မိုးကုတ်ဂေါက်ကွင်းနေရာအချို့ကို ကျောက်တူးရန်ကြံစည်နေသည့် TNLA နှင့် PDF တို့အတွင်းကြိတ် ပြဿနာဖြစ်နေ
4398
သုတကျော် (NP News) - အောက်တိုဘာ ၂၈
ကျောက်မျက်ထွက်ရာ မိုးကုတ်မြို့ကိုထိန်းချုပ်ထားသည့် TNLA က မိုးကုတ်ဂေါက် ကွင်းအပါအဝင် နေရာအများစု၌ တွင်းထွက်ရတနာများကို တူးရန်ကြံစည်နေရာPDFများနှင့် အတွင်းပိုင်းပြဿနာရှိနေကြောင်း NP News က စုံစမ်းရရှိသော သတင်းအချက်အ လက်များအရသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက TNLA နှင့် PDF ပူးပေါင်းအဖွဲ့က မိုးကုတ်မြို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ပြီးနောက် မိုးကုတ်မြို့ကိုသိမ်းရာတွင်ပါဝင်ခဲ့သော PDF အများအပြားကိုလည်း ကျောက်မဲမြို့သို့ပို့ထားကြောင်း အခြားယုံကြည်ရသော သတင်းရင်းမြစ် (၂)ဦးကလည်း NP News သို့ ပြောကြားထားဖူးသည်။
“ရှေးလူကြီးတွေက တော်တော်လေး စည်းစနစ်ကျတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဥပမာ ကျောက်အောင်သွားတဲ့သူဌေးတစ်ယောက် ဆိုပါတော့။ ငါကတော့ ဘယ်လောက်တော့ ရခဲ့ပြီ။ ဒါပေမဲ့ ငါ့လို လောဘမထိန်းဘဲ တူးချင်တိုင်း တူးမယ်ဆိုရင် ကုန်သွားမယ်ဆိုပြီး ကျောက်တွင်းမှာ အပေါ်ကနေ ဘုရားတည်တာမျိုးလုပ်ခဲ့တာပေါ့။ ရှေးလူကြီးတွေရဲ့ နောင်လာနောက်သားတွေအတွက် လေးစား စရာ လုပ်ရပ်ပေါ့ ” ဟု ၎င်းကဆိုသည်။
မိုးကုတ်မြို့သူ မြို့သားများကလည်း အစဉ်အဆက်စောင့်ထိန်းလာခဲ့ကြရာ ယခု TNLA များ ထိန်းချုပ်ပြီးသည့်နောက်တွင် အဆိုပါနေရာများ၌ ကျောက်မျက်ရတနာတူးဖော်ရန်အတွက် မျက်စောင်း ထိုးလာကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “တချို့နေရာတွေက တူးလိုက်မယ်ဆို တော်တော်တန်ဖိုးရှိတဲ့ကျောက်တွေ ထွက်မှာလေ။ ဒါကို သူတို့မှန်းတာ”ဟု ၎င်းကဆိုသည်။ လက်ရှိတွင် TNLA များက ကျောက်မျက် ရတနာတူးဖော်ရန်အတွက် မျက်စိကျနေသော နေရာများမှာ မိုးကုတ်အကျဉ်းထောင်၊ မိုးကုတ်ဂေါက်ကွင်း၊ မိုးကုတ်မြို့လယ်အင်း စသည်ဖြင့် နေရာများစွာ ပါဝင်ကြောင်းလည်း သိရသည်။
