မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

 288

Pika (NP News) - အောက်တိုဘာ ၃၁

မြောက်ကိုရီးယားဟာ အောက်တိုဘာလ(၃၁)ရက် နံနက်ပိုင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်လို့ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုပစ်လွှတ်မှုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်ကို ပြုံးယမ်းမြို့အနီးတစ်ဝိုက် ဧရိယာကနေ နံနက်(၇)နာရီ(၁၀)မိနစ်အချိန်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ (JCS)က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဘယ်ကိုကျသွားသလဲဆိုတာကိုတော့ (JCS)က ထုတ်ပြန်ပြောကြားထားတာမျိုးမရှိသေးပါဘူး။ (JCS) က "မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လို့ ယုံကြည်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်းပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ ဟော့ကိုင်းဒိုးဒေသကမ်းလွန်မှာရှိတဲ့ Okushiri ကျွန်းအနောက်ဘက် (၃၀၀)ကီလိုမီတာအကွာကို ကျရောက်သွားခဲ့ပုံပေါ်တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်မှုနဲ့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ထပ်မံချိုးဖောက်ခဲ့တယ်လို့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားထံက ဘယ်လိုရန်စမှုတွေကိုမဆို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ထားပြီး ပြင်းပြင်းထန်ထန်လက်တုံ့ပြန်ဖို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္း စမ္းသပ္ပစ္လႊတ္
Pika (NP News) - ေအာက္တိုဘာ ၃၁

ေျမာက္ကိုရီးယားဟာ ေအာက္တိုဘာလ(၃၁)ရက္ နံနက္ပိုင္းမွာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံး က်ည္လို႔ယူဆရတဲ့ ဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ဖို႔ ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေတာင္ကိုရီးယားအစိုးရက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုပစ္လႊတ္မႈထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံး က်ည္ကို ၿပဳံးယမ္းၿမိဳ႕အနီးတစ္ဝိုက္ ဧရိယာကေန နံနက္(၇)နာရီ(၁၀)မိနစ္အခ်ိန္မွာ ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔ (JCS)က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ဟာ ဘယ္ကိုက်သြားသလဲဆိုတာကိုေတာ့ (JCS)က ထုတ္ျပန္ေျပာၾကားထားတာမ်ိဳးမရွိေသးပါဘူး။ (JCS) က "ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္လို႔ ယုံၾကည္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားဟာ ပဲ့ထိန္းဒုံးက်ည္လို႔ယူဆရတဲ့ ဒုံးက်ည္တစ္စင္းကို ပစ္လႊတ္ခဲ့တယ္လို႔ ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကလည္းေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ဟာ ေဟာ့ကိုင္းဒိုးေဒသကမ္းလြန္မွာရွိတဲ့ Okushiri ကြၽန္းအေနာက္ဘက္ (၃၀၀)ကီလိုမီတာအကြာကို က်ေရာက္သြားခဲ့ပုံေပၚတယ္လို႔ ဂ်ပန္အစိုးရက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကို ပစ္လႊတ္မႈနဲ႔အတူ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ေတြကို ထပ္မံခ်ိဳးေဖာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယားအမ်ိဳးသားလုံၿခဳံေရးေကာင္စီက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားထံက ဘယ္လိုရန္စမႈေတြကိုမဆို ကာကြယ္ဖို႔အတြက္ ျပင္ဆင္မႈေတြလုပ္ေဆာင္ထားၿပီး ျပင္းျပင္းထန္ထန္လက္တုံ႔ျပန္ဖို႔ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.