ရန်ကုန်မှဟဲဟိုးသို့ ကထိန်လာခင်းသော ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေ ဆုံးပြီး (၇)ဦးပြင်းထန်ဒဏ်ရာရ

 3633

ချယ်ရီ (NP News) - အောက်တိုဘာ ၂၉

ရန်ကုန်မှ ဟဲဟိုးသို့ ကထိန်လာခင်းသော (၂၈)ဦးပါ ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရသည့်အနက် (၇)ဦးမှာဒဏ်ရာပြင်းထန်ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂၈ ရက်)၊ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း၊ ဒေသအခေါ် စခန်းကြီးအတက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာကတော့ အရှိန်မထိန်းနိုင်ဘဲနဲ့ ပြုတ်ကျတာပေါ့လေ။ တခြားတိုက်တာတော့ မရှိဘူး။ သူ့ကားတစ်စီးတည်း ကျသွားတာ။ တောင်အဆင်းအကွေ့ကို ဘရိတ်မနိုင်တဲ့ပုံစံမျိုးပေါ့။ ရွာငံနဲ့ မြို့ကြီးကြားထဲက တောင်အတက်အဆင်းထဲမှာပဲ ဖြစ်တာ။ သူတို့က ရန်ကုန်က ကားဆိုတော့ အဲဒီဘက်လမ်းကို မသွားဖူးတာလည်း ပါတယ်။ သူတို့က ဟဲဟိုးမှာ ကထိန်ခင်းတယ်လို့ပြောတယ်။ ဟဲဟိုးမှာ ကထိန်ခင်းပြီးတော့ မန္တှလေးမှာ ဘုရားဝင်ဖူးမှာပေါ့။ ဝင်ဖူးပြီးရင် ရန်ကုန်ပြန်မှာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

စခန်းကြီးအတက်အနီးက ပေ (၃၅၀)အနက်ရှိ ချောက်အတွင်းသို့ တိမ်းမှောက်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိမ်မှောက်ခဲ့သည့် ကားမှာ ရန်ကုန်မြို့၊ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာမှ Mini Bus အမျိုးအစားကားဖြစ်ပြီး ယာဉ်မောင်းအပါအဝင် (၂၈)ဦးလိုက်ပါလာသည့်အနက် သက်ကြီးပိုင်းအရွယ်အမျိုးသမီး(၅)ဦးနှင့် သက်လတ်ပိုင်းအရွယ် အမျိုး သား (၂)ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ယာဉ်မောင်းအမျိုးသားအပါအဝင် (၇)ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိသူ (၁၀)ဦးရှိကြောင်း သိရသည်။

“ကားက အောက်ကိုလိမ့်ကျသွားတဲ့အကျမှာ(ကားပေါ်က လူတွေ) အကုန်ထွက်ကျနေခဲ့တာပေါ့ဗျာ။ ကားထဲမှာတော့ လူသိပ်မရှိတော့ဘူး။ အကုန်ပြန့်ကျဲပြီး ကျသွားတာပေါ့နော်။ သူတို့က လိမ့်ကျတဲ့အကျကိုမှ အောက်က ကျောက်ဆောင်နဲ့ရိုက်မိတာတို့က ပိုပြီးထိခိုက်တာများတာပေါ့။ ဘေးကချုံထဲ၊ သစ်ပင်ပေါ်ကို ကျသွားတဲ့သူကတော့ သက်သာတာပေါ့ဗျာ။ ဆုံးတဲ့သူတွေကတော့ ခြေကျိုး၊လက်ကျိုးတွေလည်းပါမယ်။ ကျွန်တော်တို့က လူနာအပေါ်ဆွဲထုတ်နေချိန်ဆိုတော့ ဆေးရုံရောက်ပြီး အကုန်စစ်ဆေးမှ သိရမှာ။ ဘိုးဘွားရိပ်သာဆိုတော့ လူကြီးပိုင်းများတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် သေဆုံးသူရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အပါအဝင် ဒေသခံပရဟိတအသင်းများက စုပေါင်း၍ ရွာငံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္မွဟဲဟိုးသို႔ ကထိန္လာခင္းေသာ ဘုရားဖူးကား ေခ်ာက္ထဲျပဳတ္က်ရာ (၇)ဦးေသ ဆုံးၿပီး (၇)ဦးျပင္းထန္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၉

