ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)

 149

ဒေါက်တာလွင်သန့် (NP News) - အောက်တိုဘာ ၂၅

ကူးစက်တတ်သောရောဂါများသည်မျက်စိဖြင့်မမြင်နိုင်သော ရောဂါပိုးမွှားများကိုယ်ထဲဝင်ရောက်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါပိုးများမဝင်ရောက်အောင်ကာကွယ်လိုလျှင် ကလေးဘဝကာကွယ်ဆေးများစုံလင်အောင်ထိုးထားသင့်တယ်။ ရောဂါပိုးများကူးစက်ပျံ့နှံ့မှုကို ဦးစွာသိထားရန်လိုသည်။ ရောဂါများသည် နည်းအမျိုးမျိုးနှင့်ကူးစက်စေသည်။

အအေးမိ၊ နှာစေး၊ ချောင်ဆိုး၊ လည်ချောင်းနာခြင်း နှင့် ပါးချိတ်ရောင်ရောဂါတို့ကိုဖြစ်စေသော ရောဂါပိုးမွှားများသည် လေထဲမှတစ်ဆင့် ပျံ့ပွားနိုင်ပါသည်။ ရောဂါရသူချောင်းဆိုးလျှင်၊ စကားပြောလျှင်ပင် ရောဂါပိုးမွှားများလေထဲသို့ပျံ့လွင့်ပြီး အခြားသူထံရောက်သွားနိုင်သည်။ အရေပြားပေါ်၌ဖြစ်စေတတ်သောရောဂါများမှာ မျက်နှာသုတ်ပဝါ၊အဝတ်အစားတို့ကို ရောနှောသုံးစွဲလျှင်လည်း ကူးစက်တတ်သည်။ ဝမ်းနှင့်ပက်သက်သောရောဂါများမှာမူ မသန့်ရှင်းသောလက်များဖြင့် အစားအသောက်များကို ကိုင်တွယ်ချက် ပြုတ်ရာမှဖြစ်တတ်သည်။ ဝမ်းသွားပြီးတိုင်း လက်ကိုရေ၊ ဆပ်ပြာ နှင့် စက္ကန့်(၂၀)ကြာပွတ်တိုက်ဆေးကြောသင့်သည်။ လက်မှာ ပြည်တည်နာ(ဝဲ)များပေါက်နေသည်ကို ဂရုမစိုက်ပဲအစားအသောက်ကိုကိုင်တွယ်လျှင် ရောဂါပိုးများသည် အစားအသောက်မှတစ်ဆင့်ကိုယ်ထဲသို့ဝင်နိုင်သည်။ ခြင်၊ ယင်၊ ကြွက်၊ သန်းတို့ကလည်း ရောဂါရနိုင်သည်။ ရောဂါပိုးများကိုသယ်ဆောင်၍ လူကိုကိုက်ခြင်း၊ အစာပေါ်နားခြင်းဖြင့် ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေတတ်ပါသည်။

ယခုအခါ ကူးစက်တတ်သောရောဂါများကို ကာကွယ်တားဆီးပေးမည့်ကာကွယ်ဆေးအမျိုးမျိုးကလေးဘဝတွင် ပြည့်စုံစွာထိုးနှံပေးနေပါသည်။ အသက်(၂)လ၊(၄)လ နှင့် (၆)လတို့တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်ဘီကာကွယ်ဆေး၊ ဦး နှောက်အမြှေးရောင်ရောဂါကာကွယ်‌ဆေးစတဲ့ဆေးငါးမျိုးပါ (Pantavalid) ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ အသက်(၂)လနှင့်(၁)နှစ်သားတွင် အဆုတ်တီဘီကာကွယ်ဆေး(BCG) ထိုးနှံပေးပါသည်။ ကလေးအသက်(၉)လနှင့် အသက်(၁၈)လတို့တွင် ဝက်သက်(measles) ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ အသက်(၅-၁၄)နှစ်တွင်ဝက်သက်နှင့် ဂျိုင့်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးသည်။ အမျိုးသမီးငယ်များအသက်(၈ နှစ် နှင့် ၁၂ နှစ်)တွင်သားအိမ်ခေါင်ကာကွယ်ဆေးနှစ်ကြိမ်၊ တစ်လခြားကာထိုးနှံစေသည်။ ကလေးအသက် (၅-၁၈)ခုနှစ်မှာကိုဗစ်(၁၉)ကာကွယ်ဆေး(၂)ကြိမ်၊ ထပ်ဆင်မြင့်ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံစေပါတယ်။ ကလေးအသက်(၅)လမှာ အသက်ရှူလမ်းကြောင်းရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ရိုတာဗိုင်းရပ်(Rota virus)ဝမ်းလျှောကာကွယ်ဆေးပါးစပ်မှ ကျွေးပါသည်။

ကလေးအအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါဖြစ်နိုင်ပါတယ်။ အအေးမမိအောင်၊နှာမစေးအောင်၊ ယနေ့ထိမည်သူမျှအောင်အောင်မြင်မြင်၊ မကာကွယ်နိုင်သေးပေ။ နို့တိုက်မိခင်သည် နှာစေး၊ ချောင်းဆိုးနေလျှင် နို့စို့ကလေးကိုလည်း ကူးစက်မည်မှာအမှန်ဖြစ်တယ်။ မိခင်အနေဖြင့် နှာခေါင်းပါးစပ်ကိုနှာခေါင်းစည်းစည်းပြီးမှ ကလေးငယ်ကိုနို့တိုက်ခြင်း၊ ရေချိုးပေးခြင်းနှင့်အဝတ်အစားလဲပေးခြင်း၊ ဖြည့်စွက်စာကျွေးခြင်းတို့ပြုလုပ်ပါကအဆိုပါကလေး ရောဂါပိုးမဝင်အောင်ကာကွယ်နိုင်ပါတယ်။ နှာစေးအအေးမိသောအခြားသူများကိုလည်း ကိုယ့်ကလေးငယ်နှင့်ဝေးဝေးနေသင့်တယ်။ ထို့သို့ဖြစ်နေသူများသည်၊ကလေးငယ်ကို ချီးမြှောက်မြှုဆွယ်ခြင်း၊ နမ်းရှုပ်ခြင်းလုံးဝမပြုသင့်ပါဘူး။

သတိပြုရန်မှာ မွေးစကလေးငယ်များမှလွဲ၍၊ အခြားသောကလေးငယ်များကိုအအေးမမိအောင်၊ နှာမစေးအောင်၊ အထူးဂရုစိုက်ကာကွယ်ပေးရန်မလိုပေ။ ကလေးများ သည် အသက်(၆-၇)နှစ်အရွယ်တွင် အအေးမိခြင်းကာကွယ်နိုင်ပါတယ်။ ရာသီအလိုက်သင့်တော်သော အဝတ်အစားများကို ဝတ်ဆင်စေချင်တယ်။ ကလေးအား အအေးမမိအောင်အပြင်မထွက်ရ၊ မကစားရစသည်ဖြင့် တားမြစ်ခြင်းမှာအကျိုးမရှိပေ။ တုပ်ကွေးသည်မိုးဦးကျရာသီတွင် အဖြစ်များပြီး တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးနှံပေးခြင်းဖြင့် ကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါငါးမျိုးကို တစ်ပြိုင်တည်းကာကွယ်ပေးနိုင်သော ကာကွယ်ဆေးကိုထိုးနှံပေးနိုင်ပါတယ်။ အဆိုပါရောဂါများသည် ကလေးငယ်အတွက် အလွန်အခံရခက်သောဝေဒနာဆိုးများဖြစ်ပြီး ကလေးငယ်သေနိုင်သည်ထိ ဖြစ်တတ်ပါတယ်။ ကလေးတိုင်းမပျက်မကွက်ထိုးနှံသင့်တယ်။

ဆုံဆို့နာသည်ရောဂါပိုးဝင်ရောက်ပြီး(၇-၁၂)ရက်ကြာပြီးမှ ရောဂါလက္ခဏာများပေါ်လာတတ်ပါတယ်။ ဆုံဆို့နာဖြစ်သောကလေးငယ်နှင့်ထိတွေ့ရသော အခြားကလေးများကို ရောဂါနှင့် ထိတွေ့စတစ်ရက်နှစ်ရက်အတွင်း ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါလက္ခဏာများမပေါ်လာအောင်ကာကွယ်တားဆီးပေးနိုင်သည်။ ကြက်ညှာချောင်းဆိုးများသည် ရောဂါပိုးဝင်ပြီး (၇)ရက်ကြာမှရောဂါလက္ခဏာများပေါ်လာပါတယ်။ (၄-၅)ပတ်ထိအခြားသူများကိုကူးစက်နိုင်ပါတယ်။ သီးသန့်ခန်းတွင် သီခြားကုသမှုခံယူသင့်ပါတယ်။ အသည်းရောင်ဘီက အသည်းကင်ဆာဖြစ်စေပါတယ်။ အသည်းရောင်ဘီရောဂါရှိမိခင်မှကလေးကိုနို့တိုက်မိခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ သွေးသွင်းကုသမှုများ၊ မသန့်သောဆေးထိုအပ်များမှာလည်း ကူးစက်နိုင်ပါတယ်။

ဦးနှောက်အမြှေးရောင်ရောဂါမှာ မိုးအကုန်ဆောင်းရာသီဝင်ကာစတွင် အကူးစက်နိုင်ဆုံးဖြစ်ကာ ရောဂါဖြစ်သောလူကြီးမှတစ်ဆင့်ကလေးငယ်ကို လေမှတစ်ဆင့်ကူးစက်စေပါတယ်။ ဒါကြောင့်ဆေးငါးမျိုးပါ(Pantavalid)ထိုးနှံသင့်ပါတယ်။ အသက်(၂)လ၊(၄)လနဲ့ (၆)လအရွယ်တို့တွင် သက်ဆိုင်ရာဒေသန္တရဆေးခန်းများ၌စားရင်းပေးကာထိုးနှံနိုင်ပါတယ်။ ဝက်သက်(measles)ရောဂါကိုလည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင် ပါတယ်။ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့်(၉၀%)ကာကွယ်နိုင်တယ်။ ဝက်သက်ကာကွယ် ဆေးထိုးပြီး (၂၄)နာရီမှ(၆)ရက်ကြာတဲ့အထိ အဖျားတက်တတ်တယ်။ ဝက်သက်ရောဂါ သည် ကလေးငယ်များတွင်ဖြစ်လျှင် ပြင်းထန်တတ်သဖြင့်ကာကွယ်ဆေးကိုကြိုတင်ထိုးနှံသင့်ပါတယ်။ အသက်(၉)လနှင့်(၁၈)လတို့မှာ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံသင့်ပါတယ်။

