Shine Muscat အစိမ်းရောင် စပျစ်သီးတွေမှာ ဓာတုဓာတ်ကြွင်းတွေ မြင့်မားစွာပါဝင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေ သတိပေး

 327

ရောင်နီ (NP News) - အောက်တိုဘာ ၃ဝ

Shine Muscat အစိမ်းရောင် စပျစ်သီးနမူနာတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုအကြွင်းအကျန်တွေ မြင့်စားစွာ ပါဝင်နေတာ တွေ့ရှိရတယ်လို့ ထိုင်းအာဏာပိုင်များနဲ့ အဖွဲ့အချို့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းပိုးသတ်ဆေးသတိပေးရေးကွန်ရက် (Thai-PAN) က ထိုင်းနိုင်ငံစားသုံးသူများ ကောင်စီ (TCC) နဲ့ နိုင်ငံရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) တို့နဲ့အတူ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲစမ်းသပ်မှု နမူနာ (၂၄)ခုမှာ (၂၃)ခုဟာ ပိုးသတ်ဆေးဓာတု အကြွင်းအကျန်တွေ မြင့်မားစွာပါဝင်နေတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဓာတ် ခွဲစစ်ဆေးမှု ပြုလုပ်ဖို့အတွက် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်က TCC ဟာ နေရာအသီးသီးမှ အစိမ်းရောင် စပျစ်သီး ၂၄ ခု (အွန်လိုင်းဆိုင်များမှ ၂ ခု၊ သစ်သီးဆိုင်များနဲ့ ဈေးများမှ ၇ ခုနဲ့ စူပါမားကတ်များမှ ၁၅ ခု)တို့ကို ဝယ်ယူခဲ့ပါတယ်။

အဲဒီစပျစ်သီးတွေထဲက နမူနာကိုးခုကို တရုတ်နိုင်ငံသွင်းကုန်အဖြစ် သတ်မှတ်ထားပြီး အခြား စပျစ်သီးတွေရဲ့ ဇာစ်မြစ်တွေကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ နမူနာ ၂၄ ခုမှာ ၂၃ ခုဟာ ပိုးသတ်ဆေး အကြွင်းအကျန်များ အလွန်မြင့်မားစွာ ပါရှိနေတာ တွေ့ရှိရပြီးဘေးကင်းလုံခြုံရေးကန့်သတ်ချက် 0.01mg ထက်ကျော်လွန်ပြီး အန္တရာယ်ရှိ ဓာတုအကြွင်းအကျန် ၁၄ ခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် TCC ဟာ ဒီလို ညစ်ညမ်းနေ စပျစ်သီးတွေ တင်သွင်းသူတွေကို တရားဥပဒေအရ အရေးယူဖို့ FDA ကို တိုက်တွန်းထားပြီး ညစ်ညမ်းတဲ့ စပျစ်သီးတွေကို စွန့်ပစ်ဖို့၊ ဖြန့်ဖြူးခြင်း မပြုရသေးတဲ့ဘတင်သွင်းလာတဲ့ စပျစ်သီးတွေကို သေသေချာချာ စစ်ဆေး
ဖို့လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

zawgyi version
Shine Muscat အစိမ္းေရာင္ စပ်စ္သီးေတြမွာ ဓာတုဓာတ္ႂကြင္းေတြ ျမင့္မားစြာပါဝင္ေနတယ္လို႔ ထိုင္းအာဏာပိုင္ေတြ သတိေပး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃ဝ

Shine Muscat အစိမ္းေရာင္ စပ်စ္သီးနမူနာေတြမွာ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ဓာတုအႂကြင္းအက်န္ေတြ ျမင့္စားစြာ ပါဝင္ေနတာ ေတြ႕ရွိရတယ္လို႔ ထိုင္းအာဏာပိုင္မ်ားနဲ႔ အဖြဲ႕အခ်ိဳ႕က သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းပိုးသတ္ေဆးသတိေပးေရးကြန္ရက္ (Thai-PAN) က ထိုင္းႏိုင္ငံစားသုံးသူမ်ား ေကာင္စီ (TCC) နဲ႔ ႏိုင္ငံရဲ႕ အစားအေသာက္နဲ႔ေဆးဝါးကြပ္ကဲေရးဌာန (FDA) တို႔နဲ႔အတူ ပူးေပါင္းစစ္ေဆးခဲ့ရာမွာ ဓာတ္ခြဲစမ္းသပ္မႈ နမူနာ (၂၄)ခုမွာ (၂၃)ခုဟာ ပိုးသတ္ေဆးဓာတု အႂကြင္းအက်န္ေတြ ျမင့္မားစြာပါဝင္ေနတာ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ အဆိုပါ ဓာတ္ ခြဲစစ္ေဆးမႈ ျပဳလုပ္ဖို႔အတြက္ ေအာက္တိုဘာ ၂ ရက္နဲ႔ ၃ ရက္က TCC ဟာ ေနရာအသီးသီးမွ အစိမ္းေရာင္ စပ်စ္သီး ၂၄ ခု (အြန္လိုင္းဆိုင္မ်ားမွ ၂ ခု၊ သစ္သီးဆိုင္မ်ားနဲ႔ ေဈးမ်ားမွ ၇ ခုနဲ႔ စူပါမားကတ္မ်ားမွ ၁၅ ခု)တို႔ကို ဝယ္ယူခဲ့ပါတယ္။

အဲဒီစပ်စ္သီးေတြထဲက နမူနာကိုးခုကို တ႐ုတ္ႏိုင္ငံသြင္းကုန္အျဖစ္ သတ္မွတ္ထားၿပီး အျခား စပ်စ္သီးေတြရဲ႕ ဇာစ္ျမစ္ေတြကိုေတာ့ ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ နမူနာ ၂၄ ခုမွာ ၂၃ ခုဟာ ပိုးသတ္ေဆး အႂကြင္းအက်န္မ်ား အလြန္ျမင့္မားစြာ ပါရွိေနတာ ေတြ႕ရွိရၿပီးေဘးကင္းလုံၿခဳံေရးကန႔္သတ္ခ်က္ 0.01mg ထက္ေက်ာ္လြန္ၿပီး အႏၲရာယ္ရွိ ဓာတုအႂကြင္းအက်န္ ၁၄ ခု ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ TCC ဟာ ဒီလို ညစ္ညမ္းေန စပ်စ္သီးေတြ တင္သြင္းသူေတြကို တရားဥပေဒအရ အေရးယူဖို႔ FDA ကို တိုက္တြန္းထားၿပီး ညစ္ညမ္းတဲ့ စပ်စ္သီးေတြကို စြန႔္ပစ္ဖို႔၊ ျဖန႔္ျဖဴးျခင္း မျပဳရေသးတဲ့ဘတင္သြင္းလာတဲ့ စပ်စ္သီးေတြကို ေသေသခ်ာခ်ာ စစ္ေဆး
ဖို႔လည္း ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.