လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ  ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
                        
                            
                             
 4750
 
                             
                            
                            
                         
                        
နာမူ (NP News) - အောက်တိုဘာ ၂၄ 
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ  ကိုရင် (၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ 
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) ည ၉ နာရီခွဲခန့်က လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ဝါးရုံတောကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဦးဇင်းတွေကိုမေးတော့ ဟင်းပေါင်းကနေဖြစ်တာ၊ ဖြစ်တာတော့ ကိုရင်တွေဖြစ်တာ၊  စာသင်သားတွေဖြစ်မယ် ထင်တယ်၊ အမြဲဝတ် ကိုရင်တွေ၊ အသက်တွေကတော့ ၁၈ အောက် ၊ ၂၀ အောက်တွေ” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ 
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့် စာသင်သား ကိုရင် (၁၆) ပါးနှင့် ဘုန်းကြီးကျောင်းသား (၁) ဦးတို့မှာ ဝါးရုံတောကျောင်းတိုက်မှ ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့သည့် ကိုရင်များနှင့် ကျောင်းသားအား လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အပါအဝင် ဒေသတွင်းပရဟိတအသင်းများက ပူးပေါင်းကာ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းလည်း သိရသည်။
                     
                        
                                                                    
zawgyi version
လွည္းကူးၿမိဳ႕နယ္တြင္ ဟင္းေပါင္းစားရာမွ  ကိုရင္(၁၆)ပါးႏွင့္ ဘုန္းႀကီးေက်ာင္းသား(၁)ဦးတို႔ အစာအဆိပ္သင့္မႈျဖစ္ပြား
နာမူ (NP News) - ေအာက္တိုဘာ ၂၄ 
ရန္ကုန္တိုင္းေဒသႀကီး ၊ လွည္းကူးၿမိဳ႕နယ္တြင္ ဟင္းေပါင္းစားရာမွ  ကိုရင္ (၁၆)ပါးႏွင့္ ဘုန္းႀကီးေက်ာင္းသား(၁)ဦးတို႔ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း လွည္းကူးၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ထံမွ သိရသည္။ 
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာ ၂၃ ရက္) ည ၉ နာရီခြဲခန႔္က လွည္းကူးၿမိဳ႕နယ္၊ ျပည္ေတာ္သာရပ္ကြက္၊ ဝါး႐ုံေတာေက်ာင္းတိုက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ဦးဇင္းေတြကိုေမးေတာ့ ဟင္းေပါင္းကေနျဖစ္တာ၊ ျဖစ္တာေတာ့ ကိုရင္ေတြျဖစ္တာ၊  စာသင္သားေတြျဖစ္မယ္ ထင္တယ္၊ အၿမဲဝတ္ ကိုရင္ေတြ၊ အသက္ေတြကေတာ့ ၁၈ ေအာက္ ၊ ၂၀ ေအာက္ေတြ” ဟု လွည္းကူးၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။ 
အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့သည့္ စာသင္သား ကိုရင္ (၁၆) ပါးႏွင့္ ဘုန္းႀကီးေက်ာင္းသား (၁) ဦးတို႔မွာ ဝါး႐ုံေတာေက်ာင္းတိုက္မွ ျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ အစာအဆိပ္ သင့္မႈျဖစ္ပြားခဲ့သည့္ ကိုရင္မ်ားႏွင့္ ေက်ာင္းသားအား လွည္းကူးၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ အပါအဝင္ ေဒသတြင္းပရဟိတအသင္းမ်ားက ပူးေပါင္းကာ လွည္းကူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ျပန္လည္ သက္သာလာၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။