ရေကျောက်ကိုမူ ကာကွယ်ဆေးဖြင့်မကာကွယ်နိုင်သေးပါ။ ကလေးငယ်များတွင်ရေကျောက်(Chicken pox)မှာ ကြီးကျယ်သောရောဂါမဟုတ်သဖြင့် ကလေးမချူချာလျှင်အထူးကာကွယ်ရန်မလိုအပ်ပါ။ သို့သော်ရေကျောက်မကူးရအောင် မိသားစုတွင်ကလေးတစ်ယောက်ရေကျောက်ပေါက်လျှင် ကျန်းကလေးလေးပုံသုံးပုံမှာ ကူးစက်သွားလေ့ရှိသည်။ ပါးချိတ်ရောင်ခြင်းဖြစ်နိုင်တယ်။ ကလေးအသက်(၅-၁၄)နှစ်တွင် ဝက်သက်နှင့်ဂျိုင့်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးပါတယ်။ ပါးချိတ်ရောင်(Mumps)(သို့)ဂျိုင့်သိုးရောဂါ သည် ကူးစက်တတ်သော်လည်း အိမ်မှာပင်ပြုစုထားနိုင်ပါတယ်။ ကလေး(၅)‌ယောက်အနက်(၁)ယောက်တွင်သာ ရောဂါကူးစက်လေ့ရှိတယ်။‌ ယောကျာ်းလေးများတွင်ပါးချိတ်ရောင်ခြင်းသည်အသက်(၁၄)နှစ်ကျော်မှရောင်ခြင်းထက်ပို၍ အန္တရာယ်ကင်းသည်။အရွယ် ရောက်ကာစ ပါးချိတ်ရောင်ခြင်း(Mumps)ဖြစ်လျှင် ဝှေးစေ့ပါရောင်ရမ်းမိသွားတတ်ပါသတယ်။ ပါးချိတ်ရောင်ပြီးပါက တစ်သက်လုံးရောဂါကာကွယ်နိုင်စွမ်းရှိသဖြင့် နောက်ထပ်မဖြစ်နိုင်တော့ပါ။

ပိုလိယိုအကြောသေရောဂါ(Poliomylitis)သက္ကရာဇ်(၂၀၀၀)ပြည့်နှစ်တွင်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကင်းစင်သွားသော်လည်း မြန်မာနိုင်ငံဘူးသီးတောင်၊ မောင်တောမြို့နယ်များ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်နေဆဲရှိသဖြင့် ယနေ့တိုင်ကလေးဘဝကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းတွင်ပါဝင်နေမြဲဖြစ်ပါတယ်။ အကြောသေရောဂါဖြစ်သူကလေးများကို ကူးစက်ရောဂါကုဆေးရုံများတွင် သီးသန့်ထား၍ကုသရပါတယ်။ ရောဂါရပြီး (၁၄)ရက်ကြာတွင် မများမတတ်ပါဘူး။ အခြားသူများထံ ရောဂါကူးစက်နိုင်သောအခြေအနေမရှိဟု ယူဆရပါသည်။

အဆုတ်ရောဂါ(TB)သည် မြန်မာနိုင်ငံတွင် အလွန်အဖြစ်များသည်။ နေမှုအဆင့်အ တန်းနိမ့်ကျခြင်းကြောင့်သော်လည်းကောင်း၊ ၄င်းစီးပွားရေးနိမ့်ကျမှုကြောင့်သော်လည်း ကောင်းဖြစ်နိုင်ပါတယ်။ ရောဂါမဖြစ်ရန်ကာကွယ်နည်းများရှိပါတယ်။ ကလေးအသက်(၂) လ နှင့် (၁)နှစ်သားတွင် ဘီစီဂျီ(BCG)ထိုးနှံကာကွယ်နိုင်တယ်။ အခြားအသက်အပိုင်း အ ခြားတွင် ဘီစီဂျီ(BCG)ထိုးဆေးက အစွမ်းမပြနိုင်ပါ။ အဆုတ်(T.B)ရောဂါမှာ မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။ သို့သော်မိသားစုတွင် တီဘီဆေး(TB)ဆေးသောက်သူ၊ ဖြစ်နေသူရှိနေလျှင် ကလေးငယ်ကိုကူးစက်ရန်အလွယ်ကူဆုံးဖြစ်ပါတယ်။ ရောဂါရသောသူနှင့်တစ်ရင်းတစ်နှီးနေရင်သော်လည်းကောင်း၊ အဆုတ်တီဘီပိုးပါသောနွားနို့ကို မကျက်တကျက်(သို့)အစိမ်းအသောက်လျှင်သော်လည်းကောင်း၊ တီဘီရောဂါကူးစက်တတ်ပါတယ်။ နွားနို့ကိုကျက်အောင်ချက်ပြီးမှတိုက်သင့်ပါတယ်။ တီဘီ(TB)ကုသနေဆဲသူများနှင့်ဝေးဝေးထားသင့်ပါတယ်။ သို့ဆိုလျှင်တီဘီမဖြစ်နိုင်ပါ။

