စစ်စရိတ် အကြွေးကျပ်ဘီလျံ(၂၀၀)နီးပါးအတွက် UWSA “၀”တပ်ဖွဲ့ထံ မိုးကုတ်ဂေါက်ကွင်းကို TNLA တို့ ထိုးအပ်ပြီး ကျောက်တူးဖော်မှုလုပ်နေ

 2641

Iris (NP News) - အောက်တိုဘာ ၂၆

UWSA “၀” တပ်ဖွဲ့ထံ ပေးဆပ်ရမည့်အကြွေးများအတွက် “၀” ကိုယ်စားလှယ်များအား TNLA က မိုးကုတ်မြို့ရှိ မိုးကုတ်ဂေါက်ကွင်းကို ကျောက်တူးခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရှမ်းမြောက်တစ်ခွင် တိုက်ပွဲများအတွက် TNLA က စစ်အသုံးစရိတ်ကို UWSA ဝတပ်ဖွဲ့ထံမှ ရယူခဲ့သည်ဆိုသော ကနဦးထွက်ပေါ်ခဲ့ဖူးသည့်သတင်းများမှာ မိုးကုတ်ဂေါက်ကွင်းကို ကျောက်တူးခွင့်ပြုလိုက်ခြင်းဖြစ်ရပ်ကြောင့် ပိုမိုခိုင်မာလာခဲ့ပြီဟုလည်း ဆိုနိုင်သည်။

"ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကတည်းက ၀ ကိုယ်စားလှယ်နှစ်ဦးက ကျောက် စတူးနေပြီ။ အဲဒီမတိုင်ခင် ကတည်းက မိုးကုတ်ကို UWSA ၀ တပ်ဖွဲ့ဘက်က လွှတ်လိုက်တဲ့ ကျောက်တူးဖို့ စက်တွေ၊ ကားတွေ ရောက်နေတာ " ဟု မိုးကုတ်ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂေါက်ကွင်းမဖြစ်ခင် သာမန်မြေအဖြစ်ရှိနေစဉ်ကတည်းက အင်္ဂလိပ်စစ်ဗိုလ်ချုပ်များအပါအဝင် မည်သူမျှ တူးဖော်ခြင်းမလုပ်စေရန် နှစ်ပေါင်းရာချီစောင့်ရှောက်လာခဲ့သော မိုးကုတ်ဂေါက်ကွင်းကို TNLA ၏ ခွင့်ပြုချက်ဖြင့် ကျောက်တူးနေသည့်ကိစ္စအပေါ် မိုးကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေကြသည်။ သို့သော်လည်း မိုးကုတ်မြို့ခံ PDF များပင်လျှင် မပြောသာသည့်အနေအထားမျိုး ဖြစ်နေသည့်အတွက် သာမန်ပြည်သူများမှာမူ ရေငုံနှုတ်ပိတ် နေနေရသည်ဟု သိရသည်။
"TNLA က ၀ တပ်ဖွဲ့ကို အကြွေး ကျပ် (၁၉၈) ဘီလျံလောက် ဆပ်ရဖို့ ရှိတယ်တဲ့။ အဲဒါကြောင့် အကြွေးဆပ် ဖို့အတွက် မိုးကုတ်ဂေါက်ကွင်းကို ထိုးအပ်လိုက်တာလို့ မိုးကုတ်မှာ သတင်းထွက်လာတယ် " ဟု သတင်းရင်းမြစ်က ပြောသည်။ TNLA တပ်ဖွဲ့များက မိုးကုတ်မြို့ကို သမိုင်းတစ်လျှောက် မည်သည့်ကာလမျှ ပိုင်ဆိုင်ခဲ့ဖူးခြင်း မရှိသည့် အပြင် ပလောင်ကလေးငယ်များကို ပလောင်သူပုန်မဖြစ်ခင်ကာလများအတွင်းက မိုးကုတ်မြို့ရှိ ဘုန်းကြီး ကျောင်းများ၌ ကိုရင်ဝတ်ခွင့်ပြုပေး၍ စောင့်ရှောက်ပေးလာခဲ့ရဖူးသည်ဟု ဆိုသည်။ ပလောင်သူပုန်များက မိုးကုတ်မြို့မှ ကျောက်မျက်ရတနာများကို မျက်စိကျနေသည်မှာ ကြာခဲ့ပြီဖြစ်သည့်အတွက် အခွင့်အခါရချိန်၌ မိုးကုတ်မြို့ကို မြေလှန်ပစ်၍ ကျေးဇူးဆပ်ရန် ရည်ရွယ်နေခြင်းမျိုးဖြစ်ကြောင်းလည်း နယ်မြေခံများက ပြောသည်။

