ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ရဲ့ မဲဆွယ်ပေးမှုကြောင့် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် တစ်ကျော့ပြန် မြင်တွေ့ရဖွယ်ရှိနေသလား..??

 5955

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့် ကြည့်နေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ နိုဝင်ဘာလ (၅)ရက်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ လောင်းအဖြစ် သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတ ကာမာလာဟားရစ်တို့က အကြိတ်အနယ် ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ နီးလာနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ကို အားပေးထောက် ခံသူတွေနဲ့ ကာမာလာဟားရစ်ကို အားပေးထောက်ခံ သူတွေကြား အပြိုင်အဆိုင်မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပါတယ်။ ဒီရွေးကောက်ပွဲနဲ့ပတ်သက် ပြီး အမေရိကန်နိုင်ငံအတွင်း လူသိများထင်ရှားကျော် ကြားသူတွေဟာ မိမိအားပေးရာ သမ္မတလောင်း အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါ တယ်။ အဲဒီလို မဲဆွယ်စည်းရုံးပေးနေတဲ့သူတွေထဲ မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်နဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်တို့လည်း ပါဝင်နေပါတယ်။

အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်ကို အနိုင် ရအောင် အားပေးထောက်ခံထားပြီး မဲဆွယ် စည်းရုံး ပေးနေသလို တေလာဆွစ်ဖ်ကလည်း အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါတယ်။

အသက် (၅၃)နှစ်အရွယ်ရှိ အီလွန်မတ်စ် ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ငွေကြေးချမ်းသာသူတစ်ဦးဖြစ်ရာ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကူညီပေးနေပါတယ်။ ကမ္ဘာကျော် ကုမ္ပဏီတွေဖြစ်တဲ့Teslaနဲ့ Space X တို့ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် ၎င်းပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် လူမူကွန်ရက်တစ်ခု ဖြစ်တဲ့ တွစ်တာ သို့မဟုတ် X က တစ်ဆင့် မဲဆွယ်ပေး နေသလို မဲဆွယ်စည်းရုံးပွဲတွေမှာ စင်ပေါ်တက် ကိုယ်တိုင်မိန့်ခွန်းပြောဆိုတာတွေလည်း လုပ်ဆောင်လာ ခဲ့ပါတယ်။

ဒါ့ပြင် အီလွန်မတ်စ်ဟာ Swing State မဲဆန္ဒရှင်တွေကို ဒေါ်လာသန်းချီပေးမယ့်အစီအစဉ် ကိုလည်း လုပ်ဆောင်ထားရာ လူအများ စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့သိရပါတယ်။ နေ့စဉ် ဒေါ်လာ (၁)သန်း စံပြနိုင်တဲ့ဆုတွေကို Swing State မဲဆန္ဒ ရှင်တွေကို မဲပေးပြီးမှထုတ်ပေးမယ့် အီလွန်မတ်စ်ရဲ့ ပရိုမိုးရှင်းဟာ ဥပဒေစိုးမိုးရေးဆိုင်ရာ ပင်မတုံ့ပြန်ချက် တွေရှိနေပြီး တခြားသူတွေက မဲဆန္ဒရှင်တွေကိုထိခိုက် စေမယ့် လိမ်လည်အကြံအစည်တွေလို့ ဝေဖန်တာ တွေလည်းရှိနေပါတယ်။ အီလွန်မတ်စ်ဟာ ဒေါ်နယ် ထရမ့်အနိုင်ရအောင် ကြိုးပမ်းပေးနေသူတွေထဲမှာ အထင်ရှားဆုံးဖြစ်ပြီး ငွေကြေးအရသာမက လူကိုယ် တိုင် ပါဝင်စည်းရုံးပေးနေတာမျိုးဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ထရမ့်ကို Super PAC အတွက် ဒေါ်လာ (၇၅) သန်းအထိ ကူညီထောက်ပံ့ ပေးထားပြီး သူရဲ့ဦးတည်ချက်တွေထဲမှာPennsy lvania ပြည်နယ်ကို အဓိကထားကာ မဲဆန္ဒရှင်တွေကို လှုံ့ဆော်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ကမ္ဘာကျော် တွစ်တာ သို့မဟုတ် X ကတစ်ဆင့် ဒေါ်နယ်ထရမ့်အနိုင်ရအောင် မဲဆွယ်ပေးနေ သလို ပရိသတ်တွေကိုလည်း မဲထည့်ကြဖို့တိုက် တွန်းခဲ့ပါတယ်။ အီလွန်မတ်စ်က ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် ကူညီပေးတာဟာ နိုင်ငံရေးအကြောင်းပြချက်တွေအပြင် အကျိုးစီးပွားကာကွယ်ရေးအချက်တွေလည်းပါဝင်နေတယ်လို့ဆိုကြပါတယ်။ နည်းပညာစီးပွားရေးနဲ့ပတ်သက်တဲ့အ ကျိုးစီးပွားတွေအပြင် နည်းပညာဆိုင်ရာကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိစေဖို့၊ နိုင်ငံရေးအယူအဆ တွေနဲ့ဝါဒတွေ စတဲ့အချက်တွေကြောင့် ရွေးကောက် ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် ကူညီပေးနေခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်းရှိနေပါ တယ်။