အသက်ရှူလမ်းကြောင်းရောဂါကာကွယ်ဆေးသည် အသက်(၅)လတွင် ထိုးနှံစေပြီး၊ ကလေးများဘဝအစ၊ အသေပျောက်ဆုံးရောဂါတွင်ပါဝင်သောကြောင့် ယခုအခါတစ်ကမ္ဘာလုံးထိုးနှံနေကြပြီ။ ပါးစပ်မှ ရိုတာဗိုင်းရပ်ကာကွယ်ဆေး(Rota virus) တိုက်ကျွေးကာဝမ်းလျှောဝမ်းပျက်ရောဂါမှလည်းကြိုတင်ကာကွယ်နိုင်ပြီဖြစ်ပါတယ်။

သားအိမ်ခေါင်ကင်ဆာသည် အိပ်ချ်ပီဗီ(HPV)ဗိုင်းရပ်(Human papilloima virus) ရောဂါကူးစက်ခံရသောကြောင့်ဖြစ်သည့် ကင်ဆာရောဂါဖြစ်သည်။အသက်ငယ်ငယ်ရွယ်ရွယ်နှင့်လက်ထပ်ခြင်း၊ ကလေးယူခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ မိမိ၏ခင်ပွန်းတွင်လိင်ဆက်ဆံဖော်များခြင်းတို့မှအိပ်ပီဗီ(HPv Human papilloma virus)ကူးစက်ကာသားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။ သားအိမ်ခေါင်းကာကွယ်ဆေးကို(၈-၁၂)ရွယ်အမျိုးသမီးငယ်များတစ်လခြားနှစ်ကြိမ်ထိုးနှံပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ(Ca.Cervix)မှကင်းဝေးစေပါတယ်။

ကိုဗစ်(၁၉)ဗိုင်းရပ်က(၂၀၁၉)ခုနှစ်ဒီဇင်ဘာလယ်က တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအသွင်ဖြစ်ပွါးခဲ့ရာ ယနေ့တိုင်အချို့ဒေသများတွင် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို အသက်(၅-၁၈)နှစ်တွင်ထိုးနှံပြီး၊(၁)လကြာလျှင်ဒုတိယအကြိမ် ထိုးနှံစေကာ(၆)လကြာလျှင်ပထမအကြိမ်ထပ်ဆင့်မြှင့်ထိုးဆေး၊နောက်(၆)လကြာလျှင်ဒုတိယအကြိမ်ထပ်ဆင့်မြင့်ထိုးနှံခြင်းများပြုလုပ်ပါက ကိုဗစ်ရောဂါဖြစ်နိုင်သော်ငြား၊ ဆေးရုံတတ်စရာမလို၊ အောက်စီဂျင်ရှူစရာမလို၊ မပြင်းထန်နိုင်ပါ။ ထို့ပြင် ကိုဗစ်စည်းမျဉ်းများဖြစ်သော နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေဆပ်ပြားတို့ဖြင့်စက္ကန့်(၂၀)ကြာပွတ်တိုက်ဆေးကြောခြင်းတို့က ကိုဗစ်(၁၉)(COVID-19)ကူးစက်နိုင်မှုလျော့ကျစေပါတယ်။ (၅-၁၈)နှစ်ကလေးတိုင်းကိုဗစ်ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။

zawgyi version
ကေလးဘဝကူးစက္တတ္ေသာေရာဂါမ်ား (က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ေအာက္တိုဘာ ၂၅

ကူးစက္တတ္ေသာေရာဂါမ်ားသည္မ်က္စိျဖင့္မျမင္ႏိုင္ေသာ ေရာဂါပိုးမႊားမ်ားကိုယ္ထဲဝင္ေရာက္ျခင္းေၾကာင့္ ျဖစ္ရပါသည္။ ဤေရာဂါပိုးမ်ားမဝင္ေရာက္ေအာင္ကာကြယ္လိုလွ်င္ ကေလးဘဝကာကြယ္ေဆးမ်ားစုံလင္ေအာင္ထိုးထားသင့္တယ္။ ေရာဂါပိုးမ်ားကူးစက္ပ်ံ႕ႏွံ႔မႈကို ဦးစြာသိထားရန္လိုသည္။ ေရာဂါမ်ားသည္ နည္းအမ်ိဳးမ်ိဳးႏွင့္ကူးစက္ေစသည္။

အေအးမိ၊ ႏွာေစး၊ ေခ်ာင္ဆိုး၊ လည္ေခ်ာင္းနာျခင္း ႏွင့္ ပါးခ်ိတ္ေရာင္ေရာဂါတို႔ကိုျဖစ္ေစေသာ ေရာဂါပိုးမႊားမ်ားသည္ ေလထဲမွတစ္ဆင့္ ပ်ံ႕ပြားႏိုင္ပါသည္။ ေရာဂါရသူေခ်ာင္းဆိုးလွ်င္၊ စကားေျပာလွ်င္ပင္ ေရာဂါပိုးမႊားမ်ားေလထဲသို႔ပ်ံ႕လြင့္ၿပီး အျခားသူထံေရာက္သြားႏိုင္သည္။ အေရျပားေပၚ၌ျဖစ္ေစတတ္ေသာေရာဂါမ်ားမွာ မ်က္ႏွာသုတ္ပဝါ၊အဝတ္အစားတို႔ကို ေရာေႏွာသုံးစြဲလွ်င္လည္း ကူးစက္တတ္သည္။ ဝမ္းႏွင့္ပက္သက္ေသာေရာဂါမ်ားမွာမူ မသန႔္ရွင္းေသာလက္မ်ားျဖင့္ အစားအေသာက္မ်ားကို ကိုင္တြယ္ခ်က္ ျပဳတ္ရာမွျဖစ္တတ္သည္။ ဝမ္းသြားၿပီးတိုင္း လက္ကိုေရ၊ ဆပ္ျပာ ႏွင့္ စကၠန႔္(၂၀)ၾကာပြတ္တိုက္ေဆးေၾကာသင့္သည္။ လက္မွာ ျပည္တည္နာ(ဝဲ)မ်ားေပါက္ေနသည္ကို ဂ႐ုမစိုက္ပဲအစားအေသာက္ကိုကိုင္တြယ္လွ်င္ ေရာဂါပိုးမ်ားသည္ အစားအေသာက္မွတစ္ဆင့္ကိုယ္ထဲသို႔ဝင္ႏိုင္သည္။ ျခင္၊ ယင္၊ ႂကြက္၊ သန္းတို႔ကလည္း ေရာဂါရႏိုင္သည္။ ေရာဂါပိုးမ်ားကိုသယ္ေဆာင္၍ လူကိုကိုက္ျခင္း၊ အစာေပၚနားျခင္းျဖင့္ ေရာဂါအမ်ိဳးမ်ိဳးကိုျဖစ္ေပၚေစတတ္ပါသည္။

