ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံမှ ခိုးယူခံလိုက်ရသည့် (၅)ရက်သားအရွယ်ကလေးငယ်ကို ရှာမတွေ့သေး

 787

နာမူ (NP News) - အောက်တိုဘာ ၃၀

ရန်ကုန်မြို့ ၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ယနေ့( အောက်တိုဘာလ ၃၀ ရက် ) နံနက် (၄) နာရီခန့်က ခိုးယူခံလိုက်ရသည့် (၅)ရက်သားအရွယ်ကလေးငယ်ကို လက်ရှိအချိန်ထိ (အောက်တိုဘာလ ၃ဝ ရက် ညနေ ၆ နာရီ) ပြန်လည်ရှာမတွေ့သေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။

အဆိုပါကလေးငယ်ကို အမျိုးသမီးတစ်ဦးက ခေါ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။

“ကလေးက ဓာတ်ကင်ထားပြီး မနေ့ကမှ မိခင်ဆီကိုလာပြန်ပေးတာ ကောင်းပြီဆိုပြီးတော့လေ။ လာပြန်အပ်ပြီးတော့ မနေ့ညက လူနာစောင့် အဒေါ်ကြီးတစ်ယောက်ငှားထားတာလေ။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က လူနာကြည့်သလိုဘာလိုလိုနဲ့ မိတ်ဆက်စကားလာပြောတယ်။အဲဒါပြီးတော့ မနက် (၄)နာရီထိုးလောက် ဒီမိန်းမက လူနာစောင့်ကို မျက်နှာမသစ်သေးဘူးလား မေးတယ်တဲ့။ မေးတော့ မျက်နှာသွားသစ်တယ်တဲ့။ လူနာစောင့်က မျက်နှာသစ်ပြီးထွက်လာတော့ ဒီကလေးရော အဲဒီမိန်းမကြီးရော မရှိတော့တာ"ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ပျောက်ဆုံးကလေးငယ်ကို ယခုထက်တိုင် ရှာမတွေ့သေးကြောင်း ၎င်းက ဆိုသည်။ “ဟုတ်ပါတယ်။ ပျောက်သွားတာကတော့။ လိုင်းပေါ်မှာ တက်နေသလိုတော့ တွေ့သွားပြီဆိုတာတော့ မဟုတ်ပါဘူး။ ခုထိ ဆေးရုံက စီစီတီဗီမှတ်တမ်းတောင် လက်ထဲမရောက်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ခိုးယူရသည့်အကြောင်းအရင်းနှင့် မည်သည့်နေရာတွင် ရှိနေသည် ဆိုသောအချက်အလက်များကို ယခုထက်တိုင် မသိရသေးကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။ ကလေးပျောက်ဖြစ်စဉ်နှင့် ပက်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး တာဝန်ရှိသူများက ကလေးကို အမြန်ဆုံးရှာတွေ့ရေး ဆောင်ရွက်နေရကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ဗဟိုအမ်ိဳးသမီးေဆး႐ုံမွ ခိုးယူခံလိုက္ရသည့္ (၅)ရက္သားအ႐ြယ္ကေလးငယ္ကို ရွာမေတြ႕ေသး
နာမူ (NP News) - ေအာက္တိုဘာ ၃၀

ရန္ကုန္ၿမိဳ႕ ၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးမွ ယေန႔( ေအာက္တိုဘာလ ၃၀ ရက္ ) နံနက္ (၄) နာရီခန႔္က ခိုးယူခံလိုက္ရသည့္ (၅)ရက္သားအ႐ြယ္ကေလးငယ္ကို လက္ရွိအခ်ိန္ထိ (ေအာက္တိုဘာလ ၃ဝ ရက္ ညေန ၆ နာရီ) ျပန္လည္ရွာမေတြ႕ေသးေၾကာင္း မိသားစုႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။

အဆိုပါကေလးငယ္ကို အမ်ိဳးသမီးတစ္ဦးက ေခၚယူသြားခဲ့ျခင္းျဖစ္ေၾကာင္း ကနဦးသိရသည္။

“ကေလးက ဓာတ္ကင္ထားၿပီး မေန႔ကမွ မိခင္ဆီကိုလာျပန္ေပးတာ ေကာင္းၿပီဆိုၿပီးေတာ့ေလ။ လာျပန္အပ္ၿပီးေတာ့ မေန႔ညက လူနာေစာင့္ အေဒၚႀကီးတစ္ေယာက္ငွားထားတာေလ။ အဲဒီမွာ အမ်ိဳးသမီးတစ္ေယာက္က လူနာၾကည့္သလိုဘာလိုလိုနဲ႔ မိတ္ဆက္စကားလာေျပာတယ္။အဲဒါၿပီးေတာ့ မနက္ (၄)နာရီထိုးေလာက္ ဒီမိန္းမက လူနာေစာင့္ကို မ်က္ႏွာမသစ္ေသးဘူးလား ေမးတယ္တဲ့။ ေမးေတာ့ မ်က္ႏွာသြားသစ္တယ္တဲ့။ လူနာေစာင့္က မ်က္ႏွာသစ္ၿပီးထြက္လာေတာ့ ဒီကေလးေရာ အဲဒီမိန္းမႀကီးေရာ မရွိေတာ့တာ"ဟု မိသားစုႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပက္သက္၍ ေပ်ာက္ဆုံးကေလးငယ္ကို ယခုထက္တိုင္ ရွာမေတြ႕ေသးေၾကာင္း ၎က ဆိုသည္။ “ဟုတ္ပါတယ္။ ေပ်ာက္သြားတာကေတာ့။ လိုင္းေပၚမွာ တက္ေနသလိုေတာ့ ေတြ႕သြားၿပီဆိုတာေတာ့ မဟုတ္ပါဘူး။ ခုထိ ေဆး႐ုံက စီစီတီဗီမွတ္တမ္းေတာင္ လက္ထဲမေရာက္ေသးပါဘူး”ဟု ၎က ေျပာသည္။

ခိုးယူရသည့္အေၾကာင္းအရင္းႏွင့္ မည္သည့္ေနရာတြင္ ရွိေနသည္ ဆိုေသာအခ်က္အလက္မ်ားကို ယခုထက္တိုင္ မသိရေသးေၾကာင္းလည္း ၎က ထပ္မံေျပာၾကားသည္။ ကေလးေပ်ာက္ျဖစ္စဥ္ႏွင့္ ပက္သက္၍ သက္ဆိုင္ရာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားၿပီး တာဝန္ရွိသူမ်ားက ကေလးကို အျမန္ဆုံးရွာေတြ႕ေရး ေဆာင္႐ြက္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.