အီလွန်မတ်စ်ဟာ ငွေကြေးချမ်းသာသူတစ် ဦးဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံရေးလောကမှာလည်း တဖြည်းဖြည်း ပိုမိုပါဝင်ဆက်နွှယ်လာနေတယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗင်နီဇွဲ လား သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ရေး ဆန္ဒပြပွဲတွေမှာ အတိုက်ခံအုပ်စုတွေကို ငွေကြေးများစွာ ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ ဗင်နီဇွဲလားသမ္မတက စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ အီလွန်မတ်စ်ကို (၁၉၇၁) ခုနှစ် ဇွန်လ (၂၈) ရက်မှာ မွေးဖွားခဲ့ပြီး စွန့်ဦးတီထွင် သူနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကာ တောင်အာဖရိက၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX ကုမ္ပဏီရဲ့အမှုဆောင်အရာရှိ ခေါင်းဆောင် ဒီဇိုင်နာဖြစ်ပါတယ်။ ၎င်းဟာ Tesla ကုမ္ပဏီရဲ့ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ Paypal နဲ့ Neuralink လုပ်ငန်းတွေရဲ့ ပူးတွဲတည် ထောင်သူလည်းဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရဖူးတွေထဲမှာလည်းပါဝင်ခဲ့ပြီး ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်တွေ အရတော့ ၎င်းဟာ ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ဝ)ဘီလျံ ကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံသားခံယူထားပေမယ့် မိခင်ဖြစ် သူဟာ ကနေဒါနိုင်ငံသူဖြစ်ပြီး ဖခင်ဖြစ်သူကတော့ တောင်အာဖရိကနိုင်ငံသားဖြစ်ပါတယ်။ အီလွန် မတ်စ်ဟာ ငယ်စဉ်ကလေးဘဝတုန်းက တောင်အာ ဖရိကနိုင်ငံ ပရီတိုးရီးယားဒေသမှာကြီးပြင်းခဲ့ရပြီး အသက် (၁၇)နှစ်အရွယ်မှာ ကနေဒါနိုင်ငံကို ပြောင်းရွှေ့ကာ Queen တက္ကသိုလ်မှာတက်ရောက် ခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် (၂)နှစ်အကြာမှာပဲ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကို ပြောင်းခဲ့ပါတယ်။ ဒါ့ပြင် အီလွန်မတ်စ်ဟာ အမေရိ ကန်နိုင်ငံ စတန်းဖိုဒ့်တက္ကသိုလ်မှာ အသုံးချ ရူပဗေဒနဲ့ သိပ္ပံဘာသာရပ်ကို ပါရဂူဘွဲ့တက်ရောက်ခဲ့ပေမယ့် စီး ပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ကျောင်းထွက်ခဲ့ပြီး X.Com အမည်ရှိ အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပါ တယ်။ အီလွန်မတ်စ်ဟာ (၂၀ဝ၂) ခုနှစ် မေလမှာ SpaceX အမည်ရှိ လေကြောင်းဆိုင်ရာ ထုတ်လုပ် ရေးနှင့် အာကာသ သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို ထူထောင်ခဲ့ပြီး လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေးလုပ် ငန်းတွေလုပ်ကိုင်ရာမှာ စွန့်ဦးတီထွင်တစ်ဦးဖြစ်တဲ့ အတွက် SolarCity အမည်ရှိနေရောင်ခြည်စွမ်း အင်သုံး ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကို ထူထောင်ခဲ့ သလို (၂၀၁၅) မှာတော့ အီလွန်မတ်စ်ဟာ အကျိုး အမြတ်မယူတဲ့ သုတေသနကုမ္ပဏီဖြစ်တဲ့ OpenAI ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