ယခုအခါ ကူးစက္တတ္ေသာေရာဂါမ်ားကို ကာကြယ္တားဆီးေပးမည့္ကာကြယ္ေဆးအမ်ိဳးမ်ိဳးကေလးဘဝတြင္ ျပည့္စုံစြာထိုးႏွံေပးေနပါသည္။ အသက္(၂)လ၊(၄)လ ႏွင့္ (၆)လတို႔တြင္ ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္ကာကြယ္ေဆး၊ အသည္းေရာင္ဘီကာကြယ္ေဆး၊ ဦး ေႏွာက္အေျမႇးေရာင္ေရာဂါကာကြယ္‌ေဆးစတဲ့ေဆးငါးမ်ိဳးပါ (Pantavalid) ကာကြယ္ေဆးထိုးႏွံသင့္ပါတယ္။ အသက္(၂)လႏွင့္(၁)ႏွစ္သားတြင္ အဆုတ္တီဘီကာကြယ္ေဆး(BCG) ထိုးႏွံေပးပါသည္။ ကေလးအသက္(၉)လႏွင့္ အသက္(၁၈)လတို႔တြင္ ဝက္သက္(measles) ကာကြယ္ေဆးထိုးႏွံသင့္ပါတယ္။ အသက္(၅-၁၄)ႏွစ္တြင္ဝက္သက္ႏွင့္ ဂ်ိဳင့္သိုးေရာဂါကာကြယ္ေဆးထိုးႏွံေပးသည္။ အမ်ိဳးသမီးငယ္မ်ားအသက္(၈ ႏွစ္ ႏွင့္ ၁၂ ႏွစ္)တြင္သားအိမ္ေခါင္ကာကြယ္ေဆးႏွစ္ႀကိမ္၊ တစ္လျခားကာထိုးႏွံေစသည္။ ကေလးအသက္ (၅-၁၈)ခုႏွစ္မွာကိုဗစ္(၁၉)ကာကြယ္ေဆး(၂)ႀကိမ္၊ ထပ္ဆင္ျမင့္ကာကြယ္ေဆး(၂)ႀကိမ္ထိုးႏွံေစပါတယ္။ ကေလးအသက္(၅)လမွာ အသက္ရႉလမ္းေၾကာင္းေရာဂါကာကြယ္ေဆးထိုးႏွံျခင္းႏွင့္ ႐ိုတာဗိုင္းရပ္(Rota virus)ဝမ္းေလွ်ာကာကြယ္ေဆးပါးစပ္မွ ေကြၽးပါသည္။

ကေလးအေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးေရာဂါျဖစ္ႏိုင္ပါတယ္။ အေအးမမိေအာင္၊ႏွာမေစးေအာင္၊ ယေန႔ထိမည္သူမွ်ေအာင္ေအာင္ျမင္ျမင္၊ မကာကြယ္ႏိုင္ေသးေပ။ ႏို႔တိုက္မိခင္သည္ ႏွာေစး၊ ေခ်ာင္းဆိုးေနလွ်င္ ႏို႔စို႔ကေလးကိုလည္း ကူးစက္မည္မွာအမွန္ျဖစ္တယ္။ မိခင္အေနျဖင့္ ႏွာေခါင္းပါးစပ္ကိုႏွာေခါင္းစည္းစည္းၿပီးမွ ကေလးငယ္ကိုႏို႔တိုက္ျခင္း၊ ေရခ်ိဳးေပးျခင္းႏွင့္အဝတ္အစားလဲေပးျခင္း၊ ျဖည့္စြက္စာေကြၽးျခင္းတို႔ျပဳလုပ္ပါကအဆိုပါကေလး ေရာဂါပိုးမဝင္ေအာင္ကာကြယ္ႏိုင္ပါတယ္။ ႏွာေစးအေအးမိေသာအျခားသူမ်ားကိုလည္း ကိုယ့္ကေလးငယ္ႏွင့္ေဝးေဝးေနသင့္တယ္။ ထို႔သို႔ျဖစ္ေနသူမ်ားသည္၊ကေလးငယ္ကို ခ်ီးေျမႇာက္ျမႇဳဆြယ္ျခင္း၊ နမ္းရႈပ္ျခင္းလုံးဝမျပဳသင့္ပါဘူး။

