၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
463
ရဲထက် (NP News) - အောက်တိုဘာ ၂၅
(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ကြည့်ကောင်း လာတော့ မှာဖြစ်ပြီး ပွဲစဉ်(၉)အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဇယားထိပ်ပိုင်း ယှဉ်ပြိုင်မှုအနေနဲ့ ကတော့ မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိလှတဲ့ပွဲစဉ် တွေကို ဆက်လက်ကြည့်ရှုရဖို့ရှိနေပြီး ဒီနှစ်မှာ အ ကောင်းဆုံးခြေစွမ်းတွေကို အသီးသီးပြသထားတာ ကိုတွေ့ရပါတယ်။ တစ်ဖက်မှာတော့ ချဲလ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အ သင်းတို့ရဲ့ အစဉ်လိုက်ရပ်တည်မှုတွေနဲ့အတူ အမှတ် ပေးဇယားကို ဖိအားပေးဖို့ အသင့်အနေအထား မှာရှိနေပြီး ချန်ပီယံဆုအတွက် ဘယ်အသင်းက အလား အလာအကောင်းဆုံးအသင်း ဖြစ်မလဲဆိုတာ ကိုလည်း ပွဲစဉ်(၉)မှာ အဆုံးအဖြတ်ပေးသွားဖို့ရှိနေပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲအထိ ရောက်လာပေ မယ့် နိုင်ပွဲမရသေးတဲ့အသင်းတွေလည်း ရှိနေသေး တာကိုတွေ့ရပြီး တန်းဆင်းရဖို့ အတွက် စောစောစီးစီး မျက်ခုံးလှုပ်နေရတဲ့ အသင်းတွေလည်းရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း ပရိသတ်အကြိုက်တွေ့မယ့် ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးပွဲဖြစ်လာမယ့် အာဆင်နယ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း အကြိတ်အနယ်ရှိလှတဲ့ပွဲကောင်းတစ်ပွဲဖြစ် လာဦးမှာပါ။ ဒါကြောင့် NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉) အတွက် ခြေစွမ်းနဲ့ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွား မှာဖြစ်ပါတယ်။
အာဆင်နယ် VS လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ဝ - ၂ လီဗာပူးလ် (၄-၂-၂၀၂၄)
လီဗာပူးလ် ၁ - ၁ အာဆင်နယ် (၂၄-၁၂-၂၀၂၃)
လီဗာပူးလ် ၂ - ၂ အာဆင်နယ် (၉-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၂ လီဗာပူးလ်
အာဆင်နယ် ၁ - ၂ လီဗာပူးလ်
အာဆင်နယ်အသင်းက လီဗာပူးလ်အသင်း နဲ့ ပွဲစဉ်ကစပြီး ပွဲကျပ်ကာလတွေကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ဝက်စ် ဟမ်းတို့လိုအသင်းတွေကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ကိုသာ အနိုင်ရလိုက်ရင် နောက်လာမယ့်ပွဲစဉ်တွေမှာလည်း စိတ်ဓာတ် ပိုင်းဆိုင်ရာမှာ အားတက်သွားနိုင်သလို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုလည်း ခြိမ်းခြောက်သွား နိုင်မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ခြေစွမ်းပိုင်းက မနှစ်ကလိုမျိုးအခြေအနေမှာတောင် အာဆင်နယ်အသင်းကို နိုင်ပွဲပိုရထားတာတွေ့ ရပြီး ဒီနှစ်လို ခြေစွမ်းတည်ငြိမ်လာချိန်မှာဆိုရင်တော့ အာဆင်နယ်အသင်းကို ကောင်းကောင်းဒုက္ခ ပေးနိုင်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းမှာ မာတင်အိုဒီဂတ် ပြန်ပါလာပြီဖြစ်တဲ့အတွက် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက နေသားပြန်ကျသွားမှာဖြစ်ပြီး ဆက်တိုက်ဂိုးဖန်တီးမှုတွေရော နေရာလွတ်တွေပါ ရှာဖွေပေးတော့မှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်ရင် ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက် တွေ့ ဆုံမှု(၅)ပွဲမှာ (၂)ပွဲသရေကျထားပြီး လီဗာပူးလ်အ သင်းက(၂)ပွဲအနိုင်ရရှိထားကာ အာဆင်နယ်အ သင်းကတော့ (၁)ပွဲသာအနိုင်ရထားတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ် အသင်းနဲ့တွေ့တိုင်း နိုင်ပွဲရဖို့ ရုန်းကန်ရ လေ့ရှိတာကိုတွေ့ရပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း အနေနဲ့ နိုင်တဲ့အသင်းက အမှတ်ပေးဇယားကို ဖိအားပေးသွားနိုင်ဖို့ရှိနေပြီး သရေကျခဲ့ရင်တော့ မန်စီးတီး အသင်းအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းကို ခန့်မှန်းရမယ် ဆိုရင်တော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာဆိုရင် နိုင်ပွဲပိုရထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ် အသင်းကိုလည်း အိမ်ကွင်းမှာပဲ နိုင်ခဲ့တာ ကြောင့် ဒီတစ်ကြိမ်မှာလည်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကန်မှာဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက် အခွင့်အရေးပို ကောင်း နေပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ အာဆင်နယ်အသင်းရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ခံစစ်တို့ ထိပ်တိုက်တွေ့မှုဖြစ်တာကြောင့်လည်း သရေကျဖို့များပြီး နိုင်မယ်ဆိုရင် လီဗာပူးလ်အသင်းက တစ်ဂိုး လောက်အကွာနဲ့ ကပ်နိုင်သွားနိုင်ပါတယ်။
ချဲလ်ဆီး VS နယူးကာဆယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ၂ နယူးကာဆယ် (၁၂-၃-၂၀၂၄)
နယူးကာဆယ် ၄ - ၁ ချဲလ်ဆီး (၂၅-၁၁-၂၀၂၃)
ချဲလ်ဆီး ၁ - ၁ နယူးကာဆယ် (၂၈-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ၂ နယူးကာဆယ်
ချဲလ်ဆီး ၂ - ၂ နယူးကာဆယ်
ချဲလ်ဆီးအသင်းက ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်းမှာလည်း အတက်အကျမြန်တဲ့အသင်းလို့ ပြောလို့ရပါ တယ်။ ကစားသမား အင်အားတောင့်တင်း တယ်ဆိုပေမယ့် နည်းပြမာရက်စကာရဲ့ လူထုတ်ပုံ အနေအထားက တစ်ပွဲနဲ့တစ်ပွဲ အပြောင်းအလဲ မြန် ဆန်လွန်းတယ်လို့ ဝေဖန်မှုတွေရှိနေသလို ဒီခြေ စွမ်းကို ထိန်းမထားနိုင်ဘူးဆိုရင်တော့ ချဲလ်ဆီး အသင်းအနေနဲ့ မနှစ်ကအတိုင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပါ လွဲချော်နိုင်ခြေရှိနေပါတယ်။ နယူး ကာဆယ်အသင်းကလည်း ဒီနှစ်မှာ ခြေစွမ်းပိုင်းက အကောင်းကြီးမဟုတ်ပေမယ့် အမှတ်ပေးဇယားမှာ တူတူတန်တန်ခြေစွမ်းပြထားတဲ့အသင်းဖြစ်တဲ့ အပြင် အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ ဖြတ်မျဉ်းအသင်းလည်းဖြစ်နေတာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီး အသင်းအတွက် ခက်ခဲနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင် မနှစ်က ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ချဲလ်ဆီးအသင်းက နယူးကာဆယ်အသင်း ကို တစ်ပွဲနိုင်တစ်ပွဲရှုံးထားတာကြောင့် ဘယ်အသင်း ကမှ အသာစီးမရခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုတိုင်းမှာလည်း အကြိတ် အနယ်ရှိတဲ့ အပြင် အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ရပြီး ရန်ပွဲကိုပါ ကြည့်ရလေ့ရှိတဲ့ အသင်း(၂)သင်းရဲ့ ထိပ် တိုက်တွေ့ဆုံမှာလည်းဖြစ်နေပါတယ်။ ရလဒ်ပိုင်း အနေနဲ့ ခန့်မှန်းရမယ်ဆိုရင်တော့ ချဲလ်ဆီး အသင်းက အိမ်ကွင်းဖြစ်တဲ့အတွက် နိုင်ပွဲရခဲ့ရင် ဇယားထိပ်ပိုင်း ကို စိန်ခေါ်နိုင်မှာဖြစ်တာကြောင့် ဒီပွဲစဉ်က နယူး ကာဆယ်အသင်းအတွက် မလွယ်ကူနိုင်ဘဲ သရေတစ်မှတ်လောက်သာ ရယူသွားနိုင်မယ့်ပွဲပါ။ နိုင်ပွဲ အနေနဲ့ဆိုရင်တော့ ချဲလ်ဆီးအသင်းကနိုင်ပါ မယ်။
