(OWIC)ကတ်ပြုလုပ်ပေးမည်ဆိုကာ မသိနားမလည်သူများထံမှ ကြားခံပွဲစားများက ငွေကျပ်သိန်းချီယူကာ ကတ်အတုများပြုလုပ်ပေးနေ

 511

သန့်ဇင်(NP News) - အောက်တိုဘာ ၃ဝ

ပြည်ပအလုပ်အကိုင် သက်သေခံ(OWIC)ကတ်ပြုလုပ်ပေးမည်ဆိုကာ မသိနားမလည်သူများထံမှ ကြားခံပွဲစားများက ငွေကျပ်သိန်းချီယူကာ ကတ်အတုများပြုလုပ်ပေးနေကြောင်း NP News က စုံစမ်းသိရှိရသည့် အချက်အလက်များအရ သိရသည်။

ပြည်ပထွက်ခွာရာတွင် လိုအပ်သည့် ပြည်ပအလုပ်အကိုင် သက်သေခံ(OWIC)ကတ်ကို မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမားသင်တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ (၈)မိုင် အလုပ်သမားရုံးတွင်လည်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ကာ (Passport for visit-PV) အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများ ပြားလာသောကြောင့် ပြည်ပသို့ အလုပ်သွားလုပ်မည့် သူများအနေဖြင့် (OWIC)ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာန ကပြီးခဲ့သည့် လပိုင်းကထုတ်ပြန်ထားသည့် အချက်အလက်များအရသိရသည်။

" ကျွန်မတော့ ပွဲစားက(OWIC)ကတ် ကိုလုပ်ပေးမယ်။ (၁၀)သိန်းပေးရမယ်။ တချို့ကတော့ (OWIC) ရမယ်။ (၈)သိန်းပေးရမယ်လို့ ပြောတယ်။ ကျွန်မအပြင်မှာ စုံစမ်းကြည့်တဲ့အခါမှာတော့ စနစ် တကျလုပ်ရတာလေ။ အဲဒီလောက်မှ မလွယ်တာ။ ဒါပေမဲ့ မသိတဲ့လူတွေကတော့ ခံရတာပေါ့။ ကျွန်မကိုယ် တိုင်တောင်အလိမ်ခံရလိုဖြစ်ခဲ့သေးတယ်" ဟု ပြည်ပ သို့ ထွက်ခွာရန်ကြိုးပမ်းနေသော သက်လတ် ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။

ထို့နောက် ပြည်ပအလုပ်အကိုင် သက်သေခံကတ်(OWIC) ပြုလုပ်ရာတွင် မသိနားမလည် သူများထံမှ ကြားခံပွဲစားများက ဈေးကွက်ဖွင့်ကာ ငွေကျပ်(၁)သိန်းမှ (၁၀) သိန်းယူကာ ကတ်အတုများပြုလုပ်လိမ်လည်နေသည့် ဖြစ်စဉ်များလည်းများစွာ ဖြစ်ပွားနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

"ဟုတ်တယ် လုပ်နေကြတယ်။ အစကတော့ တစ်သိန်းခွဲ (၂)သိန်း။ နောက်တော့ (၃)သိန်း၊ (၄)သိန်းကနေ တဖြည်းဖြည်းများလာတာ။ အဲဒီလို လုပ်ချင်တဲ့သူတွေ အပေါ်မူတည်ပြီး တဖြည်းဖြည်းနဲ့ မြင့်လာတာ"ဟု ၎င်းကဆက်လက်ပြောသည်။

လိမ်လည်သူများအနေဖြင့် Facebook စာမျက်နှာများတွင် (OWIC) ကတ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးမည်ဆိုကာ လိမ်လည်ခြင်းများ ရှိနေပြီး အဆိုပါအကောင့်များကို ဆက်သွယ်မိရာမှ လိမ်လည်ခံရသူများလည်းရှိနေကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ "အဓိကကတော့ လိမ်နေတာပေါ့။ လိမ်နေ တယ်ဆိုတာက လေဆိပ်မှာလည်း အဲဒီလိုမျိုး ကတ် အတုတွေနဲ့မိပြီးတော့ ပြန်လွှတ်ခံရတာ တွေလည်း ကြားနေရတယ်။ ဟိုတလောကလည်း ကျွန် တော်တို့ရှေ့တင်ပဲတွေ့လိုက်တာ။ ကျွန်တော်တို့ အေဂျင်စီကိုလည်း လာပြီးတော့ ဆက်သွယ်ကြတယ်။ သူတို့ (OWIC) ကတ်လုပ်နေတယ်ပေါ့နော်။ အဓိက ကတော့ အရှေ့က ကုမ္ပဏီနာမည်ခံပေးဖို့ဆိုပြီးပြောလာ တာ။ ကျွန်တော်တို့က မေးတော့ သူတို့က ဘယ်လို လဲဆိုတော့ ပြောရရင်တော့ အိမ်ဖော်အလုပ်တွေဗျ။ အဓိကတော့ ကျွန်တော်တို့ ကုမ္ပဏီနာမည်လိုချင်လို့ လုပ်ကြတာပေါ့။ အဲဒီလိုမျိုးတွေရှိတယ်"ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်ပထွက်ခွာခွင့်ကို အသက်အပိုင်းအခြားအလိုက် ကန့်သတ်လိုက်ခြင်း အပေါ်(OWIC) ကတ်အတုများဖြင့် လိမ်လည် နေသည့် ပွဲစားများအကြား ဈေးကွက်တစ်ခု ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

