မ​လေးရှားက Mamee ခေါက်ဆွဲကို inspire ယူပြီး ဖိနပ်ထုတ်

 2127

ရောင်နီ (NP News) - အောက်တိုဘာ ၂၈

မလေးရှားနိုင်ငံက လူကြိုက်အများဆုံး သရေစာတွေထဲက တစ်ခုဖြစ်တဲ့ နာမည်ကြီး Mamee Monster ကို inspire ယူထားတဲ့ ဖိနပ်ထုတ်ခဲ့ပါတယ်။

ဒါဟာ မလေးရှား ဖိနပ်ကုမ္ပဏီ SneakerLah နဲ့ Asics ဖိနပ်အွန်လိုင်းစတိုးတို့ရဲ့ စတုတ္ထမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ SneakerLah တည်ထောင်သူ ဘာရန်ချင်းရဲ့ပြောကြားချက်အရ ဖိနပ်ဒီဇိုင်းဟာ ကျောင်းတုန်းက Mamee Monster စားခဲ့တဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်အမှတ်ရမိစေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီဖိနပ်ဟာ ကလေးဘဝက နှစ်သက်စွဲလမ်းမှုတွေကို ပြန်ပြောင်းပြောပြဖို့ အမှတ်တရ ပစ္စည်းတစ်ခုဖြစ်မယ်လို့ ဆိုထားပါတယ်။ ဖိနပ်ဒီဇိုင်းဟာ Mamee Monster ခေါက်ဆွဲနဲ့ဆင်တူတဲ့ အဝါဖျော့ဖျော့ခေါက်ဆွဲကြိုးတွေ ပါဝင်ပြီး ဖိနပ်အရောင်ကိုလည်း ခေါက်ဆွဲအရောင်မှ အဝါရောင် အနုအရင့်အမျိုးမျိုးနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ခေါက်ဆွဲအရသာမှုန့်ပုံစံ အစက်အပျောက်တွေကိုလည်း ထည့်သွင်းထားပါတယ်။

မလေးရှားဟာ Nasi lemak၊ teh tarik နှင့် Petronas Twin Towers၊ SneakerLah၊ Asics လို မလေးရှားနိုင်ငံရဲ့အကျော်ကြားဆုံး ယဉ်ကျေးမှု အိုင်ကွန်တွေကို ကိုယ်စားပြုတဲ့ ဖိနပ်တွေလည်း ယခင်က ထုတ်လုပ်ခဲ့ဖူးပါတယ်။

Zawgyi Version;
မ​ေလးရွားက Mamee ေခါက္ဆြဲကို inspire ယူၿပီး ဖိနပ္ထုတ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈

မေလးရွားႏိုင္ငံက လူႀကိဳက္အမ်ားဆုံး သေရစာေတြထဲက တစ္ခုျဖစ္တဲ့ နာမည္ႀကီး Mamee Monster ကို inspire ယူထားတဲ့ ဖိနပ္ထုတ္ခဲ့ပါတယ္။

ဒါဟာ မေလးရွား ဖိနပ္ကုမၸဏီ SneakerLah နဲ႔ Asics ဖိနပ္အြန္လိုင္းစတိုးတို႔ရဲ႕ စတုတၳေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္ပါတယ္။ SneakerLah တည္ေထာင္သူ ဘာရန္ခ်င္းရဲ႕ေျပာၾကားခ်က္အရ ဖိနပ္ဒီဇိုင္းဟာ ေက်ာင္းတုန္းက Mamee Monster စားခဲ့တဲ့ ငယ္ဘဝအမွတ္တရေတြကို ျပန္အမွတ္ရမိေစတယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ဒီဖိနပ္ဟာ ကေလးဘဝက ႏွစ္သက္စြဲလမ္းမႈေတြကို ျပန္ေျပာင္းေျပာျပဖို႔ အမွတ္တရ ပစၥည္းတစ္ခုျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဖိနပ္ဒီဇိုင္းဟာ Mamee Monster ေခါက္ဆြဲနဲ႔ဆင္တူတဲ့ အဝါေဖ်ာ့ေဖ်ာ့ေခါက္ဆြဲႀကိဳးေတြ ပါဝင္ၿပီး ဖိနပ္အေရာင္ကိုလည္း ေခါက္ဆြဲအေရာင္မွ အဝါေရာင္ အႏုအရင့္အမ်ိဳးမ်ိဳးနဲ႔ ဖန္တီးထားပါတယ္။ ဒါ့အျပင္ ေခါက္ဆြဲအရသာမႈန႔္ပုံစံ အစက္အေပ်ာက္ေတြကိုလည္း ထည့္သြင္းထားပါတယ္။

မေလးရွားဟာ Nasi lemak၊ teh tarik ႏွင့္ Petronas Twin Towers၊ SneakerLah၊ Asics လို မေလးရွားႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံး ယဥ္ေက်းမႈ အိုင္ကြန္ေတြကို ကိုယ္စားျပဳတဲ့ ဖိနပ္ေတြလည္း ယခင္က ထုတ္လုပ္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.