‘‘ သဘင်လောကထဲက ပွင့်ထွက်လာတဲ့ စကားသံများ ’’

 183

EP (NP News) - အောက်တိုဘာ ၂၇

“NP News” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ စိတ်ဝင်စားဖွယ်တွေကို ထုတ်နှုတ်ဖော် ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ “သဘင်လောကထဲကထွက်ပေါ်လာတဲ့ သဘင်အကြောင်း၊ အသက် (၁၇) အရွယ် အလှမယ်သဲစုညိမ်းကို နိုင်ငံရေးနဲ့စွဲကပ်ချင်ကြသူများ၊ အနာဂတ်မှာ သင်ကြားရေးစင်တာဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ဝေဠုကျော် ’’ အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

သဘင်လောကထဲကထွက်ပေါ်လာတဲ့ သဘင်အကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ရှေ့မှောက်မှာ ‘‘အကျဉ်းထောင်ထဲရောက်နေသူသာ ပြည်သူလူထုကတင်မြှောက်တဲ့ ငါတို့ခေါင်းဆောင်’’ လို့ အဓိပ္ပါယ်ရတဲ့ ပြောဆိုတင်ဆက်မှုရှိခဲ့ပါတယ်။
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၂၀)ရက်က နေပြည်တော်ခန်းမမှာကျင်းပခဲ့ကြပါတယ်။ ပွဲအခမ်းအနားကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီး၊ ဒုတိယဥက္ကဋ္ဌတို့ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပစဉ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်အဖွဲ့သားတွေ တင်ဆက်ကပြတဲ့ပြဇာတ်တစ်ပုဒ်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့စကားလုံးအသုံးအနှုန်းတွေကို ထည့် သွင်းအသုံးပြုခဲ့ပါတယ်။ ‘ဥပမာ -ထောင်ထဲမှာ အကျဉ်းကျခံနေရသူသာလျှင် ပြည်သူလူထုတင်မြှောက်တဲ့ ငါတို့ရဲ့ ခေါင်း ဆောင်’ဆိုတဲ့ စကားအသုံးအနှုန်းကို တည်ဆဲအစိုးရ နိုင်ငံတော်အကြီးအကဲများရှေ့ မှောက်မှာ သုံးနှုန်းခဲ့ခြင်း၊ ဇာတ်စင် မြင့်ပေါ် ခွေးရုပ်ကိုတင်ကာ သရုပ်ဖော်ကပြခဲ့ခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ဇာတ်သဘင်လောကမှာ ဇာတ်ရဲ့သမ္ပဇဉ်အရ ခွေးရုပ်ကို စင်မြင့်ပေါ်သို့တင်ခြင်းကို သဘင်အသိုင်းအဝိုင်း က နှစ်သက်ခြင်းမရှိကြပါဘူး။ ဒီလိုလုပ်ရပ်က အဂါရဝဖြစ်စေတဲ့လုပ်ရပ်သာဖြစ်ကြောင်း၊ ဒီလိုလုပ်ရပ်တွေကို ဇာတ်အဖွဲ့ တစ်ခုကကျူးလွန်ခဲ့ကြောင်း ဇာတ်သဘင် အသိုင်းအဝိုင်းက ပြောဆိုဝေဖန်နေကြပါတယ်။
အခုလို နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့တင်ဆက်မှုတွေကို ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ တခြားပြည်နယ် တစ်ခုကသာ ထည့်သွင်းသုံးနှုန်းခဲ့ကြပြီး ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အနုပညာဖျော် ဖြေတင်ဆက်မှု တစ်ခုအဖြစ်သာ ယှဉ်ပြိုင်တင်ဆက်ခဲ့ကြပါတယ်။ ပွဲစီစဉ်ကြီးကြပ်သူတွေအနေနဲ့တင်ဆက်ပြသကြမယ့် ဇာတ်အဖွဲ့ သားတွေ ပြင်ဆင်ထားတဲ့ပြက်လုံးတွေကို စိစစ်ချိန်ကတည်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကို ထည့်သွင်းအသုံးမပြုဖို့ တားမြစ်ခဲ့ကြောင်း၊ ၎င်းတို့ဇာတ်အဖွဲ့သားတွေက စီစဉ်ကြီးကြပ်သူတွေရဲ့တားမြစ်ချက်ကို မထီမဲ့မြင်ပြုကာ ထည့်သွင်းအသုံးပြုခဲ့ခြင်းမျိုးဖြစ်ကြောင်း ထွက်ပေါ်လာတဲ့စကားသံတွေအရ သိရပါတယ်။
ဒါ့ပြင် သဘင်အသိုင်းအဝိုင်းထံက ထွက်ပေါ်လာတဲ့သတင်းစကားတွေအရ ‘‘သဘင်အစည်းအရုံးဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဖိုးချစ်က ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲရဲ့ အမှတ်ပေးစာရင်းကို အကဲဖြတ်ဒိုင်အချင်းချင်းတောင် စောင့်ထိန်းထားကာ အသိပေးထားခြင်းမရှိတဲ့အမှတ်ပေးစာရင်းကို တာဝန်ကျဝန်ထမ်းထံကနေ ဆွဲယူကြည့်ရှုခဲ့ ကြောင်း၊ ဖိုးချစ် အဲဒီလို ပြုမူနေချိန်မှာ အကဲဖြတ်ဘုတ်အဖွဲ့ထဲပါဝင်သူ ဝါရင့်သဘင်ပညာရှင်တစ်ဦးက အကဲဖြတ် အမှတ်ပေးစာရင်းကိုမကြည့်ရှုဖို့ လှမ်းတားခဲ့ရကြောင်း၊ ထိုသို့ လှမ်းတားချိန်မှာ ဖိုးချစ်က တစ်စုံတစ်ရာ တောင်းပန်ပြောကြားခြင်းမျိုးမရှိဘဲ ထွက်သွားခဲ့ကြောင်း” အစရှိတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဖိုးချစ်က အကြမ်းဖက် ထောက်ပံ့မှုသံသယနဲ့ပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံသဘင် အစည်းအရုံးကနေ တပ်မတော်အာဏာထိန်းမှုကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြောင်းပြသရင်း ဥက္ကဋ္ဌရာထူး က တရားဝင်နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ သဘင်အစည်းအရုံးဟာ (၂၀၂၁) ခုနှစ်နောက်ပိုင်း ဖရိုဖရဲဖြစ်ခဲ့ပြီးနောက် သက်တမ်းကုန်ဆုံးလျက် ရပ်တည်ခဲ့တာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ မှတ်ပုံတင်ပြန်လည်လျှောက်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ မှတ်ပုံတင်ခွင့်ပြုချက် ပြန်လည်မရရှိသေးတာပါ။ ဖိုးချစ်အနေနဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးကို (၂၀၁၅) ခုနှစ်ကတည်းက စတင်ရယူခဲ့ခြင်းဖြစ်ကာ လက်ရှိမှာ သက်တမ်း (၉)နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဥက္ကဋ္ဌရာထူးအတွက် တရားဝင်ရွေးချယ်ပွဲ၊ လွှဲပြောင်းခန့်အပ်ပွဲတွေ လုပ်ဆောင်ခြင်းမရှိတာကြောင့် သဘင်လောက သားတွေကိုယ်တိုင်က ထောက်ပြပြောဆိုလာကြကာ ဖိုးချစ်ရဲ့လုပ်ရပ်တွေအပေါ် မေးခွန်းထုတ် လာကြပါတယ်။
ဒီလိုဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် တည်ဆဲအစိုးအရ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ စိတ်သဘော ထားကြီးမားမှုကိုမြင်တွေ့နိုင်ပေမယ့် နိုင်ငံတော်အပေါ်သစ္စာဖောက်ပုန်ကန်ဖူးသူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းကို ပြန်လည် နေရာပေး အရေးတယူလုပ်နေတာတွေဟာ သစ္စာစောင့်သိသူတွေအတွက် စိတ်မကောင်းဖြစ်စေရုံမက နိုင်ငံတော်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက် မြွေပွေးခါးပိုက်ပိုက်ထားမိသလိုဖြစ်လာနိုင်ကြောင်း ထောက်ပြသူတွေ ရှိလာပြီဖြစ်ပါတယ်။

