ပန်ဝါမြို့ကို KIA က ထိန်းချုပ်ပြီးနောက် မြေရှားသတ္တုကို အလွန်အကျွံတူးကာ သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး ဒေသခံများစိုးရိမ်သော်လည်း မပြောရဲဖြစ်နေ
6073
သုတကျော် (NP News) - အောက်တိုဘာ ၂၈
ပန်ဝါမြို့ကို KIA က ထိန်းချုပ်ပြီးနောက် မြေရှားသတ္တုကို အလွန်အကျွံတူးကာ သဘာဝပတ်ဝန်းကျင်ပျက်စီးမည့်အရေး ဒေသခံများစိုးရိမ်သော်လည်း မပြောရဲဖြစ်နေကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
KIA က အောက်တိုဘာလ(၁၈)ရက် တွင် ပန်ဝါမြို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသသည် မြေရှားသတ္တုထွက်သော ဒေသတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် အဆိုပါမြို့ကို သိမ်းပိုက်ပြီးနောက် KIA ထောက်ခံသူအချို့နှင့် NUG ထောက်ခံသူအချို့က ၎င်းတို့၏လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် ပန်ဝါမြို့ကိုရပြီဖြစ်သည့်အတွက် ငွေရှာနိုင်တော့မည်ဖြစ်ကြောင်း ပို့စ်များကို တင်ခဲ့ကြသေးသည်။
အဆိုပါမြို့တွင် မြေရှားတူးဖော်ရေးလုပ်ငန်းပေါင်း(၃၀ဝ)နီးပါးရှိပြီး KIA က ထိန်းချုပ်ပြီးနောက် အောက်တိုဘာလ(၁၉)ရက်တွင် အဆိုပါမြို့ကို တရုတ်နိုင်ငံဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်အပြင် နယ်စပ်ဂိတ်ပေါက်ကိုလည်း ပိတ်ထားသောကြောင့် အထက်ပါလုပ်ငန်းများတွင် လုပ်ငန်းရပ်ဆိုင်းနေသည်။ KIA သည် ၎င်းတို့ငွေရရှိရေးအတွက် ယခင်ကလည်း တွင်းထွက်တူးဖော်ရေးနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခြင်းများရှိခဲ့သည်။ “ဟုတ်တယ်။ ပန်ဝါဘက်မှာတူးတဲ့ မြေရှားအားလုံးက တရုတ်နိုင်ငံ သားတွေ တူးတာ။ အခု မြေရှားတူးတဲ့ တရုတ်နိုင်ငံသားတွေကိုကျတော့ တရုတ်နိုင်ငံထဲ ပြန်ဝင်ခွင့်ပြုတယ်။ ကျန်တဲ့အလုပ်သမားတွေ၊ မြန် မာပြည်က လူတွေကကျတော့ စစ်ခိုလှုံခွင့် မပေးထားဘူး”ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးကပြောသည်။
မြေရှားသတ္တုအများစုကို အဆိုပါဒေသမှထုတ်ယူနေခြင်းဖြစ်ပြီး KIA သည် ငွေရလမ်းကို မြင် သည့်အတွက် ငွေပုံပေါ်တက်ထိုင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“သဘာဝပတ်ဝန်းကျင်ထိခိုက်တာမှ ဆိုးဆိုးရွားရွားထိခိုက်တာနော်။ အက်စစ်တွေနဲ့ လုပ်ရ တာဆိုတော့ အဲဒီနေရာတွေက မြေဆီမြေဩဇာတွေသေတယ်။ သစ်ပင်တွေ သေတယ်။ ရေနေသတ္တဝါ သေတယ်။ အဲဒါ တော်တော်ဆိုးတာ”ဟု ၎င်းက ရှင်းပြသည်။ တွင်းထွက်သတ္တုနှင့်ပတ်သက်၍ KIA သည် ပြည်သူ့စကားကို နားထောင်မှုနည်းပါးသည့် အတွက် အလွန်အကျွံထုတ်ယူလာပါက ပြည်သူများအနေဖြင့် တားဆီး၍ရနိုင်ရန်လမ်းမမြင်ကြောင်း ကချင်ပြည်နယ်မှ အခြားဒေသခံသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
“တကယ်တူးရင်လည်း ဘာမှပြောရဲမှာ မဟုတ်ဘူးလေ။ ကြောက်ရတယ် မဟုတ်လား။ ဖမ်း ပြီးတော့ သတ်မှာလား ဆိုတာမျိုးပေါ့။ ဟိုတစ်လော ကတောင် မြေရှားတူးတာ ဆန္ဒပြလို့ လက်ပစ်ဗုံးနဲ့ ပစ် ပြီး လူစုခွဲတာ၊ ဖမ်းတာတွေ လုပ်သေးတာ မဟုတ် လား။ အဲဒီတော့ တူးလည်းမပြောရဲဘူး” ဟု ၎င်းက ဆိုသည်။
