(၈)မိုင်လမ်းဆုံတွင် လမ်းဖြတ်ကူးသည့်အမျိုသမီး YBS တိုက်မိ၍ ထိခိုက်ဒဏ်ရာရ
2375
သန့်ဇင်၊စော (NP News) - အောက်တိုဘာ ၂၉
ရန်ကုန်တုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံတွင် လမ်းဖြတ်ကူးသည့်အမျိုသမီး YBS (90) တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာ ၂၉ ရက်)၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံရှိ Mytel Service ရုံးရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကောင်မလေးက နယ်ကလာတာထင်တယ်။ ဒီဘက် Mytel ရုံးဘက်ကနေ လမ်းဖြတ်ကူးတာမှာ။ ကျိုက်ဝိုင်းဘက်ကိုသွားတဲ့ ကွေ့ကြောက ကားနဲ့တိုက်မိတာ”ဟု ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတွင်ရှိသည့် အမျိုးသားတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားလမ်းဖြတ်ကူးသူ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးတွင် ဦးခေါင်း နှင့် ဝဲဘက်လက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်မိတော့ လူကလွင့်သွားတာ။ ခေါင်းတော့နည်းနည်းကွဲသွားတယ်။ တော်သေးတာပေါ့ ခေါင်းကကွဲပြီးသွေးထွက်သွားလို့ မကွဲရင် ဦးနှောက်သွေးကြောထိပြီးသေနိုင်တယ်။ အခုတော့ ဆေးရုံခေါ်သွားပြီ”ဟု ယာဉ်တိုက်မှုဖြစ်ပွားစဉ် ကူညီခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးကို အဖြူရောင်လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
(၈)မိုင္လမ္းဆုံတြင္ လမ္းျဖတ္ကူးသည့္အမ်ိဳသမီး YBS တိုက္မိ၍ ထိခိုက္ဒဏ္ရာရ
သန႔္ဇင္၊ေစာ (NP News) - ေအာက္တိုဘာ ၂၉
ရန္ကုန္တုန္းတိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၈)မိုင္လမ္းဆုံတြင္ လမ္းျဖတ္ကူးသည့္အမ်ိဳသမီး YBS (90) တိုက္မိ၍ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ေအာက္တိုဘာ ၂၉ ရက္)၊ နံနက္ ၉နာရီ ၄၅မိနစ္အခ်ိန္ခန႔္က မရမ္းကုန္းၿမိဳ႕နယ္၊ (၈)မိုင္လမ္းဆုံရွိ Mytel Service ႐ုံးေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေကာင္မေလးက နယ္ကလာတာထင္တယ္။ ဒီဘက္ Mytel ႐ုံးဘက္ကေန လမ္းျဖတ္ကူးတာမွာ။ က်ိဳက္ဝိုင္းဘက္ကိုသြားတဲ့ ေကြ႕ေၾကာက ကားနဲ႔တိုက္မိတာ”ဟု ျဖစ္စဥ္ျဖစ္ပြားရာေနရာအနီးတြင္ရွိသည့္ အမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ကားလမ္းျဖတ္ကူးသူ အသက္(၃၀)ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးတြင္ ဦးေခါင္း ႏွင့္ ဝဲဘက္လက္တို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“တိုက္မိေတာ့ လူကလြင့္သြားတာ။ ေခါင္းေတာ့နည္းနည္းကြဲသြားတယ္။ ေတာ္ေသးတာေပါ့ ေခါင္းကကြဲၿပီးေသြးထြက္သြားလို႔ မကြဲရင္ ဦးေႏွာက္ေသြးေၾကာထိၿပီးေသႏိုင္တယ္။ အခုေတာ့ ေဆး႐ုံေခၚသြားၿပီ”ဟု ယာဥ္တိုက္မႈျဖစ္ပြားစဥ္ ကူညီခဲ့သည့္ အမ်ိဳးသမီးႀကီးတစ္ဦးက ဆက္လက္ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသမီးကို အျဖဴေရာင္လူမႈကူညီေရးအသင္းက ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။