မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ

 62

စော (NP News) - အောက်တိုဘာ ၂၅

မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များ နေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိ သည့်အတွက် ဝင်ငွေးနည်းပါးနေကြောင်း မျှစ်နှင့်ဝါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NP News ကိုပြောသည်။

“ နိုင်ငံခြားက ဝါးအဝယ်က တောက်လျှောက်လာတယ်။ ဝါးဆစ်ပိတ်တွေ ဝယ်တာရှိတယ်။ ဝါးတွေကို သုံးပေတိုဝါးတွေ ဝယ်တာရှိတယ်။ ကြသောင်းဝါးတွေ ဝယ်ကြတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ဝါးတွေက နည်းနည်းပျက်စီးနေတဲ့အတွက် export ဈေးကွက်ကို ဝင်အောင်က နည်းနည်း လိုနေသေးတယ်။ လက်ရွေးစင်ပို့တာဆိုတော့ ဝင်ငွေအရတော့ အရမ်းကြီး တရုတ်တို့၊ အိမ်နီးချင်းတို့ထက်စာရင် ဝင်ငွေသိပ်ပြီးမပြောပလောက်ဘူး။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ဝါးတောမရှိဘူးလေ” ဟု ဦးကျော်ဝင်းက ပြောသည်။

မြန်မာ့ဝါးများကို နှီးဖြာခြင်း၊ ဖြာရက်ခြင်း၊ တောင်း ရက်ခြင်းလုပ်ငန်းများတွင် ပြုလုပ်နိုင်ပြီး ဝါးရင့်သွားပါက ဝါးရေခွက်၊ အမွှေးတိုင်၊ ပရိဘောဂ၊ ပါကေး၊ အထပ်သား၊ စားပွဲကုလားထိုင်၊ ပန်းကန်စင် နှင့် ဗီဒို ကြောင်အိမ်စသည်တို့ကို ပြုလုပ်ရောင်းချနိုင်ကြောင်း သိရသည်။ “ ဝါးတောတစ်တောကို ပိုင်ရှင် က မလိုအပ်တဲ့ ဝါးတွေကို ခုတ်တာ။ ကောက်နေတဲ့ဝါးတွေကို ခုတ်မယ်။ သိပ်ပြီးအဆင်မပြေတဲ့ မျှစ်တွေ ကိုချိုးမယ်။ သက်တမ်းရင့်နေတဲ့ ဝါးတွေကို ခုတ်မယ်ဆိုရင် ဒီဝါးတောက အလုံးကြီးလာမယ်။ ဖြောင့်လာ မယ်။ ဒီအတိုင်းပဲ တခြား ဝါးရုံတွေကလည်း ကိုယ်လိုချင်တဲ့အရွယ်အစားဆိုက်ကို ချန်လိုက်ရင် ဝါးတော က တဖြည်းဖြည်းကောင်းသွားတာပေါ့။ စိုက်တဲ့ဝါးတွေကျတော့ ပိုင်ရှင်ကရှိတဲ့အခါကျတော့ မြင့်အောင် ရယ် ဖြောင့်အောင်ရယ် အလုံးဆိုက်ညီတဲ့ဟာတွေကို ဂရုတစိုက် ထားတဲ့အခါကျတော့ အရည်အသွေး မြင့်တယ် ခေါ်တာပေါ့ ” ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ဝါးများ ရှားပါးလာရခြင်းအကြောင်းအရင်းမှာ တုံးသွားသောဝါးတောများကို မီးရှို့ကာ တောင်ယာ စိုက်ပျိုးခြင်းကြောင့် ဝါးမျိုးမဖြစ်ထွန်းခြင်း၊ မျှစ်များကို စနစ်တကျမချိုးခြင်းနှင့် ဝါးများကို စနစ်တကျ မခုတ်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ “ အခု ကျွန်တော်တို့ ဆီကျတော့ ဝါးကစိုက်ခင်းတွေ နည်း တယ်။ သဘာဝဝါးတောတွေမှီခိုနေတဲ့အတွက် မျှစ်ချိုးနေတဲ့ တောက သူများတစ်ယောက်ယောက်က စိုက်ခင်းအနေနဲ့ စိုက်ပြီး ယူသွားရင် အဲဒီတောထဲဝင်မရတော့ဘူး။ အဲဒီတော့ တခြားတစ်နေရာ သွားချိုး ရင်း သွားချိုးရင်းနဲ့ သယ်ယူစရိတ်တွေလည်း ဝေးကုန်တာပေါ့။ သယ်ယူစရိတ်က တအားဝေးတဲ့အခါကျ တော့ ဝါးဖိုး နဲ့ ကားခနဲ့ဆိုရင် ကျွန်တော်ထင်တယ် ကားခက ပိုဈေးကြီးနေတယ်။ အဲဒါကြောင့်လည်း ဈေးတက်တာလည်း ပါတာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ခနှင့် လုပ်အားခ ဈေးတက်ခြင်းတို့ကြောင့် ဝါးတစ်လုံးတန်ဖိုးလျှင် ငွေကျပ် (၁၅၀ဝ) မှ (၂၅၀ဝ) ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

