ရေနံချောင်းမြို့နယ်နှင့်အနီးတစ်ဝိုက်ရှိ ပရဟိတဥယျာဉ်များတွင် စိုက်ပျိုးထားသော အပင်ပေါင်း (၃)သောင်းကျော်အထိ ရှိလာ
175
စော (NP News) - အောက်တိုဘာ ၃၁
မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ရေနံချောင်းမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ပရဟိတဥယျာဉ်များတွင်စိုက်ပျိုးထားသော အပင်ပေါင်း (၃)သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့ မှ တည်ထောင်သူ ကိုရေနံ့သာဒင်းဂါးက NP News ကိုပြောသည်။
အဆိုပါပရဟိတဥယျာဉ်တွင် အပင်စိုက်ပျိုးခြင်းကို (၂၀၂၂)ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ပရဟိတဥယျာဉ်ပေါင်း (၉)ခုခန့်ရှိနေပြီဖြစ်ကာ အပူပိုင်းဒေသဖြစ်သည့် အတွက် တမာပင်၊ ဇီးဖြူပင်၊ မကျီးပင်၊ သရက်ပင် နှင့် ကုက္ကိုပင်စသည့် အပင်များကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
“အကျယ်အဝန်းကတော့ အရမ်းကြီးမကျယ်ဘူး။ အကျယ်ဆုံးဟာကတော့ (၁၀)ဧကပေ့ါ။အဓိကကတော့ မြေကွက်တွေကို လိုက်ပြီးတော့ ဝယ်ရတာ။ မြေကွက်တွေကို သိန်း (၄၀၀)၊ သိန်း (၅၀၀)၊ သိန်း (၃၀၀)အဲဒီလိုလိုက်ဝယ်ပေ့ါ။ ဝယ်ပြီးတော့ သစ်ပင်စိုက်ပေါ့။ အလှူရှင်ရှိရင် ရှိသလိုပေါ့”ဟု ကိုရေနံ့သာဒင်းဂါးက ပြောသည်။
ပရဟိတဥယျာဉ်ပေါင်း(၉)ခုအနက် ပရဟိတဥယျာဉ်(၇)မှာ ဧကပေါင်း(၁၀)ဧကခန့်ဖြင့် အကျယ်ဆုံးဖြစ်ပြီး ၎င်းဥယျာဉ်တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ကာရေတင်နိုင်သော ရေတွင်းကိုလည်း ထားရှိထားကြောင်းသိရသည်။ “(ပရဟိတဥယျာဉ်မှာ အပင်က) အကုန်လုံး စုစုပေါင်း (၃)သောင်းကျော်သွားပြီ။ စိုက်တာက မနည်းဘူး။ ရှင်တာက (၃)သောင်းကျော်ပေါ့”ဟု ၎င်းကပြောသည်။
ရေနံချောင်းမြိုအနီးတစ်ဝိုက်သည် အပူပိုင်းဒေသများဖြစ်သည့်အတွက် သစ်ပင်များ ရှင် သန်ရန် အခက်အခဲမှာ ရေရှားပါးခြင်း၊ မီးလောင်ခြင်းနှင့် အပင်များကို ဆိတ်၊နွား စားသုံးခြင်းတို့ဖြစ်ကြောင်း သိရသည်။
“ဒီပရဟိတဥယျာဉ်မှာ သစ်ပင်တွေဖြစ်လာပြီဆိုရင် ခရီးသွားတွေလည်း နွေရာသီကာလမှာ ဝင်နားလို့ရမယ်။ အနီးအနားက ကျေးငှက်တိရစ္ဆာန်တွေ အဲဒီပရဟိတဥယျာဉ်ထဲမှာ နေစရာအိမ်လေးတွေဖြစ်သွားမှာပေါ့။ ရာသီဥတုလည်း တစ်ဖက်တစ်လမ်းကနေ အထောက် အကူ ပြုသွားမှာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဥယျာဉ်အတွင်းရှိ အပင်များရှင်သန်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မည့်သူများကို ဥယျာဉ်အတွင်း အိမ်ဆောက်ပေးထားသည့်အပြင် ထိန်းသိမ်းစောင့်ရှောက်ခအဖြစ် ငွေကြေးပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။
zawgyi version