သတိျပဳရန္မွာ ေမြးစကေလးငယ္မ်ားမွလြဲ၍၊ အျခားေသာကေလးငယ္မ်ားကိုအေအးမမိေအာင္၊ ႏွာမေစးေအာင္၊ အထူးဂ႐ုစိုက္ကာကြယ္ေပးရန္မလိုေပ။ ကေလးမ်ား သည္ အသက္(၆-၇)ႏွစ္အ႐ြယ္တြင္ အေအးမိျခင္းကာကြယ္ႏိုင္ပါတယ္။ ရာသီအလိုက္သင့္ေတာ္ေသာ အဝတ္အစားမ်ားကို ဝတ္ဆင္ေစခ်င္တယ္။ ကေလးအား အေအးမမိေအာင္အျပင္မထြက္ရ၊ မကစားရစသည္ျဖင့္ တားျမစ္ျခင္းမွာအက်ိဳးမရွိေပ။ တုပ္ေကြးသည္မိုးဦးက်ရာသီတြင္ အျဖစ္မ်ားၿပီး တုပ္ေကြးကာကြယ္ေဆးႏွစ္စဥ္ထိုးႏွံေပးျခင္းျဖင့္ ကာကြယ္ထားႏိုင္ၿပီျဖစ္ပါတယ္။ ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္၊ အသည္းေရာင္ဘီ၊ ဦးေႏွာက္အေျမႇးေရာင္ေရာဂါငါးမ်ိဳးကို တစ္ၿပိဳင္တည္းကာကြယ္ေပးႏိုင္ေသာ ကာကြယ္ေဆးကိုထိုးႏွံေပးႏိုင္ပါတယ္။ အဆိုပါေရာဂါမ်ားသည္ ကေလးငယ္အတြက္ အလြန္အခံရခက္ေသာေဝဒနာဆိုးမ်ားျဖစ္ၿပီး ကေလးငယ္ေသႏိုင္သည္ထိ ျဖစ္တတ္ပါတယ္။ ကေလးတိုင္းမပ်က္မကြက္ထိုးႏွံသင့္တယ္။

ဆုံဆို႔နာသည္ေရာဂါပိုးဝင္ေရာက္ၿပီး(၇-၁၂)ရက္ၾကာၿပီးမွ ေရာဂါလကၡဏာမ်ားေပၚလာတတ္ပါတယ္။ ဆုံဆို႔နာျဖစ္ေသာကေလးငယ္ႏွင့္ထိေတြ႕ရေသာ အျခားကေလးမ်ားကို ေရာဂါႏွင့္ ထိေတြ႕စတစ္ရက္ႏွစ္ရက္အတြင္း ကာကြယ္ေဆးထိုးေပးျခင္းျဖင့္ ေရာဂါလကၡဏာမ်ားမေပၚလာေအာင္ကာကြယ္တားဆီးေပးႏိုင္သည္။ ၾကက္ညႇာေခ်ာင္းဆိုးမ်ားသည္ ေရာဂါပိုးဝင္ၿပီး (၇)ရက္ၾကာမွေရာဂါလကၡဏာမ်ားေပၚလာပါတယ္။ (၄-၅)ပတ္ထိအျခားသူမ်ားကိုကူးစက္ႏိုင္ပါတယ္။ သီးသန႔္ခန္းတြင္ သီျခားကုသမႈခံယူသင့္ပါတယ္။ အသည္းေရာင္ဘီက အသည္းကင္ဆာျဖစ္ေစပါတယ္။ အသည္းေရာင္ဘီေရာဂါရွိမိခင္မွကေလးကိုႏို႔တိုက္မိျခင္းျဖင့္ ကူးစက္ႏိုင္ပါတယ္။ ေသြးသြင္းကုသမႈမ်ား၊ မသန္႔ေသာေဆးထိုအပ္မ်ားမွာလည္း ကူးစက္ႏိုင္ပါတယ္။

ဦးေႏွာက္အေျမႇးေရာင္ေရာဂါမွာ မိုးအကုန္ေဆာင္းရာသီဝင္ကာစတြင္ အကူးစက္ႏိုင္ဆုံးျဖစ္ကာ ေရာဂါျဖစ္ေသာလူႀကီးမွတစ္ဆင့္ကေလးငယ္ကို ေလမွတစ္ဆင့္ကူးစက္ေစပါတယ္။ ဒါေၾကာင့္ေဆးငါးမ်ိဳးပါ(Pantavalid)ထိုးႏွံသင့္ပါတယ္။ အသက္(၂)လ၊(၄)လနဲ႔ (၆)လအ႐ြယ္တို႔တြင္ သက္ဆိုင္ရာေဒသႏၲရေဆးခန္းမ်ား၌စားရင္းေပးကာထိုးႏွံႏိုင္ပါတယ္။ ဝက္သက္(measles)ေရာဂါကိုလည္း ကာကြယ္ေဆးထိုးႏွံျခင္းျဖင့္ ကာကြယ္ႏိုင္ ပါတယ္။ ကာကြယ္ေဆးတစ္ႀကိမ္ထိုးႏွံ႐ုံျဖင့္(၉၀%)ကာကြယ္ႏိုင္တယ္။ ဝက္သက္ကာကြယ္ ေဆးထိုးၿပီး (၂၄)နာရီမွ(၆)ရက္ၾကာတဲ့အထိ အဖ်ားတက္တတ္တယ္။ ဝက္သက္ေရာဂါ သည္ ကေလးငယ္မ်ားတြင္ျဖစ္လွ်င္ ျပင္းထန္တတ္သျဖင့္ကာကြယ္ေဆးကိုႀကိဳတင္ထိုးႏွံသင့္ပါတယ္။ အသက္(၉)လႏွင့္(၁၈)လတို႔မွာ ကာကြယ္ေဆး(၂)ႀကိမ္ထိုးႏွံသင့္ပါတယ္။

