စပိန်နိုင်ငံမှာ နှစ်ပေါင်း(၃ဝ)အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေ ဖြစ်ပွားနေ

 231

Pika (NP News) - အောက်တိုဘာ ၃၁

စပိန်နိုင်ငံအရှေ့ပိုင်းမှာ အောက်တိုဘာလ(၃၀)ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ Malaga မြို့ကနေ ဗလင်စီယာမြို့အထိ ဆိုးရွားတဲ့ရေကြီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗလင်စီယာမြို့ရဲ့အစိတ်အပိုင်းတွေမှာ အချိန်(၈)နာရီအတွင်း အဆိုးရွားဆုံးမိုးရွာသွန်းမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဒေသတွင်းမိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စပိန်နိုင်ငံတွင်းမှာ နှစ်ပေါင်း(၃၀)အတွင်း လူအသေအပျောက်အများဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၇၄)ဦးသေဆုံးခဲ့ပြီး လူအချို့မှာပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စပိန်စစ်တပ်ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ဖို့အတွက် တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားတယ်လို့လည်းသိရပါတယ်။

အဲဒီရေကြီးမှုဟာ စပိန်နိုင်ငံမှာ လူ(၈၇)ဦးသေဆုံးခဲ့တဲ့ (၁၉၉၆)ခုနှစ်ရေကြီးမှုနောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဇင်နဲ့ချီတဲ့လူတွေဟာ ထရပ် ကားတွေ ဒါမှမဟုတ် ဆီဆိုင်တွေနဲ့ နေအိမ်တွေရဲ့ အမိုးတွေအပေါ်မှာ တစ်ညလုံးနေခဲ့ရတယ်လို့ စပိန်မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် လူပေါင်း(၁၄၀၀၀၀)ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် စပိန်နိုင်ငံအရှေ့ပိုင်းမှာ ကားလမ်းတွေပျက်စီးသွားပြီး အချို့ဒေသတွေမှာ ရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

zawgyi version
စပိန္ႏိုင္ငံမွာ ႏွစ္ေပါင္း(၃ဝ)အတြင္း အဆိုး႐ြားဆုံးေရႀကီးမႈေတြ ျဖစ္ပြားေန
Pika (NP News) - ေအာက္တိုဘာ ၃၁

စပိန္ႏိုင္ငံအေရွ႕ပိုင္းမွာ ေအာက္တိုဘာလ(၃၀)ရက္ ညပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းမႈေတြနဲ႔အတူ Malaga ၿမိဳ႕ကေန ဗလင္စီယာၿမိဳ႕အထိ ဆိုး႐ြားတဲ့ေရႀကီးမႈေတြ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဗလင္စီယာၿမိဳ႕ရဲ႕အစိတ္အပိုင္းေတြမွာ အခ်ိန္(၈)နာရီအတြင္း အဆိုး႐ြားဆုံးမိုး႐ြာသြန္းမႈေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေဒသတြင္းမိုးေလဝသပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ စပိန္ႏိုင္ငံတြင္းမွာ ႏွစ္ေပါင္း(၃၀)အတြင္း လူအေသအေပ်ာက္အမ်ားဆုံးေရႀကီးမႈကို ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၇၄)ဦးေသဆုံးခဲ့ၿပီး လူအခ်ိဳ႕မွာေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ အစိုးရသတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ စပိန္စစ္တပ္ဟာ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြဖို႔နဲ႔ ေသဆုံးသြားသူေတြရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္လည္ဆယ္ယူႏိုင္ဖို႔အတြက္ တပ္ဖြဲ႕ေတြကို ျဖန႔္က်က္ခ်ထားတယ္လို႔လည္းသိရပါတယ္။

အဲဒီေရႀကီးမႈဟာ စပိန္ႏိုင္ငံမွာ လူ(၈၇)ဦးေသဆုံးခဲ့တဲ့ (၁၉၉၆)ခုႏွစ္ေရႀကီးမႈေနာက္ပိုင္း အဆိုး႐ြားဆုံးေရႀကီးမႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါဇင္နဲ႔ခ်ီတဲ့လူေတြဟာ ထရပ္ ကားေတြ ဒါမွမဟုတ္ ဆီဆိုင္ေတြနဲ႔ ေနအိမ္ေတြရဲ႕ အမိုးေတြအေပၚမွာ တစ္ညလုံးေနခဲ့ရတယ္လို႔ စပိန္မီဒီယာေတြက ေရးသားေဖာ္ျပထားပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း(၁၄၀၀၀၀)ခန႔္ဟာ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ ေရႀကီးမႈေတြေၾကာင့္ စပိန္ႏိုင္ငံအေရွ႕ပိုင္းမွာ ကားလမ္းေတြပ်က္စီးသြားၿပီး အခ်ိဳ႕ေဒသေတြမွာ ရထားေျပးဆြဲမႈေတြကို ရပ္ဆိုင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.