(၂၀၁၆) ခုနှစ် ဇူလိုင်လမှာ အီလွန်မတ်စ် ဟာ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေတဲ့ Neuralink ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ စီးပွား ရေးလုပ်ငန်းတွေအောင်မြင်နေခြင်းကို ရပ်တန့်မနေ ဘဲ (၂၀၁၆) ခုနှစ်မှာ အဆောက်အအုံနဲ့ လိုဏ်ခေါင်း ဖောက်ကုမ္ပဏီ ဘိုရင်းကုမ္ပဏီကိုလည်း ထပ်မံတည် ထောင်ခဲ့ပြီး ပင်မစီပွားရေးလုပ်ငန်းတွေအပြင် Hyp­erloop လို့ခေါ်တဲ့ မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ်ကိုအောင်မြင်ဖို့ရာ မျှော်လင့်နေပါတယ်။ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုတွေရ ယူနိုင်ပြီးနောက် နိုင်ငံရေးလောကမှာလည်း အောင် မြင်မှုတွေရယူနိုင်ဖို့စိတ်ဝင်စားလာခဲ့ရာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီလွန် မတ်စ်ဟာ ကမ္ဘာ့နိုင်ငံရေးလောကမှာ ပိုမိုပါဝင်လာ ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ရွေးကောက် ပွဲမှာ ၎င်းအနိုင်ရအောင် ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ပံ့ပိုးနေတဲ့ အီလွန်မတ်စ်ကို ချီးကျူးထားပြီး သမ္မတ အဖြစ် တာဝန်ယူခွင့်ရမယ်ဆိုရင်အီလွန်မတ်စ်ကို အစိုးရအဖွဲ့ထဲမှာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးဖို့ အစီအစဉ်ရှိနေပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်နဲ့ ကာမလာဟားရစ်တို့ အပြင် ၎င်းတို့အတွက် အဓိကမဲဆွယ်စည်းရုံးပေးနေသူတွေရဲ့စွမ်းဆောင်ပိုင်း၊ လွှမ်းမိုးမှုပိုင်းတွေက ရွေး ကောက်ပွဲအပေါ် အများကြီးသက်ရောက်နေပါတယ်။ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ကမ္ဘာကျော်လူမူကွန်ရက်တွေ၊ ကမ္ဘာကျော် ကုမ္ပဏီတွေပိုင်ဆိုင်ထားပြီး ဩဇာလွှမ်းမိုးမှုရှိနေသူ တစ်ဦးဖြစ်ရာ ၎င်းရဲ့ဩဇာလွှမ်းမိုးမှုတွေ၊ တိုက်တွန်း တောင်းဆိုချက်တွေဟာ ဒေါ်နယ်ထရမ့် အနိုင်ရရေး အတွက် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲ ဆိုတာ နိုဝင်ဘာ (၅)ရက်မှာကျင်းပမယ့် ရွေးကောက် ပွဲကို စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့နီးလာချိန်မှာ ပါဝင် ယှဉ်ပြိုင်မယ့် သမ္မတလောင်းနှစ်ဦးနဲ့အတူ ၎င်းတို့အ တွက် အဓိက မဲဆွယ်စည်းရုံးပေးနေတဲ့ အီလွန်မတ်စ် နဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်တို့ကိုလည်း လက်ရှိအချိန်မှာ လူစိတ်ဝင်စားမှုများနေတယ်လို့ သုံး သပ်တင်ပြလိုက်ပါတယ်။

zawgyi version
ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္စ္ရဲ႕ မဲဆြယ္ေပးမႈေၾကာင့္ ေဒၚနယ္ထရမ့္ကို သမၼတအျဖစ္ တစ္ေက်ာ့ျပန္ ျမင္ေတြ႕ရဖြယ္ရွိေနသလား..??
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉

တစ္ကမာၻလုံးက စိတ္ဝင္တစားေစာင့္ ၾကည့္ေနတဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲဟာ ႏိုဝင္ဘာလ (၅)ရက္မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီရဲ႕ သမၼတ ေလာင္းအျဖစ္ သမၼတေဟာင္းျဖစ္သူ ေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ လက္ရွိ သမၼတ ကာမာလာဟားရစ္တို႔က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပဖို႔ နီးလာေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ကို အားေပးေထာက္ ခံသူေတြနဲ႔ ကာမာလာဟားရစ္ကို အားေပးေထာက္ခံ သူေတြၾကား အၿပိဳင္အဆိုင္မဲဆြယ္စည္း႐ုံးတာေတြ လုပ္ေဆာင္ေနပါတယ္။ ဒီေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ ၿပီး အေမရိကန္ႏိုင္ငံအတြင္း လူသိမ်ားထင္ရွားေက်ာ္ ၾကားသူေတြဟာ မိမိအားေပးရာ သမၼတေလာင္း အႏိုင္ရေအာင္ မဲဆြယ္စည္း႐ုံးေပးေနတယ္လို႔ သိရပါ တယ္။ အဲဒီလို မဲဆြယ္စည္း႐ုံးေပးေနတဲ့သူေတြထဲ မွာ ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီး အီလြန္မတ္စ္နဲ႔ ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္တို႔လည္း ပါဝင္ေနပါတယ္။

အီလြန္မတ္စ္ဟာ ေဒၚနယ္ထရမ့္ကို အႏိုင္ ရေအာင္ အားေပးေထာက္ခံထားၿပီး မဲဆြယ္ စည္း႐ုံး ေပးေနသလို ေတလာဆြစ္ဖ္ကလည္း အေမရိကန္ ဒုတိယသမၼတ ကာမလာဟားရစ္အႏိုင္ရေအာင္ မဲဆြယ္စည္း႐ုံးေပးေနတယ္လို႔ သိရပါတယ္။

အသက္ (၅၃)ႏွစ္အ႐ြယ္ရွိ အီလြန္မတ္စ္ ဟာ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္တဲ့အတြက္ ေငြေၾကးခ်မ္းသာသူတစ္ဦးျဖစ္ရာ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္အႏိုင္ရေအာင္ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာကူညီေပးေနပါတယ္။ ကမာၻေက်ာ္ ကုမၸဏီေတြျဖစ္တဲ့Teslaနဲ႔ Space X တို႔ပိုင္ရွင္ျဖစ္သူ အီလြန္မတ္စ္ဟာ ေဒၚနယ္ထရမ့္ အႏိုင္ရေအာင္ ၎ပိုင္ဆိုင္ထားတဲ့ ကမာၻေက်ာ္ လူမူကြန္ရက္တစ္ခု ျဖစ္တဲ့ တြစ္တာ သို႔မဟုတ္ X က တစ္ဆင့္ မဲဆြယ္ေပး ေနသလို မဲဆြယ္စည္း႐ုံးပြဲေတြမွာ စင္ေပၚတက္ ကိုယ္တိုင္မိန႔္ခြန္းေျပာဆိုတာေတြလည္း လုပ္ေဆာင္လာ ခဲ့ပါတယ္။

ဒါ့ျပင္ အီလြန္မတ္စ္ဟာ Swing State မဲဆႏၵရွင္ေတြကို ေဒၚလာသန္းခ်ီေပးမယ့္အစီအစဥ္ ကိုလည္း လုပ္ေဆာင္ထားရာ လူအမ်ား စိတ္ဝင္စားမႈ ျမင့္တက္ေနတယ္လို႔သိရပါတယ္။ ေန႔စဥ္ ေဒၚလာ (၁)သန္း စံျပႏိုင္တဲ့ဆုေတြကို Swing State မဲဆႏၵ ရွင္ေတြကို မဲေပးၿပီးမွထုတ္ေပးမယ့္ အီလြန္မတ္စ္ရဲ႕ ပ႐ိုမိုးရွင္းဟာ ဥပေဒစိုးမိုးေရးဆိုင္ရာ ပင္မတုံ႔ျပန္ခ်က္ ေတြရွိေနၿပီး တျခားသူေတြက မဲဆႏၵရွင္ေတြကိုထိခိုက္ ေစမယ့္ လိမ္လည္အႀကံအစည္ေတြလို႔ ေဝဖန္တာ ေတြလည္းရွိေနပါတယ္။ အီလြန္မတ္စ္ဟာ ေဒၚနယ္ ထရမ့္အႏိုင္ရေအာင္ ႀကိဳးပမ္းေပးေနသူေတြထဲမွာ အထင္ရွားဆုံးျဖစ္ၿပီး ေငြေၾကးအရသာမက လူကိုယ္ တိုင္ ပါဝင္စည္း႐ုံးေပးေနတာမ်ိဳးျဖစ္ပါတယ္။