ဝက်စ်ဟမ်း VS မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၃ - ဝ ဝက်စ်ဟမ်း (၄-၂-၂၀၂၄)
ဝက်စ်ဟမ်း ၂ - ဝ မန်ယူ (၂၃-၁၂-၂၀၂၃)
ဝက်စ်ဟမ်း ၁ - ဝ မန်ယူ (၈-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝက်စ်ဟမ်း ၂ - ၂ မန်ယူ
ဝက်စ်ဟမ်း ၃ - ၂ မန်ယူ
မန်ယူအသင်းအနေနဲ့ နည်းပြတန်းဟတ် လက်ထက်မှာ အခြားအသင်းကြီးတွေထက်ပိုပြီး ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတယ်လို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ကို ခဏထားပြီးပြောရရင် Level တူအသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါးစ်နဲ့ နယူးကာ ဆယ်လိုအသင်းတွေနဲ့တောင် ယှဉ်ဖို့မလွယ်ကူသေး တဲ့အနေအထားဖြစ်ပါတယ်။ နိုင်ပွဲရရင်တောင် ခြေစွမ်းပိုင်းက အားရစရာမကောင်းတတ်တဲ့ အနေအထားအပြင် ကစားသမားတွေထဲမှာ အကျပိုင်း ရောက်နေပြီဖြစ်တဲ့ ကစားသမားအများစုကို ထုတ်သုံးနေတာ ကြောင့် ရလဒ်ပိုင်းက အားရစရာမကောင်း ဘူးလို့ လည်းဆိုနိုင်ပါတယ်။ ဒီပွဲစဉ်ကို ရှုံးဦးမယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားနိုင်ပြီး နည်းပြအပြောင်းအလဲကိုလည်း မြင်တွေ့သွားရဖို့များ နေပါတယ်။ ဝက်စ်ဟမ်း အသင်းကတော့ မနှစ်က တည်းက ခြေစွမ်းပိုင်းသိသိသာသာ ကျဆင်းသွားတဲ့ အသင်းဖြစ်ပြီး အသင်းရဲ့ အဓိက ကွင်းလယ်ထောက် တိုင် ဒီကလန်ရိုက်ကို အာဆင်နယ်အသင်းထံရောင်း ချပြီးကတည်းက အခြေ အနေ မဟန်တော့တာကိုတွေ့ ရပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းမှာလည်း အမှားများပြီး ဂိုးသမားအနေနဲ့လည်း စိတ်ချရမှုမရှိတဲ့အသင်းဖြစ် ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရတော့ နောက်ဆုံး တွေ့ခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၃)ပွဲမှာ ဝက်စ်ဟမ်း အသင်းက (၂)ပွဲနိုင်ထားပြီး မန်ယူအသင်းကတော့ (၁)ပွဲသာအနိုင်ရထား တာကြောင့် ဒီပွဲစဉ်က မန်ယူအ သင်းအတွက် မလွယ်ကူတဲ့ ပွဲလည်းဖြစ်လာနိုင်ပါ တယ်။ ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဝက်စ်ဟမ်းအသင်းက အသားစီးရသွားနိုင်ပြီး သရေကျသွားနိုင်သလို မန်ယူ အသင်းအတွက် နိုင်ပွဲရဖို့ခက်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။
မန်စီးတီး VS ဆောက်သမ်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်တန် ၁ - ၄ မန်စီးတီး (၈-၄-၂၀၂၃)
မန်စီးတီး ဝ - ၄ ဆောက်သမ်တန် (၈-၁၀-၂၀ ၂၂)
ဆောက်သမ်တန် ၁ - ၁ မန်စီးတီး (၁၈-၉-၂၀ ၂၁)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ - ဝ ဆောက်သမ်တန်
မန်စီးတီး ၄ - ဝ ဆောက်သမ်တန်
