လာမည့်နှစ် ဧပြီလအတွင်း (၅၀၀)ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်း ပြည့် ပြီးစီးမည်ဟုဆို
333
နာမူ (NP News) - အောက်တိုဘာ ၂၈
လာမည့်နှစ် ဧပြီလအတွင်း (၅၀၀)ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၅၀၀)ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်းဆောင်ရွက်ပြီးစီးပါက (၅၀၀)ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝစွာဖြင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
ယခုအခါ (၅၀၀) ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် (၂၃၀)ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး (၅၀၀)ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် (၇၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ၊ ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြိးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅) ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့(၅၀)ရာခိုင်နှုန်း၊ နေရောင်ခြည်(၃)ရာခိုင်နှုန်း၊ ကျောက်မီး သွေး(၂)ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လာမည့် (၆)နှစ်အတွင်း သို့မဟုတ် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြီးခဲ့သည့်မေလတွင် ပြောကြားထားဖူးသည်။
zawgyi version
လာမည့္ႏွစ္ ဧၿပီလအတြင္း (၅၀၀)ေကဗြီ လႈိင္သာယာဓာတ္အားခြဲ႐ုံစီမံကိန္း ရာႏႈန္းျပည့္ ၿပီးစီးမည္ဟုဆို
နာမူ (NP News) - ေအာက္တိုဘာ ၂၈
လာမည့္ႏွစ္ ဧၿပီလအတြင္း (၅၀၀)ေကဗြီ လႈိင္သာယာဓာတ္အားခြဲ႐ုံစီမံကိန္း ရာႏႈန္းျပည့္ ၿပီးစီးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ (၅၀၀)ေကဗြီ လႈိင္သာယာ(အေနာက္ပိုင္းတကၠသိုလ္) ဓာတ္အားခြဲ႐ုံစီမံကိန္းေဆာင္႐ြက္ၿပီးစီးပါက (၅၀၀)ေကဗြီ ဓာတ္အားလိုင္းစနစ္ျဖင့္ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွ ထုတ္လုပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ျမန္မာႏိုင္ငံေတာင္ပိုင္းသို႔ ဗို႔အားျပည့္ဝစြာျဖင့္ တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။
ယခုအခါ (၅၀၀) ေကဗြီ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ေနဆဲကာလတြင္ (၂၃၀)ေကဗြီဗို႔အားျဖင့္ လွ်ပ္စစ္ဓာတ္အားမ်ား စတင္ပို႔လႊတ္ေပးလ်က္ရွိၿပီး (၅၀၀)ေကဗြီစနစ္ျဖင့္ ပို႔လႊတ္ႏိုင္ရန္အတြက္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ျခင္းအပါအဝင္ စီမံကိန္းတစ္ခုလုံးအေနျဖင့္ (၇၉)ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၅ ၊ ဧၿပီလအတြင္း စီမံကိန္းတစ္ခုလုံးရာႏႈန္းျပည့္ ၿပိးစီးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈတြင္ စြမ္းအင္အရင္းအျမစ္ပါဝင္မႈအခ်ိဳးအစား (Generation Mix) အားျဖင့္ ေရအား (၄၅) ရာခိုင္ႏႈန္း၊ သဘာဝဓာတ္ေငြ႕(၅၀)ရာခိုင္ႏႈန္း၊ ေနေရာင္ျခည္(၃)ရာခိုင္ႏႈန္း၊ ေက်ာက္မီး ေသြး(၂)ရာခိုင္ႏႈန္းတို႔ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္သုံးစြဲလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ လာမည့္ (၆)ႏွစ္အတြင္း သို႔မဟုတ္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား ရာႏႈန္းျပည့္သုံးစြဲရရွိေရး ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးဉာဏ္ထြန္းက ၿပီးခဲ့သည့္ေမလတြင္ ေျပာၾကားထားဖူးသည္။