"ပွဲစားတွေကတော့ အတွေ့အကြုံတွေက လည်း များလာပြီလေ။ အဲဒီလိုဆိုတော့ ဘယ်လို လိမ်ရင်ဘယ်လောက်ရတယ်ဆိုတာ သူတို့အကုန် သိနေတာ။ ပြောရရင်တော့ အသက်ကန့်သတ်ချက် တွေနဲ့ ကလေးတွေက ပစ်မှတ်တစ်ခုပဲပေါ့နော်။ အဲဒီလိုအတားအဆီး တွေက လိမ်တဲ့လူတွေအတွက် လိမ်ရတာပိုအဆင်ပြေတာပေါ့နော်။ ပြောရရင်တော့ တရားဝင်သွားတာ အလုပ်လုပ်ကိုင်တာက အမှန်ပြော ရရင် (၆)လ တစ်နှစ်တော့ကြာတယ်လေ။ ဆိုတဲ့အခါ ကျတော့ သွားမယ့်လူကတော့ သွားရဖို့အဓိကဆိုတော့ အဲဒီအချက်တွေက အလိမ်ခံရဖို့အတွက် လွယ်ကူတဲ့ အချက်တွေပေါ့။ မလိမ်လောက်ပါဘူးဆိုတဲ့လူတွေကလည်းရှိတယ်။ ပွဲစားတွေကတော့ အဆိုးဆုံးပဲ။ ရွာခံပွဲစား ကနေစပြီး ပွဲစားအဆင့်ဆင့်မှာ အလိမ် ခံရရင် ဘယ်ကစလိုက်လို့လိုက်ရမှန်းမသိဘူးဖြစ်တာ အဲဒါဖြစ်တာပေါ့"ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

အထက်ပါ လိမ်လည်မှုဖြစ်စဉ်များကြောင့် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်လိုသူများအနေ ဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ် ပေါ်စေရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင်သွားရောက်လျှောက်ထားကြရန် ပြီးခဲ့သည့် အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက တိုက်တွန်းထားသည်။"တိုင်ကြား တာရှိရင် အရေးယူဖို့ရှိပါတယ်။ အခုထိတော့ တိုင် ကြားတာမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက် ပေးစရာမရှိပါဘူး"ဟု အလုပ်သမားဝန်ကြီးဌာမှ အမြဲ တမ်းအတွင်းဝန် ဦးညွန့်ဝင်းက NP News သို့ ပြောသည်။

(OWIC) လျှောက်ထားမှုကို ပွဲစားများက အထောက်အထားအတုဖြင့် ဆောင်ရွက်မှုများရှိနေပြီး စိစစ်တွေ့ရှိပါက အလုပ်သမားကိုပါအရေးယူမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
(OWIC)ကတ္ျပဳလုပ္ေပးမည္ဆိုကာ မသိနားမလည္သူမ်ားထံမွ ၾကားခံပြဲစားမ်ားက ေငြက်ပ္ သိန္းခ်ီယူကာ ကတ္အတုမ်ားျပဳလုပ္ေပးေန
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၃ဝ

ျပည္ပအလုပ္အကိုင္ သက္ေသခံ(OWIC)ကတ္ျပဳလုပ္ေပးမည္ဆိုကာ မသိနားမလည္သူမ်ားထံမွ ၾကားခံပြဲစားမ်ားက ေငြက်ပ္သိန္းခ်ီယူကာ ကတ္အတုမ်ားျပဳလုပ္ေပးေနေၾကာင္း NP News က စုံစမ္းသိရွိရသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ျပည္ပထြက္ခြာရာတြင္ လိုအပ္သည့္ ျပည္ပအလုပ္အကိုင္ သက္ေသခံ(OWIC)ကတ္ကို ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ အလုပ္သမားသင္တန္းေက်ာင္းႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ရွိ (၈)မိုင္ အလုပ္သမား႐ုံးတြင္လည္း စိစစ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

(၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီေနာက္ပိုင္းမွစတင္ကာ (Passport for visit-PV) အမ်ိဳးအစား ပတ္စ္ပို႔စ္ျဖင့္ အလုပ္သြားေရာက္လုပ္ကိုင္မႈမ်ား ျပားလာေသာေၾကာင့္ ျပည္ပသို႔ အလုပ္သြားလုပ္မည့္ သူမ်ားအေနျဖင့္ (OWIC)ကတ္ရရွိမွသာ သြားေရာက္လုပ္ကိုင္ၾကရန္ အလုပ္သမားဝန္ႀကီးဌာန ကၿပီးခဲ့သည့္ လပိုင္းကထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရသိရသည္။

" ကြၽန္မေတာ့ ပြဲစားက(OWIC)ကတ္ ကိုလုပ္ေပးမယ္။ (၁၀)သိန္းေပးရမယ္။ တခ်ိဳ႕ကေတာ့ (OWIC) ရမယ္။ (၈)သိန္းေပးရမယ္လို႔ ေျပာတယ္။ ကြၽန္မအျပင္မွာ စုံစမ္းၾကည့္တဲ့အခါမွာေတာ့ စနစ္ တက်လုပ္ရတာေလ။ အဲဒီေလာက္မွ မလြယ္တာ။ ဒါေပမဲ့ မသိတဲ့လူေတြကေတာ့ ခံရတာေပါ့။ ကြၽန္မကိုယ္ တိုင္ေတာင္အလိမ္ခံရလိုျဖစ္ခဲ့ေသးတယ္" ဟု ျပည္ပ သို႔ ထြက္ခြာရန္ႀကိဳးပမ္းေနေသာ သက္လတ္ ပိုင္းအ႐ြယ္အမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေနာက္ ျပည္ပအလုပ္အကိုင္ သက္ေသခံကတ္(OWIC) ျပဳလုပ္ရာတြင္ မသိနားမလည္ သူမ်ားထံမွ ၾကားခံပြဲစားမ်ားက ေဈးကြက္ဖြင့္ကာ ေငြက်ပ္(၁)သိန္းမွ (၁၀) သိန္းယူကာ ကတ္အတုမ်ားျပဳလုပ္လိမ္လည္ေနသည့္ ျဖစ္စဥ္မ်ားလည္းမ်ားစြာ ျဖစ္ပြားေနေၾကာင္း အလုပ္သမားအေရးေဆာင္႐ြက္ေနသူတစ္ဦးက ေျပာသည္။

"ဟုတ္တယ္ လုပ္ေနၾကတယ္။ အစကေတာ့ တစ္သိန္းခြဲ (၂)သိန္း။ ေနာက္ေတာ့ (၃)သိန္း၊ (၄)သိန္းကေန တျဖည္းျဖည္းမ်ားလာတာ။ အဲဒီလို လုပ္ခ်င္တဲ့သူေတြ အေပၚမူတည္ၿပီး တျဖည္းျဖည္းနဲ႔ ျမင့္လာတာ"ဟု ၎ကဆက္လက္ေျပာသည္။

လိမ္လည္သူမ်ားအေနျဖင့္ Facebook စာမ်က္ႏွာမ်ားတြင္ (OWIC) ကတ္ႏွင့္ပတ္သက္၍ ဝန္ေဆာင္မႈေပးမည္ဆိုကာ လိမ္လည္ျခင္းမ်ား ရွိေနၿပီး အဆိုပါအေကာင့္မ်ားကို ဆက္သြယ္မိရာမွ လိမ္လည္ခံရသူမ်ားလည္းရွိေနေၾကာင္း ျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။ "အဓိကကေတာ့ လိမ္ေနတာေပါ့။ လိမ္ေန တယ္ဆိုတာက ေလဆိပ္မွာလည္း အဲဒီလိုမ်ိဳး ကတ္ အတုေတြနဲ႔မိၿပီးေတာ့ ျပန္လႊတ္ခံရတာ ေတြလည္း ၾကားေနရတယ္။ ဟိုတေလာကလည္း ကြၽန္ ေတာ္တို႔ေရွ႕တင္ပဲေတြ႕လိုက္တာ။ ကြၽန္ေတာ္တို႔ ေအဂ်င္စီကိုလည္း လာၿပီးေတာ့ ဆက္သြယ္ၾကတယ္။ သူတို႔ (OWIC) ကတ္လုပ္ေနတယ္ေပါ့ေနာ္။ အဓိက ကေတာ့ အေရွ႕က ကုမၸဏီနာမည္ခံေပးဖို႔ဆိုၿပီးေျပာလာ တာ။ ကြၽန္ေတာ္တို႔က ေမးေတာ့ သူတို႔က ဘယ္လို လဲဆိုေတာ့ ေျပာရရင္ေတာ့ အိမ္ေဖာ္အလုပ္ေတြဗ်။ အဓိကေတာ့ ကြၽန္ေတာ္တို႔ ကုမၸဏီနာမည္လိုခ်င္လို႔ လုပ္ၾကတာေပါ့။ အဲဒီလိုမ်ိဳးေတြရွိတယ္"ဟု ၎ကေျပာသည္။