“အခုက TNLA က အဲဒီလိုနေရာတွေ တူးဖို့ ကြံစည်နေတာပေါ့နော်။ မိုးကုတ်ဂေါက်ကွင်းကတော့ သူတို့တူးဖို့အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိနေတယ်။ PDF တွေကလည်း ဒါကိုမကြိုက်ဘူးပေါ့။ သူတို့အချင်းချင်းကြားမှာ အတွင်းပိုင်းပြဿနာ ဖြစ်နေတာပေါ့”ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ မိုးကုတ်မြို့ပေါ်ရှိ ကျောက်မျက်အလွယ်တကူ ထွက်ရှိနိုင်သော နေရာများအား ပလောင်သူပုန်များက နယ်မြေခံဝိသမလောဘသား ကျောက်တူသမားနှင့် ပူးပေါင်း၍ တူးဖော်ရေးလုပ်ငန်းများ စတင်ခွင့်ရသွားမည့်အနေအထားမျိုးကို နစကအစိုးရအနေဖြင့် လက်ပိုက်ကြည့်မနေသင့်ကြောင်း မိုးကုတ်မှစွန့်ခွာလာသူလုပ်ငန်းရှင်အချို့က ဆိုသည်။ အထူးသဖြင့် တန်ဖိုးကြီးကျောက်မျက်များကိုသာ ပလောင် သူပုန် များက ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါက ယင်းမှရရှိသည့် ငွေကြေးဖြင့် တည်ဆဲအာဏာပိုင်အစိုးရအား ပုန်ကန် တိုက်ခိုက်သည့်လုပ်ရပ်များ ပိုမိုအရှိန်မြင့်လာနိုင်သည် ဟု ဆိုသည်။ “တစ်ရက်နှောင့်နှေးရင် တစ်ရက်အလျောက် အန္တရာယ်ရှိတယ်။ ဒီကောင်တွေကို တူးခွင့် မရစေသင့်ဘူး ”ဟု မိုးကုတ်သားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့မှ ဟိုတယ်လုပ်ငန်းကို ပိုင်ဆိုင်ခဲ့ဖူးသော ကျောက်မျက်လုပ်ငန်းရှင်ကြီး တစ်ဦးကလည်း ၎င်း၏ပိုင်ဆိုင်မှုအားလုံးကိုရောင်းချကာ မိုးကုတ်မြို့တွင် အပြီးတိုင် ပြောင်းရွှေ့နေထိုင်နေပြီး TNLA ၏ လိုအပ်ချက်များကို ထောက်ပံ့ကာ ကျောက်မျက်တူးဖော်ခွင့်ရရှိရေး ဆောင်ရွက်နေကြောင်း NP News က အခိုင်အမာ စုံစမ်းသိရရှိရသည်။ ထိုသို့ ကျောက်မျက်တူးဖော် သည့်ကိစ္စသာမက မိုးကုတ်မြို့၏ အုပ်ချုပ်ရေးပိုင်း နှင့်ပတ်သက်၍လည်း TNLA နှင့် PDF အကြား ပွတ်တိုက်မှုရှိနေကြောင်း သိရသည်။
“အခု မိုးကုတ်မှာ အုပ်ချုပ်ရေးကော်မတီ ဆိုပြီး (၁၃)ယောက်ဖွဲ့ထားတာမှာ (၁၂) ယောက်က ပလောင်။ PDF က တစ်ယောက်ပဲပါတယ်။ သူတို့အတွင်းထဲမှာလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ မကျေ လည်တာတွေ ရှိနေတယ်”ဟု ၎င်းကဆိုသည်။
NUG ၏အုပ်ချုပ်ရေးအတွက်ဟု ဆိုသော "ပ" သုံးလုံးအဖွဲ့ဟုလူသိများသည့် ပကဖ၊ ပအဖ၊ ပလဖများကိုလည်း မိုးကုတ်မြို့တွင် အခြေပြုခွင့်မပေးဘဲ မြို့စွန်တွင်သာအခြေချရန် TNLA က ခိုင်းထားကြောင်းလည်း ၎င်းကဆိုသည်။ “ဟိုတစ်ခါက TNLA တွေကို ပန်းတွေနဲ့ ကြိုတယ်ဆိုတာလေ။ အဲဒါကလည်းPDF ထင်လို့ ကြိုတာ။ ပြီးကျမှ ပလောင်တွေမှန်းသိတာ”ဟု ၎င်းကဆိုသည်။
ထိုသို့ ကြိုဆိုခဲ့သူများမှာလည်း မိုးကုတ်ပြည်သူအများစုမဟုတ်ဘဲ အဆိုပါမြို့တွင် ပြောင်းရွှေ့ အခြေချသူအချို့နှင့် PDF အချို့၏ မိသားစုများဖြစ်ကြောင်းသိရသည်။
zawgyi version