အနာဂတ်မှာ သင်ကြားရေးစင်တာ ဖွင့်လှစ်ဖို့ရည်ရွယ်တဲ့ ဝေဠုကျော်

အကယ်ဒမီ ဝေဠုကျော်က အနာဂတ်မှာ အရေးပေါ်ကယ်ဆယ်မှုသင်ကြားရေးစင်တာဖွင့်လှစ်ဖို့ ရည်ရွယ် ထားကြောင်း မီဒီယာတစ်ခုမှာဖွင့်ဟထားပါတယ်။ ဝေဠုကျော်က ၎င်းရဲ့ဖောင်ဒေးရှင်းကို ရေရှည်ရပ်တည်သွား နိုင်ဖို့အပြင် အနာဂတ်မှာ သင်ကြားရေးစင်တာဖွင့်လှစ်ဖို့အထိ စိတ်ကူးရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်းကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့သက်တမ်းက ဆယ်စုနှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေ မယ့် ဥက္ကဋ္ဌဖြစ်သူ ဝေဠုကျော်ရဲ့လူမှုရေးပြဿနာကိစ္စတွေကြောင့် အသင်းအဖွဲ့ရဲ့ပုံရိပ်မှေးမှန်သွားခဲ့ပြီး အလှူရှင် တွေရဲ့ ယုံကြည်မှုအား လျော့နည်းလျက်ရှိတာကို သတိပြုမိပါတယ်။
အလှမယ်သင်းသင်းအပေါ် ကာမလိမ်လည်မှု အမှုကိစ္စနဲ့ အလှူရှင်အပေါ် ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်တဲ့ပြဿနာတွေကြောင့် ပရဟိလုပ်ဆောင်မှုမြင်ကွင်းတွေကနေ ခေတ္တပျောက်ကွယ်သွားခဲ့ပါတယ်။ (၂၀၂၄) ခုနှစ် စက်တင် ဘာလကဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုဖြစ်ပွားခဲ့တဲ့ဒေသတွေရှိပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ အကြောင်းပြုကာ ဆိုရှယ်မီဒီယာစာမျက်နှာထက် ပြန်လည်ထွက်ပေါ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အလှူရှင်တွေအနေနဲ့ကတော့ ဝေဠုကျော်ဖောင် ဒေးရှင်းအပေါ် ယုံကြည်မှုလျော့နည်း လျက်ရှိတာကို အဲဒီဖြစ်စဉ်မှာ တွေ့မြင်ခဲ့ရပါတယ်။ အသက် (၅၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အကယ်ဒမီမင်းသား ဝေဠုကျော်က လူအများရဲ့ယုံကြည်မှုအား လျော့နည်းနေပေမယ့်လည်း ပရဟိတလုပ်ငန်းကို ဆက်လက်လုပ်ကိုင် သွားမှာဖြစ်ပြီး၊ အနာဂတ်မှာ ကူညီကယ်ဆယ်ရေးအတွက် သင်ကြားရေးစင်တာဖွင့်လှစ်ဖို့ရည်ရွယ်ကာ ပြင်ဦးလွင်မြို့မှာ မြေ (၇) ဧက ကျယ်ဝန်းတဲ့ ခြံတစ်ခြံဝယ်ထား ကြောင်း ထုတ်ဖော်အသိပေးခဲ့တာပါ။ လက်ရှိမှာ တော့ အဆိုပါမြေပေါ်မှာ ငှက်ပျောပင်စိုက်ပျိုးကာ ခြံလုပ်ငန်း စတင်လုပ် ကိုင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

