NLD ပါတီ ကို မှတ်ပုံတင်ရန်အတွက် နစက က တိုးတိုးတိတ်တိတ်ပြောကြားလာခြင်းမျိုးမရှိဟု ဒေါ်စန္ဒာမင်း တုံ့ပြန်

 345

သုတကျော် (NP News) - အောက်တိုဘာ ၂၇

NLD ပါတီကို မှတ်ပုံတင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုးတိုးတိတ်တိတ် ပြောကြား လာခြင်းမျိုးမရှိကြောင်း ဒေါ်စန္ဒာမင်းက NP News က တစ်ဆင့် အတိအလင်းပြောကြားလိုက်သည်။
ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့်အတွက် ဥပဒေအရ ပယ်ဖျက်စာရင်း ပါဝင်နေသော NLD ပါတီနှင့် ပတ်သက်၍ ပြန်လည်မှတ်ပုံတင်မည် ဆိုပါက ခွင့်ပြုချက်ပေးရန် နစကဘက်က òန်ကြားထားကြောင်း သတင်းများ ထွက်ပေါ်နေ သည်ဟု BBC သတင်းဌာနက ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရေးသားခဲ့သည့်အပေါ် NP News က သဘောထားမှတ်ချက် မေးမြန်းရာတွင် ဒေါ်စန္ဒာမင်းက အထက်ပါ အတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တိုးတိုးတိတ်တိတ် မှတ်ပုံတင်ခိုင်းတယ်ဆိုတာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ ဒါပေမဲ့တစ်ချိန်မှာ လိုအပ် တယ်ဆိုရင်တော့နဃ အနေနဲ့ပုဒ်မ (၂၅)ကို လိုအပ်တဲ့ ပြင်ဆင်ချက်လေး လုပ်ပေးလိုက်တယ်ဆိုမှသာလျှင် NLD ပါတီ ဟာ မှတ်ပုံတင်ခွင့်ရှိမယ် ဆိုတာကို ဥပဒေကြောင်းအရ ကျွန်မက ပြန်ဖြေ ပေးလိုက်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆို သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၂၅)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂ /၂၀၁၀) အရ တည်ရှိနေသော ပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းသော နေ့ရက်မှစ၍ ရက်ပေါင်း (၆၀)အတွင်း ကော်မရှင်သို့ ဥပဒေနှင့်အညီ ပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည် ဖြစ်ကာ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြ ထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ သတင်းထွက်ပေါ်နေခြင်းမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖြစ်နိုင်ခြင်းမရှိသော ကိစ္စတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version;
NLD ပါတီ ကို မွတ္ပုံတင္ရန္အတြက္ နစက က တိုးတိုးတိတ္တိတ္ေျပာၾကားလာျခင္းမ်ိဳးမရွိဟု ေဒၚစႏၵာမင္း တုံ႔ျပန္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၇

NLD ပါတီကို မွတ္ပုံတင္ရန္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက တိုးတိုးတိတ္တိတ္ ေျပာၾကား လာျခင္းမ်ိဳးမရွိေၾကာင္း ေဒၚစႏၵာမင္းက NP News က တစ္ဆင့္ အတိအလင္းေျပာၾကားလိုက္သည္။
ျပန္လည္မွတ္ပုံတင္ျခင္းမရွိသည့္အတြက္ ဥပေဒအရ ပယ္ဖ်က္စာရင္း ပါဝင္ေနေသာ NLD ပါတီႏွင့္ ပတ္သက္၍ ျပန္လည္မွတ္ပုံတင္မည္ ဆိုပါက ခြင့္ျပဳခ်က္ေပးရန္ နစကဘက္က òန္ၾကားထားေၾကာင္း သတင္းမ်ား ထြက္ေပၚေန သည္ဟု BBC သတင္းဌာနက ေရးသားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေရးသားခဲ့သည့္အေပၚ NP News က သေဘာထားမွတ္ခ်က္ ေမးျမန္းရာတြင္ ေဒၚစႏၵာမင္းက အထက္ပါ အတိုင္း ထည့္သြင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“တိုးတိုးတိတ္တိတ္ မွတ္ပုံတင္ခိုင္းတယ္ဆိုတာ မဟုတ္ဘူးဆိုတာ ေျပာခ်င္တယ္။ ဒါေပမဲ့တစ္ခ်ိန္မွာ လိုအပ္ တယ္ဆိုရင္ေတာ့နဃ အေနနဲ႔ပုဒ္မ (၂၅)ကို လိုအပ္တဲ့ ျပင္ဆင္ခ်က္ေလး လုပ္ေပးလိုက္တယ္ဆိုမွသာလွ်င္ NLD ပါတီ ဟာ မွတ္ပုံတင္ခြင့္ရွိမယ္ ဆိုတာကို ဥပေဒေၾကာင္းအရ ကြၽန္မက ျပန္ေျဖ ေပးလိုက္ပါတယ္” ဟု ေဒၚစႏၵာမင္းက ဆို သည္။
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ (၂၅)တြင္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒ (ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ ဥပေဒအမွတ္၊ ၂ /၂၀၁၀) အရ တည္ရွိေနေသာ ပါတီမ်ားသည္ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္တည္ေထာင္လိုပါက ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒျပ႒ာန္းေသာ ေန႔ရက္မွစ၍ ရက္ေပါင္း (၆၀)အတြင္း ေကာ္မရွင္သို႔ ဥပေဒႏွင့္အညီ ပါတီ မွတ္ပုံတင္ခြင့္ ျပန္လည္ေလွ်ာက္ထားရမည္ ျဖစ္ကာ ယင္းသို႔ ေလွ်ာက္ထားျခင္းမရွိပါက ႏိုင္ငံေရးပါတီ အျဖစ္မွ အလိုအေလ်ာက္ ပ်က္ျပယ္ၿပီး ျဖစ္သည္ဟု မွတ္ယူရမည္ ျဖစ္ေၾကာင္း ေဖာ္ျပ ထားျခင္း ျဖစ္သည္။
ယခုကဲ့သို႔ သတင္းထြက္ေပၚေနျခင္းမွာလည္း ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအရ ျဖစ္ႏိုင္ျခင္းမရွိေသာ ကိစၥတစ္ရပ္ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.