ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်

 5779

သန့်ဇင်(NP News) - အောက်တိုဘာ ၂၅

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်းဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့(အောက်တိုဘာ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဒေါက်တာနေစိုးမောင်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ (အောက်တိုဘာ ၂၃ ရက်)တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။
ဦးသန်းရွှေ၏သားမက်ဟောင်း၊ ‌နေရွှေသွေးအောင်၏ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ၎င်းအား အောက် တိုဘာ ၂၃ရက်၊ ညနေ ၆နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီး ထိန်း သိမ်းကာ အမှုဖွင့်လှစ်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းကို ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)တို့ဖြင့် အရေးယူခံရနိုင်ကြောင်း နစကဘက်က အသိပေးထုတ်ပြန်ခဲ့ဖူးသည်။ ထို့ပြင် ၎င်းပြစ်မှုများနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်း ဆည်းခံရနိုင်ကြောင်း အသိပေးသတင်းထုတ်ပြန်ခဲ့ဖူးသည်။

သို့သော် ဒေါက်တာနေစိုးမောင်ကို မည်သည့်ပုဒ်မဖြင့် အရေးယူဖမ်းဆီးထားကြောင်း နစကဘက်မှတစ်စုံတရာ တိတိကျကျထုတ်ပြန် ခြင်းမျိုးမတွေ့ရပေ။

အလားတူ ၂၀၂၃ ခုနှစ် ‌အောက်တိုဘာ ၂၈ ရက်ကလည်း ပြန်ကြားရေးဒုတိယဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးဦးရဲထွဋ်ကိုလည်း ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ)တို့ ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့ဖူးသည်။

zawgyi version
ဗိုလ္ခ်ဳပ္မႉးႀကီး(ၿငိမ္း) ဦးသန္းေ႐ႊ၏ သားမက္ေဟာင္း ေဒါက္တာေနစိုးေမာင္ကို နစက ဖမ္းဆီးအမႈဖြင့္
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၂၅

ဗိုလ္ခ်ဳပ္မႉးႀကီး(ၿငိမ္း) ဦးသန္းေ႐ႊ၏ သားမက္ေဟာင္းျဖစ္သူ ေဒါက္တာေနစိုးေမာင္ကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။ ေဒါက္တာေနစိုးေမာင္ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္းႏွင့္ပတ္သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ယမန္ေန႔(ေအာက္တိုဘာ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ေဒါက္တာေနစိုးေမာင္သည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ (ေအာက္တိုဘာ ၂၃ ရက္)တြင္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ရည္႐ြယ္ကာ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ားျပဳမူလုပ္ေဆာင္ခဲ့သျဖင့္ ဖမ္းဆီးထိန္းသိမ္းျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။
ဦးသန္းေ႐ႊ၏သားမက္ေဟာင္း၊ ‌ေနေ႐ႊေသြးေအာင္၏ဖခင္ျဖစ္သူ ေဒါက္တာေနစိုးေမာင္သည္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ေနထိုင္သူျဖစ္ၿပီး ၎အား ေအာက္ တိုဘာ ၂၃ရက္၊ ညေန ၆နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း၌ ဖမ္းဆီး ထိန္း သိမ္းကာ အမႈဖြင့္လွစ္အေရးယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကိုပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ားျဖစ္ေပၚေစၿပီး လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းကို ျပဳလုပ္ပါက အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂ (က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-ကႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃ (က)တို႔ျဖင့္ အေရးယူခံရႏိုင္ေၾကာင္း နစကဘက္က အသိေပးထုတ္ျပန္ခဲ့ဖူးသည္။ ထို႔ျပင္ ၎ျပစ္မႈမ်ားႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ သိမ္းဆည္းခံရႏိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္း ဆည္းခံရႏိုင္ေၾကာင္း အသိေပးသတင္းထုတ္ျပန္ခဲ့ဖူးသည္။

သို႔ေသာ္ ေဒါက္တာေနစိုးေမာင္ကို မည္သည့္ပုဒ္မျဖင့္ အေရးယူဖမ္းဆီးထားေၾကာင္း နစကဘက္မွတစ္စုံတရာ တိတိက်က်ထုတ္ျပန္ ျခင္းမ်ိဳးမေတြ႕ရေပ။

အလားတူ ၂၀၂၃ ခုႏွစ္ ‌ေအာက္တိုဘာ ၂၈ ရက္ကလည္း ျပန္ၾကားေရးဒုတိယဝန္ႀကီးေဟာင္း အၿငိမ္းစားဒုဗိုလ္မႉးႀကီးဦးရဲထြဋ္ကိုလည္း ပုဒ္မ ၅၀၅(က)၊ ပုဒ္မ ၁၂၄(ဃ)တို႔ ဖမ္းဆီးအေရးယူၿပီး ေထာင္ဒဏ္(၁၀)ႏွစ္ ခ်မွတ္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.