နိုင်ငံကိုယ်စားပြု အလှမယ်ကို နိုင်ငံရေးနဲ့ ဆွဲကပ်ချင်ကြသူများ

အတိုက်အခံအုပ်စုဟာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ရောယှက်ပြီး ထွန်းလင်းတောက်ပလာမယ့် အသက် (၁၇) နှစ် အရွယ် နိုင်ငံကိုယ်စားပြုအလှမယ်သဲစုညိမ်းရဲ့ဂုဏ်သတင်းကို ဖျက်ဆီးချိုးနှိမ်ဖို့ အုပ်စုဖွဲ့ လုပ်ဆောင်နေကြ ပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ MGI 2024 ပြိုင်ပွဲကို နိုင်ငံအသီးသီးကလည်း အားပေးကြည့်ရှုနေကြသလို မြန်မာနိုင်ငံ လူထုကလည်း သဲစုညိမ်းကို အပြည့်အဝအားပေးမှုတွေလုပ်ဆောင်နေကြပါတယ်။ MGI 2024 ပြိုင်ပွဲရဲ့ ပွဲစဉ်တွေ၊ အလှမယ်သဲစုညိမ်းအပေါ် လူထုအားပေးမှုက ဆိုရှယ်လူမှုကွန်ရက်ပလက်ဖောင်းအစုံမှာ နေရာယူထား တာကြောင့် တော်လှန်ရေးအကြောင်းပြ ပုန်ကန်သူတွေ အမြင်မကြည်ဖြစ်လို့ လာကြပါတယ်။ ဒါကြောင့်လည်း သဲစုညိမ်းအပေါ် ပြည်သူလူထု အာရုံစိုက်အားပေးနေခြင်းကို မရှုဆိမ့်ဖြစ်ကာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေ/နိုင်ငံရေးနဲ့ ရောနှောပြောဆိုတာတိုက်ခိုက်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။
MGI 2024 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝတ်ဆင်ယှဉ်ပြိုင်တဲ့ National Costume ဝတ်စုံက ဗိဿနိုးမြို့ကိုအုပ်စိုးခဲ့တဲ့ ပန်ထွာဘုရင်မအသွင် ဝတ်ဆင်ပြသယှဉ်ပြိုင်ခဲ့ရာ အလှမယ် သဲစုညိမ်းရဲ့ ဘုရင်မအသွင် ရဲရင့် ပြတ်သားမှု ဟန်ပန်အမူအရာ၊ မျက်လုံးအကြည့်တွေအပြင် ဒီဇိုင်နာရဲ့ဖန်တီးမှု၊ မိတ်ကပ်ပံ့ပိုးမှုတွေကို ကြည့်ရှုသူတိုင်းက မချီးကျူးဘဲမနေနိုင်လောက်အောင်ကို ပြည့်စုံကောင်းမွန်ခဲ့တာပါ။
Miss Grand International 2024 Winner ဆုကို Miss Grand India Rachel Gupta၊ 1st Runner up Award ကို Miss Grand Philippines Christine Juliane Opiaza၊ 2nd Runner up Award ကို Miss Grand Myanmar Thae Su Nyein က ရရှိခဲ့တာပါ။
Miss Grand International 2024 ပြိုင်ပွဲကို ဒီနေ့ အောက်တိုဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အလှမယ် သဲစုညိမ်းရဲ့ ကြိုးစားအားထုတ်မှုကိုကြည့်ချင်းအားဖြင့် Miss Grand International 2024 Winner ဆုကို ရရှိနိုင်တဲ့အရည်အချင်းအပြည့်အဝရှိကြောင်း မြန်မာလူထုက ယုံကြည်ထားခဲ့ကြပြီး၊ သူမ ကိုယ်တိုင် အပါအဝင် သူမရဲ့ဆရာဖြစ်သူ National Director ထူးအံ့လွင်နဲ့ အဖွဲ့သားတွေကလည်း Miss Grand International 2024 Winner ဆု ရရှိပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန် စိတ်နှစ်အားထုတ်ခဲ့ကြတာပါ။
လက်တွေ့ရလဒ်မှာ Miss Grand International 2024 Winner ဆုနဲ့ လွဲချော်သွားရုံမက 2nd Runner up ဆုနဲ့ ကျေနပ်လိုက်ရတာကြောင့် Miss Grand International ပြိုင်ပွဲ အကဲဖြတ်မှုကို အားပေးသူ မြန်မာလူထုက စိတ်ပျက်သွားခဲ့ကြပြီး မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်းအတွက် များစွာ စိတ်မကောင်းဖြစ်လို့နေကြပါ တယ်။
သဲစုညိမ်း ကလည်း Winner (သို့မဟုတ်) 1st Runner up ရရှိဖို့ ကြိုတင်မျှော်လင့်ထားပုံရပေမယ့် 2nd Runner up ဆု ကြေညာချိန်မှာ အံ့အားသင့်သွားခဲ့ရပြီး မျှော်လင့်ချက်ပျက် ဝမ်းနည်းသွားခဲ့ရပါတယ်။
Miss Grand International 2024 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်သဲစုညိမ်း အပေါ် မြန်မာပြည်သူ လူထုရဲ့အားပေးမှုက ထင်မှတ်မထားရလောက်အောင် များပြားလွန်းခဲ့ကာ သူမရဲ့ကြိုးစားအားထုတ်မှုကလည်း ပွဲစဥ်တိုင်းလျော့မနေခဲ့တာကို အားပေးသူ လူတိုင်းက အသိအမှတ်ပြုချီးကျူးခဲ့ကြတာပါ။