"သူခိုးဓါးပြဘဝကနေ ၀ တို့ KIA တို့က မြှောက်စားလိုက်လို့ သူပုန်ဖြစ်လာတယ်။ ရှမ်းမြောက်စစ်ဆင်ရေးမှာလည်း ၀ တပ်ဖွဲ့ဆီကနေ မိုးကုတ်ကိုတိုက်ပေးဖို့ ထောက်ပံ့ငွေယူထားခဲ့ပုံရတယ်။ အခု ပလောင်စစ်သားတွေက ဘောင်းဘီအိတ်ထဲမှာ တစ်သောင်းတန်ကို အုပ်လိုက်ညှပ်ပြီး လမ်းသလားနေပြီ။ တစ်သက်လုံး မစားဖူး မသောက်ဖူးတာတွေ စားလာ၊ ရလာတော့ မြောက်ကြွကြွ ဖြစ်နေတာပေ့ါ " ဟု သတင်းရင်းမြစ်က ပြောသည်။
မိုးကုတ်မြို့အတွင်းသို့ ရန်ကုန်တွင်အခြေချခဲ့ဖူးသော လုပ်ငန်းရှင်အများအပြားက ပြန်လည်ပြောင်းရွှေ့နေထိုင်၍ ကျောက်တူးခွင့်ရရန် ကြိုးစားနေကြသည်ဟုလည်း ကြားသိရသည်။ မြို့တွင်း၌ ထွက်ပေါ်နေသော သတင်းများအရ ဦးယောဆက်(ရွှေလိပ်ပြာဟိုတယ်)၊ အောင်စိုးဦး(ရတနာရှင် ကျောက်မျက်)၊ ဒေါက်တာ ကျော်ခိုင် (ကင်းဘရိတ်ဟိုတယ်)၊ ချိုတူး(ချယ်ရီမြိုင်စားသောက်ဆိုင်)၊ ကျော်ဝင်း(စံပြမုန့်တိုက်)တို့က ကျောက်မျက်တူးဖော် ရန် TNLA အား ထောက်ပံ့မှုမျိုးစုံလုပ်ဆောင်နေသည်ဟု ဆိုသည်။ " ဝတ်စုံဝယ်ပေးတယ်၊ လက်နက်တပ်ဆင်ပေး တယ်။ သိရသလောက် နှစ်သုတ်ရှိပြီ။ သူတို့ အဓိက ကျောက်တူးချင်တာက မိုးကုတ်ဂေါက်ကွင်း၊ မိုးကုတ်အကျဉ်း ထောင်၊ မြို့လယ်အင်း၊ ရွှေဘုံသာ ရေလယ်အင်း၊ ကျောက်မျက်ရုံး၊ ပိတ်စွယ်ညောင်ပင်ဈေး၊ ပိန်းပြစ်ရွှေငါး လုပ်ကွက်၊ ကြပ်ပြင် ပန်းမရွာ၊ ကျောက်ပြသာဒ်ဘုရား။ အဲဒီနေရာတွေတော့ ကျောက်တူးခံရမယ်လို့ သတင်းထွက် နေတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။