အီလြန္မတ္စ္ဟာ ထရမ့္ကို Super PAC အတြက္ ေဒၚလာ (၇၅) သန္းအထိ ကူညီေထာက္ပံ့ ေပးထားၿပီး သူရဲ႕ဦးတည္ခ်က္ေတြထဲမွာPennsy lvania ျပည္နယ္ကို အဓိကထားကာ မဲဆႏၵရွင္ေတြကို လႈံ႕ေဆာ္ဖို႔ ရည္႐ြယ္ထားတာျဖစ္ပါတယ္။

ကမာၻေက်ာ္ တြစ္တာ သို႔မဟုတ္ X ကတစ္ဆင့္ ေဒၚနယ္ထရမ့္အႏိုင္ရေအာင္ မဲဆြယ္ေပးေန သလို ပရိသတ္ေတြကိုလည္း မဲထည့္ၾကဖို႔တိုက္ တြန္းခဲ့ပါတယ္။ အီလြန္မတ္စ္က ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္အႏိုင္ရေအာင္ ကူညီေပးတာဟာ ႏိုင္ငံေရးအေၾကာင္းျပခ်က္ေတြအျပင္ အက်ိဳးစီးပြားကာကြယ္ေရးအခ်က္ေတြလည္းပါဝင္ေနတယ္လို႔ဆိုၾကပါတယ္။ နည္းပညာစီးပြားေရးနဲ႔ပတ္သက္တဲ့အ က်ိဳးစီးပြားေတြအျပင္ နည္းပညာဆိုင္ရာကိစၥေတြမွာ အက်ိဳးသက္ေရာက္မႈ ရွိေစဖို႔၊ ႏိုင္ငံေရးအယူအဆ ေတြနဲ႔ဝါဒေတြ စတဲ့အခ်က္ေတြေၾကာင့္ ေ႐ြးေကာက္ ပြဲမွာ ေဒၚနယ္ထရမ့္အႏိုင္ရေအာင္ ကူညီေပးေနျခင္း ျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုတာေတြလည္းရွိေနပါ တယ္။

အီလြန္မတ္စ္ဟာ ေငြေၾကးခ်မ္းသာသူတစ္ ဦးျဖစ္တဲ့အတြက္ ကမာၻ႔ႏိုင္ငံေရးေလာကမွာလည္း တျဖည္းျဖည္း ပိုမိုပါဝင္ဆက္ႏႊယ္လာေနတယ္လို႔ ဆိုၾကပါတယ္။ ၿပီးခဲ့တဲ့လပိုင္းက ျဖစ္ပြားခဲ့တဲ့ ဗင္နီဇြဲ လား သမၼတ မာဒူ႐ိုကို ျဖဳတ္ခ်ႏိုင္ေရး ဆႏၵျပပြဲေတြမွာ အတိုက္ခံအုပ္စုေတြကို ေငြေၾကးမ်ားစြာ ကူညီ ေထာက္ပံ့ေပးခဲ့တယ္လို႔ ဗင္နီဇြဲလားသမၼတက စြပ္စြဲေျပာဆိုခဲ့ဖူးပါတယ္။ အီလြန္မတ္စ္ကို (၁၉၇၁) ခုႏွစ္ ဇြန္လ (၂၈) ရက္မွာ ေမြးဖြားခဲ့ၿပီး စြန႔္ဦးတီထြင္ သူနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးျဖစ္ကာ ေတာင္အာဖရိက၊ ကေနဒါနဲ႔ အေမရိကန္ႏိုင္ငံသားျဖစ္ၿပီး SpaceX ကုမၸဏီရဲ႕အမႈေဆာင္အရာရွိ ေခါင္းေဆာင္ ဒီဇိုင္နာျဖစ္ပါတယ္။ ၎ဟာ Tesla ကုမၸဏီရဲ႕ ထုတ္ကုန္ ဗိသုကာပညာရွင္လည္းျဖစ္ကာ Paypal နဲ႔ Neuralink လုပ္ငန္းေတြရဲ႕ ပူးတြဲတည္ ေထာင္သူလည္းျဖစ္ပါတယ္။