တစ်ဖက်မှာ အလှမယ် သဲစုညိမ်းကို တစ်ခဲနက်အားပေးကြသလို တခြားတစ်ဖက်မှာလည်း အတိုက်အခံအုပ်စု တွေက ‘‘နိုင်ငံကိုယ်စားပြု၊ နိုင်ငံတော်ကို ဘာများလုပ်ဆောင် ပေးပါသလဲ၊ အလှမယ် ဟန်လေး၊ သူဇာဝင့်လွင်တို့ဆိုရင် စင်မြင့်ထက်မှာ Speak out ဘယ်လိုလုပ်ခဲ့တာ အစရှိတဲ့ စကားလုံးတွေကို ထပ်ခါတလဲလဲ သုံးကာ လူပုဂ္ဂိုလ်အချင်းချင်း နှိုင်းယှဉ်ဝေဖန်ရင်း နိုင်ငံရေးစကားလုံး ထိုးနှက်ချက်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အသိဉာဏ်ပညာရှိတဲ့ ပညာတတ်အသိုင်းအဝိုင်း ကတော့ အမျိုးသမီးငယ်တစ်ဦးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးလျက်ရှိပါတယ်။
“ဟန်လေးတုန်းက စင်ပေါ်မှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး Speak Out လုပ်ခဲ့ပေမယ့် တော်လှန်ရေး အောင်မြင်ခဲ့သလား၊ သူဇာဝင့်လွင်က မြန်မာနိုင်ငံကို ဆုတောင်းပေးပါဆိုပြီး ထပ်မံပြောဆိုခဲ့ပြန် တယ် တောင်လှန်ရေး အောင်မြင်ခဲ့ပါသလား။ သူတို့လည်း နိုင်ငံခြားမှာ ဝင်ငွေလမ်းကြောင်းကောင်းလို့၊ အခွင့်အရေးတွေ ရလို့’’ လို့ သဲစုညိမ်းပရိသတ်တွေကလည်း ပြန်လည်တုံ့ပြန် မေးခွန်းထုတ်ထားကြပါတယ်။
MGI 2024 ပြိုင်ပွဲရဲ့ Pre ပွဲစဉ်ကို အောက်တိုဘာလ (၂၂) ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး Pre ပွဲစဉ်မှာ Special Awards ၃ ဆုမှာ Myanmar က Fan Vote Award, India က Pageant’s Choice Award၊ France က Best Performance Award ရရှိခဲ့ကြတာပါ။
Miss Grand International 2024 ပြိုင်ပွဲမှာ အလှမယ်သဲစုညိမ်းက 2nd Runner up ဆုနဲ့သာ ကျေနပ်လိုက် ရပေမယ့် အသက် ၁၈ နှစ်သာရှိသေးတဲ့မြန်မာအမျိုးသမီးငယ်က နိုင်ငံတကာစင်မြင့်ထက်မှာ နိုင်ငံကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ သူမရဲ့ကြိုးစားအားထုတ်မှု၊ သွက်လက်ထက်မြက်သူ၊ ရဲရင့်ပြတ်သားမှုကို ချီးကျူး ဂုဏ်ပြုကြောင်း ပရိသတ်များစွာက အားပေးစကားတွေ ဆိုလျက်ရှိကြပါတယ်။

Zawgyi Version;
‘‘ သဘင္ေလာကထဲက ပြင့္ထြက္လာတဲ့ စကားသံမ်ား ’’
EP (NP News) - ေအာက္တိုဘာ ၂၇

“NP News” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန စိတ္ဝင္စားဖြယ္ေတြကို ထုတ္ႏႈတ္ေဖာ္ ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန “သဘင္ေလာကထဲကထြက္ေပၚလာတဲ့ သဘင္အေၾကာင္း၊ အသက္ (၁၇) အ႐ြယ္ အလွမယ္သဲစုညိမ္းကို ႏိုင္ငံေရးနဲ႔စြဲကပ္ခ်င္ၾကသူမ်ား၊ အနာဂတ္မွာ သင္ၾကားေရးစင္တာဖြင့္လွစ္ဖို႔ ရည္႐ြယ္ထားတဲ့ ေဝဠဳေက်ာ္ ’’ အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။