ဦးယောဆက်နှင့် ရင်းနှီးသောလုပ်ငန်းရှင်တစ်ဦးကလည်း မိုးကုတ်မြို့သို့ ဦးယောဆက် ပြန်ရောက်နေကြောင်း အတည်ပြုခဲ့ပြီး မိုးကုတ်၌ ကျောက်တူးခြင်းလုပ်ငန်းကို နစကအစိုးရက မသိကျိုးကျွန်ပြုနေခြင်း သို့မဟုတ် အခြေအနေစောင့်ကြည့်မှု အချိန်ကြာခြင်းများ ရှိလာပါက သူပုန်များအတွက် အားဆေးတိုက်သကဲ့သို့ ဖြစ်လာနိုင်သည်ဟု ပြောသည်။ " တစ်ရက် အချိန်ပေးရင် တစ်ရက် နစ်နာမယ်။ အစိုးရက ကြည့်မနေသင့်ဘူး " ဟု သတင်းရင်းမြစ်က ပြောသည်။ မိုးကုတ်ဂေါက်ကွင်းကို ကျောက်မျက်တူးဖော်နေခြင်းသည် TNLA နှင့် UWSA တို့ကို ဒေါ်လာသန်းရာချီ ရရှိစေရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်လာစေမည်ဟု ထောက်ပြသည်။ ဂေါက်ကွင်းကို ကျောက်တူးမည့်ကိစ္စအတွက်လည်း TNLA နှင့် နယ်မြေခံ PDF တို့အကြား သဘောထားကွဲလွဲမှုများ ရှိနေပြီး မြို့ခံများက မနှစ်သက်ကြောင်းဆိုသည်။ သို့သော်လည်း TNLA ကို ပြန်မပြောရဲသဖြင့် မိုးကုတ်-မန္တလေး PDF များက မြို့ပြင်၌သာ ကင်းစောင့်၍ နေထိုင်ကြရကြောင်း ကြားသိရသည်။
"မိုးကုတ်ဂေါက်ကွင်းက ကျောက်တူးရင် အရလွယ်ဆုံးပဲ။ ပြောရရင် မီးသတ်ပိုက်လောက်နဲ့ထိုးရင်တောင် ဒေါ်လာသန်းဂဏန်းတန် ကျောက်တွေ ရလာနိုင်တဲ့အထိ ထွက်အားနှုန်းကောင်းတဲ့နေရာမျိုး။ ခေတ်အဆက်ဆက် အစိုးရနဲ့ မြို့ခံတွေက ထိန်းသိမ်းလာခဲ့ကြတာ။ အထဲမှာလည်း ပလောင်နဲ့ PDF သဘောထားကွဲပြီး အတွင်းကြိတ် ဖြစ်နေတယ်။ ပလောင်ကို အာမခံရဲသေးလို့သာ " ဟု သတင်းရင်းမြစ်က ပြောသည်။
TNLA ပလောင်များကလည်း မြို့အတွင်း၌ လူစုလူဝေးဖြင့် နေထိုင်ခြင်းထက် တစ်နေရာလျှင် လူငါးဦးခန့်၊ မြို့အပြင် ကျေးရွာများတွင် တစ်ရွာလျှင် (၁၀) ဦးခန့် စသဖြင့် ဖြန့်ခွဲနေထိုင်၍ လူအင်အားများသည့်သဖွယ် ဟန်ရေးပြထား ကြောင်းလည်း နယ်မြေခံသတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။