zawgyi version
ျမန္မာ့ဝါးမ်ားကို ျပည္ပႏိုင္ငံမ်ားမွ အဝယ္မ်ားေနေသာ္လည္း အရည္အေသြးျမင့္ ဝါးေတာမရွိသည့္ အတြက္ ဝင္ေငြနည္းပါးေန
ေစာ (NP News) - ေအာက္တိုဘာ ၂၅

ျမန္မာ့ဝါးမ်ားကို ျပည္ပႏိုင္ငံမ်ားမွ အဝယ္မ်ား ေနေသာ္လည္း အရည္အေသြးျမင့္ ဝါးေတာမရွိ သည့္အတြက္ ဝင္ေငြးနည္းပါးေနေၾကာင္း မွ်စ္ႏွင့္ဝါး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းမွ ဝါးပညာရွင္ ဦးေက်ာ္ဝင္းက NP News ကိုေျပာသည္။

“ ႏိုင္ငံျခားက ဝါးအဝယ္က ေတာက္ေလွ်ာက္လာတယ္။ ဝါးဆစ္ပိတ္ေတြ ဝယ္တာရွိတယ္။ ဝါးေတြကို သုံးေပတိုဝါးေတြ ဝယ္တာရွိတယ္။ ၾကေသာင္းဝါးေတြ ဝယ္ၾကတာေတြရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဆီက ဝါးေတြက နည္းနည္းပ်က္စီးေနတဲ့အတြက္ export ေဈးကြက္ကို ဝင္ေအာင္က နည္းနည္း လိုေနေသးတယ္။ လက္ေ႐ြးစင္ပို႔တာဆိုေတာ့ ဝင္ေငြအရေတာ့ အရမ္းႀကီး တ႐ုတ္တို႔၊ အိမ္နီးခ်င္းတို႔ထက္စာရင္ ဝင္ေငြသိပ္ၿပီးမေျပာပေလာက္ဘူး။ ကြၽန္ေတာ္တို႔မွာ အရည္အေသြးျမင့္ ဝါးေတာမရွိဘူးေလ” ဟု ဦးေက်ာ္ဝင္းက ေျပာသည္။