လက္ရွိတြင္ ျပည္ပထြက္ခြာခြင့္ကို အသက္အပိုင္းအျခားအလိုက္ ကန႔္သတ္လိုက္ျခင္း အေပၚ(OWIC) ကတ္အတုမ်ားျဖင့္ လိမ္လည္ ေနသည့္ ပြဲစားမ်ားအၾကား ေဈးကြက္တစ္ခု ျဖစ္ပြား လာခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါလုပ္ငန္းရွင္က ဆိုသည္။

"ပြဲစားေတြကေတာ့ အေတြ႕အႀကဳံေတြက လည္း မ်ားလာၿပီေလ။ အဲဒီလိုဆိုေတာ့ ဘယ္လို လိမ္ရင္ဘယ္ေလာက္ရတယ္ဆိုတာ သူတို႔အကုန္ သိေနတာ။ ေျပာရရင္ေတာ့ အသက္ကန႔္သတ္ခ်က္ ေတြနဲ႔ ကေလးေတြက ပစ္မွတ္တစ္ခုပဲေပါ့ေနာ္။ အဲဒီလိုအတားအဆီး ေတြက လိမ္တဲ့လူေတြအတြက္ လိမ္ရတာပိုအဆင္ေျပတာေပါ့ေနာ္။ ေျပာရရင္ေတာ့ တရားဝင္သြားတာ အလုပ္လုပ္ကိုင္တာက အမွန္ေျပာ ရရင္ (၆)လ တစ္ႏွစ္ေတာ့ၾကာတယ္ေလ။ ဆိုတဲ့အခါ က်ေတာ့ သြားမယ့္လူကေတာ့ သြားရဖို႔အဓိကဆိုေတာ့ အဲဒီအခ်က္ေတြက အလိမ္ခံရဖို႔အတြက္ လြယ္ကူတဲ့ အခ်က္ေတြေပါ့။ မလိမ္ေလာက္ပါဘူးဆိုတဲ့လူေတြကလည္းရွိတယ္။ ပြဲစားေတြကေတာ့ အဆိုးဆုံးပဲ။ ႐ြာခံပြဲစား ကေနစၿပီး ပြဲစားအဆင့္ဆင့္မွာ အလိမ္ ခံရရင္ ဘယ္ကစလိုက္လို႔လိုက္ရမွန္းမသိဘူးျဖစ္တာ အဲဒါျဖစ္တာေပါ့"ဟု အထက္ပါ သတင္းအရင္းျမစ္က ေျပာသည္။

အထက္ပါ လိမ္လည္မႈျဖစ္စဥ္မ်ားေၾကာင့္ ျပည္ပသို႔ထြက္ခြာအလုပ္လုပ္ကိုင္လိုသူမ်ားအေန ျဖင့္ မလိုလားအပ္သည့္ ဆုံးရႈံးနစ္နာမႈမ်ား မျဖစ္ ေပၚေစေရးအတြက္ ျပည္ပအလုပ္အကိုင္အလုပ္သမားသက္ေသခံကတ္ (OWIC) ေလွ်ာက္ထားရယူကာ တရားဝင္သြားေရာက္ေလွ်ာက္ထားၾကရန္ ၿပီးခဲ့သည့္ အလုပ္သမားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ရက္ပိုင္းက တိုက္တြန္းထားသည္။"တိုင္ၾကား တာရွိရင္ အေရးယူဖို႔ရွိပါတယ္။ အခုထိေတာ့ တိုင္ ၾကားတာမရွိပါဘူး။ ဒါနဲ႔ပတ္သက္ၿပီး ဘာမွ မွတ္ခ်က္ ေပးစရာမရွိပါဘူး"ဟု အလုပ္သမားဝန္ႀကီးဌာမွ အၿမဲ တမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းက NP News သို႔ ေျပာသည္။

(OWIC) ေလွ်ာက္ထားမႈကို ပြဲစားမ်ားက အေထာက္အထားအတုျဖင့္ ေဆာင္႐ြက္မႈမ်ားရွိေနၿပီး စိစစ္ေတြ႕ရွိပါက အလုပ္သမားကိုပါအေရးယူမည္ ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.