မြန်မာနိုင်ငံတွင် ပထမဆုံး ကြေးစားလက်ဝှေ့ Professional boxing ကို တွဲဆိုင်း(၆)ဆိုင်းဖြင့် ယနေ့ ကျင်းပပြီး (၂)လတစ်ကြိမ် ကျင်းပရန်ရှိ
4230
သန့်ဇင်(NP News)-အောက်တိုဘာ ၂၆
မြန်မာနိုင်ငံတွင် ပထမဆုံး ကြေးစားလက်ဝှေ့ Professional boxingကို တွဲဆိုင်း(၆)ဆိုင်းဖြင့် ယနေ့ ကျင်းပပြီး (၂)လတစ်ကြိမ်ကျင်းပြုလုပ်ရန်ရှိကြောင်း သိရသည်။
Myanmar Boxing Commission ၏ တွဲဆိုင်း (၆) ဆိုင်းပါရှိသည့် PBM2 ပွဲစဥ်များကို ယနေ့(အောက်တိုဘာ ၂၆ ရက်)မွန်းတည့် ၁၂ နာရီမှစတင်ကာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ အားကစားခန်းမ၊ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မှီ Professional boxing သမားများ ပေါ်ထွန်းလာရေးအတွက် Myanmar Boxing Commission (MBC) သည် ဂျပန်နိုင်ငံမှ Japan Boxing Commission (JBC) နှင့် ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ၂ဝ ရက်တွင် မြန်မာနိုင်ငံသမိုင်း၌ ပထမဆုံးအကြိမ် professional ကြေးစားပြိုင်ပွဲအနေဖြင့် ကစားသမားရွေးချယ်ရေးပြိုင်ပွဲကိုရန်ကုန်မြို့သုဝဏ္ဏလက်ဝှေ့လေ့ကျင့်ရေးကွင်းတွင် JBC ၏ နည်းပညာပံပိုးကူညီမှုဖြင့်စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် Myanmar Boxing Commission (MBC)အနေဖြင့် လူငယ်များ professional boxing ကိုစိတ်ဝင်စားမှုမြှင့်စေရန်နှင့် လူငယ်မျိုးဆက်သစ်များပေါ်ထွက်စေရန် (၂)လလျှင်တစ်ကြိမ် ကျင်းပရန်ရှိကြောင်း MBC မှတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ပထမဆုံး ေၾကးစားလက္ေဝွ႔ Professional boxing ကို တြဲဆိုင္း(၆)ဆိုင္းျဖင့္ ယေန႔ က်င္းပၿပီး (၂)လတစ္ႀကိမ္ က်င္းပရန္ရွိ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၆
ျမန္မာႏိုင္ငံတြင္ ပထမဆုံး ေၾကးစားလက္ေဝွ႔ Professional boxingကို တြဲဆိုင္း(၆)ဆိုင္းျဖင့္ ယေန႔ က်င္းပၿပီး (၂)လတစ္ႀကိမ္က်င္းျပဳလုပ္ရန္ရွိေၾကာင္း သိရသည္။
Myanmar Boxing Commission ၏ တြဲဆိုင္း (၆) ဆိုင္းပါရွိသည့္ PBM2 ပြဲစဥ္မ်ားကို ယေန႔(ေအာက္တိုဘာ ၂၆ ရက္)မြန္းတည့္ ၁၂ နာရီမွစတင္ကာ ရန္ကုန္ၿမိဳ႕၊ ျမန္မာႏိုင္ငံ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္၊ အားကစားခန္းမ၊ သိမ္ျဖဴလက္ေဝွ႔အားကစား႐ုံတြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ကမာၻ႔အဆင့္မွီ Professional boxing သမားမ်ား ေပၚထြန္းလာေရးအတြက္ Myanmar Boxing Commission (MBC) သည္ ဂ်ပန္ႏိုင္ငံမွ Japan Boxing Commission (JBC) ႏွင့္ ၿပီးခဲ့သည့္ ေမလ ၂၄ ရက္တြင္ MOU လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဩဂုတ္လ ၂ဝ ရက္တြင္ ျမန္မာႏိုင္ငံသမိုင္း၌ ပထမဆုံးအႀကိမ္ professional ေၾကးစားၿပိဳင္ပြဲအေနျဖင့္ ကစားသမားေ႐ြးခ်ယ္ေရးၿပိဳင္ပြဲကိုရန္ကုန္ၿမိဳ႕သုဝဏၰလက္ေဝွ႔ေလ့က်င့္ေရးကြင္းတြင္ JBC ၏ နည္းပညာပံပိုးကူညီမႈျဖင့္စတင္က်င္းပခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ Myanmar Boxing Commission (MBC)အေနျဖင့္ လူငယ္မ်ား professional boxing ကိုစိတ္ဝင္စားမႈျမႇင့္ေစရန္ႏွင့္ လူငယ္မ်ိဳးဆက္သစ္မ်ားေပၚထြက္ေစရန္ (၂)လလွ်င္တစ္ႀကိမ္ က်င္းပရန္ရွိေၾကာင္း MBC မွတာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။