မန္တလေးတွင် ခိုးဆိုးလုယက်မှုများ ယခင်ထက်များပြားလာပြီး အဖွဲ့လိုက်ချိတ်ဆက်လှုပ်ရှားနေ
834
ချယ်ရီ (NP News) - အောက်တိုဘာ ၃ဝ
မြန်မာနိုင်ငံ၏ လူဦးရေဒုတိယအများဆုံးနေ ထိုင်ရာမန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ယခင် ထက်များပြားလာပြီး အဖွဲ့လိုက်ချိတ်ဆက်မှုများရှိနေကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်မှစ၍ မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများပိုမိုဖြစ်ပွားလာခဲ့ပြီး ချမ်းမြသာ စည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် လက် ရှိအချိန်အထိ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။ "လုယက်တဲ့ဖြစ်စဉ်တွေက များလာပါတယ်ဗျ။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် နေ့စဉ်နဲ့အမျှ ဒီလို သတင်းတွေက ကြားနေရတာပေါ့နော်။ တစ်နေ့ကို ကြားနေရတာဆိုရင် ဒီခိုးမှုတွေရော၊ လုယက်မှု တွေရော (၂)ကြိမ်၊(၃)ကြိမ် ကြားရပါတယ်ဗျ။ လု ယက်မှုတွေမှာလည်း ဆွဲကြိုးဖြုတ်တာတွေပါမယ်။ ဖုန်းလုယက်တာတွေ ပါတယ်ပေါ့နော်။ နောက် ဆိုင် ကယ်လုယက်တာတွေ ပါတယ်ပေါ့နော်။ ပြီးတော့ အိုးဝေတွေမှာလည်း မကြာခဏဆိုသလို ကြုံရပါ တယ်။ ကားတွေမှာဆိုလို့ရှိရင်လည်း ရှေ့မှာဖြစ်သွား တဲ့ဟာတွေဆိုရင် တချို့က ဥပမာ ဘဏ်ကနေငွေ ထုတ်ပြီးတော့ ပြန်လာတာတို့၊ ရွှေဆိုင်ထဲကနေ ထွက်ပြီးတော့ ကိုယ့်ကားနဲ့ ကိုယ့်ဆိုင်ကယ်နဲ့ကို ပြန် ကြတာတွေပေါ့လေ"ဟု မန္တလေးမြို့ခံတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ လုယက်မှုကျူးလွန်သူများတွင် အနည်း ဆုံးလူ(၃)ဦးထက်မနည်းပါဝင်ပြီး အဆိုပါ အဖွဲ့ များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ကာ ခိုးဆိုးလု ယက်မှုများကို ကျူးလွန်ကြခြင်းဖြစ်ကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။ "အဲဒီဟာတွေဆိုလို့ရှိရင် တချို့ဆို နောက် ယောင်ခံပြီး လိုက်ပြီးတော့ လုတာတွေ၊ ခိုးတာတွေ ရှိတယ်ပေါ့နော်။ သူတို့က လည်း ဒီလိုလုယက်တယ်၊ ခိုးမှုဖြစ်တယ်ဆိုတာလည်း သူတို့က အချိတ်အဆက်နဲ့ပေါ့နော်။ အချိတ်အဆက်နဲ့ဆိုတော့ သူတို့ရဲ့အဖွဲ့အစည်းပေါ့နော်"ဟု ၎င်းကပြောသည်။
လုယက်မှုများသည် နေ့အချိန်များတွင်ပင် မြို့ အတွင်း လူများသောနေရာများ၌ အုပ်စုဖွဲ့ကာ ပေါ် ပေါ်ထင်ထင်ကျူးလွန်နေကြခြင်းဖြစ်ပြီး ပစ္စည်းလု ယက်သည့်အပြင် ယခုနောက်ပိုင်းကာလတွင် လူ သတ်လုယက်သည်အထိ ဆိုးရွားလာခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