သဘင္ေလာကထဲကထြက္ေပၚလာတဲ့ သဘင္အေၾကာင္း
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ဒုတိယဥကၠ႒ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းရဲ႕ေရွ႕ေမွာက္မွာ ‘‘အက်ဥ္းေထာင္ထဲေရာက္ေနသူသာ ျပည္သူလူထုကတင္ေျမႇာက္တဲ့ ငါတို႔ေခါင္းေဆာင္’’ လို႔ အဓိပၸါယ္ရတဲ့ ေျပာဆိုတင္ဆက္မႈရွိခဲ့ပါတယ္။
(၂၅)ႀကိမ္ေျမာက္ ေငြရတုအထိမ္းအမွတ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီး ၿပိဳင္ပြဲကို (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ (၂၀)ရက္က ေနျပည္ေတာ္ခန္းမမွာက်င္းပခဲ့ၾကပါတယ္။ ပြဲအခမ္းအနားကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ဇနီး၊ ဒုတိယဥကၠ႒တို႔ကိုယ္တိုင္ တက္ေရာက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။
အဆို၊ အက၊ အေရး၊ အတီးၿပိဳင္ပြဲက်င္းပစဥ္ ရန္ကုန္တိုင္းေဒသႀကီး ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ဇာတ္အဖြဲ႕သားေတြ တင္ဆက္ကျပတဲ့ျပဇာတ္တစ္ပုဒ္မွာ ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့စကားလုံးအသုံးအႏႈန္းေတြကို ထည့္ သြင္းအသုံးျပဳခဲ့ပါတယ္။ ‘ဥပမာ -ေထာင္ထဲမွာ အက်ဥ္းက်ခံေနရသူသာလွ်င္ ျပည္သူလူထုတင္ေျမႇာက္တဲ့ ငါတို႔ရဲ႕ ေခါင္း ေဆာင္’ဆိုတဲ့ စကားအသုံးအႏႈန္းကို တည္ဆဲအစိုးရ ႏိုင္ငံေတာ္အႀကီးအကဲမ်ားေရွ႕ ေမွာက္မွာ သုံးႏႈန္းခဲ့ျခင္း၊ ဇာတ္စင္ ျမင့္ေပၚ ေခြး႐ုပ္ကိုတင္ကာ သ႐ုပ္ေဖာ္ကျပခဲ့ျခင္းေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။
ဇာတ္သဘင္ေလာကမွာ ဇာတ္ရဲ႕သမၸဇဥ္အရ ေခြး႐ုပ္ကို စင္ျမင့္ေပၚသို႔တင္ျခင္းကို သဘင္အသိုင္းအဝိုင္း က ႏွစ္သက္ျခင္းမရွိၾကပါဘူး။ ဒီလိုလုပ္ရပ္က အဂါရဝျဖစ္ေစတဲ့လုပ္ရပ္သာျဖစ္ေၾကာင္း၊ ဒီလိုလုပ္ရပ္ေတြကို ဇာတ္အဖြဲ႕ တစ္ခုကက်ဴးလြန္ခဲ့ေၾကာင္း ဇာတ္သဘင္ အသိုင္းအဝိုင္းက ေျပာဆိုေဝဖန္ေနၾကပါတယ္။
အခုလို ႏိုင္ငံေရးနဲ႔ဆက္ႏႊယ္တဲ့တင္ဆက္မႈေတြကို ရန္ကုန္တိုင္းေဒသႀကီး၊ မြန္ျပည္နယ္နဲ႔ တျခားျပည္နယ္ တစ္ခုကသာ ထည့္သြင္းသုံးႏႈန္းခဲ့ၾကၿပီး က်န္ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက အႏုပညာေဖ်ာ္ ေျဖတင္ဆက္မႈ တစ္ခုအျဖစ္သာ ယွဥ္ၿပိဳင္တင္ဆက္ခဲ့ၾကပါတယ္။ ပြဲစီစဥ္ႀကီးၾကပ္သူေတြအေနနဲ႔တင္ဆက္ျပသၾကမယ့္ ဇာတ္အဖြဲ႕ သားေတြ ျပင္ဆင္ထားတဲ့ျပက္လုံးေတြကို စိစစ္ခ်ိန္ကတည္းက ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့အသုံးအႏႈန္းေတြကို ထည့္သြင္းအသုံးမျပဳဖို႔ တားျမစ္ခဲ့ေၾကာင္း၊ ၎တို႔ဇာတ္အဖြဲ႕သားေတြက စီစဥ္ႀကီးၾကပ္သူေတြရဲ႕တားျမစ္ခ်က္ကို မထီမဲ့ျမင္ျပဳကာ ထည့္သြင္းအသုံးျပဳခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ထြက္ေပၚလာတဲ့စကားသံေတြအရ သိရပါတယ္။
ဒါ့ျပင္ သဘင္အသိုင္းအဝိုင္းထံက ထြက္ေပၚလာတဲ့သတင္းစကားေတြအရ ‘‘သဘင္အစည္းအ႐ုံးဥကၠ႒ ေဟာင္းျဖစ္သူ ဖိုးခ်စ္က ဆို၊ က၊ ေရး၊ တီးၿပိဳင္ပြဲရဲ႕ အမွတ္ေပးစာရင္းကို အကဲျဖတ္ဒိုင္အခ်င္းခ်င္းေတာင္ ေစာင့္ထိန္းထားကာ အသိေပးထားျခင္းမရွိတဲ့အမွတ္ေပးစာရင္းကို တာဝန္က်ဝန္ထမ္းထံကေန ဆြဲယူၾကည့္ရႈခဲ့ ေၾကာင္း၊ ဖိုးခ်စ္ အဲဒီလို ျပဳမူေနခ်ိန္မွာ အကဲျဖတ္ဘုတ္အဖြဲ႕ထဲပါဝင္သူ ဝါရင့္သဘင္ပညာရွင္တစ္ဦးက အကဲျဖတ္ အမွတ္ေပးစာရင္းကိုမၾကည့္ရႈဖို႔ လွမ္းတားခဲ့ရေၾကာင္း၊ ထိုသို႔ လွမ္းတားခ်ိန္မွာ ဖိုးခ်စ္က တစ္စုံတစ္ရာ ေတာင္းပန္ေျပာၾကားျခင္းမ်ိဳးမရွိဘဲ ထြက္သြားခဲ့ေၾကာင္း” အစရွိတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။
ဖိုးခ်စ္က အၾကမ္းဖက္ ေထာက္ပံ့မႈသံသယနဲ႔ပါ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူ ျဖစ္တဲ့အျပင္ ျမန္မာႏိုင္ငံသဘင္ အစည္းအ႐ုံးကေန တပ္မေတာ္အာဏာထိန္းမႈကိုဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ေၾကာင္းျပသရင္း ဥကၠ႒ရာထူး က တရားဝင္ႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။ သဘင္အစည္းအ႐ုံးဟာ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္း ဖ႐ိုဖရဲျဖစ္ခဲ့ၿပီးေနာက္ သက္တမ္းကုန္ဆုံးလ်က္ ရပ္တည္ခဲ့တာ သုံးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ခဲ့ေပမယ့္ လက္ရွိ အခ်ိန္ထိ မွတ္ပုံတင္ခြင့္ျပဳခ်က္ ျပန္လည္မရရွိေသးတာပါ။ ဖိုးခ်စ္အေနနဲ႔ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ဥကၠ႒ ရာထူးကို (၂၀၁၅) ခုႏွစ္ကတည္းက စတင္ရယူခဲ့ျခင္းျဖစ္ကာ လက္ရွိမွာ သက္တမ္း (၉)ႏွစ္ေက်ာ္လာၿပီ ျဖစ္ပါတယ္။ ဥကၠ႒ရာထူးအတြက္ တရားဝင္ေ႐ြးခ်ယ္ပြဲ၊ လႊဲေျပာင္းခန႔္အပ္ပြဲေတြ လုပ္ေဆာင္ျခင္းမရွိတာေၾကာင့္ သဘင္ေလာက သားေတြကိုယ္တိုင္က ေထာက္ျပေျပာဆိုလာၾကကာ ဖိုးခ်စ္ရဲ႕လုပ္ရပ္ေတြအေပၚ ေမးခြန္းထုတ္ လာၾကပါတယ္။
ဒီလိုျဖစ္စဥ္ေတြကို ၾကည့္ျခင္းအားျဖင့္ တည္ဆဲအစိုးအရ ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔ စိတ္သေဘာ ထားႀကီးမားမႈကိုျမင္ေတြ႕ႏိုင္ေပမယ့္ ႏိုင္ငံေတာ္အေပၚသစၥာေဖာက္ပုန္ကန္ဖူးသူ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းကို ျပန္လည္ ေနရာေပး အေရးတယူလုပ္ေနတာေတြဟာ သစၥာေစာင့္သိသူေတြအတြက္ စိတ္မေကာင္းျဖစ္ေစ႐ုံမက ႏိုင္ငံေတာ္အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအတြက္ ေႁမြေပြးခါးပိုက္ပိုက္ထားမိသလိုျဖစ္လာႏိုင္ေၾကာင္း ေထာက္ျပသူေတြ ရွိလာၿပီျဖစ္ပါတယ္။