မန်စီးတီးက ဒီနှစ်ရာသီမှာ တခြားအသင်းကြီးတွေထက် ခေါင်းတစ်လုံးသာနေတဲ့အနေအထားမျိုးဖြစ် ပါတယ်။ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံချိန်မှာ မန်စီးတီးအသင်း ကတော့ ဇယားထိပ်ပိုင်းကို ဦးဆောင်ဖို့ အကောင်းဆုံး အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဘရိုက်တန်၊ စပါးစ်နဲ့ လီဗာပူးလ်အသင်းတို့ကို ရင်ဆိုင်ကစားရ ဖို့ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် မလွယ်ကူနိုင်ပါဘူး။ ဒါ့ပြင် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကိုလည်း ကစားရဖို့ရှိနေတဲ့ မန်စီးတီးအသင်းအတွက် အဓိက ကစားသမား ရိုဒရို ဒဏ်ရာရရှိနေချိန်မှာ နောက်ထပ် အဓိက ကစားသမားတစ်ယောက်သာ ထပ်ပြီး ဒဏ်ရရှိခဲ့ရင် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ တိုင်ပတ်သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းက အမှတ်ပေး ဇယားကို အကောင်းဆုံးဦးဆောင်ဖို့ ကြိုးစားကစားသွားဖို့ရှိနေပြီး ဆောက်သမ်တန်လို တန်းဆင်းဇုန်မှာ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်တဲ့အပြင်တန်းဆင်းရနိုင်ခြေအရှိဆုံးအသင်းဖြစ်နေတာ ကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ထပ်မြင်ရမယ့်ပွဲဖြစ်ပြီး ဟာလန်းရဲ့ ဟတ်ထရစ် ကိုပါ မြင်တွေ့ရဖို့ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ် VS စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၃ - ၁ ခရစ္စတယ်ပဲလေ့စ် (၂-၃-၂၀၂၄)
ခရစ္စတယ်ပဲလေ့စ် ၁ - ၂ စပါးစ် (၂၈-၁၀-၂၀၂၃)
စပါးစ် ၁ - ဝ ခရစ္စတယ်ပဲလေ့စ် (၆-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရစ္စတယ်ပဲလေ့စ် ၁ - ၂ စပါးစ်
ခရစ္စတယ်ပဲလေ့စ် ၁ - ၃ စပါးစ်
စပါးစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီး ယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရရှိထားပြီး ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာကိုပါ ရရှိခဲ့တဲ့အသင်းဖြစ်ပြီး နည်းပြသစ်လက်ထက်မှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီမှာတော့ ခြေစွမ်းပိုင်းကျ ဆင်းမှုတွေနဲ့ အတူ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကိုလည်း ဖိအားပေးနိုင်မှု မရှိတော့တဲ့ အနေအထားကို တွေ့ရပါ တယ်။ ကွင်းလယ်နဲ့တိုက်စစ်ပိုင်း ချိတ်ဆက်မှု လိုအပ်ချက်တွေအပြင် တိုက်စစ်အားသန်လွန်းတဲ့ ကစားဟန် တစ်ခုကပဲ စပါးစ်အသင်းကို အရာရာ နိမ့် ကျသွားစေခဲ့သလားဆိုတာကလည်း မေးခွန်းထုတ် စရာကောင်းပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက တော့ တန်းဆင်းဇုန်ထဲကိုရောက်ရှိနေတဲ့ အသင်း ဖြစ်တဲ့အပြင် နည်းပြနဲ့ကစားသမားတွေရဲ့အဆင်မ ပြေမှုတွေကြားမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတာကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းအတွက် နိုင်ပွဲရဖို့ များပါ တယ်။ ဒါပေမဲ့ စပါးစ်အသင်းရဲ့ ခြေစွမ်းပိုင်းက လို အပ်ချက်တွေကြောင့် ဂိုးမပြတ်နိုင်ပါဘူး။
၂၆ - ၁၀ -၂၀၂၄ (စနေနေ့ညပိုင်း)
ည (၈း၃၀) မန်စီးတီး VS ဆောက်သမ်တန်
၂၇ - ၁၀ -၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည (၈း၃၀) ချဲလ်ဆီး VS နယူးကာဆယ်
ည (၈း၃၀) ခရစ္စတယ်ပဲလေ့စ် VS စပါးစ်
ည (၈း၃၀) ဝက်စ်ဟမ်း VS မန်
ည (၁၁းဝဝ) အာဆင်နယ် VS လီဗာပူးလ်
zawgyi version