မိုးကုတ္ေဂါက္ကြင္းေနရာအခ်ိဳ႕ကို ေက်ာက္တူးရန္ႀကံစည္ေနသည့္ TNLA ႏွင့္ PDF တို႔ အတြင္းႀကိတ္ ျပႆနာျဖစ္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၈
ေက်ာက္မ်က္ထြက္ရာ မိုးကုတ္ၿမိဳ႕ကိုထိန္းခ်ဳပ္ထားသည့္ TNLA က မိုးကုတ္ေဂါက္ ကြင္းအပါအဝင္ ေနရာအမ်ားစု၌ တြင္းထြက္ရတနာမ်ားကို တူးရန္ႀကံစည္ေနရာPDFမ်ားႏွင့္ အတြင္းပိုင္းျပႆနာရွိေနေၾကာင္း NP News က စုံစမ္းရရွိေသာ သတင္းအခ်က္အ လက္မ်ားအရသိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လေႏွာင္းပိုင္းက TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က မိုးကုတ္ၿမိဳ႕ကို တိုက္ခိုက္ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ မိုးကုတ္ၿမိဳ႕ကိုသိမ္းရာတြင္ပါဝင္ခဲ့ေသာ PDF အမ်ားအျပားကိုလည္း ေက်ာက္မဲၿမိဳ႕သို႔ပို႔ထားေၾကာင္း အျခားယုံၾကည္ရေသာ သတင္းရင္းျမစ္ (၂)ဦးကလည္း NP News သို႔ ေျပာၾကားထားဖူးသည္။
“ေရွးလူႀကီးေတြက ေတာ္ေတာ္ေလး စည္းစနစ္က်တယ္လို႔ ေျပာလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ဥပမာ ေက်ာက္ေအာင္သြားတဲ့သူေဌးတစ္ေယာက္ ဆိုပါေတာ့။ ငါကေတာ့ ဘယ္ေလာက္ေတာ့ ရခဲ့ၿပီ။ ဒါေပမဲ့ ငါ့လို ေလာဘမထိန္းဘဲ တူးခ်င္တိုင္း တူးမယ္ဆိုရင္ ကုန္သြားမယ္ဆိုၿပီး ေက်ာက္တြင္းမွာ အေပၚကေန ဘုရားတည္တာမ်ိဳးလုပ္ခဲ့တာေပါ့။ ေရွးလူႀကီးေတြရဲ႕ ေနာင္လာေနာက္သားေတြအတြက္ ေလးစား စရာ လုပ္ရပ္ေပါ့ ” ဟု ၎ကဆိုသည္။
မိုးကုတ္ၿမိဳ႕သူ ၿမိဳ႕သားမ်ားကလည္း အစဥ္အဆက္ေစာင့္ထိန္းလာခဲ့ၾကရာ ယခု TNLA မ်ား ထိန္းခ်ဳပ္ၿပီးသည့္ေနာက္တြင္ အဆိုပါေနရာမ်ား၌ ေက်ာက္မ်က္ရတနာတူးေဖာ္ရန္အတြက္ မ်က္ေစာင္း ထိုးလာၾကျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “တခ်ိဳ႕ေနရာေတြက တူးလိုက္မယ္ဆို ေတာ္ေတာ္တန္ဖိုးရွိတဲ့ေက်ာက္ေတြ ထြက္မွာေလ။ ဒါကို သူတို႔မွန္းတာ”ဟု ၎ကဆိုသည္။ လက္ရွိတြင္ TNLA မ်ားက ေက်ာက္မ်က္ ရတနာတူးေဖာ္ရန္အတြက္ မ်က္စိက်ေနေသာ ေနရာမ်ားမွာ မိုးကုတ္အက်ဥ္းေထာင္၊ မိုးကုတ္ေဂါက္ကြင္း၊ မိုးကုတ္ၿမိဳ႕လယ္အင္း စသည္ျဖင့္ ေနရာမ်ားစြာ ပါဝင္ေၾကာင္းလည္း သိရသည္။