ေရေက်ာက္ကိုမူ ကာကြယ္ေဆးျဖင့္မကာကြယ္ႏိုင္ေသးပါ။ ကေလးငယ္မ်ားတြင္ေရေက်ာက္(Chicken pox)မွာ ႀကီးက်ယ္ေသာေရာဂါမဟုတ္သျဖင့္ ကေလးမခ်ဴခ်ာလွ်င္အထူးကာကြယ္ရန္မလိုအပ္ပါ။ သို႔ေသာ္ေရေက်ာက္မကူးရေအာင္ မိသားစုတြင္ကေလးတစ္ေယာက္ေရေက်ာက္ေပါက္လွ်င္ က်န္းကေလးေလးပုံသုံးပုံမွာ ကူးစက္သြားေလ့ရွိသည္။ ပါးခ်ိတ္ေရာင္ျခင္းျဖစ္ႏိုင္တယ္။ ကေလးအသက္(၅-၁၄)ႏွစ္တြင္ ဝက္သက္ႏွင့္ဂ်ိဳင့္သိုးေရာဂါကာကြယ္ေဆးထိုးႏွံေပးပါတယ္။ ပါးခ်ိတ္ေရာင္(Mumps)(သို႔)ဂ်ိဳင့္သိုးေရာဂါ သည္ ကူးစက္တတ္ေသာ္လည္း အိမ္မွာပင္ျပဳစုထားႏိုင္ပါတယ္။ ကေလး(၅)‌ေယာက္အနက္(၁)ေယာက္တြင္သာ ေရာဂါကူးစက္ေလ့ရွိတယ္။‌ ေယာက်ာ္းေလးမ်ားတြင္ပါးခ်ိတ္ေရာင္ျခင္းသည္အသက္(၁၄)ႏွစ္ေက်ာ္မွေရာင္ျခင္းထက္ပို၍ အႏၲရာယ္ကင္းသည္။အ႐ြယ္ ေရာက္ကာစ ပါးခ်ိတ္ေရာင္ျခင္း(Mumps)ျဖစ္လွ်င္ ေဝွးေစ့ပါေရာင္ရမ္းမိသြားတတ္ပါသတယ္။ ပါးခ်ိတ္ေရာင္ၿပီးပါက တစ္သက္လုံးေရာဂါကာကြယ္ႏိုင္စြမ္းရွိသျဖင့္ ေနာက္ထပ္မျဖစ္ႏိုင္ေတာ့ပါ။

ပိုလိယိုအေၾကာေသေရာဂါ(Poliomylitis)သကၠရာဇ္(၂၀၀၀)ျပည့္ႏွစ္တြင္ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ ကင္းစင္သြားေသာ္လည္း ျမန္မာႏိုင္ငံဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕နယ္မ်ား၊ ပါကစၥတန္ႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔တြင္ ျဖစ္ေနဆဲရွိသျဖင့္ ယေန႔တိုင္ကေလးဘဝကာကြယ္ေဆးထိုးႏွံျခင္း၊ တိုက္ေကြၽးျခင္းတြင္ပါဝင္ေနၿမဲျဖစ္ပါတယ္။ အေၾကာေသေရာဂါျဖစ္သူကေလးမ်ားကို ကူးစက္ေရာဂါကုေဆး႐ုံမ်ားတြင္ သီးသန႔္ထား၍ကုသရပါတယ္။ ေရာဂါရၿပီး (၁၄)ရက္ၾကာတြင္ မမ်ားမတတ္ပါဘူး။ အျခားသူမ်ားထံ ေရာဂါကူးစက္ႏိုင္ေသာအေျခအေနမရွိဟု ယူဆရပါသည္။

အဆုတ္ေရာဂါ(TB)သည္ ျမန္မာႏိုင္ငံတြင္ အလြန္အျဖစ္မ်ားသည္။ ေနမႈအဆင့္အ တန္းနိမ့္က်ျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ ၄င္းစီးပြားေရးနိမ့္က်မႈေၾကာင့္ေသာ္လည္း ေကာင္းျဖစ္ႏိုင္ပါတယ္။ ေရာဂါမျဖစ္ရန္ကာကြယ္နည္းမ်ားရွိပါတယ္။ ကေလးအသက္(၂) လ ႏွင့္ (၁)ႏွစ္သားတြင္ ဘီစီဂ်ီ(BCG)ထိုးႏွံကာကြယ္ႏိုင္တယ္။ အျခားအသက္အပိုင္း အ ျခားတြင္ ဘီစီဂ်ီ(BCG)ထိုးေဆးက အစြမ္းမျပႏိုင္ပါ။ အဆုတ္(T.B)ေရာဂါမွာ မ်ိဳး႐ိုးလိုက္ေသာေရာဂါမဟုတ္ပါ။ သို႔ေသာ္မိသားစုတြင္ တီဘီေဆး(TB)ေဆးေသာက္သူ၊ ျဖစ္ေနသူရွိေနလွ်င္ ကေလးငယ္ကိုကူးစက္ရန္အလြယ္ကူဆုံးျဖစ္ပါတယ္။ ေရာဂါရေသာသူႏွင့္တစ္ရင္းတစ္ႏွီးေနရင္ေသာ္လည္းေကာင္း၊ အဆုတ္တီဘီပိုးပါေသာႏြားႏို႔ကို မက်က္တက်က္(သို႔)အစိမ္းအေသာက္လွ်င္ေသာ္လည္းေကာင္း၊ တီဘီေရာဂါကူးစက္တတ္ပါတယ္။ ႏြားႏို႔ကိုက်က္ေအာင္ခ်က္ၿပီးမွတိုက္သင့္ပါတယ္။ တီဘီ(TB)ကုသေနဆဲသူမ်ားႏွင့္ေဝးေဝးထားသင့္ပါတယ္။ သို႔ဆိုလွ်င္တီဘီမျဖစ္ႏိုင္ပါ။