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၉) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေအာက္တိုဘာ ၂၅
(၂၀၂၄-၂၀၂၅) ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ တျဖည္းျဖည္းနဲ႔ ၾကည့္ေကာင္း လာေတာ့ မွာျဖစ္ၿပီး ပြဲစဥ္(၉)အထိ ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဇယားထိပ္ပိုင္း ယွဥ္ၿပိဳင္မႈအေနနဲ႔ ကေတာ့ မန္စီးတီး၊လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ရွိလွတဲ့ပြဲစဥ္ ေတြကို ဆက္လက္ၾကည့္ရႈရဖို႔ရွိေနၿပီး ဒီႏွစ္မွာ အ ေကာင္းဆုံးေျခစြမ္းေတြကို အသီးသီးျပသထားတာ ကိုေတြ႕ရပါတယ္။ တစ္ဖက္မွာေတာ့ ခ်ဲလ္ဆီး၊ အက္စတြန္ဗီလာ၊ နယူးကာဆယ္နဲ႔ ဘ႐ိုက္တန္အ သင္းတို႔ရဲ႕ အစဥ္လိုက္ရပ္တည္မႈေတြနဲ႔အတူ အမွတ္ ေပးဇယားကို ဖိအားေပးဖို႔ အသင့္အေနအထား မွာရွိေနၿပီး ခ်န္ပီယံဆုအတြက္ ဘယ္အသင္းက အလား အလာအေကာင္းဆုံးအသင္း ျဖစ္မလဲဆိုတာ ကိုလည္း ပြဲစဥ္(၉)မွာ အဆုံးအျဖတ္ေပးသြားဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ပရီးမီးယားလိဂ္ပြဲစဥ္(၉)ပြဲအထိ ေရာက္လာေပ မယ့္ ႏိုင္ပြဲမရေသးတဲ့အသင္းေတြလည္း ရွိေနေသး တာကိုေတြ႕ရၿပီး တန္းဆင္းရဖို႔ အတြက္ ေစာေစာစီးစီး မ်က္ခုံးလႈပ္ေနရတဲ့ အသင္းေတြလည္းရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း ပရိသတ္အႀကိဳက္ေတြ႕မယ့္ ပြဲစဥ္(၉)ရဲ႕ အေကာင္းဆုံးပြဲျဖစ္လာမယ့္ အာဆင္နယ္ အသင္းနဲ႔ လီဗာပူးလ္ အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကလည္း အႀကိတ္အနယ္ရွိလွတဲ့ပြဲေကာင္းတစ္ပြဲျဖစ္ လာဦးမွာပါ။ ဒါေၾကာင့္ NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ (၉) အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြား မွာျဖစ္ပါတယ္။
အာဆင္နယ္ VS လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ဝ - ၂ လီဗာပူးလ္ (၄-၂-၂၀၂၄)
လီဗာပူးလ္ ၁ - ၁ အာဆင္နယ္ (၂၄-၁၂-၂၀၂၃)
လီဗာပူးလ္ ၂ - ၂ အာဆင္နယ္ (၉-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၂ လီဗာပူးလ္
အာဆင္နယ္ ၁ - ၂ လီဗာပူးလ္
အာဆင္နယ္အသင္းက လီဗာပူးလ္အသင္း နဲ႔ ပြဲစဥ္ကစၿပီး ပြဲက်ပ္ကာလေတြကို ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။ နယူးကာဆယ္၊ ခ်ဲလ္ဆီးနဲ႔ဝက္စ္ ဟမ္းတို႔လိုအသင္းေတြကို ဆက္လက္ရင္ဆိုင္ရမွာ ျဖစ္တဲ့ အတြက္ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္ကိုသာ အႏိုင္ရလိုက္ရင္ ေနာက္လာမယ့္ပြဲစဥ္ေတြမွာလည္း စိတ္ဓာတ္ ပိုင္းဆိုင္ရာမွာ အားတက္သြားႏိုင္သလို အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးေနရာကိုလည္း ၿခိမ္းေျခာက္သြား ႏိုင္မွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ေျခစြမ္းပိုင္းက မႏွစ္ကလိုမ်ိဳးအေျခအေနမွာေတာင္ အာဆင္နယ္အသင္းကို ႏိုင္ပြဲပိုရထားတာေတြ႕ ရၿပီး ဒီႏွစ္လို ေျခစြမ္းတည္ၿငိမ္လာခ်ိန္မွာဆိုရင္ေတာ့ အာဆင္နယ္အသင္းကို ေကာင္းေကာင္းဒုကၡ ေပးႏိုင္တဲ့ အသင္းမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္ အသင္းမွာ မာတင္အိုဒီဂတ္ ျပန္ပါလာၿပီျဖစ္တဲ့အတြက္ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ပိုင္းက ေနသားျပန္က်သြားမွာျဖစ္ၿပီး