ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး ဟိမဝန္တာမြွေမျိုးစိတ်သစ်ကို အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ နာမည်ပေး
531
ရောင်နီ (NP News) - အောက်တိုဘာ ၂၉
သိပ္ပံပညာရှင်တွေဟာ အိန္ဒိယနိုင်ငံ အနောက်ဟိမဝန္တာဒေသမှာ မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မျိုးစိတ်အမည်ကို သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိတဲ့ ဟောလိဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး အမည်ပေးခဲ့ပါတယ်။
အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ အမည်ပေးထားတဲ့ အဆိုပါမြွေဟာ ကြေးနီရောင်ရှိပြီး ၂၀၂၀ ခုနှစ် ဇွန်လက ဂျာမနီ၊ အိန္ဒိယနဲ့ ယူကေမှ သုတေသီ အဖွဲ့တစ်ဖွဲ့မှ ဟိမဝန္တာမှာ တွေ့ရှိခဲ့တဲ့ မြွေတစ်မျိုး ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာခြင်းနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရတဲ့ လူ့ကျန်းမာရေးပြဿနာတွေကို ဖန်တီးရာမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့တဲ့ အသက်(၄၉)နှစ်အရွယ် A-list ကြယ်ပွင့် လီယိုနာဒိုကို အသိအမှတ်ပြုပြီး မြွေမျိုးစိတ်အတွက် သူ့ရဲ့နာမည်ကို ထည့်သွင်းအမည်ပေးခဲ့တာ ဖြစ်ပါတယ်။
လီယိုနာဒိုဟာ ၁၉၉၈ ခုနှစ်၊ အသက် ၂၄ နှစ် အရွယ်ကတည်းက Planet Earth ကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီဖို့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့သလို ယခုအချိန်အထိ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ် အစီအစဉ်အမျိုးမျိုးအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့ပေးထားသူ ဖြစ်ပါတယ်။
zawgyi version
ေဟာလိဝုဒ္မင္းသား လီယိုနာဒို ဒီကာပရီယိုကို အစြဲျပဳၿပီး ဟိမဝႏၲာေႁမြမ်ိဳးစိတ္သစ္ကို အန္ဂိုင္ကူးလက္စ္ ဒီကာပရီယိုလို႔ နာမည္ေပး
ေရာင္နီ(NP News) - ေအာက္တိုဘာ ၂၉
သိပၸံပညာရွင္ေတြဟာ အိႏၵိယႏိုင္ငံ အေနာက္ဟိမဝႏၲာေဒသမွာ ေႁမြမ်ိဳးစိတ္သစ္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး မ်ိဳးစိတ္အမည္ကို သဘာဝပတ္ဝန္းက်င္ လႈပ္ရွားမႈေတြ ျပဳလုပ္ေလ့ရွိတဲ့ ေဟာလိဝုဒ္ မင္းသား လီယိုနာဒို ဒီကာပရီယိုကို အစြဲျပဳၿပီး အမည္ေပးခဲ့ပါတယ္။
အန္ဂိုင္ကူးလက္စ္ ဒီကာပရီယိုလို႔ အမည္ေပးထားတဲ့ အဆိုပါေႁမြဟာ ေၾကးနီေရာင္ရွိၿပီး ၂၀၂၀ ခုႏွစ္ ဇြန္လက ဂ်ာမနီ၊ အိႏၵိယနဲ႔ ယူေကမွ သုေတသီ အဖြဲ႕တစ္ဖြဲ႕မွ ဟိမဝႏၲာမွာ ေတြ႕ရွိခဲ့တဲ့ ေႁမြတစ္မ်ိဳး ျဖစ္ပါတယ္။ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ အသိပညာေပးျခင္း၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား တိုးပြားလာျခင္းနဲ႔ ေလထုညစ္ညမ္းမႈေၾကာင့္ ျဖစ္ရတဲ့ လူ႔က်န္းမာေရးျပႆနာေတြကို ဖန္တီးရာမွာ တက္ႂကြစြာပါဝင္ေဆာင္႐ြက္ခဲ့တဲ့ အသက္(၄၉)ႏွစ္အ႐ြယ္ A-list ၾကယ္ပြင့္ လီယိုနာဒိုကို အသိအမွတ္ျပဳၿပီး ေႁမြမ်ိဳးစိတ္အတြက္ သူ႔ရဲ႕နာမည္ကို ထည့္သြင္းအမည္ေပးခဲ့တာ ျဖစ္ပါတယ္။
လီယိုနာဒိုဟာ ၁၉၉၈ ခုႏွစ္၊ အသက္ ၂၄ ႏွစ္ အ႐ြယ္ကတည္းက Planet Earth ကို ထိန္းသိမ္းေစာင့္ေရွာက္ေရးေတြျပဳလုပ္ေနတဲ့ အဖြဲ႕အစည္းေတြကို ပံ့ပိုးကူညီဖို႔ ေဖာင္ေဒးရွင္းတစ္ခုကို တည္ေထာင္ခဲ့သလို ယခုအခ်ိန္အထိ လူမႈေရးနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကိစၥရပ္ အစီအစဥ္အမ်ိဳးမ်ိဳးအတြက္ ေထာက္ပံ့ေငြ အေမရိကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္ ေထာက္ပံ့ေပးထားသူ ျဖစ္ပါတယ္။