အသက္ရႉလမ္းေၾကာင္းေရာဂါကာကြယ္ေဆးသည္ အသက္(၅)လတြင္ ထိုးႏွံေစၿပီး၊ ကေလးမ်ားဘဝအစ၊ အေသေပ်ာက္ဆုံးေရာဂါတြင္ပါဝင္ေသာေၾကာင့္ ယခုအခါတစ္ကမာၻလုံးထိုးႏွံေနၾကၿပီ။ ပါးစပ္မွ ႐ိုတာဗိုင္းရပ္ကာကြယ္ေဆး(Rota virus) တိုက္ေကြၽးကာဝမ္းေလွ်ာဝမ္းပ်က္ေရာဂါမွလည္းႀကိဳတင္ကာကြယ္ႏိုင္ၿပီျဖစ္ပါတယ္။

သားအိမ္ေခါင္ကင္ဆာသည္ အိပ္ခ်္ပီဗီ(HPV)ဗိုင္းရပ္(Human papilloima virus) ေရာဂါကူးစက္ခံရေသာေၾကာင့္ျဖစ္သည့္ ကင္ဆာေရာဂါျဖစ္သည္။အသက္ငယ္ငယ္႐ြယ္႐ြယ္ႏွင့္လက္ထပ္ျခင္း၊ ကေလးယူျခင္း၊ လိင္ဆက္ဆံေဖာ္မ်ားျခင္း၊ မိမိ၏ခင္ပြန္းတြင္လိင္ဆက္ဆံေဖာ္မ်ားျခင္းတို႔မွအိပ္ပီဗီ(HPv Human papilloma virus)ကူးစက္ကာသားအိမ္ေခါင္းကင္ဆာျဖစ္ေစပါတယ္။ သားအိမ္ေခါင္းကာကြယ္ေဆးကို(၈-၁၂)႐ြယ္အမ်ိဳးသမီးငယ္မ်ားတစ္လျခားႏွစ္ႀကိမ္ထိုးႏွံေပးျခင္းျဖင့္ သားအိမ္ေခါင္းကင္ဆာ(Ca.Cervix)မွကင္းေဝးေစပါတယ္။

ကိုဗစ္(၁၉)ဗိုင္းရပ္က(၂၀၁၉)ခုႏွစ္ဒီဇင္ဘာလယ္က တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕မွစတင္ခဲ့ၿပီး ကမာၻလုံးဆိုင္ရာကပ္ေရာဂါအသြင္ျဖစ္ပြါးခဲ့ရာ ယေန႔တိုင္အခ်ိဳ႕ေဒသမ်ားတြင္ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ ကိုဗစ္ကာကြယ္ေဆးကို အသက္(၅-၁၈)ႏွစ္တြင္ထိုးႏွံၿပီး၊(၁)လၾကာလွ်င္ဒုတိယအႀကိမ္ ထိုးႏွံေစကာ(၆)လၾကာလွ်င္ပထမအႀကိမ္ထပ္ဆင့္ျမႇင့္ထိုးေဆး၊ေနာက္(၆)လၾကာလွ်င္ဒုတိယအႀကိမ္ထပ္ဆင့္ျမင့္ထိုးႏွံျခင္းမ်ားျပဳလုပ္ပါက ကိုဗစ္ေရာဂါျဖစ္ႏိုင္ေသာ္ျငား၊ ေဆး႐ုံတတ္စရာမလို၊ ေအာက္စီဂ်င္ရႉစရာမလို၊ မျပင္းထန္ႏိုင္ပါ။ ထို႔ျပင္ ကိုဗစ္စည္းမ်ဥ္းမ်ားျဖစ္ေသာ ႏွာေခါင္းစည္းတပ္ျခင္း၊ လက္ကိုေရဆပ္ျပားတို႔ျဖင့္စကၠန႔္(၂၀)ၾကာပြတ္တိုက္ေဆးေၾကာျခင္းတို႔က ကိုဗစ္(၁၉)(COVID-19)ကူးစက္ႏိုင္မႈေလ်ာ့က်ေစပါတယ္။ (၅-၁၈)ႏွစ္ကေလးတိုင္းကိုဗစ္ကာကြယ္ေဆးထိုးႏွံသင့္ပါတယ္။

Related news

© 2021. All rights reserved.