ဆက္တိုက္ဂိုးဖန္တီးမႈေတြေရာ ေနရာလြတ္ေတြပါ ရွာေဖြေပးေတာ့မွာ ျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရ ျပန္ၾကည့္ရင္ ဒီႏွစ္သင္းရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ ေတြ႕ ဆုံမႈ(၅)ပြဲမွာ (၂)ပြဲသေရက်ထားၿပီး လီဗာပူးလ္အ သင္းက(၂)ပြဲအႏိုင္ရရွိထားကာ အာဆင္နယ္အ သင္းကေတာ့ (၁)ပြဲသာအႏိုင္ရထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ လီဗာပူးလ္ အသင္းနဲ႔ေတြ႕တိုင္း ႏိုင္ပြဲရဖို႔ ႐ုန္းကန္ရ ေလ့ရွိတာကိုေတြ႕ရပါတယ္။ အာဆင္နယ္နဲ႔ လီဗာပူးလ္အသင္း အေနနဲ႔ ႏိုင္တဲ့အသင္းက အမွတ္ေပးဇယားကို ဖိအားေပးသြားႏိုင္ဖို႔ရွိေနၿပီး သေရက်ခဲ့ရင္ေတာ့ မန္စီးတီး အသင္းအတြက္ အခြင့္အေရးတစ္ခုလည္းျဖစ္သြားႏိုင္ပါတယ္။ ဒီႏွစ္သင္းရဲ႕ ရလဒ္ပိုင္းကို ခန႔္မွန္းရမယ္ ဆိုရင္ေတာ့ အာဆင္နယ္အသင္းက အိမ္ကြင္းမွာဆိုရင္ ႏိုင္ပြဲပိုရထားတဲ့အသင္းျဖစ္ၿပီး လီဗာပူးလ္ အသင္းကိုလည္း အိမ္ကြင္းမွာပဲ ႏိုင္ခဲ့တာ ေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္း အမ္းမရိတ္မွာ ကန္မွာျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအတြက္ အခြင့္အေရးပို ေကာင္း ေနပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္ပိုင္းနဲ႔ အာဆင္နယ္အသင္းရဲ႕ ေကာင္းလွပါတယ္ဆိုတဲ့ ခံစစ္တို႔ ထိပ္တိုက္ေတြ႕မႈျဖစ္တာေၾကာင့္လည္း သေရက်ဖို႔မ်ားၿပီး ႏိုင္မယ္ဆိုရင္ လီဗာပူးလ္အသင္းက တစ္ဂိုး ေလာက္အကြာနဲ႔ ကပ္ႏိုင္သြားႏိုင္ပါတယ္။
ခ်ဲလ္ဆီး VS နယူးကာဆယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ၂ နယူးကာဆယ္ (၁၂-၃-၂၀၂၄)
နယူးကာဆယ္ ၄ - ၁ ခ်ဲလ္ဆီး (၂၅-၁၁-၂၀၂၃)
ခ်ဲလ္ဆီး ၁ - ၁ နယူးကာဆယ္ (၂၈-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ၂ နယူးကာဆယ္
ခ်ဲလ္ဆီး ၂ - ၂ နယူးကာဆယ္
ခ်ဲလ္ဆီးအသင္းက ဒီႏွစ္ရာသီမွာ ေျခစြမ္းပိုင္းမွာလည္း အတက္အက်ျမန္တဲ့အသင္းလို႔ ေျပာလို႔ရပါ တယ္။ ကစားသမား အင္အားေတာင့္တင္း တယ္ဆိုေပမယ့္ နည္းျပမာရက္စကာရဲ႕ လူထုတ္ပုံ အေနအထားက တစ္ပြဲနဲ႔တစ္ပြဲ အေျပာင္းအလဲ ျမန္ ဆန္လြန္းတယ္လို႔ ေဝဖန္မႈေတြရွိေနသလို ဒီေျခ စြမ္းကို ထိန္းမထားႏိုင္ဘူးဆိုရင္ေတာ့ ခ်ဲလ္ဆီး အသင္းအေနနဲ႔ မႏွစ္ကအတိုင္း ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ပါ လြဲေခ်ာ္ႏိုင္ေျခရွိေနပါတယ္။ နယူး ကာဆယ္အသင္းကလည္း ဒီႏွစ္မွာ ေျခစြမ္းပိုင္းက အေကာင္းႀကီးမဟုတ္ေပမယ့္ အမွတ္ေပးဇယားမွာ တူတူတန္တန္ေျခစြမ္းျပထားတဲ့အသင္းျဖစ္တဲ့ အျပင္ အသင္းႀကီးေတြကို ဒုကၡေပးႏိုင္တဲ့ ျဖတ္မ်ဥ္းအသင္းလည္းျဖစ္ေနတာေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီး အသင္းအတြက္ ခက္ခဲႏိုင္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ မႏွစ္က ထိပ္တိုက္ေတြ႕ဆုံမႈ မွာေတာ့ ခ်ဲလ္ဆီးအသင္းက နယူးကာဆယ္အသင္း ကို တစ္ပြဲႏိုင္တစ္ပြဲရႈံးထားတာေၾကာင့္ ဘယ္အသင္း ကမွ အသာစီးမရခဲ့ဘူးလို႔ ေျပာလို႔ရပါတယ္။ ထိပ္ တိုက္ေတြ႕ဆုံမႈတိုင္းမွာလည္း အႀကိတ္ အနယ္ရွိတဲ့ အျပင္ အျပန္အလွန္သြင္းဂိုးေတြကိုပါ ျမင္ေတြ႕ရၿပီး ရန္ပြဲကိုပါ ၾကည့္ရေလ့ရွိတဲ့ အသင္း(၂)သင္းရဲ႕ ထိပ္ တိုက္ေတြ႕ဆုံမွာလည္းျဖစ္ေနပါတယ္။ ရလဒ္ပိုင္း အေနနဲ႔ ခန႔္မွန္းရမယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီး အသင္းက အိမ္ကြင္းျဖစ္တဲ့အတြက္ ႏိုင္ပြဲရခဲ့ရင္ ဇယားထိပ္ပိုင္း ကို စိန္ေခၚႏိုင္မွာျဖစ္တာေၾကာင့္ ဒီပြဲစဥ္က နယူး ကာဆယ္အသင္းအတြက္ မလြယ္ကူႏိုင္ဘဲ သေရတစ္မွတ္ေလာက္သာ ရယူသြားႏိုင္မယ့္ပြဲပါ။ ႏိုင္ပြဲ အေနနဲ႔ဆိုရင္ေတာ့ ခ်ဲလ္ဆီးအသင္းကႏိုင္ပါ မယ္။