အနာဂတ္မွာ သင္ၾကားေရးစင္တာ ဖြင့္လွစ္ဖို႔ရည္႐ြယ္တဲ့ ေဝဠဳေက်ာ္
အကယ္ဒမီ ေဝဠဳေက်ာ္က အနာဂတ္မွာ အေရးေပၚကယ္ဆယ္မႈသင္ၾကားေရးစင္တာဖြင့္လွစ္ဖို႔ ရည္႐ြယ္ ထားေၾကာင္း မီဒီယာတစ္ခုမွာဖြင့္ဟထားပါတယ္။ ေဝဠဳေက်ာ္က ၎ရဲ႕ေဖာင္ေဒးရွင္းကို ေရရွည္ရပ္တည္သြား ႏိုင္ဖို႔အျပင္ အနာဂတ္မွာ သင္ၾကားေရးစင္တာဖြင့္လွစ္ဖို႔အထိ စိတ္ကူးရည္႐ြယ္ထားတယ္လို႔လည္း ေျပာပါတယ္။
ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကူညီကယ္ဆယ္ေရးအဖြဲ႕ရဲ႕သက္တမ္းက ဆယ္စုႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပ မယ့္ ဥကၠ႒ျဖစ္သူ ေဝဠဳေက်ာ္ရဲ႕လူမႈေရးျပႆနာကိစၥေတြေၾကာင့္ အသင္းအဖြဲ႕ရဲ႕ပုံရိပ္ေမွးမွန္သြားခဲ့ၿပီး အလႉရွင္ ေတြရဲ႕ ယုံၾကည္မႈအား ေလ်ာ့နည္းလ်က္ရွိတာကို သတိျပဳမိပါတယ္။
အလွမယ္သင္းသင္းအေပၚ ကာမလိမ္လည္မႈ အမႈကိစၥနဲ႔ အလႉရွင္အေပၚ ေငြေၾကးလိမ္လည္မႈနဲ႔ ပတ္သက္တဲ့ျပႆနာေတြေၾကာင့္ ပရဟိလုပ္ေဆာင္မႈျမင္ကြင္းေတြကေန ေခတၱေပ်ာက္ကြယ္သြားခဲ့ပါတယ္။ (၂၀၂၄) ခုႏွစ္ စက္တင္ ဘာလကျဖစ္ေပၚခဲ့တဲ့ ေရႀကီးမႈျဖစ္ပြားခဲ့တဲ့ေဒသေတြရွိျပည္သူေတြကို ကူညီကယ္ဆယ္ဖို႔ အေၾကာင္းျပဳကာ ဆိုရွယ္မီဒီယာစာမ်က္ႏွာထက္ ျပန္လည္ထြက္ေပၚခဲ့ၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ အလႉရွင္ေတြအေနနဲ႔ကေတာ့ ေဝဠဳေက်ာ္ေဖာင္ ေဒးရွင္းအေပၚ ယုံၾကည္မႈေလ်ာ့နည္း လ်က္ရွိတာကို အဲဒီျဖစ္စဥ္မွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အသက္ (၅၄) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အကယ္ဒမီမင္းသား ေဝဠဳေက်ာ္က လူအမ်ားရဲ႕ယုံၾကည္မႈအား ေလ်ာ့နည္းေနေပမယ့္လည္း ပရဟိတလုပ္ငန္းကို ဆက္လက္လုပ္ကိုင္ သြားမွာျဖစ္ၿပီး၊ အနာဂတ္မွာ ကူညီကယ္ဆယ္ေရးအတြက္ သင္ၾကားေရးစင္တာဖြင့္လွစ္ဖို႔ရည္႐ြယ္ကာ ျပင္ဦးလြင္ၿမိဳ႕မွာ ေျမ (၇) ဧက က်ယ္ဝန္းတဲ့ ၿခံတစ္ၿခံဝယ္ထား ေၾကာင္း ထုတ္ေဖာ္အသိေပးခဲ့တာပါ။ လက္ရွိမွာ ေတာ့ အဆိုပါေျမေပၚမွာ ငွက္ေပ်ာပင္စိုက္ပ်ိဳးကာ ၿခံလုပ္ငန္း စတင္လုပ္ ကိုင္ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။

