လက်ဘနွန်နိုင်ငံ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလမ်းကြောင်းမှာ အီရန်နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ ပိတ်ရပ်မနေသင့်ဟု အမေရိကန်အစိုးရပြော

 249

Pika (NP News) - အောက်တိုဘာ ၂၆

လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလမ်းကြောင်းမှာ အီရန်နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့က ပိတ်ရပ်မနေသင့်ဘူးလို့ လက်ဘနွန်ဝန်ကြီးချုပ်နာဂျစ်မီကာတီကို အမေရိကန်ထိပ်တန်းသံတမန်အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အန်တိုနီဘလင်ကန် နဲ့ နာဂျစ်မီကာတီတို့ဟာ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ဆက်လက်ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆွေးနွေးဖို့အတွက် အောက်တိုဘာလ(၂၅)ရက်မှာ လန်ဒန်မြို့မှာတွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးက လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်မှုနဲ့အတူ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေနဲ့ အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးဖို့ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အရပ်သားသေဆုံးမှုတွေ၊ စိုက်ပျိုးရေးမြေတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အဦးတွေ ပျက်စီးဆုံးရှုံးရတာမျိုးတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမတ်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ နှစ်ရက်ဆက်တိုက်ပေါက် ကွဲခဲ့ပြီးနောက် အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၁)ရက်မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံအတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ပြီးမကြာခင်မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ (၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသလိုမျိုး ပျက်စီးဆုံးရှုံးမှုတွေကို လက်ဘနွန်နိုင်ငံက ကြုံတွေ့ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ယခုလအစောပိုင်းမှာ သတိပေးပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးလမ္းေၾကာင္းမွာ အီရန္နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ ပိတ္ရပ္မေနသင့္ဟု အေမရိကန္အစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၆

လက္ဘႏြန္ႏိုင္ငံရဲ႕ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးလမ္းေၾကာင္းမွာ အီရန္နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔က ပိတ္ရပ္မေနသင့္ဘူးလို႔ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္နာဂ်စ္မီကာတီကို အေမရိကန္ထိပ္တန္းသံတမန္အန္တိုနီဘလင္ကန္က ေျပာၾကားခဲ့ပါတယ္။

အန္တိုနီဘလင္ကန္ နဲ႔ နာဂ်စ္မီကာတီတို႔ဟာ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား ဆက္လက္ျဖစ္ပြားေနတဲ့စစ္ပြဲကို ေဆြးေႏြးဖို႔အတြက္ ေအာက္တိုဘာလ(၂၅)ရက္မွာ လန္ဒန္ၿမိဳ႕မွာေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးက လက္ဘႏြန္ႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔အတူ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ စစ္လက္နက္ပစၥည္းသိုေလွာင္႐ုံေတြနဲ႔ အေျခခံအေဆာက္အဦးေတြကို ဖ်က္ဆီးဖို႔ ဆက္လက္လုပ္ေဆာင္ေနျခင္းေၾကာင့္ အရပ္သားေသဆုံးမႈေတြ၊ စိုက္ပ်ိဳးေရးေျမေတြနဲ႔ အရပ္ဘက္အေျခခံအေဆာက္အဦးေတြ ပ်က္စီးဆုံးရႈံးရတာမ်ိဳးေတြ ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမတ္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြ နဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက လက္ဘႏြန္ႏိုင္ငံတြင္းမွာ ေထာင္နဲ႔ခ်ီတဲ့ အီလက္ထ႐ြန္းနစ္ပစၥည္းေတြ ႏွစ္ရက္ဆက္တိုက္ေပါက္ ကြဲခဲ့ၿပီးေနာက္ အစၥေရးနဲ႔ လက္ဘႏြန္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁)ရက္မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံအတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးက ေျမျပင္ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ၿပီးမၾကာခင္မွာပဲ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ (၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ေဒသတြင္းမွာ တင္းမာမႈေတြ ပိုမိုအရွိန္ျမင့္တက္လာခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသလိုမ်ိဳး ပ်က္စီးဆုံးရႈံးမႈေတြကို လက္ဘႏြန္ႏိုင္ငံက ႀကဳံေတြ႕ရလိမ့္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ယခုလအေစာပိုင္းမွာ သတိေပးေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.