လမ်းကြောင်းမှားယွင်းမောင်းနှင်တဲ့အတွက် မလေးရှားရေတပ်သင်္ဘောတစ်စီး နစ်မြုပ်

 6650

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဂျိုဟိုး ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ မလေးရှားရေတပ်သင်္ဘောဟာ လမ်းကြောင်းမှားယွင်း မောင်းနှင်ခြင်းအပြင် သင်္ဘောရဲ့သက်တမ်းကြာမြင့်မှုတွေကြောင့်ဖြစ်ကြောင်း မလေးရှားရေတပ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မလေးရှားရေတပ်ဟာ အမြန်သွားတိုက်ခိုက်ရေးသင်္ဘောဖြစ်တဲ့ KD Pendekar အမည်ရှိသင်္ဘောနစ်မြုပ်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီရေတပ်သင်္ဘောဟာ သွားရောက်ရမယ့် ရေလမ်းကြောင်းမှမသွားဘဲ လမ်းကြောင်းပြောင်းလဲကာသွားလာခဲ့တဲ့အတွက် သန္တာကျောက်တန်းတွေနဲ့တိုက်မိခဲ့ခြင်းများရှိခဲ့တယ်လို့ သိရပါတယ်။ ရေတပ်သင်္ဘောဟာ သက်တမ်း (၄၅)နှစ်ရှိနေပြီဖြစ်ရာ ရေကြီးမှုဒဏ်ကို မခံနိုင်သလို လျင်မြန်စွာရွေ့လျားနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း မလေးရှားရေတပ်အဖွဲ့က ပြောပါတယ်။

အဲဒီရေတပ်သင်္ဘောဟာ ဂျိုးဟိုး ပြည်နယ်ပိုင်နက်အတွင်းရှိ Tanjung Penyusop ကမ်းလွန်နားမှာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ သင်္ဘောဟာ ရေအောက်ရှိ မာကျောတဲ့အရာတွေ နဲ့ တိုက်မိခဲ့တဲ့အတွက် နစ်မြုပ်ခဲ့ခြင်းဖြစ်ပေမယ့် သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား (၃၉)ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ နစ်မြုပ်သွားတဲ့သင်္ဘောရဲ့အပျက်စီးအပိုင်းစများကို ရယူဖို့ ရေငုပ်ခဲ့တဲ့ ရေငုပ်သမားတစ်ဦးကတော့ အောက်တိုဘာ ၂၈ ရက်မှာသေဆုံးခဲ့ကြောင်းသိရပါတယ်။

zawgyi version
လမ္းေၾကာင္းမွားယြင္းေမာင္းႏွင္တဲ့အတြက္ မေလးရွားေရတပ္သေဘၤာတစ္စီး နစ္ျမဳပ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉

ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္း ဂ်ိဳဟိုး ကမ္းလြန္ပင္လယ္ျပင္မွာ နစ္ျမဳပ္ခဲ့တဲ့ မေလးရွားေရတပ္သေဘၤာဟာ လမ္းေၾကာင္းမွားယြင္း ေမာင္းႏွင္ျခင္းအျပင္ သေဘၤာရဲ႕သက္တမ္းၾကာျမင့္မႈေတြေၾကာင့္ျဖစ္ေၾကာင္း မေလးရွားေရတပ္အဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။

မေလးရွားေရတပ္ဟာ အျမန္သြားတိုက္ခိုက္ေရးသေဘၤာျဖစ္တဲ့ KD Pendekar အမည္ရွိသေဘၤာနစ္ျမဳပ္ျခင္းနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီေရတပ္သေဘၤာဟာ သြားေရာက္ရမယ့္ ေရလမ္းေၾကာင္းမွမသြားဘဲ လမ္းေၾကာင္းေျပာင္းလဲကာသြားလာခဲ့တဲ့အတြက္ သႏၲာေက်ာက္တန္းေတြနဲ႔တိုက္မိခဲ့ျခင္းမ်ားရွိခဲ့တယ္လို႔ သိရပါတယ္။ ေရတပ္သေဘၤာဟာ သက္တမ္း (၄၅)ႏွစ္ရွိေနၿပီျဖစ္ရာ ေရႀကီးမႈဒဏ္ကို မခံႏိုင္သလို လ်င္ျမန္စြာေ႐ြ႕လ်ားႏိုင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း မေလးရွားေရတပ္အဖြဲ႕က ေျပာပါတယ္။

အဲဒီေရတပ္သေဘၤာဟာ ဂ်ိဳးဟိုး ျပည္နယ္ပိုင္နက္အတြင္းရွိ Tanjung Penyusop ကမ္းလြန္နားမွာ နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ စုံစမ္းစစ္ေဆးမႈေတြအရ သေဘၤာဟာ ေရေအာက္ရွိ မာေက်ာတဲ့အရာေတြ နဲ႔ တိုက္မိခဲ့တဲ့အတြက္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္ေပမယ့္ သေဘၤာေပၚမွာပါတဲ့ သေဘၤာသား (၃၉)ဦးကို ကယ္တင္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ဒါေပမဲ့ နစ္ျမဳပ္သြားတဲ့သေဘၤာရဲ႕အပ်က္စီးအပိုင္းစမ်ားကို ရယူဖို႔ ေရငုပ္ခဲ့တဲ့ ေရငုပ္သမားတစ္ဦးကေတာ့ ေအာက္တိုဘာ ၂၈ ရက္မွာေသဆုံးခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.