ေရနံေခ်ာင္းၿမိဳ႕နယ္ႏွင့္အနီးတစ္ဝိုက္ရွိ ပရဟိတဥယ်ာဥ္မ်ားတြင္ စိုက္ပ်ိဳးထားေသာ အပင္ေပါင္း (၃)ေသာင္းေက်ာ္အထိ ရွိလာ
ေစာ (NP News) - ေအာက္တိုဘာ ၃၁
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသက ေရနံေခ်ာင္းၿမိဳ႕နယ္ႏွင့္ အနီးတစ္ဝိုက္ရွိ ပရဟိတဥယ်ာဥ္မ်ားတြင္စိုက္ပ်ိဳးထားေသာ အပင္ေပါင္း (၃)ေသာင္းေက်ာ္အထိ ရွိလာၿပီျဖစ္ေၾကာင္း ေရနံ႔သာဒင္းဂါးညီေနာင္မ်ား သစ္ပင္စိုက္၊ ေရကန္ေဖာ္၊ ဇရပ္ေဆာက္၊ ေရခ်မ္းစင္တည္အဖြဲ႕ မွ တည္ေထာင္သူ ကိုေရနံ႔သာဒင္းဂါးက NP News ကိုေျပာသည္။
အဆိုပါပရဟိတဥယ်ာဥ္တြင္ အပင္စိုက္ပ်ိဳးျခင္းကို (၂၀၂၂)ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္တြင္ ပရဟိတဥယ်ာဥ္ေပါင္း (၉)ခုခန႔္ရွိေနၿပီျဖစ္ကာ အပူပိုင္းေဒသျဖစ္သည့္ အတြက္ တမာပင္၊ ဇီးျဖဴပင္၊ မက်ီးပင္၊ သရက္ပင္ ႏွင့္ ကုကၠိဳပင္စသည့္ အပင္မ်ားကိုသာ အဓိကထား စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။
“အက်ယ္အဝန္းကေတာ့ အရမ္းႀကီးမက်ယ္ဘူး။ အက်ယ္ဆုံးဟာကေတာ့ (၁၀)ဧကေပ့ါ။အဓိကကေတာ့ ေျမကြက္ေတြကို လိုက္ၿပီးေတာ့ ဝယ္ရတာ။ ေျမကြက္ေတြကို သိန္း (၄၀၀)၊ သိန္း (၅၀၀)၊ သိန္း (၃၀၀)အဲဒီလိုလိုက္ဝယ္ေပ့ါ။ ဝယ္ၿပီးေတာ့ သစ္ပင္စိုက္ေပါ့။ အလႉရွင္ရွိရင္ ရွိသလိုေပါ့”ဟု ကိုေရနံ႔သာဒင္းဂါးက ေျပာသည္။
ပရဟိတဥယ်ာဥ္ေပါင္း(၉)ခုအနက္ ပရဟိတဥယ်ာဥ္(၇)မွာ ဧကေပါင္း(၁၀)ဧကခန႔္ျဖင့္ အက်ယ္ဆုံးျဖစ္ၿပီး ၎ဥယ်ာဥ္တြင္ ေနေရာင္ျခည္စြမ္းအင္ျဖင့္ လွ်ပ္စစ္ထုတ္ကာေရတင္ႏိုင္ေသာ ေရတြင္းကိုလည္း ထားရွိထားေၾကာင္းသိရသည္။ “(ပရဟိတဥယ်ာဥ္မွာ အပင္က) အကုန္လုံး စုစုေပါင္း (၃)ေသာင္းေက်ာ္သြားၿပီ။ စိုက္တာက မနည္းဘူး။ ရွင္တာက (၃)ေသာင္းေက်ာ္ေပါ့”ဟု ၎ကေျပာသည္။
ေရနံေခ်ာင္းၿမိဳအနီးတစ္ဝိုက္သည္ အပူပိုင္းေဒသမ်ားျဖစ္သည့္အတြက္ သစ္ပင္မ်ား ရွင္ သန္ရန္ အခက္အခဲမွာ ေရရွားပါးျခင္း၊ မီးေလာင္ျခင္းႏွင့္ အပင္မ်ားကို ဆိတ္၊ႏြား စားသုံးျခင္းတို႔ျဖစ္ေၾကာင္း သိရသည္။
“ဒီပရဟိတဥယ်ာဥ္မွာ သစ္ပင္ေတြျဖစ္လာၿပီဆိုရင္ ခရီးသြားေတြလည္း ေႏြရာသီကာလမွာ ဝင္နားလို႔ရမယ္။ အနီးအနားက ေက်းငွက္တိရစာၦန္ေတြ အဲဒီပရဟိတဥယ်ာဥ္ထဲမွာ ေနစရာအိမ္ေလးေတြျဖစ္သြားမွာေပါ့။ ရာသီဥတုလည္း တစ္ဖက္တစ္လမ္းကေန အေထာက္ အကူ ျပဳသြားမွာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ ဥယ်ာဥ္အတြင္းရွိ အပင္မ်ားရွင္သန္ႏိုင္ေရးအတြက္ ထိန္းသိမ္းေစာင့္ေရွာက္မည့္သူမ်ားကို ဥယ်ာဥ္အတြင္း အိမ္ေဆာက္ေပးထားသည့္အျပင္ ထိန္းသိမ္းေစာင့္ေရွာက္ခအျဖစ္ ေငြေၾကးပံ့ပိုးမႈမ်ားကိုလည္း ျပဳလုပ္ေပးထားေၾကာင္း သိရသည္။