Zawgyi Version;
စစ္စရိတ္ အေႂကြးက်ပ္ဘီလ်ံ(၂၀၀)နီးပါးအတြက္ UWSA “၀”တပ္ဖြဲ႕ထံ မိုးကုတ္ေဂါက္ကြင္းကို TNLA တို႔ ထိုးအပ္ ၿပီး ေက်ာက္တူးေဖာ္မႈလုပ္ေန
Iris (NP News) - ေအာက္တိုဘာ ၂၆

UWSA “၀” တပ္ဖြဲ႕ထံ ေပးဆပ္ရမည့္အေႂကြးမ်ားအတြက္ “၀” ကိုယ္စားလွယ္မ်ားအား TNLA က မိုးကုတ္ၿမိဳ႕ရွိ မိုးကုတ္ေဂါက္ကြင္းကို ေက်ာက္တူးခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ရွမ္းေျမာက္တစ္ခြင္ တိုက္ပြဲမ်ားအတြက္ TNLA က စစ္အသုံးစရိတ္ကို UWSA ဝတပ္ဖြဲ႕ထံမွ ရယူခဲ့သည္ဆိုေသာ ကနဦးထြက္ေပၚခဲ့ဖူးသည့္သတင္းမ်ားမွာ မိုးကုတ္ေဂါက္ကြင္းကို ေက်ာက္တူးခြင့္ျပဳလိုက္ျခင္းျဖစ္ရပ္ေၾကာင့္ ပိုမိုခိုင္မာလာခဲ့ၿပီဟုလည္း ဆိုႏိုင္သည္။

"ၿပီးခဲ့တဲ့ ႏွစ္ရက္သုံးရက္ေလာက္ကတည္းက ၀ ကိုယ္စားလွယ္ႏွစ္ဦးက ေက်ာက္ စတူးေနၿပီ။ အဲဒီမတိုင္ခင္ ကတည္းက မိုးကုတ္ကို UWSA ၀ တပ္ဖြဲ႕ဘက္က လႊတ္လိုက္တဲ့ ေက်ာက္တူးဖို႔ စက္ေတြ၊ ကားေတြ ေရာက္ေနတာ " ဟု မိုးကုတ္ေဒသခံသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
ေဂါက္ကြင္းမျဖစ္ခင္ သာမန္ေျမအျဖစ္ရွိေနစဥ္ကတည္းက အဂၤလိပ္စစ္ဗိုလ္ခ်ဳပ္မ်ားအပါအဝင္ မည္သူမွ် တူးေဖာ္ျခင္းမလုပ္ေစရန္ ႏွစ္ေပါင္းရာခ်ီေစာင့္ေရွာက္လာခဲ့ေသာ မိုးကုတ္ေဂါက္ကြင္းကို TNLA ၏ ခြင့္ျပဳခ်က္ျဖင့္ ေက်ာက္တူးေနသည့္ကိစၥအေပၚ မိုးကုတ္ၿမိဳ႕ခံမ်ားက မေက်မနပ္ျဖစ္ေနၾကသည္။ သို႔ေသာ္လည္း မိုးကုတ္ၿမိဳ႕ခံ PDF မ်ားပင္လွ်င္ မေျပာသာသည့္အေနအထားမ်ိဳး ျဖစ္ေနသည့္အတြက္ သာမန္ျပည္သူမ်ားမွာမူ ေရငုံႏႈတ္ပိတ္ ေနေနရသည္ဟု သိရသည္။
"TNLA က ၀ တပ္ဖြဲ႕ကို အေႂကြး က်ပ္ (၁၉၈) ဘီလ်ံေလာက္ ဆပ္ရဖို႔ ရွိတယ္တဲ့။ အဲဒါေၾကာင့္ အေႂကြးဆပ္ ဖို႔အတြက္ မိုးကုတ္ေဂါက္ကြင္းကို ထိုးအပ္လိုက္တာလို႔ မိုးကုတ္မွာ သတင္းထြက္လာတယ္ " ဟု သတင္းရင္းျမစ္က ေျပာသည္။ TNLA တပ္ဖြဲ႕မ်ားက မိုးကုတ္ၿမိဳ႕ကို သမိုင္းတစ္ေလွ်ာက္ မည္သည့္ကာလမွ် ပိုင္ဆိုင္ခဲ့ဖူးျခင္း မရွိသည့္ အျပင္ ပေလာင္ကေလးငယ္မ်ားကို ပေလာင္သူပုန္မျဖစ္ခင္ကာလမ်ားအတြင္းက မိုးကုတ္ၿမိဳ႕ရွိ ဘုန္းႀကီး ေက်ာင္းမ်ား၌ ကိုရင္ဝတ္ခြင့္ျပဳေပး၍ ေစာင့္ေရွာက္ေပးလာခဲ့ရဖူးသည္ဟု ဆိုသည္။ ပေလာင္သူပုန္မ်ားက မိုးကုတ္ၿမိဳ႕မွ ေက်ာက္မ်က္ရတနာမ်ားကို မ်က္စိက်ေနသည္မွာ ၾကာခဲ့ၿပီျဖစ္သည့္အတြက္ အခြင့္အခါရခ်ိန္၌ မိုးကုတ္ၿမိဳ႕ကို ေျမလွန္ပစ္၍ ေက်းဇူးဆပ္ရန္ ရည္႐ြယ္ေနျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း နယ္ေျမခံမ်ားက ေျပာသည္။

