ရုရှားနဲ့အင်ဒိုနီးရှားတို့က ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မယ်
607
Pika (NP News) - အောက်တိုဘာ ၃ဝ
အင်ဒိုနီးရှားနဲ့ ရုရှားတို့ဟာ ၎င်းတို့ရဲ့ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့်လမှာ လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားရေတပ်က အောက်တိုဘာလ(၂၉)ရက်မှာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုဟာ ရုရှားနဲ့ဆက်ဆံရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေမှုနဲ့အတူ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုဟာ ကမ္ဘာ့ဇာတ် ခုံပေါ်မှာ ရဲရဲတင်းတင်းရပ်တည်သွားမယ်လို့ ကတိပြုခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လမှာ ရုရှားကိုသွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆူရာဘာရာမြို့မှာရှိတဲ့ ရေတပ်စခန်းတစ်ခုအနီးမှာ နိုဝင်ဘာလ(၄)ရက်ကနေ (၈)ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်က "ရုရှားနဲ့ အင်ဒိုနီးရှားကြား လုပ် ဆောင်မယ့် ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့အတွက် corvette အတန်းအစားစစ်သင်္ဘောသုံးစင်း၊ အလတ်စားရေနံတင်သင်္ဘောတစ်စင်း၊ စစ်ရဟတ်ယာဉ်တစ်စင်း နဲ့ tugboat တစ်စင်းတို့ကို ရုရှားကစေလွှတ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂေးတိုးလ်ချီနော့ဗ်ကအတည်ပြုခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုဟာ အင်အားကြီးပြိုင်ဖက်တွေကို သတိပေးဖို့ ရည်ရွယ်ထားတာမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆာဂေးတိုးလ်ချီနော့ဗ်က "ဒီပူး တွဲစစ်ရေးလေ့ကျင့်မှုဟာ ကျွန်တော်တို့ရေတပ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ အလားအလာတွေကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
zawgyi version
႐ုရွားနဲ႔အင္ဒိုနီးရွားတို႔က ပထမဆုံးေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈ လုပ္ေဆာင္မယ္
Pika (NP News) - ေအာက္တိုဘာ ၃ဝ
အင္ဒိုနီးရွားနဲ႔ ႐ုရွားတို႔ဟာ ၎တို႔ရဲ႕ပထမဆုံးေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈကို လာမယ့္လမွာ လုပ္ေဆာင္သြားမယ္လို႔ အင္ဒိုနီးရွားေရတပ္က ေအာက္တိုဘာလ(၂၉)ရက္မွာ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။
အင္ဒိုနီးရွားသမၼတသစ္ ပရာဘိုဝိုဆူဘီယန္တိုဟာ ႐ုရွားနဲ႔ဆက္ဆံေရးေတြကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္းေနမႈနဲ႔အတူ ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။အင္ဒိုနီးရွားႏိုင္ငံဟာ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဘက္မလိုက္တဲ့ ၾကားေနႏိုင္ငံျခားေရးမူဝါဒကို ထိန္းသိမ္းထားတာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း မၾကာေသးခင္က က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ အင္ဒိုနီးရွားသမၼတသစ္ ပရာဘိုဝိုဆူဘီယန္တိုဟာ ကမာၻ႔ဇာတ္ ခုံေပၚမွာ ရဲရဲတင္းတင္းရပ္တည္သြားမယ္လို႔ ကတိျပဳခဲ့ၿပီး ႐ုရွားသမၼတပူတင္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ၿပီးခဲ့တဲ့ဇူလိုင္လမွာ ႐ုရွားကိုသြားေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားေရတပ္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဆူရာဘာရာၿမိဳ႕မွာရွိတဲ့ ေရတပ္စခန္းတစ္ခုအနီးမွာ ႏိုဝင္ဘာလ(၄)ရက္ကေန (၈)ရက္အထိ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အင္ဒိုနီးရွားေရတပ္က ေျပာၾကားခဲ့ပါတယ္။ အင္ဒိုနီးရွားေရတပ္က "႐ုရွားနဲ႔ အင္ဒိုနီးရွားၾကား လုပ္ ေဆာင္မယ့္ ပထမဆုံးေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈဟာ မွတ္တိုင္တစ္ခုပဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ အင္ဒိုနီးရွားေရတပ္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈလုပ္ေဆာင္ဖို႔အတြက္ corvette အတန္းအစားစစ္သေဘၤာသုံးစင္း၊ အလတ္စားေရနံတင္သေဘၤာတစ္စင္း၊ စစ္ရဟတ္ယာဥ္တစ္စင္း နဲ႔ tugboat တစ္စင္းတို႔ကို ႐ုရွားကေစလႊတ္သြားမယ္လို႔လည္း သိရပါတယ္။
အဲဒီပူးတြဲစစ္ေရးေလ့က်င့္မႈကို အင္ဒိုနီးရွားႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး ဆာေဂးတိုးလ္ခ်ီေနာ့ဗ္ကအတည္ျပဳခဲ့ၿပီး ဒီစစ္ေရးေလ့က်င့္မႈဟာ အင္အားႀကီးၿပိဳင္ဖက္ေတြကို သတိေပးဖို႔ ရည္႐ြယ္ထားတာမ်ိဳးမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ဆာေဂးတိုးလ္ခ်ီေနာ့ဗ္က "ဒီပူး တြဲစစ္ေရးေလ့က်င့္မႈဟာ ကြၽန္ေတာ္တို႔ေရတပ္ေတြရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔ အလားအလာေတြကို ျမႇင့္တင္ဖို႔ပဲျဖစ္ပါတယ္"ဟု ေျပာဆိုခဲ့သည္။