မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ

 118

စော (NP News) - အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့သော်လည်း ထပ်မံ စမ်းသပ်သုတေသနလုပ်ပြီး အတည်ပြုရန် လိုအပ်နေသေးကြောင်း တိရစ္ဆာန်မျိုးစိတ်များကို သုတေသနစာတမ်းပြုစုသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်သည် ယခင်က တရုတ်နိုင်ငံ၊ ယူနန်ခရိုင်တွင်နေထိုင်ကျက် စားသည်ဟု မှတ်ယူဖော်ထုတ်ခဲ့ကြကာ ယခုအချိန်တွင် မြန်မာနိုင်ငံတွင် တွေ့ရနိုင်ကြောင်း စာတမ်းရေး သားတင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

“ ဟိုးအရင်တုန်းက သုံးခဲ့တဲ့ဟာတွေကို နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ထပ်ပြီးတော့ စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါမှာ သူတို့ရှာတွေ့ခဲ့တဲ့ဖမ်းသွားတဲ့မျိုးစိတ်တွေက ကျွန်တော်တို့ရေးထား တဲ့ အတိုင်းပဲ Caudornatus မျိုးစိတ်ဖြစ်နေတယ်။ မျိုးစိတ်နဲ့ DNA နဲ့ သွားပြီးတော့ တူတယ်ပေါ့နော်။ တူတဲ့အခါမှ အရင်တုန်းကတော့ ဒီ Caudornatus က တရုတ်နိုင်ငံမှာပဲရှိတယ်ပေါ့နော်။ ဒီစာတမ်း ရေးပြီးတော့ ဒီမျိုးစိတ်က မြန်မာနိုင်ငံမှာလည်း ရှိတယ်ဆိုပြီးတော့ သူတို့သက်သေပြနိုင်လိုက် တယ်ပေါ့နော်။အဲဒီအကောင်တွေကို သုံးပြီးတော့ပေါ့ ” ဟု ၎င်းက ပြောသည်။

အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းနှင့် ကချင် ပြည် နယ်တို့တွင် တွေ့ရနိုင်ကြောင်း သတ်မှတ်ထားကာ စမ်းသပ်မှုမပြုရသေးသည့်အတွက် အခြားဒေသများ တွင်လည်း တွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ်ပြောသည်။

“ ဒီအကောင်(မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်)က အခြားမျိုးကွဲတွေထက်စာရင် နည်းနည်းလေး တော့ ပိုပြီးတော့ရှားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခြားမျိုးကွဲတွေကတော့ မြန်မာနိုင်ငံမှာ တော်တော်လေးတွေ့ရတယ်။ ဒီကောင်တွေကကျတော့ အခုမှပဲ ဒီစာတမ်းထုတ်ပြီးမှပဲ ဒီမျိုးစိတ်က caudornat ကျဆိုတာ သက်သေပြနိုင်တယ်။ ပြီး တော့ နောက်တစ်ခုက ဒီကောင်တွေကို ကျွန်တော်တို့ စမ်းသပ်ဖို့လိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပျံနှံမှုက ဘယ်လောက်ထိပျံနှံနေလဲဆိုလဲ သေချာမသိရသေးဘူး ” ဟု ၎င်းကဆက်လက် ပြောသည်။

အဆိုပါ မြွေစိမ်းမြီးခြောက်၏ ပုံပန်းသဏ္ဍာန် မှာ ခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အစိမ်းရင့် ရောင်၊ နှုတ်ခမ်းတစ်ဝိုက်တွင် အစိမ်းဖျော့ရောင်၊ ဝမ်းဗိုက်တွင် စိမ်းဝါရောင်ရှိပြီး ကျောဖက်ကြေးခွံများ၏ ပထမဆုံး လိုင်းတွင် ခပ်ဖျော့ဖျော့ စိမ်းဝါရောင်လိုင်းရှိကြောင်းသိရသည်။

ထို့ပြင် အမြီးမှာ အနီရောင်ဖြစ်၍ လိုင်း အဖြောင့်သဏ္ဍာန်အပေါ်ပိုင်းတွင် ရှိပြီး အမြှီးအောက်ပိုင်း တွင် အနီရောင်လိုင်းပါးပါးလေးရှိပြီး မျက်လုံးမှာ ရွှေဝါရောင်ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် အခြားမျိုးစိတ်များကိုလည်း နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းကာ စာတမ်းများရေးသားရန် ရှိနေသေးကြောင်း သိရသည်။

zawgyi version
ျမန္မာတြင္ ရွားပါး ေႁမြစိမ္းၿမီးေျခာက္ မ်ိဳးစိတ္တစ္မ်ိဳးကို စာတမ္းျပဳစုႏိုင္ခဲ့ၿပီး စမ္းသပ္အတည္ျပဳရန္ လိုအပ္ေန
ေစာ (NP News) - ေအာက္တိုဘာ ၂၅

ျမန္မာႏိုင္ငံတြင္ ရွားပါး ေႁမြစိမ္းၿမီးေျခာက္ မ်ိဳးစိတ္တစ္မ်ိဳးကို စာတမ္းျပဳစုႏိုင္ခဲ့ေသာ္လည္း ထပ္မံ စမ္းသပ္သုေတသနလုပ္ၿပီး အတည္ျပဳရန္ လိုအပ္ေနေသးေၾကာင္း တိရစာၦန္မ်ိဳးစိတ္မ်ားကို သုေတသနစာတမ္းျပဳစုသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေႁမြစိမ္းၿမီးေျခာက္မ်ိဳးစိတ္သည္ ယခင္က တ႐ုတ္ႏိုင္ငံ၊ ယူနန္ခ႐ိုင္တြင္ေနထိုင္က်က္ စားသည္ဟု မွတ္ယူေဖာ္ထုတ္ခဲ့ၾကကာ ယခုအခ်ိန္တြင္ ျမန္မာႏိုင္ငံတြင္ ေတြ႕ရႏိုင္ေၾကာင္း စာတမ္းေရး သားတင္ျပႏိုင္ခဲ့ျခင္းျဖစ္သည္။