အီလြန္မတ္စ္ဟာ ကမာၻ႔ဩဇာအရွိဆုံး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံရဖူးေတြထဲမွာလည္းပါဝင္ခဲ့ၿပီး ကမာၻေက်ာ္ Forbes မဂၢဇင္းရဲ႕ေဖာ္ျပခ်က္ေတြ အရေတာ့ ၎ဟာ ပ်မ္းမွ်ဝင္ေငြ အေမရိကန္ေဒၚလာ (၃၀ဝ)ဘီလ်ံ ႂကြယ္ဝခ်မ္းသာတယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံသားခံယူထားေပမယ့္ မိခင္ျဖစ္ သူဟာ ကေနဒါႏိုင္ငံသူျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ ေတာင္အာဖရိကႏိုင္ငံသားျဖစ္ပါတယ္။ အီလြန္ မတ္စ္ဟာ ငယ္စဥ္ကေလးဘဝတုန္းက ေတာင္အာ ဖရိကႏိုင္ငံ ပရီတိုးရီးယားေဒသမွာႀကီးျပင္းခဲ့ရၿပီး အသက္ (၁၇)ႏွစ္အ႐ြယ္မွာ ကေနဒါႏိုင္ငံကို ေျပာင္းေ႐ႊ႕ကာ Queen တကၠသိုလ္မွာတက္ေရာက္ ခဲ့ပါတယ္။ တကၠသိုလ္တက္ေရာက္ခဲ့ၿပီးေနာက္ (၂)ႏွစ္အၾကာမွာပဲ ပင္ဆယ္ေဗးနီးယားတကၠသိုလ္ကို ေျပာင္းခဲ့ပါတယ္။ ဒါ့ျပင္ အီလြန္မတ္စ္ဟာ အေမရိ ကန္ႏိုင္ငံ စတန္းဖိုဒ့္တကၠသိုလ္မွာ အသုံးခ် ႐ူပေဗဒနဲ႔ သိပၸံဘာသာရပ္ကို ပါရဂူဘြဲ႕တက္ေရာက္ခဲ့ေပမယ့္ စီး ပြားေရးလုပ္ငန္းေတြလုပ္ကိုင္ဖို႔ ေက်ာင္းထြက္ခဲ့ၿပီး X.Com အမည္ရွိ အြန္လိုင္းဘဏ္ကို လုပ္ေဆာင္ခဲ့ပါ တယ္။ အီလြန္မတ္စ္ဟာ (၂၀ဝ၂) ခုႏွစ္ ေမလမွာ SpaceX အမည္ရွိ ေလေၾကာင္းဆိုင္ရာ ထုတ္လုပ္ ေရးႏွင့္ အာကာသ သယ္ယူပို႔ေဆာင္ေရးကုမၸဏီကို ထူေထာင္ခဲ့ၿပီး လွ်ပ္စစ္ကားေတြထုတ္လုပ္တဲ့ Tesla ကုမၸဏီကိုလည္း လုပ္ကိုင္ခဲ့ပါတယ္။ စီးပြားေရးလုပ္ ငန္းေတြလုပ္ကိုင္ရာမွာ စြန႔္ဦးတီထြင္တစ္ဦးျဖစ္တဲ့ အတြက္ SolarCity အမည္ရွိေနေရာင္ျခည္စြမ္း အင္သုံး ဝန္ေဆာင္မႈေပးတဲ့ကုမၸဏီကို ထူေထာင္ခဲ့ သလို (၂၀၁၅) မွာေတာ့ အီလြန္မတ္စ္ဟာ အက်ိဳး အျမတ္မယူတဲ့ သုေတသနကုမၸဏီျဖစ္တဲ့ OpenAI ကို ပူးတြဲတည္ေထာင္ခဲ့ပါတယ္။

