မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စောင့်ကြည့်ဖို့အတွက် ယူကရိန်းကို အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ တောင်ကိုရီးယား လိုလားနေ

 238

Pika (NP News) - အောက်တိုဘာ ၃ဝ

ရုရှားနိုင်ငံမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ဖြန့်ကြက်ချထားမှုကို စောင့်ကြည့်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်ဖို့အတွက် ယူကရိန်းကို အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ တောင်ကိုရီးယားက ရည်ရွယ်ထားတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက အောက်တိုဘာလ(၃၀)ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားစစ်သား(၁၁၀၀၀)ခန့်ဟာ ရုရှားကို ပြောင်းရွှေ့ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေက ခန့်မှန်းထားတယ်လို့ အမည်မဖော်လိုတဲ့အရာရှိက ပြောကြားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားစစ်သား(၁၁၀၀၀)ခန့်အနက် (၃)ထောင်ခန့်ဟာ ယူကရိန်းနိုင်ငံက ရှေ့တန်းစစ်မြေမျက်နှာပြင်တွေနဲ့ နီးကပ်စွာ တပ်စွဲထားတယ်လို့လည်း အဲဒီအရာရှိက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က သတိပေးစကားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက ၎င်းရဲ့စစ်သားတွေကို စေလွှတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေရှိခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က အခုလိုပြောဆိုမှုတွေထွက်ပေါ်လာလည်းဖြစ်ပါတယ်။

ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်ကနေပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက စစ်သားတွေစေလွှတ်တာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဂျပန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့မယ်ဆိုရင် ယူကရိန်းရဲ့တရားဝင်ပစ်မှတ်တွေဖြစ်လာလိမ့်မယ်လို့လည်း အမေရိကန်အစိုးရက သတိပေးပြောဆိုထားပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြကို ေစာင့္ၾကည့္ဖို႔အတြက္ ယူကရိန္းကို အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ဖို႔ ေတာင္ကိုရီးယား လိုလားေန
Pika (NP News) - ေအာက္တိုဘာ ၃ဝ

႐ုရွားႏိုင္ငံမွာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြ ျဖန႔္ၾကက္ခ်ထားမႈကို ေစာင့္ၾကည့္ဖို႔နဲ႔ ခြဲျခမ္းစိတ္ျဖာမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ယူကရိန္းကို အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ဖို႔ ေတာင္ကိုရီးယားက ရည္႐ြယ္ထားတယ္လို႔ ေတာင္ကိုရီးယားသမၼတ႐ုံးက ေအာက္တိုဘာလ(၃၀)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ေျမာက္ကိုရီးယားစစ္သား(၁၁၀၀၀)ခန႔္ဟာ ႐ုရွားကို ေျပာင္းေ႐ႊ႕ခဲ့တယ္လို႔ ေတာင္ကိုရီးယားနဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြက ခန႔္မွန္းထားတယ္လို႔ အမည္မေဖာ္လိုတဲ့အရာရွိက ေျပာၾကားပါတယ္။ ၿပီးေတာ့ ေျမာက္ကိုရီးယားစစ္သား(၁၁၀၀၀)ခန႔္အနက္ (၃)ေထာင္ခန႔္ဟာ ယူကရိန္းႏိုင္ငံက ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ေတြနဲ႔ နီးကပ္စြာ တပ္စြဲထားတယ္လို႔လည္း အဲဒီအရာရွိက ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲမွာ ေျမာက္ကိုရီးယားရဲ႕အခန္းက႑နဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က သတိေပးစကားေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက ၎ရဲ႕စစ္သားေတြကို ေစလႊတ္ေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြရွိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားဘက္က အခုလိုေျပာဆိုမႈေတြထြက္ေပၚလာလည္းျဖစ္ပါတယ္။

ယူကရိန္းနဲ႔စစ္ပြဲမွာ ႐ုရွားဘက္ကေနပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက စစ္သားေတြေစလႊတ္တာနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း ဂ်ပန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးခဲ့မယ္ဆိုရင္ ယူကရိန္းရဲ႕တရားဝင္ပစ္မွတ္ေတြျဖစ္လာလိမ့္မယ္လို႔လည္း အေမရိကန္အစိုးရက သတိေပးေျပာဆိုထားပါတယ္။

Picture

U Myint645

30/10/2024 13:46

မြောက်ကိုရီးယားကရှရှားဖက်ကဝင်တိုက်ပေးတာကိုတောင်ကိုရီးယားနဲ့ဂျပန်ကဘာလို့စိုးရိမ်တာလဲကိုယ့်နိူင်ငံဝင်တိုက်တာလဲမဟုတ်ဘဲနဲ့

Related news

© 2021. All rights reserved.