အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု

 162

ရောင်နီ (NP News) - အောက်တိုဘာ ၂၅

ပရိသတ်တွေ စောင့်မျှော်ခဲ့ရတဲ့ Spider-Man 4 ဇာတ်ကားကို လာမယ့်နှစ် ၂ဝ၂၅ ခုနှစ်၊ နွေရာသီမှာ စတင်ရိုက်ကူးမယ်လို့ Spider Man မင်းသား တွမ်ဟော်လန်က ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် မင်းသား တွမ်ဟော်လန်ဟာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က "Spider-Man: No Way Home" ဇာတ်ကား နောက်ဆုံးထွက်ရှိခဲ့ပါတယ်။ မကြာသေးမီက The Tonight Show မှာ အစီအစဉ်မှူးဖြစ်တဲ့ ဂျင်မီဖာလန်က အဆိုပါရုပ်ရှင်နဲ့ ပတ်သက်ပြီး ဟော်လန်ကို မေးမြန်းခဲ့ရာမှာ သူက "ဟုတ်ပါတယ်၊ နောက်နှစ်နွေရာသီ ကျွန်တော်တို့ ရိုက်ကူးဖို့ရှိပါတယ်၊ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်၊ ကျွန်တော် မစောင့်နိုင်တော့ပါဘူး" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Spider Man 4 ကို Shang-Chi And The Legend of the Ten Rings ရုပ်ရှင်ဒါရိုက်တာ ဒက်စတင်ဒယ်နီရယ်ခရီတန်က ရိုက်ကူးမှာဖြစ်ပြီး Spider Man (ပီတာ)အဖြစ် - ဟော်လန်နဲ့ မစ်ချယ်ဂျုံးဝတ်ဆွန်အဖြစ် ချစ်သူ ဇန်ဒါရာတို့က အသီးသီး ပြန်လည်သရုပ် ဆောင်ကြမှာ ဖြစ်ပါတယ်။

zawgyi version
အေမရိကန္ မင္းသား တြမ္ေဟာ္လန္က Spider-Man 4 ကို ၂ဝ၂၅ ခုႏွစ္မွာ စတင္႐ိုက္ကူးမယ္လို႔ အတည္ျပဳ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၅

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ Spider-Man 4 ဇာတ္ကားကို လာမယ့္ႏွစ္ ၂ဝ၂၅ ခုႏွစ္၊ ေႏြရာသီမွာ စတင္႐ိုက္ကူးမယ္လို႔ Spider Man မင္းသား တြမ္ေဟာ္လန္က ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ မင္းသား တြမ္ေဟာ္လန္ဟာ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္က "Spider-Man: No Way Home" ဇာတ္ကား ေနာက္ဆုံးထြက္ရွိခဲ့ပါတယ္။ မၾကာေသးမီက The Tonight Show မွာ အစီအစဥ္မႉးျဖစ္တဲ့ ဂ်င္မီဖာလန္က အဆိုပါ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ေဟာ္လန္ကို ေမးျမန္းခဲ့ရာမွာ သူက "ဟုတ္ပါတယ္၊ ေနာက္ႏွစ္ေႏြရာသီ ကြၽန္ေတာ္တို႔ ႐ိုက္ကူးဖို႔ရွိပါတယ္၊ အားလုံးက အဆင္သင့္ျဖစ္ေနပါၿပီ၊ အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္၊ ကြၽန္ေတာ္ မေစာင့္ႏိုင္ေတာ့ပါဘူး" လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Spider Man 4 ကို Shang-Chi And The Legend of the Ten Rings ႐ုပ္ရွင္ဒါ႐ိုက္တာ ဒက္စတင္ဒယ္နီရယ္ခရီတန္က ႐ိုက္ကူးမွာျဖစ္ၿပီး Spider Man (ပီတာ)အျဖစ္ - ေဟာ္လန္နဲ႔ မစ္ခ်ယ္ဂ်ဳံးဝတ္ဆြန္အျဖစ္ ခ်စ္သူ ဇန္ဒါရာတို႔က အသီးသီး ျပန္လည္သ႐ုပ္ ေဆာင္ၾကမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.