"လုယက်မှုတွေက တော်တော်ကို ဖြစ်နေပါတယ်။ ဒီလိုနေ့ခင်းကြောင်တောင်တွေတောင် လူ ပြတ်တဲ့နေရာမျိုးမှာသာမက လူစည်ကားတဲ့နေရာ တွေမှာတောင် အတင့်ရဲပြီး လုနေကြတာဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့အနေနဲ့ ဒီမန္တလေး ပြည်သူတစ် ယောက်အနေနဲ့ ကျွန်တော်တို့က ဒီထိတ်လန့်မှုတော့ ဖြစ်တာပေါ့။ သူတို့က ဘာလို့အတင့်ရဲပြီးတော့ ဒီလို တွေ လုယက်မှုတွေ လုပ်နေကြတာလဲပေါ့နော်။ သူတို့ က အဖွဲ့အစည်းတွေနဲ့လုပ်တာ။ တစ်ခါတလေဆိုရင် (၆)ယောက်၊ တစ်ခါတလေဆိုရင်(၃) ၊ (၄)ယောက်နဲ့ လုပ်တာတွေပေါ့နော်။ ဆိုင်ကယ်(၂)စီး၊ (၃)စီး ညှပ်ပြီး လုပ်တာတွေပေါ့နော်"ဟု ၎င်းကပြောသည်။ အဆိုပါ ခိုးဆိုးလုယက်မှုကျူးလွန်သူများအတွင်း အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်များ အများစု ပါဝင်ပြီး မူးယစ်ဆေးဝါးနှင့် လောင်းကစားများမှ ငွေကြေးလိုအပ်ချက်များကြောင့် အထက်ပါကဲ့သို့ လုယက်မှုများ ပိုမိုလုပ်ဆောင်ခြင်းများဖြစ်ကြောင်း အထက်ပါဒေသခံက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မန္တလေးမြို့ကို စစ်ဘေးရှောင်ပြည် သူအများအပြား ဝင်ရောက်နေထိုင်လျက်ရှိသော ကြောင့် လူဦးရေ ပိုမိုမြင့်တက်လာသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် နေအိမ်ငှားရမ်းခ စရိတ် ကြီးမြင့်ခြင်းများကိုလည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။
zawgyi version
မႏၲေလးတြင္ ခိုးဆိုးလုယက္မႈမ်ား ယခင္ထက္မ်ားျပားလာၿပီး အဖြဲ႕လိုက္ ခ်ိတ္ဆက္လႈပ္ရွားေန
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၃ဝ
ျမန္မာႏိုင္ငံ၏ လူဦးေရဒုတိယအမ်ားဆုံးေန ထိုင္ရာမႏၲေလးၿမိဳ႕တြင္ ခိုးဆိုးလုယက္မႈမ်ား ယခင္ ထက္မ်ားျပားလာၿပီး အဖြဲ႕လိုက္ခ်ိတ္ဆက္မႈမ်ားရွိေနေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္မွစ၍ မႏၲေလးၿမိဳ႕တြင္ ခိုးဆိုးလုယက္မႈမ်ားပိုမိုျဖစ္ပြားလာခဲ့ၿပီး ခ်မ္းျမသာ စည္ၿမိဳ႕နယ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔တြင္ လက္ ရွိအခ်ိန္အထိ အမ်ားဆုံးျဖစ္ပြားလ်က္ရွိေၾကာင္း သိရ သည္။ "လုယက္တဲ့ျဖစ္စဥ္ေတြက မ်ားလာပါတယ္ဗ်။ ကြၽန္ေတာ္တို႔ မႏၲေလးမွာဆိုရင္ ေန႔စဥ္နဲ႔အမွ် ဒီလို သတင္းေတြက ၾကားေနရတာေပါ့ေနာ္။ တစ္ေန႔ကို ၾကားေနရတာဆိုရင္ ဒီခိုးမႈေတြေရာ၊ လုယက္မႈ ေတြေရာ (၂)ႀကိမ္၊(၃)ႀကိမ္ ၾကားရပါတယ္ဗ်။ လု ယက္မႈေတြမွာလည္း ဆြဲႀကိဳးျဖဳတ္တာေတြပါမယ္။ ဖုန္းလုယက္တာေတြ ပါတယ္ေပါ့ေနာ္။ ေနာက္ ဆိုင္ ကယ္လုယက္တာေတြ ပါတယ္ေပါ့ေနာ္။ ၿပီးေတာ့ အိုးေဝေတြမွာလည္း မၾကာခဏဆိုသလို ႀကဳံရပါ တယ္။ ကားေတြမွာဆိုလို႔ရွိရင္လည္း