ရန္ကုန္မွ ဟဲဟိုးသို႔ ကထိန္လာခင္းေသာ (၂၈)ဦးပါ ဘုရားဖူးကား ေခ်ာက္ထဲျပဳတ္က်ရာ (၇)ဦးေသဆုံးၿပီး (၁၇)ဦး ဒဏ္ရာရသည့္အနက္ (၇)ဦးမွာဒဏ္ရာျပင္းထန္ေၾကာင္း ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၂၈ ရက္)၊ ေန႔လည္ပိုင္း ၁၂ နာရီဝန္းက်င္အခ်ိန္ခန႔္က ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံ – ဟံျမင့္မိုရ္လမ္းပိုင္း၊ ေဒသအေခၚ စခန္းႀကီးအတက္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တာကေတာ့ အရွိန္မထိန္းႏိုင္ဘဲနဲ႔ ျပဳတ္က်တာေပါ့ေလ။ တျခားတိုက္တာေတာ့ မရွိဘူး။ သူ႔ကားတစ္စီးတည္း က်သြားတာ။ ေတာင္အဆင္းအေကြ႕ကို ဘရိတ္မႏိုင္တဲ့ပုံစံမ်ိဳးေပါ့။ ႐ြာငံနဲ႔ ၿမိဳ႕ႀကီးၾကားထဲက ေတာင္အတက္အဆင္းထဲမွာပဲ ျဖစ္တာ။ သူတို႔က ရန္ကုန္က ကားဆိုေတာ့ အဲဒီဘက္လမ္းကို မသြားဖူးတာလည္း ပါတယ္။ သူတို႔က ဟဲဟိုးမွာ ကထိန္ခင္းတယ္လို႔ေျပာတယ္။ ဟဲဟိုးမွာ ကထိန္ခင္းၿပီးေတာ့ မႏၲွေလးမွာ ဘုရားဝင္ဖူးမွာေပါ့။ ဝင္ဖူးၿပီးရင္ ရန္ကုန္ျပန္မွာေပါ့”ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။

စခန္းႀကီးအတက္အနီးက ေပ (၃၅၀)အနက္ရွိ ေခ်ာက္အတြင္းသို႔ တိမ္းေမွာက္ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တိမ္ေမွာက္ခဲ့သည့္ ကားမွာ ရန္ကုန္ၿမိဳ႕၊ ဝိဇၨာမဂၢင္ဘိုးဘြားဓမၼရိပ္သာမွ Mini Bus အမ်ိဳးအစားကားျဖစ္ၿပီး ယာဥ္ေမာင္းအပါအဝင္ (၂၈)ဦးလိုက္ပါလာသည့္အနက္ သက္ႀကီးပိုင္းအ႐ြယ္အမ်ိဳးသမီး(၅)ဦးႏွင့္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳး သား (၂)ဦး ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ကာ ယာဥ္ေမာင္းအမ်ိဳးသားအပါအဝင္ (၇)ဦးမွာ ျပင္းထန္ဒဏ္ရာရခဲ့ၿပီး မစိုးရိမ္ရ ဒဏ္ရာရရွိသူ (၁၀)ဦးရွိေၾကာင္း သိရသည္။

“ကားက ေအာက္ကိုလိမ့္က်သြားတဲ့အက်မွာ(ကားေပၚက လူေတြ) အကုန္ထြက္က်ေနခဲ့တာေပါ့ဗ်ာ။ ကားထဲမွာေတာ့ လူသိပ္မရွိေတာ့ဘူး။ အကုန္ျပန႔္က်ဲၿပီး က်သြားတာေပါ့ေနာ္။ သူတို႔က လိမ့္က်တဲ့အက်ကိုမွ ေအာက္က ေက်ာက္ေဆာင္နဲ႔႐ိုက္မိတာတို႔က ပိုၿပီးထိခိုက္တာမ်ားတာေပါ့။ ေဘးကခ်ဳံထဲ၊ သစ္ပင္ေပၚကို က်သြားတဲ့သူကေတာ့ သက္သာတာေပါ့ဗ်ာ။ ဆုံးတဲ့သူေတြကေတာ့ ေျခက်ိဳး၊လက္က်ိဳးေတြလည္းပါမယ္။ ကြၽန္ေတာ္တို႔က လူနာအေပၚဆြဲထုတ္ေနခ်ိန္ဆိုေတာ့ ေဆး႐ုံေရာက္ၿပီး အကုန္စစ္ေဆးမွ သိရမွာ။ ဘိုးဘြားရိပ္သာဆိုေတာ့ လူႀကီးပိုင္းမ်ားတယ္”ဟု ၎က ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး)အပါအဝင္ ေဒသခံပရဟိတအသင္းမ်ားက စုေပါင္း၍ ႐ြာငံေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.