ဝက္စ္ဟမ္း VS မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၃ - ဝ ဝက္စ္ဟမ္း (၄-၂-၂၀၂၄)
ဝက္စ္ဟမ္း ၂ - ဝ မန္ယူ (၂၃-၁၂-၂၀၂၃)
ဝက္စ္ဟမ္း ၁ - ဝ မန္ယူ (၈-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝက္စ္ဟမ္း ၂ - ၂ မန္ယူ
ဝက္စ္ဟမ္း ၃ - ၂ မန္ယူ
မန္ယူအသင္းအေနနဲ႔ နည္းျပတန္းဟတ္ လက္ထက္မွာ အျခားအသင္းႀကီးေတြထက္ပိုၿပီး ဆိုး႐ြားတဲ့ ရာသီတစ္ခုကို ျဖတ္သန္းေနရတယ္လို႔ဆိုႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မန္စီးတီး၊ လီဗာပူးလ္၊ အာဆင္နယ္တို႔ကို ခဏထားၿပီးေျပာရရင္ Level တူအသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ စပါးစ္နဲ႔ နယူးကာ ဆယ္လိုအသင္းေတြနဲ႔ေတာင္ ယွဥ္ဖို႔မလြယ္ကူေသး တဲ့အေနအထားျဖစ္ပါတယ္။ ႏိုင္ပြဲရရင္ေတာင္ ေျခစြမ္းပိုင္းက အားရစရာမေကာင္းတတ္တဲ့ အေနအထားအျပင္ ကစားသမားေတြထဲမွာ အက်ပိုင္း ေရာက္ေနၿပီျဖစ္တဲ့ ကစားသမားအမ်ားစုကို ထုတ္သုံးေနတာ ေၾကာင့္ ရလဒ္ပိုင္းက အားရစရာမေကာင္း ဘူးလို႔ လည္းဆိုႏိုင္ပါတယ္။ ဒီပြဲစဥ္ကို ရႈံးဦးမယ္ဆိုရင္ေတာ့ ပရိသတ္ေတြရဲ႕ စိတ္ရွည္သည္းခံမႈက ကုန္ဆုံးသြားႏိုင္ၿပီး နည္းျပအေျပာင္းအလဲကိုလည္း ျမင္ေတြ႕သြားရဖို႔မ်ား ေနပါတယ္။ ဝက္စ္ဟမ္း အသင္းကေတာ့ မႏွစ္က တည္းက ေျခစြမ္းပိုင္းသိသိသာသာ က်ဆင္းသြားတဲ့ အသင္းျဖစ္ၿပီး အသင္းရဲ႕ အဓိက ကြင္းလယ္ေထာက္ တိုင္ ဒီကလန္႐ိုက္ကို အာဆင္နယ္အသင္းထံေရာင္း ခ်ၿပီးကတည္းက အေျခ အေန မဟန္ေတာ့တာကိုေတြ႕ ရပါတယ္။ ဒါ့ျပင္ ခံစစ္ပိုင္းမွာလည္း အမွားမ်ားၿပီး ဂိုးသမားအေနနဲ႔လည္း စိတ္ခ်ရမႈမရွိတဲ့အသင္းျဖစ္ ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ အရေတာ့ ေနာက္ဆုံး ေတြ႕ခဲ့တဲ့ ပရီးမီးယား လိဂ္ပြဲစဥ္(၃)ပြဲမွာ ဝက္စ္ဟမ္း အသင္းက (၂)ပြဲႏိုင္ထားၿပီး မန္ယူအသင္းကေတာ့ (၁)ပြဲသာအႏိုင္ရထား တာေၾကာင့္ ဒီပြဲစဥ္က မန္ယူအ သင္းအတြက္ မလြယ္ကူတဲ့ ပြဲလည္းျဖစ္လာႏိုင္ပါ တယ္။ ရလဒ္ပိုင္းကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ အိမ္ကြင္းအားသာခ်က္ရွိတဲ့ ဝက္စ္ဟမ္းအသင္းက အသားစီးရသြားႏိုင္ၿပီး သေရက်သြားႏိုင္သလို မန္ယူ အသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္တဲ့ ပြဲစဥ္ျဖစ္ပါတယ္။
မန္စီးတီး VS ေဆာက္သမ္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဆာက္သမ္တန္ ၁ - ၄ မန္စီးတီး (၈-၄-၂၀၂၃)
မန္စီးတီး ဝ - ၄ ေဆာက္သမ္တန္ (၈-၁၀-၂၀ ၂၂)
ေဆာက္သမ္တန္ ၁ - ၁ မန္စီးတီး (၁၈-၉-၂၀ ၂၁)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ - ဝ ေဆာက္သမ္တန္
မန္စီးတီး ၄ - ဝ ေဆာက္သမ္တန္
