္ထဲသို႔ ထည့္ ႏိုင္ရန္အတြက္ ေဈးကြက္အေရာင္းစာရင္းတင္ထားၿပီျဖစ္ေၾကာင္း အိမ္ၿခံေျမေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

နာမည္ေက်ာ္သူေဌးႀကီးတစ္ဦးျဖစ္သူ ဦးေတဇ၏ ထူးလုပ္ငန္းစု စီမံခန႔္ခြဲေအာက္၌ရွိေသာ အဆိုပါ နန္းျမင့္ေမွ်ာ္ စင္ႀကီးႏွင့္ ဆက္စပ္ Aureum Palace Hotel & Resort ကိုပါ ထည့္သြင္းေရာင္းခ်မည့္အေနအထားမ်ိဳးျဖစ္ႏိုင္ေၾကာင္း စီးပြားေရး လုပ္ငန္း ရွင္အသိုင္းအဝိုင္းၾကားတြင္ သတင္းမ်ား ထြက္လာသည္။ ‘‘ ပုဂံ နန္းျမင့္ေမွ်ာ္စင္ကို ေရာင္းမယ္ ဆိုၿပီး ကိုေတဇက အပ္ထားတယ္။ အေရာင္းစာရင္း တင္တာေပါ့။ အခုထိေတာ့ ဝယ္လက္မေတြ႕ေသးဘူး လို႔ ၾကားပါတယ္ ’’ ဟု အိမ္ၿခံေျမေလာကမွ ဝါရင့္ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေအာက္တိုဘာ(၁၆)ရက္တြင္ ေျပာသည္။ ေဒၚလာ သန္း(၂၀)ထက္မနည္း တန္ေၾကးရွိမည္ဟု ခန႔္မွန္းထားေသာ အဆိုပါနန္းျမင့္ေမွ်ာ္စင္အတြက္ တရားဝင္ သတ္မွတ္ထားေသာ ေရာင္းေဈးကိုမူ အမွန္တကယ္ ဝယ္ယူမည့္သူမွလြဲ၍ စုံစမ္းသိရွိရန္ ခက္ခဲသည္ဟု သတင္းရင္းျမစ္က ဆိုသည္။ အထူးသျဖင့္ နန္းျမင့္ ေမွ်ာ္စင္ႏွင့္အတူ ကပ္လွ်က္ရွိေသာ Aureum Palace Hotel & Resort ကိုပါ ထည့္သြင္း ေရာင္းခ်ျခင္း ရွိမရွိအေပၚလည္း တိတိက်က်သိရွိရန္ ခက္ခဲေနေသးသည္ဟု ေျပာသည္။ ‘‘သိုသိုသိပ္သိပ္နဲ႔ အေရာင္း အဝယ္ လုပ္ေနတဲ့သေဘာပဲ။ ဦးေတဇမွာ ဘဏ္ေႂကြးနဲ႔ ေလာင္းကစားျပႆနာရွိပုံရတယ္’’ ဟု လုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားသည္။

ေညာင္ဦးၿမိဳ႕နယ္ ၊ မင္းနန္သူေက်း႐ြာတြင္ တည္ရွိေသာ အဆိုပါ ပုဂံနန္းျမင့္ေမွ်ာ္စင္သည္ အျမင့္(၆၆) မီတာရွိၿပီး ပုဂံနယ္ေျမတစ္ခုလုံးကို အေပၚစီးမွ ျမင္ႏိုင္ေသာျမင္ကြင္းမ်ားၾကည့္ရႈခြင့္ရေရးအတြက္ ခရီးသြားမ်ားက သြားေရာက္လည္ပတ္ေလ့ရွိသည္။ ထူးလုပ္ငန္းစု ဦးေဆာင္သူ ဦးေတဇက လြန္ခဲ့ေသာ ဆယ္စုႏွစ္ႏွစ္ခု ေက်ာ္ကတည္းက ပုဂံကဲ့သို႔ေသာ ယဥ္ေက်းမႈအေမြအႏွစ္နယ္ေျမ၌ အဆိုပါအေဆာက္ အအုံကို တည္ေဆာက္ခြင့္ရခဲ့ၿပီး ဘုရားေစတီမ်ား ထက္ အထပ္ပိုျမင့္ေနသျဖင့္ ေဝဖန္မႈမ်ားလည္း ခံရသည့္ အေဆာက္အအုံျဖစ္ခဲ့သည္။

သို႔ေသာ္လည္း အဆိုပါ နန္းျမင့္ေမွ်ာ္စင္သို႔ ႏိုင္ငံတကာအစည္းအေဝးမ်ားအတြက္ျဖစ္ေစ၊ သီးသန႔္လည္ပတ္မႈျဖင့္ျဖစ္ေစ ေရာက္ရွိခဲ့ဖူး ေသာ ျပည္တြင္းျပည္ပခရီးသြားမ်ားအားလုံးက အေပၚစီးမွ ျမင္ခြင့္ရသည့္ျမင္ကြင္းအတြက္ ေက်နပ္ႏွစ္သက္ၾကသည္သာ မ်ားခဲ့ေၾကာင္း ခရီးသြားလုပ္ငန္းအသိုင္းအဝိုင္းမွ သိရသည္။

Related news

© 2021. All rights reserved.