zawgyi version
ပန္ဝါၿမိဳ႕ကို KIA က ထိန္းခ်ဳပ္ၿပီးေနာက္ ေျမရွားသတၱဳကို အလြန္အကြၽံတူးကာ သဘာဝ ပတ္ဝန္းက်င္ ပ်က္စီးမည့္အေရး ေဒသခံမ်ားစိုးရိမ္ေသာ္လည္း မေျပာရဲျဖစ္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၈
ပန္ဝါၿမိဳ႕ကို KIA က ထိန္းခ်ဳပ္ၿပီးေနာက္ ေျမရွားသတၱဳကို အလြန္အကြၽံတူးကာ သဘာဝပတ္ဝန္းက်င္ပ်က္စီးမည့္အေရး ေဒသခံမ်ားစိုးရိမ္ေသာ္လည္း မေျပာရဲျဖစ္ေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
KIA က ေအာက္တိုဘာလ(၁၈)ရက္ တြင္ ပန္ဝါၿမိဳ႕ကို ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေဒသသည္ ေျမရွားသတၱဳထြက္ေသာ ေဒသတစ္ခုလည္း ျဖစ္သည္။ ထို႔ျပင္ အဆိုပါၿမိဳ႕ကို သိမ္းပိုက္ၿပီးေနာက္ KIA ေထာက္ခံသူအခ်ိဳ႕ႏွင့္ NUG ေထာက္ခံသူအခ်ိဳ႕က ၎တို႔၏လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာထက္တြင္ ပန္ဝါၿမိဳ႕ကိုရၿပီျဖစ္သည့္အတြက္ ေငြရွာႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ပို႔စ္မ်ားကို တင္ခဲ့ၾကေသးသည္။
အဆိုပါၿမိဳ႕တြင္ ေျမရွားတူးေဖာ္ေရးလုပ္ငန္းေပါင္း(၃၀ဝ)နီးပါးရွိၿပီး KIA က ထိန္းခ်ဳပ္ၿပီးေနာက္ ေအာက္တိုဘာလ(၁၉)ရက္တြင္ အဆိုပါၿမိဳ႕ကို တ႐ုတ္ႏိုင္ငံဘက္က လွ်ပ္စစ္မီး ျဖတ္ေတာက္လိုက္သည့္အျပင္ နယ္စပ္ဂိတ္ေပါက္ကိုလည္း ပိတ္ထားေသာေၾကာင့္ အထက္ပါလုပ္ငန္းမ်ားတြင္ လုပ္ငန္းရပ္ဆိုင္းေနသည္။ KIA သည္ ၎တို႔ေငြရရွိေရးအတြက္ ယခင္ကလည္း တြင္းထြက္တူးေဖာ္ေရးႏွင့္ပတ္သက္၍ ျပည္သူ႔ဆႏၵကို မ်က္ကြယ္ျပဳျခင္းမ်ားရွိခဲ့သည္။ “ဟုတ္တယ္။ ပန္ဝါဘက္မွာတူးတဲ့ ေျမရွားအားလုံးက တ႐ုတ္ႏိုင္ငံ သားေတြ တူးတာ။ အခု ေျမရွားတူးတဲ့ တ႐ုတ္ႏိုင္ငံသားေတြကိုက်ေတာ့ တ႐ုတ္ႏိုင္ငံထဲ ျပန္ဝင္ခြင့္ျပဳတယ္။ က်န္တဲ့အလုပ္သမားေတြ၊ ျမန္ မာျပည္က လူေတြကက်ေတာ့ စစ္ခိုလႈံခြင့္ မေပးထားဘူး”ဟု ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးကေျပာသည္။
ေျမရွားသတၱဳအမ်ားစုကို အဆိုပါေဒသမွထုတ္ယူေနျခင္းျဖစ္ၿပီး KIA သည္ ေငြရလမ္းကို ျမင္ သည့္အတြက္ ေငြပုံေပၚတက္ထိုင္လိုက္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“သဘာဝပတ္ဝန္းက်င္ထိခိုက္တာမွ ဆိုးဆိုး႐ြား႐ြားထိခိုက္တာေနာ္။ အက္စစ္ေတြနဲ႔ လုပ္ရ တာဆိုေတာ့ အဲဒီေနရာေတြက ေျမဆီေျမဩဇာေတြေသတယ္။ သစ္ပင္ေတြ ေသတယ္။ ေရေနသတၱဝါ ေသတယ္။ အဲဒါ ေတာ္ေတာ္ဆိုးတာ”ဟု ၎က ရွင္းျပသည္။ တြင္းထြက္သတၱဳႏွင့္ပတ္သက္၍ KIA သည္ ျပည္သူ႔စကားကို နားေထာင္မႈနည္းပါးသည့္ အတြက္ အလြန္အကြၽံထုတ္ယူလာပါက ျပည္သူမ်ားအေနျဖင့္ တားဆီး၍ရႏိုင္ရန္လမ္းမျမင္ေၾကာင္း ကခ်င္ျပည္နယ္မွ အျခားေဒသခံသတင္းရင္းျမစ္တစ္ခုက ဆိုသည္။
“တကယ္တူးရင္လည္း ဘာမွေျပာရဲမွာ မဟုတ္ဘူးေလ။ ေၾကာက္ရတယ္ မဟုတ္လား။ ဖမ္း ၿပီးေတာ့ သတ္မွာလား ဆိုတာမ်ိဳးေပါ့။ ဟိုတစ္ေလာ ကေတာင္ ေျမရွားတူးတာ ဆႏၵျပလို႔ လက္ပစ္ဗုံးနဲ႔ ပစ္ ၿပီး လူစုခြဲတာ၊ ဖမ္းတာေတြ လုပ္ေသးတာ မဟုတ္ လား။ အဲဒီေတာ့ တူးလည္းမေျပာရဲဘူး” ဟု ၎က ဆိုသည္။