မန္စီးတီးက ဒီႏွစ္ရာသီမွာ တျခားအသင္းႀကီးေတြထက္ ေခါင္းတစ္လုံးသာေနတဲ့အေနအထားမ်ိဳးျဖစ္ ပါတယ္။ အာဆင္နယ္အသင္းနဲ႔ လီဗာပူးလ္ အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံခ်ိန္မွာ မန္စီးတီးအသင္း ကေတာ့ ဇယားထိပ္ပိုင္းကို ဦးေဆာင္ဖို႔ အေကာင္းဆုံး အေနအထားတစ္ရပ္ကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ ဘ႐ိုက္တန္၊ စပါးစ္နဲ႔ လီဗာပူးလ္အသင္းတို႔ကို ရင္ဆိုင္ကစားရ ဖို႔ရွိေနတာေၾကာင့္ မန္စီးတီးအသင္းအတြက္ မလြယ္ကူႏိုင္ပါဘူး။ ဒါ့ျပင္ ဥေရာပ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ကိုလည္း ကစားရဖို႔ရွိေနတဲ့ မန္စီးတီးအသင္းအတြက္ အဓိက ကစားသမား ႐ိုဒ႐ို ဒဏ္ရာရရွိေနခ်ိန္မွာ ေနာက္ထပ္ အဓိက ကစားသမားတစ္ေယာက္သာ ထပ္ၿပီး ဒဏ္ရရွိခဲ့ရင္ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္မွာ တိုင္ပတ္သြားႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးအသင္းက အမွတ္ေပး ဇယားကို အေကာင္းဆုံးဦးေဆာင္ဖို႔ ႀကိဳးစားကစားသြားဖို႔ရွိေနၿပီး ေဆာက္သမ္တန္လို တန္းဆင္းဇုန္မွာ ႏိုင္ပြဲတစ္ပြဲရဖို႔ ႐ုန္းကန္ေနရတဲ့ အသင္းျဖစ္တဲ့အျပင္တန္းဆင္းရႏိုင္ေျခအရွိဆုံးအသင္းျဖစ္ေနတာ ေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းရဲ႕ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲကို ထပ္ျမင္ရမယ့္ပြဲျဖစ္ၿပီး ဟာလန္းရဲ႕ ဟတ္ထရစ္ ကိုပါ ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။
ခရစၥတယ္ပဲေလ့စ္ VS စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၃ - ၁ ခရစၥတယ္ပဲေလ့စ္ (၂-၃-၂၀၂၄)
ခရစၥတယ္ပဲေလ့စ္ ၁ - ၂ စပါးစ္ (၂၈-၁၀-၂၀၂၃)
စပါးစ္ ၁ - ဝ ခရစၥတယ္ပဲေလ့စ္ (၆-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခရစၥတယ္ပဲေလ့စ္ ၁ - ၂ စပါးစ္
ခရစၥတယ္ပဲေလ့စ္ ၁ - ၃ စပါးစ္
စပါးစ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီး ယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္(၅)ေနရာကို ရရွိထားၿပီး ယူ႐ိုပါလိဂ္ ဝင္ခြင့္တစ္ေနရာကိုပါ ရရွိခဲ့တဲ့အသင္းျဖစ္ၿပီး နည္းျပသစ္လက္ထက္မွာ ေကာင္းမြန္တဲ့ ရာသီတစ္ခုကို ရရွိခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ရာသီမွာေတာ့ ေျခစြမ္းပိုင္းက် ဆင္းမႈေတြနဲ႔ အတူ အမွတ္ေပးဇယားရဲ႕ ထိပ္ပိုင္းကိုလည္း ဖိအားေပးႏိုင္မႈ မရွိေတာ့တဲ့ အေနအထားကို ေတြ႕ရပါ တယ္။ ကြင္းလယ္နဲ႔တိုက္စစ္ပိုင္း ခ်ိတ္ဆက္မႈ လိုအပ္ခ်က္ေတြအျပင္ တိုက္စစ္အားသန္လြန္းတဲ့ ကစားဟန္ တစ္ခုကပဲ စပါးစ္အသင္းကို အရာရာ နိမ့္ က်သြားေစခဲ့သလားဆိုတာကလည္း ေမးခြန္းထုတ္ စရာေကာင္းပါတယ္။ ခရစၥတယ္ပဲေလ့စ္အသင္းက ေတာ့ တန္းဆင္းဇုန္ထဲကိုေရာက္ရွိေနတဲ့ အသင္း ျဖစ္တဲ့အျပင္ နည္းျပနဲ႔ကစားသမားေတြရဲ႕အဆင္မ ေျပမႈေတြၾကားမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဒီပြဲစဥ္က စပါးစ္အသင္းအတြက္ ႏိုင္ပြဲရဖို႔ မ်ားပါ တယ္။ ဒါေပမဲ့ စပါးစ္အသင္းရဲ႕ ေျခစြမ္းပိုင္းက လို အပ္ခ်က္ေတြေၾကာင့္ ဂိုးမျပတ္ႏိုင္ပါဘူး။
၂၆ - ၁၀ -၂၀၂၄ (စေနေန႔ညပိုင္း)
ည (၈း၃၀) မန္စီးတီး VS ေဆာက္သမ္တန္
၂၇ - ၁၀ -၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည (၈း၃၀) ခ်ဲလ္ဆီး VS နယူးကာဆယ္
ည (၈း၃၀) ခရစၥတယ္ပဲေလ့စ္ VS စပါးစ္
ည (၈း၃၀) ဝက္စ္ဟမ္း VS မန္
ည (၁၁းဝဝ) အာဆင္နယ္ VS လီဗာပူးလ္