ေရွ႕မွာျဖစ္သြား တဲ့ဟာေတြဆိုရင္ တခ်ိဳ႕က ဥပမာ ဘဏ္ကေနေငြ ထုတ္ၿပီးေတာ့ ျပန္လာတာတို႔၊ ေ႐ႊဆိုင္ထဲကေန ထြက္ၿပီးေတာ့ ကိုယ့္ကားနဲ႔ ကိုယ့္ဆိုင္ကယ္နဲ႔ကို ျပန္ ၾကတာေတြေပါ့ေလ"ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ လုယက္မႈက်ဴးလြန္သူမ်ားတြင္ အနည္း ဆုံးလူ(၃)ဦးထက္မနည္းပါဝင္ၿပီး အဆိုပါ အဖြဲ႕ မ်ားက တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ခ်ိတ္ဆက္ကာ ခိုးဆိုးလု ယက္မႈမ်ားကို က်ဴးလြန္ၾကျခင္းျဖစ္ေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။ "အဲဒီဟာေတြဆိုလို႔ရွိရင္ တခ်ိဳ႕ဆို ေနာက္ ေယာင္ခံၿပီး လိုက္ၿပီးေတာ့ လုတာေတြ၊ ခိုးတာေတြ ရွိတယ္ေပါ့ေနာ္။ သူတို႔က လည္း ဒီလိုလုယက္တယ္၊ ခိုးမႈျဖစ္တယ္ဆိုတာလည္း သူတို႔က အခ်ိတ္အဆက္နဲ႔ေပါ့ေနာ္။ အခ်ိတ္အဆက္နဲ႔ဆိုေတာ့ သူတို႔ရဲ႕အဖြဲ႕အစည္းေပါ့ေနာ္"ဟု ၎ကေျပာသည္။
လုယက္မႈမ်ားသည္ ေန႔အခ်ိန္မ်ားတြင္ပင္ ၿမိဳ႕ အတြင္း လူမ်ားေသာေနရာမ်ား၌ အုပ္စုဖြဲ႕ကာ ေပၚ ေပၚထင္ထင္က်ဴးလြန္ေနၾကျခင္းျဖစ္ၿပီး ပစၥည္းလု ယက္သည့္အျပင္ ယခုေနာက္ပိုင္းကာလတြင္ လူ သတ္လုယက္သည္အထိ ဆိုး႐ြားလာခဲ့ေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။
"လုယက္မႈေတြက ေတာ္ေတာ္ကို ျဖစ္ေနပါတယ္။ ဒီလိုေန႔ခင္းေၾကာင္ေတာင္ေတြေတာင္ လူ ျပတ္တဲ့ေနရာမ်ိဳးမွာသာမက လူစည္ကားတဲ့ေနရာ ေတြမွာေတာင္ အတင့္ရဲၿပီး လုေနၾကတာဆိုတဲ့အခါ က်ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီမႏၲေလး ျပည္သူတစ္ ေယာက္အေနနဲ႔ ကြၽန္ေတာ္တို႔က ဒီထိတ္လန႔္မႈေတာ့ ျဖစ္တာေပါ့။ သူတို႔က ဘာလို႔အတင့္ရဲၿပီးေတာ့ ဒီလို ေတြ လုယက္မႈေတြ လုပ္ေနၾကတာလဲေပါ့ေနာ္။ သူတို႔ က အဖြဲ႕အစည္းေတြနဲ႔လုပ္တာ။ တစ္ခါတေလဆိုရင္ (၆)ေယာက္၊ တစ္ခါတေလဆိုရင္(၃) ၊ (၄)ေယာက္နဲ႔ လုပ္တာေတြေပါ့ေနာ္။ ဆိုင္ကယ္(၂)စီး၊ (၃)စီး ညႇပ္ၿပီး လုပ္တာေတြေပါ့ေနာ္"ဟု ၎ကေျပာသည္။ အဆိုပါ ခိုးဆိုးလုယက္မႈက်ဴးလြန္သူမ်ားအတြင္း အသက္(၂၀)ဝန္းက်င္အ႐ြယ္ လူငယ္မ်ား အမ်ားစု ပါဝင္ၿပီး မူးယစ္ေဆးဝါးႏွင့္ ေလာင္းကစားမ်ားမွ ေငြေၾကးလိုအပ္ခ်က္မ်ားေၾကာင့္ အထက္ပါကဲ့သို႔ လုယက္မႈမ်ား ပိုမိုလုပ္ေဆာင္ျခင္းမ်ားျဖစ္ေၾကာင္း အထက္ပါေဒသခံက သုံးသပ္ေျပာၾကားသည္။
လက္ရွိတြင္ မႏၲေလးၿမိဳ႕ကို စစ္ေဘးေရွာင္ျပည္ သူအမ်ားအျပား ဝင္ေရာက္ေနထိုင္လ်က္ရွိေသာ ေၾကာင့္ လူဦးေရ ပိုမိုျမင့္တက္လာသည့္အျပင္ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္ ေနအိမ္ငွားရမ္းခ စရိတ္ ႀကီးျမင့္ျခင္းမ်ားကိုလည္း ရင္ဆိုင္ေနၾကရေၾကာင္း သိရသည္။