“ ဟိုးအရင္တုန္းက သုံးခဲ့တဲ့ဟာေတြကို ေနာက္ပိုင္းမွာ သိပၸံပညာရွင္ေတြက ထပ္ၿပီးေတာ့ စမ္းသပ္တယ္။ စမ္းသပ္တဲ့အခါမွာ သူတို႔ရွာေတြ႕ခဲ့တဲ့ဖမ္းသြားတဲ့မ်ိဳးစိတ္ေတြက ကြၽန္ေတာ္တို႔ေရးထား တဲ့ အတိုင္းပဲ Caudornatus မ်ိဳးစိတ္ျဖစ္ေနတယ္။ မ်ိဳးစိတ္နဲ႔ DNA နဲ႔ သြားၿပီးေတာ့ တူတယ္ေပါ့ေနာ္။ တူတဲ့အခါမွ အရင္တုန္းကေတာ့ ဒီ Caudornatus က တ႐ုတ္ႏိုင္ငံမွာပဲရွိတယ္ေပါ့ေနာ္။ ဒီစာတမ္း ေရးၿပီးေတာ့ ဒီမ်ိဳးစိတ္က ျမန္မာႏိုင္ငံမွာလည္း ရွိတယ္ဆိုၿပီးေတာ့ သူတို႔သက္ေသျပႏိုင္လိုက္ တယ္ေပါ့ေနာ္။အဲဒီအေကာင္ေတြကို သုံးၿပီးေတာ့ေပါ့ ” ဟု ၎က ေျပာသည္။

အဆိုပါ ေႁမြစိမ္းၿမီးေျခာက္မ်ိဳးစိတ္ကို စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း အထက္ပိုင္းႏွင့္ ကခ်င္ ျပည္ နယ္တို႔တြင္ ေတြ႕ရႏိုင္ေၾကာင္း သတ္မွတ္ထားကာ စမ္းသပ္မႈမျပဳရေသးသည့္အတြက္ အျခားေဒသမ်ား တြင္လည္း ေတြ႕ရႏိုင္ေၾကာင္း ၎ကသုံးသပ္ေျပာသည္။

“ ဒီအေကာင္(ေႁမြစိမ္းၿမီးေျခာက္မ်ိဳးစိတ္သစ္)က အျခားမ်ိဳးကြဲေတြထက္စာရင္ နည္းနည္းေလး ေတာ့ ပိုၿပီးေတာ့ရွားတယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အျခားမ်ိဳးကြဲေတြကေတာ့ ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္ေလးေတြ႕ရတယ္။ ဒီေကာင္ေတြကက်ေတာ့ အခုမွပဲ ဒီစာတမ္းထုတ္ၿပီးမွပဲ ဒီမ်ိဳးစိတ္က caudornat က်ဆိုတာ သက္ေသျပႏိုင္တယ္။ ၿပီး ေတာ့ ေနာက္တစ္ခုက ဒီေကာင္ေတြကို ကြၽန္ေတာ္တို႔ စမ္းသပ္ဖို႔လိုေသးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ရဲ႕ ပ်ံႏွံမႈက ဘယ္ေလာက္ထိပ်ံႏွံေနလဲဆိုလဲ ေသခ်ာမသိရေသးဘူး ” ဟု ၎ကဆက္လက္ ေျပာသည္။

အဆိုပါ ေႁမြစိမ္းၿမီးေျခာက္၏ ပုံပန္းသ႑ာန္ မွာ ေခါင္းႏွင့္ ခႏၶာကိုယ္အေပၚပိုင္းတြင္ အစိမ္းရင့္ ေရာင္၊ ႏႈတ္ခမ္းတစ္ဝိုက္တြင္ အစိမ္းေဖ်ာ့ေရာင္၊ ဝမ္းဗိုက္တြင္ စိမ္းဝါေရာင္ရွိၿပီး ေက်ာဖက္ေၾကးခြံမ်ား၏ ပထမဆုံး လိုင္းတြင္ ခပ္ေဖ်ာ့ေဖ်ာ့ စိမ္းဝါေရာင္လိုင္းရွိေၾကာင္းသိရသည္။

ထို႔ျပင္ အၿမီးမွာ အနီေရာင္ျဖစ္၍ လိုင္း အေျဖာင့္သ႑ာန္အေပၚပိုင္းတြင္ ရွိၿပီး အျမႇီးေအာက္ပိုင္း တြင္ အနီေရာင္လိုင္းပါးပါးေလးရွိၿပီး မ်က္လုံးမွာ ေ႐ႊဝါေရာင္ျဖစ္ေၾကာင္း သိရသည္။ ေနာက္ပိုင္းတြင္ အျခားမ်ိဳးစိတ္မ်ားကိုလည္း ႏိုင္ငံျခားမွ ပညာရွင္မ်ားႏွင့္ ပူးေပါင္းကာ စာတမ္းမ်ားေရးသားရန္ ရွိေနေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.