ရွှေတောင်မြို့နယ်တွင် ထွေ/အုပ်စာရေးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား
1246
နာမူ (NP News) - အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ထွေ/အုပ်စာရေးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် ၇ နာရီခွဲအချိန်ခန့်က ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာ အုပ်စု၊ မမဲကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမူကုန်းကျေးရွာအုပ်စု ထွေ/အုပ်စာရေး ဦးအေးမင်းနိုင်အား အမည်မသိလူတစ်ဦးက ဖုန်းဆက်ခေါ်သဖြင့် ထွက်ခွာသွားရာမှ အထက်ပါနေရာတွင် PDF အဖွဲ့မှ သေနတ်ဖြင့် (၆)ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတာကတော့ အမှန်ပါ။ ဖြစ်စဉ်အတိအကျကိုတော့ မသိရသေးပါဘူး"ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးအေးမင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းကိုလည်း PDF အဖွဲ့က လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၁၀၀) ဦးထပ်မနည်း ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
zawgyi version
ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ေထြ/အုပ္စာေရးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ ျဖစ္ပြား
နာမူ (NP News) - ေအာက္တိုဘာ ၂၈
ပဲခူးတိုင္းေဒသႀကီး၊ ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ေထြ/အုပ္စာေရးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာ ၂၈ ရက္) နံနက္ ၇ နာရီခြဲအခ်ိန္ခန႔္က ေ႐ႊေတာင္ၿမိဳ႕နယ္၊ ယင္းမူကုန္းေက်း႐ြာ အုပ္စု၊ မမဲေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းမူကုန္းေက်း႐ြာအုပ္စု ေထြ/အုပ္စာေရး ဦးေအးမင္းႏိုင္အား အမည္မသိလူတစ္ဦးက ဖုန္းဆက္ေခၚသျဖင့္ ထြက္ခြာသြားရာမွ အထက္ပါေနရာတြင္ PDF အဖြဲ႕မွ ေသနတ္ျဖင့္ (၆)ခ်က္ခန႔္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဟုတ္ပါတယ္။ ေသနတ္နဲ႔ ပစ္သတ္ခံရတာကေတာ့ အမွန္ပါ။ ျဖစ္စဥ္အတိအက်ကိုေတာ့ မသိရေသးပါဘူး"ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအးမင္းႏိုင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ၎၏ လက္ကိုင္ဖုန္းကိုလည္း PDF အဖြဲ႕က လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ပစ္ခတ္သတ္ျဖတ္မႈက်ဳးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ႏိုင္ငံတစ္ဝန္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္အထိ အၾကမ္းဖက္သတ္ျဖတ္ခံရသူ (၈၁၀၀) ဦးထပ္မနည္း ရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။