ျမန္မာ့ဝါးမ်ားကို ႏွီးျဖာျခင္း၊ ျဖာရက္ျခင္း၊ ေတာင္း ရက္ျခင္းလုပ္ငန္းမ်ားတြင္ ျပဳလုပ္ႏိုင္ၿပီး ဝါးရင့္သြားပါက ဝါးေရခြက္၊ အေမႊးတိုင္၊ ပရိေဘာဂ၊ ပါေကး၊ အထပ္သား၊ စားပြဲကုလားထိုင္၊ ပန္းကန္စင္ ႏွင့္ ဗီဒို ေၾကာင္အိမ္စသည္တို႔ကို ျပဳလုပ္ေရာင္းခ်ႏိုင္ေၾကာင္း သိရသည္။ “ ဝါးေတာတစ္ေတာကို ပိုင္ရွင္ က မလိုအပ္တဲ့ ဝါးေတြကို ခုတ္တာ။ ေကာက္ေနတဲ့ဝါးေတြကို ခုတ္မယ္။ သိပ္ၿပီးအဆင္မေျပတဲ့ မွ်စ္ေတြ ကိုခ်ိဳးမယ္။ သက္တမ္းရင့္ေနတဲ့ ဝါးေတြကို ခုတ္မယ္ဆိုရင္ ဒီဝါးေတာက အလုံးႀကီးလာမယ္။ ေျဖာင့္လာ မယ္။ ဒီအတိုင္းပဲ တျခား ဝါး႐ုံေတြကလည္း ကိုယ္လိုခ်င္တဲ့အ႐ြယ္အစားဆိုက္ကို ခ်န္လိုက္ရင္ ဝါးေတာ က တျဖည္းျဖည္းေကာင္းသြားတာေပါ့။ စိုက္တဲ့ဝါးေတြက်ေတာ့ ပိုင္ရွင္ကရွိတဲ့အခါက်ေတာ့ ျမင့္ေအာင္ ရယ္ ေျဖာင့္ေအာင္ရယ္ အလုံးဆိုက္ညီတဲ့ဟာေတြကို ဂ႐ုတစိုက္ ထားတဲ့အခါက်ေတာ့ အရည္အေသြး ျမင့္တယ္ ေခၚတာေပါ့ ” ဟု ၎ကဆက္လက္ရွင္းျပသည္။

ဝါးမ်ား ရွားပါးလာရျခင္းအေၾကာင္းအရင္းမွာ တုံးသြားေသာဝါးေတာမ်ားကို မီးရႈိ႕ကာ ေတာင္ယာ စိုက္ပ်ိဳးျခင္းေၾကာင့္ ဝါးမ်ိဳးမျဖစ္ထြန္းျခင္း၊ မွ်စ္မ်ားကို စနစ္တက်မခ်ိဳးျခင္းႏွင့္ ဝါးမ်ားကို စနစ္တက် မခုတ္ျခင္းတို႔လည္း ပါဝင္ေၾကာင္း သိရသည္။ “ အခု ကြၽန္ေတာ္တို႔ ဆီက်ေတာ့ ဝါးကစိုက္ခင္းေတြ နည္း တယ္။ သဘာဝဝါးေတာေတြမွီခိုေနတဲ့အတြက္ မွ်စ္ခ်ိဳးေနတဲ့ ေတာက သူမ်ားတစ္ေယာက္ေယာက္က စိုက္ခင္းအေနနဲ႔ စိုက္ၿပီး ယူသြားရင္ အဲဒီေတာထဲဝင္မရေတာ့ဘူး။ အဲဒီေတာ့ တျခားတစ္ေနရာ သြားခ်ိဳး ရင္း သြားခ်ိဳးရင္းနဲ႔ သယ္ယူစရိတ္ေတြလည္း ေဝးကုန္တာေပါ့။ သယ္ယူစရိတ္က တအားေဝးတဲ့အခါက် ေတာ့ ဝါးဖိုး နဲ႔ ကားခနဲ႔ဆိုရင္ ကြၽန္ေတာ္ထင္တယ္ ကားခက ပိုေဈးႀကီးေနတယ္။ အဲဒါေၾကာင့္လည္း ေဈးတက္တာလည္း ပါတာေပါ့ ” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိအခ်ိန္တြင္ သယ္ယူပို႔ေဆာင္ခႏွင့္ လုပ္အားခ ေဈးတက္ျခင္းတို႔ေၾကာင့္ ဝါးတစ္လုံးတန္ဖိုးလွ်င္ ေငြက်ပ္ (၁၅၀ဝ) မွ (၂၅၀ဝ) ဝန္းက်င္ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.