ႏိုင္ငံကိုယ္စားျပဳ အလွမယ္ကို ႏိုင္ငံေရးနဲ႔ ဆြဲကပ္ခ်င္ၾကသူမ်ား
အတိုက္အခံအုပ္စုဟာ ႏိုင္ငံေရးျဖစ္စဥ္ေတြနဲ႔ေရာယွက္ၿပီး ထြန္းလင္းေတာက္ပလာမယ့္ အသက္ (၁၇) ႏွစ္ အ႐ြယ္ ႏိုင္ငံကိုယ္စားျပဳအလွမယ္သဲစုညိမ္းရဲ႕ဂုဏ္သတင္းကို ဖ်က္ဆီးခ်ိဳးႏွိမ္ဖို႔ အုပ္စုဖြဲ႕ လုပ္ေဆာင္ေနၾက ပါတယ္။
ထိုင္းႏိုင္ငံမွာက်င္းပတဲ့ MGI 2024 ၿပိဳင္ပြဲကို ႏိုင္ငံအသီးသီးကလည္း အားေပးၾကည့္ရႈေနၾကသလို ျမန္မာႏိုင္ငံ လူထုကလည္း သဲစုညိမ္းကို အျပည့္အဝအားေပးမႈေတြလုပ္ေဆာင္ေနၾကပါတယ္။ MGI 2024 ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ေတြ၊ အလွမယ္သဲစုညိမ္းအေပၚ လူထုအားေပးမႈက ဆိုရွယ္လူမႈကြန္ရက္ပလက္ေဖာင္းအစုံမွာ ေနရာယူထား တာေၾကာင့္ ေတာ္လွန္ေရးအေၾကာင္းျပ ပုန္ကန္သူေတြ အျမင္မၾကည္ျဖစ္လို႔ လာၾကပါတယ္။ ဒါေၾကာင့္လည္း သဲစုညိမ္းအေပၚ ျပည္သူလူထု အာ႐ုံစိုက္အားေပးေနျခင္းကို မရႈဆိမ့္ျဖစ္ကာ ႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့ တိုက္ပြဲ အေျခအေန/ႏိုင္ငံေရးနဲ႔ ေရာေႏွာေျပာဆိုတာတိုက္ခိုက္မႈေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။
MGI 2024 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ဝတ္ဆင္ယွဥ္ၿပိဳင္တဲ့ National Costume ဝတ္စုံက ဗိႆႏိုးၿမိဳ႕ကိုအုပ္စိုးခဲ့တဲ့ ပန္ထြာဘုရင္မအသြင္ ဝတ္ဆင္ျပသယွဥ္ၿပိဳင္ခဲ့ရာ အလွမယ္ သဲစုညိမ္းရဲ႕ ဘုရင္မအသြင္ ရဲရင့္ ျပတ္သားမႈ ဟန္ပန္အမူအရာ၊ မ်က္လုံးအၾကည့္ေတြအျပင္ ဒီဇိုင္နာရဲ႕ဖန္တီးမႈ၊ မိတ္ကပ္ပံ့ပိုးမႈေတြကို ၾကည့္ရႈသူတိုင္းက မခ်ီးက်ဴးဘဲမေနႏိုင္ေလာက္ေအာင္ကို ျပည့္စုံေကာင္းမြန္ခဲ့တာပါ။
Miss Grand International 2024 Winner ဆုကို Miss Grand India Rachel Gupta၊ 1st Runner up Award ကို Miss Grand Philippines Christine Juliane Opiaza၊ 2nd Runner up Award ကို Miss Grand Myanmar Thae Su Nyein က ရရွိခဲ့တာပါ။
Miss Grand International 2024 ၿပိဳင္ပြဲကို ဒီေန႔ ေအာက္တိုဘာလ ၂၅ ရက္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပခဲ့တာျဖစ္ပါတယ္။
အလွမယ္ သဲစုညိမ္းရဲ႕ ႀကိဳးစားအားထုတ္မႈကိုၾကည့္ခ်င္းအားျဖင့္ Miss Grand International 2024 Winner ဆုကို ရရွိႏိုင္တဲ့အရည္အခ်င္းအျပည့္အဝရွိေၾကာင္း ျမန္မာလူထုက ယုံၾကည္ထားခဲ့ၾကၿပီး၊ သူမ ကိုယ္တိုင္ အပါအဝင္ သူမရဲ႕ဆရာျဖစ္သူ National Director ထူးအံ့လြင္နဲ႔ အဖြဲ႕သားေတြကလည္း Miss Grand International 2024 Winner ဆု ရရွိပိုင္ဆိုင္ႏိုင္ဖို႔ အစြမ္းကုန္ စိတ္ႏွစ္အားထုတ္ခဲ့ၾကတာပါ။
လက္ေတြ႕ရလဒ္မွာ Miss Grand International 2024 Winner ဆုနဲ႔ လြဲေခ်ာ္သြား႐ုံမက 2nd Runner up ဆုနဲ႔ ေက်နပ္လိုက္ရတာေၾကာင့္ Miss Grand International ၿပိဳင္ပြဲ အကဲျဖတ္မႈကို အားေပးသူ ျမန္မာလူထုက စိတ္ပ်က္သြားခဲ့ၾကၿပီး ျမန္မာကိုယ္စားျပဳအလွမယ္ သဲစုညိမ္းအတြက္ မ်ားစြာ စိတ္မေကာင္းျဖစ္လို႔ေနၾကပါ တယ္။
သဲစုညိမ္း ကလည္း Winner (သို႔မဟုတ္) 1st Runner up ရရွိဖို႔ ႀကိဳတင္ေမွ်ာ္လင့္ထားပုံရေပမယ့္ 2nd Runner up ဆု ေၾကညာခ်ိန္မွာ အံ့အားသင့္သြားခဲ့ရၿပီး ေမွ်ာ္လင့္ခ်က္ပ်က္ ဝမ္းနည္းသြားခဲ့ရပါတယ္။
Miss Grand International 2024 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္သဲစုညိမ္း အေပၚ ျမန္မာျပည္သူ လူထုရဲ႕အားေပးမႈက ထင္မွတ္မထားရေလာက္ေအာင္ မ်ားျပားလြန္းခဲ့ကာ သူမရဲ႕ႀကိဳးစားအားထုတ္မႈကလည္း ပြဲစဥ္တိုင္းေလ်ာ့မေနခဲ့တာကို အားေပးသူ လူတိုင္းက အသိအမွတ္ျပဳခ်ီးက်ဴးခဲ့ၾကတာပါ။