“အခုက TNLA က အဲဒီလိုေနရာေတြ တူးဖို႔ ႀကံစည္ေနတာေပါ့ေနာ္။ မိုးကုတ္ေဂါက္ကြင္းကေတာ့ သူတို႔တူးဖို႔အျဖစ္ႏိုင္ဆုံးအေျခအေနမွာ ရွိေနတယ္။ PDF ေတြကလည္း ဒါကိုမႀကိဳက္ဘူးေပါ့။ သူတို႔အခ်င္းခ်င္းၾကားမွာ အတြင္းပိုင္းျပႆနာ ျဖစ္ေနတာေပါ့”ဟု အျခားသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။ မိုးကုတ္ၿမိဳ႕ေပၚရွိ ေက်ာက္မ်က္အလြယ္တကူ ထြက္ရွိႏိုင္ေသာ ေနရာမ်ားအား ပေလာင္သူပုန္မ်ားက နယ္ေျမခံဝိသမေလာဘသား ေက်ာက္တူသမားႏွင့္ ပူးေပါင္း၍ တူးေဖာ္ေရးလုပ္ငန္းမ်ား စတင္ခြင့္ရသြားမည့္အေနအထားမ်ိဳးကို နစကအစိုးရအေနျဖင့္ လက္ပိုက္ၾကည့္မေနသင့္ေၾကာင္း မိုးကုတ္မွစြန႔္ခြာလာသူလုပ္ငန္းရွင္အခ်ိဳ႕က ဆိုသည္။ အထူးသျဖင့္ တန္ဖိုးႀကီးေက်ာက္မ်က္မ်ားကိုသာ ပေလာင္ သူပုန္ မ်ားက ပိုင္ဆိုင္ခြင့္ရရွိသြားခဲ့ပါက ယင္းမွရရွိသည့္ ေငြေၾကးျဖင့္ တည္ဆဲအာဏာပိုင္အစိုးရအား ပုန္ကန္ တိုက္ခိုက္သည့္လုပ္ရပ္မ်ား ပိုမိုအရွိန္ျမင့္လာႏိုင္သည္ ဟု ဆိုသည္။ “တစ္ရက္ေႏွာင့္ေႏွးရင္ တစ္ရက္အေလ်ာက္ အႏၲရာယ္ရွိတယ္။ ဒီေကာင္ေတြကို တူးခြင့္ မရေစသင့္ဘူး ”ဟု မိုးကုတ္သားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕မွ ဟိုတယ္လုပ္ငန္းကို ပိုင္ဆိုင္ခဲ့ဖူးေသာ ေက်ာက္မ်က္လုပ္ငန္းရွင္ႀကီး တစ္ဦးကလည္း ၎၏ပိုင္ဆိုင္မႈအားလုံးကိုေရာင္းခ်ကာ မိုးကုတ္ၿမိဳ႕တြင္ အၿပီးတိုင္ ေျပာင္းေ႐ႊ႕ေနထိုင္ေနၿပီး TNLA ၏ လိုအပ္ခ်က္မ်ားကို ေထာက္ပံ့ကာ ေက်ာက္မ်က္တူးေဖာ္ခြင့္ရရွိေရး ေဆာင္႐ြက္ေနေၾကာင္း NP News က အခိုင္အမာ စုံစမ္းသိရရွိရသည္။ ထိုသို႔ ေက်ာက္မ်က္တူးေဖာ္ သည့္ကိစၥသာမက မိုးကုတ္ၿမိဳ႕၏ အုပ္ခ်ဳပ္ေရးပိုင္း ႏွင့္ပတ္သက္၍လည္း TNLA ႏွင့္ PDF အၾကား ပြတ္တိုက္မႈရွိေနေၾကာင္း သိရသည္။
“အခု မိုးကုတ္မွာ အုပ္ခ်ဳပ္ေရးေကာ္မတီ ဆိုၿပီး (၁၃)ေယာက္ဖြဲ႕ထားတာမွာ (၁၂) ေယာက္က ပေလာင္။ PDF က တစ္ေယာက္ပဲပါတယ္။ သူတို႔အတြင္းထဲမွာလည္း ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ မေက် လည္တာေတြ ရွိေနတယ္”ဟု ၎ကဆိုသည္။
NUG ၏အုပ္ခ်ဳပ္ေရးအတြက္ဟု ဆိုေသာ "ပ" သုံးလုံးအဖြဲ႕ဟုလူသိမ်ားသည့္ ပကဖ၊ ပအဖ၊ ပလဖမ်ားကိုလည္း မိုးကုတ္ၿမိဳ႕တြင္ အေျချပဳခြင့္မေပးဘဲ ၿမိဳ႕စြန္တြင္သာအေျခခ်ရန္ TNLA က ခိုင္းထားေၾကာင္းလည္း ၎ကဆိုသည္။ “ဟိုတစ္ခါက TNLA ေတြကို ပန္းေတြနဲ႔ ႀကိဳတယ္ဆိုတာေလ။ အဲဒါကလည္းPDF ထင္လို႔ ႀကိဳတာ။ ၿပီးက်မွ ပေလာင္ေတြမွန္းသိတာ”ဟု ၎ကဆိုသည္။
ထိုသို႔ ႀကိဳဆိုခဲ့သူမ်ားမွာလည္း မိုးကုတ္ျပည္သူအမ်ားစုမဟုတ္ဘဲ အဆိုပါၿမိဳ႕တြင္ ေျပာင္းေ႐ႊ႕ အေျခခ်သူအခ်ိဳ႕ႏွင့္ PDF အခ်ိဳ႕၏ မိသားစုမ်ားျဖစ္ေၾကာင္းသိရသည္။