McDonald ရဲ့ဘာဂါတွေကနေ E. coli ဘတ်တီးရီးယားကူးစက်မှု ၇၅ ခုအထိ တိုးလာကြောင်း အမေရိကန် FDA ပြော

 90

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

McDonald's (MCD.N) ရဲ့အစားအသောက်တွေကနေ E. coli ဘတ်တီးရီးယား ကူးစက်ဖြစ်ပွားမှုအရေအတွက် ၄၉ ဦးမှ ၇၅ ဦးအထိ တိုးလာတယ်လို့ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနက သောကြာနေ့ (အောက်တိုဘာ ၂၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ကူးစက်ခံရသူတွေထဲက ၂၂ ဦး ဆေးရုံတင်ထားရပြီး အဲဒီထဲက နှစ်ဦးဟာ ကျောက်ကပ်ပျက်စီးနိုင်တဲ့ အခြေ အနေ hemolytic uremic syndrome ရှိနေတယ်လို့ သိရပါတယ်။ E. coli O157:H7 အမျိုးအစား ဘတ်တီးရီးယား ဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ခုခံအား ကျဆင်းမှုကူးစက်ခံထားရသူတွေ အတွက် အလွန် ပြင်းထန်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာဂါဆိုင်ဖြစ်တဲ့ McDonald ကတော့ ဒီသတင်းကြောင့် သူ့ရဲ့ အမေရိကန်စားသောက်ဆိုင် ၁၄,၀၀၀ ရဲ့ငါးပုံတစ်ပုံစာရှိတဲ့ Quarter Pounder ရဲ့ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းထားတယ်လို့ ပြောကြားပါတယ်။
Quarter Pounder မှာ အသုံးပြုထားခဲ့တဲ့ ကြက်သွန်နီတွေဟာ ဘတ်တီးရီးယားကူးစက်မှုဖြစ်စေတဲ့ ရင်းမြစ် ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် ဆိုင်ကို ကြက်သွန်နီတင်သွင်းတဲ့ Taylor Farms မှ ကြက်သွန်နီ တင်သွင်းမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါအပြင် ဆိုင်မှာ အသုံးပြုတဲ့ အမဲသားတွေမှာလည်း ဘတ်တီးရီးယား ရှိ၊ မရှိ မသေချာတာကြောင့် အသားစနမူနာတွေကို စမ်းသပ် စစ်ဆေးနေတယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနက ပြောကြားပါတယ်။

အမေရိကန်မှာ E.coli ဘတ်တီးရီးယား ကူးစက်ဖြစ်ပွားမှုတွေ ခပ်စိတ်စိတ်တွေ့လာနေရပြီး အောက်တိုဘာ ၂၄ ရက် အထိအတွင်း ကိုလိုရာဒို၊ ကန်းဆက်၊ အက်တက်၊ဝိုင်းအိုမင်၊ အိုင်အိုဝါ၊ မစ်ဆူရီ၊ မွန်တားနား၊ နီဘရာစကာ၊ နယူးမက္ကစီကို၊ အော်ရီဂွန်၊ ဝစ္စကွန်ဆင်၊ ဝါရှင်တန်၊ မစ်ချီဂန်မှာ ကူးစက်ခံရမှုတွေ တွေ့ရှိလာခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
McDonald ရဲ႕ဘာဂါေတြကေန E. coli ဘတ္တီးရီးယားကူးစက္မႈ ၇၅ ခုအထိ တိုးလာေၾကာင္း အေမရိကန္ FDA ေျပာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇

McDonald's (MCD.N) ရဲ႕အစားအေသာက္ေတြကေန E. coli ဘတ္တီးရီးယား ကူးစက္ျဖစ္ပြားမႈအေရအတြက္ ၄၉ ဦးမွ ၇၅ ဦးအထိ တိုးလာတယ္လို႔ အေမရိကန္အစားအေသာက္နဲ႔ေဆးဝါးကြပ္ကဲေရးဌာနက ေသာၾကာေန႔ (ေအာက္တိုဘာ ၂၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ကူးစက္ခံရသူေတြထဲက ၂၂ ဦး ေဆး႐ုံတင္ထားရၿပီး အဲဒီထဲက ႏွစ္ဦးဟာ ေက်ာက္ကပ္ပ်က္စီးႏိုင္တဲ့ အေျခ အေန hemolytic uremic syndrome ရွိေနတယ္လို႔ သိရပါတယ္။ E. coli O157:H7 အမ်ိဳးအစား ဘတ္တီးရီးယား ဟာ အထူးသျဖင့္ သက္ႀကီး႐ြယ္အိုေတြ၊ ကေလးေတြနဲ႔ ခုခံအား က်ဆင္းမႈကူးစက္ခံထားရသူေတြ အတြက္ အလြန္ ျပင္းထန္တယ္လို႔ ဆိုပါတယ္။ ကမာၻ႔အႀကီးဆုံး ဘာဂါဆိုင္ျဖစ္တဲ့ McDonald ကေတာ့ ဒီသတင္းေၾကာင့္ သူ႔ရဲ႕ အေမရိကန္စားေသာက္ဆိုင္ ၁၄,၀၀၀ ရဲ႕ငါးပုံတစ္ပုံစာရွိတဲ့ Quarter Pounder ရဲ႕ဝန္ေဆာင္မႈကို ယာယီရပ္ဆိုင္းထားတယ္လို႔ ေျပာၾကားပါတယ္။
Quarter Pounder မွာ အသုံးျပဳထားခဲ့တဲ့ ၾကက္သြန္နီေတြဟာ ဘတ္တီးရီးယားကူးစက္မႈျဖစ္ေစတဲ့ ရင္းျမစ္ ျဖစ္ႏိုင္တယ္လို႔ ယူဆထားပါတယ္။ ဒါေၾကာင့္ ဆိုင္ကို ၾကက္သြန္နီတင္သြင္းတဲ့ Taylor Farms မွ ၾကက္သြန္နီ တင္သြင္းမႈကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းဖို႔ ဆုံးျဖတ္ထားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါအျပင္ ဆိုင္မွာ အသုံးျပဳတဲ့ အမဲသားေတြမွာလည္း ဘတ္တီးရီးယား ရွိ၊ မရွိ မေသခ်ာတာေၾကာင့္ အသားစနမူနာေတြကို စမ္းသပ္ စစ္ေဆးေနတယ္လို႔ အေမရိကန္စိုက္ပ်ိဳးေရးဌာနက ေျပာၾကားပါတယ္။

အေမရိကန္မွာ E.coli ဘတ္တီးရီးယား ကူးစက္ျဖစ္ပြားမႈေတြ ခပ္စိတ္စိတ္ေတြ႕လာေနရၿပီး ေအာက္တိုဘာ ၂၄ ရက္ အထိအတြင္း ကိုလိုရာဒို၊ ကန္းဆက္၊ အက္တက္၊ဝိုင္းအိုမင္၊ အိုင္အိုဝါ၊ မစ္ဆူရီ၊ မြန္တားနား၊ နီဘရာစကာ၊ နယူးမကၠစီကို၊ ေအာ္ရီဂြန္၊ ဝစၥကြန္ဆင္၊ ဝါရွင္တန္၊ မစ္ခ်ီဂန္မွာ ကူးစက္ခံရမႈေတြ ေတြ႕ရွိလာခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.