တစ္ဖက္မွာ အလွမယ္ သဲစုညိမ္းကို တစ္ခဲနက္အားေပးၾကသလို တျခားတစ္ဖက္မွာလည္း အတိုက္အခံအုပ္စု ေတြက ‘‘ႏိုင္ငံကိုယ္စားျပဳ၊ ႏိုင္ငံေတာ္ကို ဘာမ်ားလုပ္ေဆာင္ ေပးပါသလဲ၊ အလွမယ္ ဟန္ေလး၊ သူဇာဝင့္လြင္တို႔ဆိုရင္ စင္ျမင့္ထက္မွာ Speak out ဘယ္လိုလုပ္ခဲ့တာ အစရွိတဲ့ စကားလုံးေတြကို ထပ္ခါတလဲလဲ သုံးကာ လူပုဂၢိဳလ္အခ်င္းခ်င္း ႏႈိင္းယွဥ္ေဝဖန္ရင္း ႏိုင္ငံေရးစကားလုံး ထိုးႏွက္ခ်က္ေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။ အသိဉာဏ္ပညာရွိတဲ့ ပညာတတ္အသိုင္းအဝိုင္း ကေတာ့ အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ခ်ီးက်ဴးလ်က္ရွိပါတယ္။
“ဟန္ေလးတုန္းက စင္ေပၚမွာ ျမန္မာ့ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး Speak Out လုပ္ခဲ့ေပမယ့္ ေတာ္လွန္ေရး ေအာင္ျမင္ခဲ့သလား၊ သူဇာဝင့္လြင္က ျမန္မာႏိုင္ငံကို ဆုေတာင္းေပးပါဆိုၿပီး ထပ္မံေျပာဆိုခဲ့ျပန္ တယ္ ေတာင္လွန္ေရး ေအာင္ျမင္ခဲ့ပါသလား။ သူတို႔လည္း ႏိုင္ငံျခားမွာ ဝင္ေငြလမ္းေၾကာင္းေကာင္းလို႔၊ အခြင့္အေရးေတြ ရလို႔’’ လို႔ သဲစုညိမ္းပရိသတ္ေတြကလည္း ျပန္လည္တုံ႔ျပန္ ေမးခြန္းထုတ္ထားၾကပါတယ္။
MGI 2024 ၿပိဳင္ပြဲရဲ႕ Pre ပြဲစဥ္ကို ေအာက္တိုဘာလ (၂၂) ရက္က က်င္းပခဲ့ျခင္းျဖစ္ၿပီး Pre ပြဲစဥ္မွာ Special Awards ၃ ဆုမွာ Myanmar က Fan Vote Award, India က Pageant’s Choice Award၊ France က Best Performance Award ရရွိခဲ့ၾကတာပါ။
Miss Grand International 2024 ၿပိဳင္ပြဲမွာ အလွမယ္သဲစုညိမ္းက 2nd Runner up ဆုနဲ႔သာ ေက်နပ္လိုက္ ရေပမယ့္ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ျမန္မာအမ်ိဳးသမီးငယ္က ႏိုင္ငံတကာစင္ျမင့္ထက္မွာ ႏိုင္ငံကိုယ္စားျပဳ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ သူမရဲ႕ႀကိဳးစားအားထုတ္မႈ၊ သြက္လက္ထက္ျမက္သူ၊ ရဲရင့္ျပတ္သားမႈကို ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း ပရိသတ္မ်ားစြာက အားေပးစကားေတြ ဆိုလ်က္ရွိၾကပါတယ္။

Related news

© 2021. All rights reserved.