"သူခိုးဓါးျပဘဝကေန ၀ တို႔ KIA တို႔က ေျမႇာက္စားလိုက္လို႔ သူပုန္ျဖစ္လာတယ္။ ရွမ္းေျမာက္စစ္ဆင္ေရးမွာလည္း ၀ တပ္ဖြဲ႕ဆီကေန မိုးကုတ္ကိုတိုက္ေပးဖို႔ ေထာက္ပံ့ေငြယူထားခဲ့ပုံရတယ္။ အခု ပေလာင္စစ္သားေတြက ေဘာင္းဘီအိတ္ထဲမွာ တစ္ေသာင္းတန္ကို အုပ္လိုက္ညႇပ္ၿပီး လမ္းသလားေနၿပီ။ တစ္သက္လုံး မစားဖူး မေသာက္ဖူးတာေတြ စားလာ၊ ရလာေတာ့ ေျမာက္ႂကြႂကြ ျဖစ္ေနတာေပ့ါ " ဟု သတင္းရင္းျမစ္က ေျပာသည္။
မိုးကုတ္ၿမိဳ႕အတြင္းသို႔ ရန္ကုန္တြင္အေျခခ်ခဲ့ဖူးေသာ လုပ္ငန္းရွင္အမ်ားအျပားက ျပန္လည္ေျပာင္းေ႐ႊ႕ေနထိုင္၍ ေက်ာက္တူးခြင့္ရရန္ ႀကိဳးစားေနၾကသည္ဟုလည္း ၾကားသိရသည္။ ၿမိဳ႕တြင္း၌ ထြက္ေပၚေနေသာ သတင္းမ်ားအရ ဦးေယာဆက္(ေ႐ႊလိပ္ျပာဟိုတယ္)၊ ေအာင္စိုးဦး(ရတနာရွင္ ေက်ာက္မ်က္)၊ ေဒါက္တာ ေက်ာ္ခိုင္ (ကင္းဘရိတ္ဟိုတယ္)၊ ခ်ိဳတူး(ခ်ယ္ရီၿမိဳင္စားေသာက္ဆိုင္)၊ ေက်ာ္ဝင္း(စံျပမုန႔္တိုက္)တို႔က ေက်ာက္မ်က္တူးေဖာ္ ရန္ TNLA အား ေထာက္ပံ့မႈမ်ိဳးစုံလုပ္ေဆာင္ေနသည္ဟု ဆိုသည္။ " ဝတ္စုံဝယ္ေပးတယ္၊ လက္နက္တပ္ဆင္ေပး တယ္။ သိရသေလာက္ ႏွစ္သုတ္ရွိၿပီ။ သူတို႔ အဓိက ေက်ာက္တူးခ်င္တာက မိုးကုတ္ေဂါက္ကြင္း၊ မိုးကုတ္အက်ဥ္း ေထာင္၊ ၿမိဳ႕လယ္အင္း၊ ေ႐ႊဘုံသာ ေရလယ္အင္း၊ ေက်ာက္မ်က္႐ုံး၊ ပိတ္စြယ္ေညာင္ပင္ေဈး၊ ပိန္းျပစ္ေ႐ႊငါး လုပ္ကြက္၊ ၾကပ္ျပင္ ပန္းမ႐ြာ၊ ေက်ာက္ျပသာဒ္ဘုရား။ အဲဒီေနရာေတြေတာ့ ေက်ာက္တူးခံရမယ္လို႔ သတင္းထြက္ ေနတယ္" ဟု သတင္းရင္းျမစ္က ေျပာသည္။