(၂၀၁၆) ခုႏွစ္ ဇူလိုင္လမွာ အီလြန္မတ္စ္ ဟာ ဉာဏ္ရည္တုနည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အထူးျပဳလုပ္ေဆာင္ေနတဲ့ Neuralink ကုမၸဏီကို ပူးတြဲတည္ေထာင္ခဲ့ပါတယ္။ အီလြန္မတ္စ္ဟာ စီးပြား ေရးလုပ္ငန္းေတြေအာင္ျမင္ေနျခင္းကို ရပ္တန႔္မေန ဘဲ (၂၀၁၆) ခုႏွစ္မွာ အေဆာက္အအုံနဲ႔ လိုဏ္ေခါင္း ေဖာက္ကုမၸဏီ ဘိုရင္းကုမၸဏီကိုလည္း ထပ္မံတည္ ေထာင္ခဲ့ၿပီး ပင္မစီပြားေရးလုပ္ငန္းေတြအျပင္ Hyp­erloop လို႔ေခၚတဲ့ ျမန္ႏႈန္းျမင့္ သယ္သူပို႔ေဆာင္ေရး စနစ္ကိုေအာင္ျမင္ဖို႔ရာ ေမွ်ာ္လင့္ေနပါတယ္။ စီးပြားေရးလုပ္ငန္းမွာ ေအာင္ျမင္မႈေတြရ ယူႏိုင္ၿပီးေနာက္ ႏိုင္ငံေရးေလာကမွာလည္း ေအာင္ ျမင္မႈေတြရယူႏိုင္ဖို႔စိတ္ဝင္စားလာခဲ့ရာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အီလြန္ မတ္စ္ဟာ ကမာၻ႔ႏိုင္ငံေရးေလာကမွာ ပိုမိုပါဝင္လာ ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ကိုယ္တိုင္က ေ႐ြးေကာက္ ပြဲမွာ ၎အႏိုင္ရေအာင္ ဘက္ေပါင္းစုံကေန ဝိုင္းဝန္း ပံ့ပိုးေနတဲ့ အီလြန္မတ္စ္ကို ခ်ီးက်ဴးထားၿပီး သမၼတ အျဖစ္ တာဝန္ယူခြင့္ရမယ္ဆိုရင္အီလြန္မတ္စ္ကို အစိုးရအဖြဲ႕ထဲမွာ အထူးအႀကံေပးပုဂၢိဳလ္အျဖစ္ တာဝန္ေပးဖို႔ အစီအစဥ္ရွိေနပါတယ္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ ယွဥ္ၿပိဳင္မယ့္ ေဒၚနယ္ထရမ့္နဲ႔ ကာမလာဟားရစ္တို႔ အျပင္ ၎တို႔အတြက္ အဓိကမဲဆြယ္စည္း႐ုံးေပးေနသူေတြရဲ႕စြမ္းေဆာင္ပိုင္း၊ လႊမ္းမိုးမႈပိုင္းေတြက ေ႐ြး ေကာက္ပြဲအေပၚ အမ်ားႀကီးသက္ေရာက္ေနပါတယ္။ အီလြန္မတ္စ္ဟာ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္တစ္ဦး ျဖစ္သလို ကမာၻေက်ာ္လူမူကြန္ရက္ေတြ၊ ကမာၻေက်ာ္ ကုမၸဏီေတြပိုင္ဆိုင္ထားၿပီး ဩဇာလႊမ္းမိုးမႈရွိေနသူ တစ္ဦးျဖစ္ရာ ၎ရဲ႕ဩဇာလႊမ္းမိုးမႈေတြ၊ တိုက္တြန္း ေတာင္းဆိုခ်က္ေတြဟာ ေဒၚနယ္ထရမ့္ အႏိုင္ရေရး အတြက္ ဘယ္ေလာက္အထိ သက္ေရာက္မႈရွိလာမလဲ ဆိုတာ ႏိုဝင္ဘာ (၅)ရက္မွာက်င္းပမယ့္ ေ႐ြးေကာက္ ပြဲကို ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲ က်င္းပဖို႔နီးလာခ်ိန္မွာ ပါဝင္ ယွဥ္ၿပိဳင္မယ့္ သမၼတေလာင္းႏွစ္ဦးနဲ႔အတူ ၎တို႔အ တြက္ အဓိက မဲဆြယ္စည္း႐ုံးေပးေနတဲ့ အီလြန္မတ္စ္ နဲ႔ ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္တို႔ကိုလည္း လက္ရွိအခ်ိန္မွာ လူစိတ္ဝင္စားမႈမ်ားေနတယ္လို႔ သုံး သပ္တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.