ဦးေယာဆက္ႏွင့္ ရင္းႏွီးေသာလုပ္ငန္းရွင္တစ္ဦးကလည္း မိုးကုတ္ၿမိဳ႕သို႔ ဦးေယာဆက္ ျပန္ေရာက္ေနေၾကာင္း အတည္ျပဳခဲ့ၿပီး မိုးကုတ္၌ ေက်ာက္တူးျခင္းလုပ္ငန္းကို နစကအစိုးရက မသိက်ိဳးကြၽန္ျပဳေနျခင္း သို႔မဟုတ္ အေျခအေနေစာင့္ၾကည့္မႈ အခ်ိန္ၾကာျခင္းမ်ား ရွိလာပါက သူပုန္မ်ားအတြက္ အားေဆးတိုက္သကဲ့သို႔ ျဖစ္လာႏိုင္သည္ဟု ေျပာသည္။ " တစ္ရက္ အခ်ိန္ေပးရင္ တစ္ရက္ နစ္နာမယ္။ အစိုးရက ၾကည့္မေနသင့္ဘူး " ဟု သတင္းရင္းျမစ္က ေျပာသည္။ မိုးကုတ္ေဂါက္ကြင္းကို ေက်ာက္မ်က္တူးေဖာ္ေနျခင္းသည္ TNLA ႏွင့္ UWSA တို႔ကို ေဒၚလာသန္းရာခ်ီ ရရွိေစရန္ အခြင့္အေရးေပးသကဲ့သို႔ ျဖစ္လာေစမည္ဟု ေထာက္ျပသည္။ ေဂါက္ကြင္းကို ေက်ာက္တူးမည့္ကိစၥအတြက္လည္း TNLA ႏွင့္ နယ္ေျမခံ PDF တို႔အၾကား သေဘာထားကြဲလြဲမႈမ်ား ရွိေနၿပီး ၿမိဳ႕ခံမ်ားက မႏွစ္သက္ေၾကာင္းဆိုသည္။ သို႔ေသာ္လည္း TNLA ကို ျပန္မေျပာရဲသျဖင့္ မိုးကုတ္-မႏၲေလး PDF မ်ားက ၿမိဳ႕ျပင္၌သာ ကင္းေစာင့္၍ ေနထိုင္ၾကရေၾကာင္း ၾကားသိရသည္။
"မိုးကုတ္ေဂါက္ကြင္းက ေက်ာက္တူးရင္ အရလြယ္ဆုံးပဲ။ ေျပာရရင္ မီးသတ္ပိုက္ေလာက္နဲ႔ထိုးရင္ေတာင္ ေဒၚလာသန္းဂဏန္းတန္ ေက်ာက္ေတြ ရလာႏိုင္တဲ့အထိ ထြက္အားႏႈန္းေကာင္းတဲ့ေနရာမ်ိဳး။ ေခတ္အဆက္ဆက္ အစိုးရနဲ႔ ၿမိဳ႕ခံေတြက ထိန္းသိမ္းလာခဲ့ၾကတာ။ အထဲမွာလည္း ပေလာင္နဲ႔ PDF သေဘာထားကြဲၿပီး အတြင္းႀကိတ္ ျဖစ္ေနတယ္။ ပေလာင္ကို အာမခံရဲေသးလို႔သာ " ဟု သတင္းရင္းျမစ္က ေျပာသည္။
TNLA ပေလာင္မ်ားကလည္း ၿမိဳ႕အတြင္း၌ လူစုလူေဝးျဖင့္ ေနထိုင္ျခင္းထက္ တစ္ေနရာလွ်င္ လူငါးဦးခန႔္၊ ၿမိဳ႕အျပင္ ေက်း႐ြာမ်ားတြင္ တစ္႐ြာလွ်င္ (၁၀) ဦးခန႔္ စသျဖင့္ ျဖန႔္ခြဲေနထိုင္၍ လူအင္အားမ်ားသည့္သဖြယ္ ဟန္ေရးျပထား ေၾကာင္းလည္း နယ္ေျမခံသတင္းရင္းျမစ္က အတည္ျပဳေျပာၾကားသည္။

Related news

© 2021. All rights reserved.